Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Friday, October 18, 2013

" Blogger များတွက်"

 blogger များတွက်
http://www.javascriptfreecode.com

Saturday, September 28, 2013

ရယ်မောပျော်ရွှင်နိုင်တဲ့သူဖြစ်ဖို့ လွယ်ကူတဲ့ အချက်(10)ချက်

1-ရယ်မောပါ

သင့်အနေနဲ့ အူလှိုက်သည်းလှိုက် ရယ်မောပြီးနောက်ပိုင်းမှာ ပိုပြီးနေလို့ ထိုင်လို့ကောင်းလာတာမျိုး ခံစားဖူးမှာပါ ။ ရယ်မောပြီးချိန်မှာ ပုံမှန်အနေထား ပြန်ရောက်သွားပြီဆိုရင်
သင့်ရဲ့စိတ်ညစ်စရာ ပြသနာတွေထဲက ခဏတာ လွတ် မြောက်ခွင့် ရသွားလို့
ပိုပြီးလန်းဆန်းသစ်လွင်လာတာကို ခံစားမိမှာပါ။ဒါဟာ လတ်ဆတ်တဲ့ အမြင်သစ် ၊
အတွေးသစ် တွေရရှိဖို့ နည်းကောင်းတစ်ခုပါပဲ။



2-အနားယူချိန် သတ်မှတ်ပါ..

တစ်ခဏတာ စိတ်ကိုအနားပေးပြီး သင့်ရဲ့စိတ်ကူးတွေထဲမှာ မျောနေပါစေ။ ဒါမှမဟုတ် ( 10 )မိနစ်လောက် ကိုယ်နှစ် သက် ရာ ဘလော့ဂ်တွေကို
ဝင်ကြည့်တာဖြစ်ဖြစ် ၊ စိတ်ရှင်းသွားအောင် လမ်းလျှောက်တာဖြစ်ဖြစ်
လုပ်ပေးပါ။ ဒီလို အနားယူချိန်လေး ထားပေးခြင်းအားဖြင့် သင့်စိတ်ကို
တစ်ဖန်ပြန်လည် လန်းဆန်းစေနိုင်ပါတယ်။



3-သင့်မှာ အရာအားလုံးတော့ မရှိနိုင်တာ သဘောပေါက်ပါ

ပိုကောင်းတဲ့အရာကို ရှာဖို့အတွက် သင့်မှာရှိနေတာတစ်ခုကို လက်လွှတ်ဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးနေမိတယ်ဆိုရင် ဒါဟာသင့်ကိုယ်သင် စိတ်ပျက်မှု့ တွေဆီကို ခေါ်ဆောင်သွားတာပါပဲ ။ ဒါကြောင့်ဆုံးဖြတ်ချက်ကို
ခိုင်မြဲစွာချပြီး
ကိုယ့်ကိုကိုယ်ပြန်ပြီး မေးခွန်းမထုတ်မိအောင် ကြိုးစားပါ။



4-ရှုပ်ပွမှု့တွေကို ရှင်းလင်းပါ

သင့်ဘ၀ဟာ ရှုပ်ထွေးနေတာပဲလို့ ခံစားနေရပါသလား။ ဒါဟာ သင့်အခန်း ၊ စားပွဲပေါ်နဲ့ မြင်နိုင်သမျှ နေရာအားလုံး မှာ သင့်အတွက် မလိုအပ်တာတွေ ပြည့်နှက်နေလို့လဲ ဖြစ်နိုင်ပါတယ်။ မနေ့က အမှိုက်သရိုက်ကို
ဒီနေ့မှာရှင်းပစ်နိုင်ဖို့ နည်းနည်းဒုက္ခခံကြိုးစားကြည့်ပါလား။ ဒါပြင်
အခန်းသန့်ရှင်းရေးလုပ် ခြင်းကြောင့် ဒီအခန်းထဲမှာ ဘာတွေကတော့
သင့်အတွက်လိုအပ်နေတယ် ။ ဘာတွေကတော့ မလိုအပ်တော့ဘူးဆိုတဲ့ စာရင်းကိုပါ
ပြုစုပြီးသားဖြစ်နေ ပါလိမ့်မယ်။



