လောကပင်လယ်တောမှာ
ဒုက္ခမုန်တိုင်း ထန်တိုင်း
ပြိုယိုင်လဲချင်ခဲ့ စိတ်ဓာတ်တို့
အရောင်ပျယ်စေခဲ့တာမို့
အရာရာအတွက်
ကျေးဇူးပါ....မေမေ။
လူ့ဘ၀က ရေပွက်ပမာဆိုပေမယ့်
ထွေရာလေးပါးနဲ့ ရောနစ်တဲ့ လု့လောက
တွယ်တာစရာကပေါများလိုက်ပါဘိနှယ်
အတုအယောင်တွေကြား
တုနိုင်းမဲ့ အဖြူရောင်သက်သက်
ပေးဆပ်ခြင်းမေတ္ကာ... အတွက်လည်း
ကျေဇူးပါ......မေမေ။
အယောင်ဆောင်
အငွေ့အသက်တွေကြား ရှင်သန်ရတာ
မောပန်းနွမ်းနှယ်နေပြီမို့
အေးမြတဲ့...အမေ့ရင်ခွင်ကြား
ပြန်လည်တိုးဝှေ့လို့ နေပါရစေတော့လား
မြစ်ရေလို အစုန်သာရှိပြီး
အဆန်မရှိတဲ့ ဂရုဏာ အတွက်
ထာဝရ .......
ကျေးဇူးပါတင်လျှက်ပါ......မေမေ။




Myanmar Kyat Converter
0 comments:
Post a Comment