Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Saturday, February 15, 2014

နွေကြိုဌက်သို့တမ်းခြင်း



နွေကြိုဌက်သို့တမ်းခြင်း
တချပ်ချပ်နှင့်
စက္ကန့်လွင့်မျော...........
နရီကျောမှာ၊
လွမ်းမျောလွင့်ပါ
ဆောင်းလကြာခဲ့ပြီ။
***********
နွဲ့ ကနွဲ့နှင့်  သဲ့သဲ့လွင်ချို
ဥသြပျိုရဲ့  နွေကြိုတေးသွား
စည်းဝါးလိုက်မှတ်  သတိချပ်ရင်း
ဖျတ်ကနဲနိုး  ဘ၀ဆိုးဆီ
နိုးပို့ပြီလား.......ဥသြငယ်။

**********
မနိုးတ၀က်
နိုးတ၀က်နှင့်
နိုးလျှက်မက်မြင်
အိမ်မက်ရှင်ကို
ငါလျှင်ကြင်ခွင့်ပြုပါဦး။
*********
အိမ်မက်သခင်  ပန်းသခင်ရဲ့
ကြည်လင်မျက်နှာ


စံထွဏ်လွှာကို
ရမက်ကင်းလွတ် ရင်သည်းပွတ်မှ
နူးညွတ်ဖူးခွင့်ပြုပါဦး။
**********
ခရီးကကြမ်း  ကိုယ်လက်ပန်းမို့
စိတ်နွမ်းအိပ်ချိန်  နှလုံးအိမ်မှာ
အေးငြိမ်ပုတ်နိုး
သူ့..ကကြိုးတွေ
ပြက်ပြိုပြခွင့်ပြုပါဦး။
**********
နွေကြိုငှက်ရယ်
ခဏကလေး
သည်းခံပေးပါ
မင်းတေးဆိုတာရပ်ပေးပါ။
**********
အိမ်မက်ဝဌာ  ငါ့ကမ္ဘာသည်
နွေလာရင်ပျောက်
နွေကိုကြောက်တယ်၊
အိပ်မက်နေရ
ထိုခဏသည်.....
ဘ၀မို့ပါ......ဥသြရယ်........

ကာရံငယ် (Ye Tay za Kyaw) 



0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...