5-၀ါသနာကို ဖော်ထုတ်ပါ

အတွေ့အကြုံသစ်တွေဟာ သင့်ကိုအသိအမြင် တိုးစေတဲ့အပြင် လိုက်လျှောညီထွေသူတစ်ယောက် ဖြစ်စေနိုင်ပါတယ်။ ဟင်းချက်တာနဲ့ အက လေ့ကျင့်ခန်း လုပ်တာမျိုးတွေဟာ ရိုးရှင်းပေမယ့် ၀ါသနာပါသူတစ်ယောက်ကို
စိတ်ကျေနပ် နှစ်သိမ့်မှု့ ပေးစွမ်းနိုင်ပါတယ်။ ဒါပြင်
အသစ်အသစ်သောဝါသနာတွေကိုပါ အပြောင်းအလဲ လုပ်ကြည့်နိုင်ပါတယ်။



6-အရေးကြီးတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံပါ

ကျွန်မတို့ဟာ ရိုးသားမှု့ ၊ သစ္စာရှိမှု့ စတဲ့ မိမိတန်ဖိုးထားတဲ့အရာတွေကို ဆုပ်ကိုင်ထားပြီး ရှင်သန်နေကြတာပါ။ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ၄င်းအရာ တွေကို ပျိုးထောင်ပါ။ ကိုယ့်ကို
ပြုမူဆက်ဆံစေချင်တဲ့ ပုံစံအတိုင်း အခြားသူ တွေကို ဆက်ဆံပြုမူပါ။
သင်ပေးအပ်တာနဲ့ ညီမျှတဲ့ တန်ပြန်သက်ရောက် မှု့မျိုး ရရှိလာပါလိမ့်မယ်။



7-ငြင်းဆန်ဖို့ ကြိုးစားပါ

သင်မုန်းတီးနေတဲ့အရာတွေကို မလုပ်နိုင်တဲ့အပေါ် ကိုယ့်ကိုယ်ကို အပြစ်မြင်ဖို့ မလိုပါဘူး။ တကယ်လို့ သင့်မိသားစုနဲ့ သင့်သူငယ်ချင်းတွေက သင့်ကို အပြစ်တင်မယ်ဆိုရင် သူတို့ကို ဘာလို့ငြင်းဆန်ရတယ်ဆိုတာ ပြောပြပါ။
ဒါဆိုရင် သင့်ရဲ့ဆုံးဖြတ်ချက်ကို သူတို့လဲ နားလည်နိုင်ပါလိမ့်မယ်။

8-အကောင်းမြင်ပါ

ကျွန်မတို့ အမြဲလိုလို မျက်စိလျှမ်းနေတက်တာက ကျွန်မတို့ရဲ့ ကံကြမ္မာကိုကျေးဇူးတင်ဖို့ပါ။ လေ့လာချက်များအရ ကိုယ်တန်ဖိုးထားတဲ့အရာ( ဥပမာ - မိသားစုနဲ့ အတူနေရခြင်း ) ကိုရရှိတဲ့သူတွေဟာ တစ်ခုခုကို
တန်ဖိုးမထားတက် တဲ့လူတွေ ( ဥပမာ - ငွေကိုသာရှာဖွေနေခြင်း) ထက်
ပိုပြီးပျော်ရွှင် ကြပါတယ်တဲ့ ။ ငွေကြေးနဲ့ အောင်မြင်မှု့တွေဟာ
ပျော်ရွှင်မှု့ကို မ၀ယ်ယူနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်မှာရှိတဲ့အရာတွေကို
မြတ်နိုးတန်ဖိုးထားတက်တဲ့ သူတစ်ယောက် ဖြစ်အောင်
ကြိုးစားနေထိုင်မယ်ဆိုရင် ပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်နိုင်ပါပြီ။



9-သင့်ရဲ့ စွမ်းဆောင်နိုင်မှု့ကို အသုံးပြုပါ

စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်များအရ သင့်စွမ်းရည်ကို ယုံကြည်စိတ်ချပြီး ပုံမှန်အသုံးပြုပေးမယ်ဆိုရင် သင့်ကိုပိုမို ပျော်ရွှင်စေနိုင်တယ်လို့
ဆိုပါတယ်။တကယ်လို့ သင်ကပုံဆွဲတော်သူ တစ်ယောက်ဆိုရင် သင့်သူငယ်ချင်းရဲ့
မင်္ဂလာ ဖိတ်စာအတွက် ဒီဇိုင်းလေးတွေ ဖန်တီးနိုင်ပါတယ်။ ဒါဟာလည်း
သင့်စွမ်းအားတွေကို အသုံးချခြင်းတစ်မျိုးပါပဲ။ ဒါမှမဟုတ်
ဝက်ဘ်ဆိုဒ်တစ်ခုကို ဖန်တီးရတာ ၀ါသနာထုံတယ်ဆိုရင်လဲ အသစ်အသစ်တွေကို
ဖန်တီးနိုင်ပါတယ် ။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့လုပ်ဆောင်မှု့ စွမ်းရည်နဲ့
ကိုယ့်ကိုကိုယ်တန်ဖိုးထားခြင်းကို မြင့်တင်စေနိုင်ပါတယ်။



