Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Sunday, February 2, 2014

ဖေဖော်ဝါရီ (၁၄) ချစ်သူများနေ့အတွက် ကိုယ့်ချစ်သူကို ပေးဖို့ ရွေးချယ်သင့်တဲ့ လက်ဆောင် (၁၄)မျိုး






ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ ချစ်သူများနေ့ပါ။ ကိုယ့်ချစ်သူကို အဲ့ဒီနေ့မှာ ဘာလက်ဆောင်ပေးရမလဲဆိုပြီး ခေါင်းစားနေသူတွေအတွက် ရိုမန်းတစ်လည်းဖြစ် ပေးလို့လည်းကောင်းမယ့် လက်ဆောင်ပစ္စည်းလေးတွေ ရွေးချယ်ပေးလိုက်ပါတယ်။

၁။ ကိုယ့်ချစ်သူ ကောင်မလေးအတွက် ပလက်တီနမ် ၊ ဒါမှမဟုတ် ငွေလက်ကောက်အမိုက်စားလေးတွေ ၀ယ်ပေးပါ။ ဒီလက်ဆောင်က ဆန်းလည်း ဆန်းသလို မိန်းကလေးတွေ စိတ်ကြိုက်ဖြစ်စေမယ့် အရာပါပဲ။ မောင့်ကို ချစ်ရင်  ဒီလက်ကောက်လည်း အမြဲ ၀တ်ထားဆိုပြီးတော့တောင် ချုပ်လို့ရသေးတယ်နော်။
၂။အရိုးရှင်းဆုံးက အဆန်းဆုံးဆိုတဲ့ စကားတောင်ရှိတယ်မဟုတ်လား။ ခေါင်းသိပ်အစား မခံနိုင်ရင်တော့ ဗူးလှလှလေးနဲ့ ထည့်ထားတဲ့ သကြားလုံးတွေသာ ၀ယ်ပေးလိုက်ပါ။
၃။ကိုယ့်ချစ်သူကောင်မလေးကို ရင်ခုန်ကြည်နူးမှု အပြည့်ပေးချင်တယ်ဆိုရင်တော့ အောက်ခံအကျီင်္ံအမိုက်စား ၀ယ်ပေးလိုက်ပါ။ ဒါမှမဟုတ် အတွင်းခံတစ်စုံလောက်ပေါ့။ ကောင်မလေးက ပေးပေးချင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားနိုင်ပေမယ့် ဒါဟာ ၀တ်ကိုဝတ်ဖြစ်မယ့်အရာမို့ လက်တွေ့ကျကျဖြစ်စေတဲ့ လက်ဆောင်မွန်ပါပဲ။
၎။ကိုယ့်ကောင်မလေးက နားပေါက်ရှိတယ်ဆိုရင်တော့ နားကပ်အမိုက်စားလေးတွေ သွားရွေးထားလိုက်ပါတော့။

၅။ကောင်မလေးရဲ့ ဖိနပ်ဆိုက်ဒ်ကို သိပါသလား။ သူနဲ့ ရှော့ပင်ထွက်ဖူးနေကျဆိုရင်တော့ သေချာသိမှာပေါ့။ ဒါဆိုရင်တော့ သူမကြိုက်တတ်တဲ့ ဒေါက်ဖိနပ်မျိုး၊ Heel မျိုးတွေ ရှာဝယ်ထားဖို့အချိန်ပါပဲ။ ဆိုက်ဒ်အတိအကျ မသိဘူးဆိုရင်တော့ မသေချာတာကို မစွန့်စားလိုက်ပါနဲ့။
၆။ကိုယ့်ကောင်မလေး ကြိုက်တတ်တဲ့ အကျီင်္ံဒီဇိုင်းတွေကို သိထားတယ်ဆိုရင်တော့ သူစိတ်ကြိုက်ဖြစ်နိုင်မယ့် အကျီင်္ံလေးတစ်ထည် ရှာဝယ်ထားလိုက်ပါ။
၇။ချစ်သူ ကောင်မလေးက အနုပညာကို ခံစားတတ်တဲ့သူ၊ ဒါမှမဟုတ် ပန်းချီကားတွေ ချစ်တဲ့သူဆိုရင်တော့ သူမရဲ့ အခန်းထဲမှာ ချိတ်ဆွဲထားနိုင်မယ့် ပန်းချီကားမျိုးလေး ပေးတာက ကဗျာတောင်ဆန်နေပါသေးတယ်။
၈။ ကိုယ့်ကောင်လေးရဲ့ အတိုင်းအထွာကို သိတယ်ဆိုရင်တော့ အမိုက်စား ရှပ်အကျီ်င်္ံ၊ တီရှပ် လက်ဆောင်က သူ့ကို စိတ်ကျေနပ်စေမှာပါ။
၉။ကိုယ်က သုံးနိုင်တဲ့သူတစ်ယောက်ဆိုရင်တော့ ဖုန်းဟန်းဆက်တစ်လုံးလောက် ၀ယ်ပြီး ဗယ်လင်တိုင်းလက်ဆောင်အဖြစ် ချစ်သူကိုပေးဖို့ စဉ်းစားကြည့်လိုက်ပါ။ ကောင်လေးရော၊ ကောင်မလေးရော ဘယ်သူက ဘယ်သူ့ကို ပေးပေး အမိုက်စားလက်ဆောင်ပစ္စည်းပါပဲ။
၁၀။အမျိုးသားတွေအတွက် ခါးပတ်ကလည်း မရှိမဖြစ်ပဲမို့ ကိုယ့်ကောင်လေးအတွက် အကောင်းစားခါးပတ်လေး တစ်ခုနဲ့ သူ့ရဲ့စိတ်ကျေနပ်မှုကို ရယူလိုက်ပါ။
၁၁။တစ်ချို့အမျိုးသားတွေက wallet ကိုင်တတ်ကြပါတယ်။ ကိုယ့်ချစ်သူရဲ့ wallet က ဟောင်းနေပြီလား တစ်ချက်ကြည့်လိုက်ပါဦး။ နွမ်းနေပြီ၊ ကြာနေပြီဆိုရင်တော့ wallet လေးပေးကြည့်လိုက်ပေါ့။
၁၂။ကိုယ့်ချစ်သူ ကောင်လေးရဲ့ ခါးဆိုက်ဒ်ကို သိရင် ဂျင်းဘောင်းဘီအမိုက်စားကလည်း သူကြိုက်နှစ်သက်မယ့် လက်ဆောင်ဆိုတာ မမေ့ပါနဲ့။
၁၃။ယောင်္ကျားလေးတွေရဲ့ ဖက်ရှင်မှာ အရေးပါတဲ့အရာတွေထဲမှာ မျက်မှန်လည်း ပါဝင်နေတယ်နော်။ ဒါဆို နေကာမျက်မှန်ဆိုရင် သူကြိုက်နှစ်သက်မလား။ တွေးကြည့်လိုက်ပါ။ Yes ဆိုရင်တော့ ၀ယ်ထားလိုက်ပါတော့။
၁၄။။ကိုယ့်ချစ်သူကောင်းလေးအတွက် Boxer မိုက်မိုက်လေးတွေ ဆိုရင်ရော။ ကိုယ့်လက်ဆောင်ကို မြင်ပြီး သူ့ရဲ့ပြုံးရွှင်သွားတဲ့ မျက်နှာကို အရင်မြင်ယောင်ကြည့်လိုက်ပါဦး။ နှစ်ယောက်စလုံး တဟားဟားရယ်နေရရင်ကို အဲ့ဒီနေ့လေးအတွက် အမြတ်ပဲလေ။
by myawady

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...