Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Wednesday, February 12, 2014

ငါ့ကိုထားသွားခဲ့ရင် ..

http://t3.gstatic.com/images?q=tbn:ANd9GcQ62WFtvKoZb_fWumLmFNP3zUjGdRjaPJfxOL7kYetcrddXgIZkYg



တကယ်လို့
မင်းသာ ငါ့ကိုထားသွားခဲ့ရင် ..
ငါမင်းကို ဆက်ချစ်နေမှာပါ
မင်းကိုတွေ့ခွင့်ရဖို့နေ့တိုင်းစောင့်မျှော်မှာပါ
မင်းရဲ့ ထွက်ခွါတဲ့ ခြေလှမ်းစကတည်းက ငိုကြွေးရင်းနဲ့ပေါ့ .. ။

တကယ်လို့
မင်းသာ ငါ့ကိုထားသွားခဲ့ရင် ..
အတိတ်က အတူရှိခဲ့ချိန်တွေပြန်သတိရနေမှာပါ
မင်းအတွက်ငါရေးခဲ့တဲ့ စာတွေကို ပြန်ဖတ်နေမိမှာပါ
အရာရာကောင်းနေပါတယ်လို့ လိမ်ရင်း ၊
 ပြိုပျက်နေတဲ့ ငါ့ကိုယ်ငါ ဖုံးကွယ်ရင်းပေါ့ .. ။

တကယ်လို့
မင်းသာ ငါ့ကိုထားသွားခဲ့ရင် ..
ငါ မင်းအတွက် ကဗျာတွေဆက်ရေးနေမှာပါ
မင်းအကြောင်းလဲ ညတိုင်းအိပ်မက်မက်နေမှာပါပဲ
မင်း ငါ့ဆီကို မင်းပြန်မလာမခြင်းပေါ့ .. ။

တကယ်လို့
မင်းသာ ငါ့ကိုထားသွားခဲ့ရင် ..

အိပ်ချိန်တိုင်းငါ တိတ်တိတ်ငိုမိမှာပါ
တခြားတစ်ယောက်နဲ့ရှိနေမယ်လို့ေ
တွးမိတိုင်းလဲ ငါ ရီဝေနေမှာပါ
ငါ့ဘ၀မှာတော့ ချစ်ရမဲ့
 နောက်တစ်ယောက်မရှိနိုင်တော့ပါဘူး .. ။

တကယ်လို့
မင်းသာ ငါ့ကိုထားသွားခဲ့ရင် ..
မျက်ရည်တွေကို ဖုံးကွယ်ဖို့ မိုးရေတွေထဲရပ်နေမိမှာပါ
မင်းကိုစောင့်နေကြနေရာလေးမှာပဲရှိနေမှာပါ
မင်းပြောခဲ့တဲ့ စကားတွေကိုပြန်ဖြေရင်းပေါ့ .. ။

တကယ်လို့
မင်းသာ ငါ့ကိုထားသွားခဲ့ရင် ..
ငါ့ဘ၀က ရှင်လျက်သေနေမှာပါ
ငါ့အသည်းကလဲ ကြေကွဲစွာနဲ့
မင်းအတွက်ပေးခဲ့ဖူးတဲ့ သီချင်းတွေနားထောင်ရင်းပေါ့ .. ။

တကယ်လို့
မင်းသာ ငါ့ကိုထားသွားခဲ့ရင် ..
မင်းကိုပဲ အမြဲ ငါဆက်ချစ်နေမှာပါ
ငါတစ်ယောက်ထဲပဲ မင်းတစ်ယောက်ထဲကို စောင့်နေမှာပါ
မင်းက ငါ့နှလုံးသားရဲ့ ပိုင်ရှင်ပါဆိုတာကို ပြောရင်းပေါ့ .. ။

တကယ်လို့
မင်းသာ ငါ့ကိုထားသွားခဲ့ရင် ..  ..  ..

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...