10-စိတ်စေတနာကောင်းထားပါ။

ဒီအချက်တွေကို လိုက်နာနိုင်မယ်ဆိုရင် သင်ဟာဒီထက်ပိုမို ကျေနပ်ပျော်ရွှင်ပြီး နှိုင်းယှဉ်မရတဲ့ ပီတိကို ခံစားရပါလိမ့် မယ်။
အများအကျိုးအတွက် မိမိရဲ့ကိုယ်ပိုင်ငွေကို လှူဒါန်းနိုင်သူတွေဟာ
ကိုယ်ကျိုးအတွက် သုံးစွဲသူတွေထက် ပိုမို
ပျော်ရွှင်မှု့ရတက်ကြပါတယ်။အလှူဒါနပြုသူတွေဟာ ၀င်ငွေကောင်း သည်ဖြစ်စေ ၊
မကောင်းသည်ဖြစ်စေ စေတနာ ဖြူစင်တဲ့အတွက် စိတ်ချမ်းသာမှု့ ရကြပါတယ်။
ဒါကြောင့် သူတစ်ပါးအပေါ် စိတ်စေတနာကောင်းထားပြီးကူညီပေး ကြရအောင်ပါ။

Thursday, September 26, 2013

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး




လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာ လိုနေလဲ။ ဘာတွေကြိုးစားရမလဲဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများကို လည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလား လား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ် ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့် မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်း တာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ် လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်
တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ် သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ် တယ်။ သိရင်သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင်ကြိုက်
တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်း စားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင်သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှု တူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီးရင်းရင်းနှီးနှီး

ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်း ရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာ မှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ် တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြ လိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ‘ဗုံနဲ့မြှောက်’ နေတာ မျိုး တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။

မရှိမဖြစ်နှစ်မျိုး

အဲဒီလိုလူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါ တယ်။ မျှော် လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်း အတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာ မာ ပြတ်ပြတ် သားသား ရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ် ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟို ဘက် မျောလိုက်၊ဒီဘက်မျောလိုက်နဲ့ ဘယ်သောင် ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလိုဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက် ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက်သေနေသူ

လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာ ဖြစ် တယ်။ မျှော် လင့် ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာမှ အနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀ က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ် ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက်သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူး ယဉ် တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ်

အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ”ဖြစ်တော့ဖြစ်ချင်တာပေါ့ ဒါပေမဲ့ …” ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမဲ့ (but) ဆိုတာ လုံးဝမရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း သာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင်ဖြစ်တယ်။ သွားရင်ရောက်တယ်။ ယူရင်ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင် ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံ မှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ

လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model)ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအား ထုတ် မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကို ဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေ ကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ ကြတယ်။ နောက်ခေတ် လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်းစတဲ့ တော်လှန်ရေး သမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျ အတုယူခဲ့ကြတယ်။

ဧ၀ရက်ကို အောင်နိုင်တဲ့ မျက်မမြင်

ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော် ဘင် ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသား တွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အ ကြိမ်ကြိမ် ကျခဲ့ရတဲ့ သ တင်း သမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ် က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလိုစံပြုပုဂ္ဂိုလ်မျိုး တော်တော် ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင် ဖတ်စာ တွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိ နှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက် တောင်ထိပ် ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ်တွေ့မြင် ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေ အတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး

ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့် ကြ ပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိ ယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင် ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်း မကြီး မာသာထရီဇာ ရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်း တွေထဲမှာ ကလေးတွေ ဖတ်ရှုသင် ကြားနေနိုင်အောင် ဆောင်ရွက် သင့်ကြပါ တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး၊ လူသားတွေ ရိုင်းသထက်ရိုင်း လာနေတဲ့ အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်သဖွယ် ဖြစ်နေ တဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလား ခင်ဗျာ။

လူထုစိန်ဝင်း
ရွှေအိမ်စည်စာကြည့်တိုက်

Monday, September 23, 2013

ကလေးတွေကို(စိတ်ဓာတ်) ပျိုးထောင်ခြင်း

လူတိုင်းမတူညီတဲ့ စိတ် နဲ့ ကွဲပြားတဲ့အတွေးအခေါ်ဆက်ဆံရေးတွေပိုင်ဆိုင်ကြပါတယ်.ဒီလိုမတူ တာဟာ ရှင်သန်ခဲ့ရတဲ့ငယ်ဘ၀တွေမတူကြလို့ပါ.စိတ်ပညာမှာတော့ လူတိုင်းဟာ အတိတ်ရဲ့ အရိပ်တွေရဲ့ အကျိုးသက်ရောက်မှုတွေအရ အခု လက်ရှိ ပုံစံတွေဖြစ်နေရတာပါတဲ့.ဆိုလိုတာကခက်ထန်ကြမ်းတမ်းတဲ့ လူဟာ ဒီလိုဖြစ်လာစရာအကြောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ဒီလိုဖြစ်လာရတာပါတဲ့..
ဗုဒ္ဒတရားမှာတော့ အကျိုးကြောင့်အကြောင်းဖြစ်တယ်ဆိုထားပါတယ်.အတိတ်ကပြုခဲ့တဲ့အကြောင်းကြောင့် ဒီအကျိုးဆက်ကိုခံစားရတာပါ..
ဒါကြောင့်နုနယ်တဲ့ကလေးတွေရဲ့ အနာဂတ်အတွက် ဘယ်လိုအပြုအမူတွေဟာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်တယ်ဆိုတာ ကို
ဆရာလူထုဦးစိန်ဝင်းရဲ့ စာလေးကိုတင်ပြလိုက်ပါတယ်
ဒီလိုလူ တယောက်ကိုတွေ့ခဲ့တာနဲ့ သူရှင်သန်ခဲ့ရတဲ့ အတိတ် ကိုမှန်းပြီး နားလည်ခွင့်လွတ်မှုပေးနိုင်ကြပါစေ

* ပြစ်တင် ရှုံ့ချခံရမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

သူရဲဘောကြောင်လူတောမတိုးတဲ့စိတ်ဓာတ်တွေ ရလာစေတယ်။

* ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ

ပုတ်ခတ်ပြောဆိုတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

* ယုံကြည်စိတ်ချမှု ကင်းမဲ့စွာနေခဲ့ရတဲ့ကလေးဟာ

လိမ်လည်လှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

* ရန်ဘက်ပဋိပက္ခတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

ရန်လိုမင်းထက်ပြုမူတတ်တဲ့စိတ်တွေရလာစေတယ်။

* ချစ်ခင်နှစ်သက်မှုနဲ့နေခဲ့ရတဲ့ကလေးဟာ

ချစ်တတ်ခင်တတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* မှန်ကန်ဖြောင့်မတ်သူတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

တရားမျှတမှုစိတ်ဓာတ်ကိုရလာစေတယ်။

* ချီးကျုးထောပနာပြုမှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

တန်ဖိုးထားလေးစားတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* မျှဝေခံစားမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

စာနာသက်ညှာတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* အသိဥာဏ်ဗဟုသုတတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

သည်းခံတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* ပျော်ရွှင်မှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

မေထ္ထာတရားနဲ့ အလှအပတို့ကိုရှာဖွေတွေ့ရှိလိမ့်မယ်။

<လူထုစိန်ဝင်း>

“သင့်ကိုယ်သင် ပြန်ကြည့်ပါ”



1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ

့6, အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

7. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

8. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

9. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

10. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

11. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

12. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

13. များများပြုံးပါ၊ များများရီပါ။

14. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Saturday, September 21, 2013

အိမ်ထောင်ရေးဖောက်ပြန်ခြင်း(တွေးစရာလေးပါ)

အမျိုးသား - ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို
ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။

အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့
မိန်းကလေးဆိုတာ သင်သေချာလား။

အမျိုးသား - ဟုတ်ပါတယ်။

အတိုင်ပင်ခံ - ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။

အမျိုးသား - ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။
ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။

အတိုင်ပင်ခံ - အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု
မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။

အမျိုးသား - ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။

အတိုင်ပင်ခံ - ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။

အမျိုးသား - ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင်
သူနာကျင်ခံစားရလိမ့်မယ်။

အတိုင်ပင်ခံ - အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ
ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာ
မရှိတော့ဘူး။ မင်းက တခြားတစ်ယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။ မင်း သူ့ကို
မချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။

အမျိုးသား - ကျွန်တော် နောက်တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကို
အစပြုတော့မှာ။ သူ့ ကျွန်တော့်ကို ဆုံးရှုံးတာ။

အတိုင်ပင်ခံ - မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တစ်ခုနဲ့
သူလျှောက်လှမ်းနေတာ။ သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။ မင်းသာ
မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။


အမျိုးသား - သူမပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ကို
မချစ်နိုင်တော့ဘူးတဲ့။

အတိုင်ပင်ခံ - ဒီလို စကား မင်းကော ပြောဖူးသလား။

အမျိုးသား - ကျွန်တော်………..

အတိုင်ပင်ခံ - မင်းရှေ့ကဖယောင်းတိုင် ၃ တိုင်ကို ကြည့်လိုက်။ ဘယ်ဟာ
အလင်းဆုံးလဲ။

အမျိုးသား - မသိပါဘူး။

အတိုင်ပင်ခံ - ဒီဖယောင်းတိုင် ၃ တိုင်သာ မိန်းကလေး ၃ ယောက်ကို
ကိုယ်စားပြုနေမယ်ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိတယ်။
ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပို လင်းပြီး တောက်ပ နေတယ်ဆိုတာ မင်းမပြောနိုင်ဘူး။
အခု မင်းချစ်နေတဲ့ တစ်ယောက်က မင်းရဲ့ နောက်ဆုံးချစ်နိုင်တဲ့ မိန်းကလေးဆိုတာကို
မင်း ပြောနိုင်လား။

အမျိုးသား - ကျွန်တော်…………

အတိုင်ပင်ခံ - မင်း အခု ဖယောင်းတိုင်တစ်တိုင်ကို မင်းယူလိုက်။ မင်းစိတ်နဲ့
ကြည့်လိုက် ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား - ကျွန်တော် ကိုင်ထားတဲ့ အတိုင်ပေါ့ဗျာ။

အတိုင်ပင်ခံ - ကယ် နဂိုနေရာပြန်ထားလိုက်။ ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား - မသိတော့ဘူး။

အတိုင်ပင်ခံ - မင်းခုနက ယူလိုက်တဲ့ ဖယောင်းတိုင်က မင်းလက်ရှိ မိန်းမကို
ကိုယ်စားပြုမယ်ဆိုရင် အချစ်ဆိုတာ ရင်ထဲက ဖြစ်လာတဲ့ အတွက် မင်း သူ့ကို ချစ်နေရင်
မင်းစိတ်ထဲမှာ သူဟာအလင်းဆုံး မင်းသာ သူ့ကို စိတ်ထဲမှာ မထားဘူး
နဂိုနေရာမှာဆိုရင် မင်းစိတ်ထဲကို မထည့်တဲ့ အတွက် အလင်းဆုံးကို မင်းတွေ့မှာ
မဟုတ်ဘူး။ ချစ်တယ် မချစ်တယ် ဆိုတာ မင်းရဲ့ စိတ်ပါပဲ။


အမျိုးသား - အော်။ ကျွန်တော်နားလည်ပါပြီ။ တကယ်ကွာရှင်းခိုင်းတာမဟုတ်ပါဘူးလား။
လမ်းမှန်ကို ရောက်အောင် လမ်းညွန်ပြနေတာပါလား။

အတိုင်ပင်ခံ - ကယ် နားလည်ပြီဆိုရင် မင်းရဲ့ စိတ်နဲ့ အလင်းဆုံး
ဖယောင်းတိုင်တစ်တိုင်ကို မင်းစိတ်နဲ့ သွားရှာတော့…..

အမျိုးသား - ကျွန်တော် ရင်ထဲမှာ ဘယ်သူအလင်းဆုံးလဲ ဆိုတာ ကျွန်တော်သိပြီ။
ကျွန်တော့် မိန်းမပါ။

ဒီ လူ့လောကကြီးမှာ အိမ်ထောင်ရေးဆိုတဲ့ တံတိုင်းကြီးပေါ့… တံတိုင်းထဲ နဲ့
တံတိုင်းပြင် ပေါ့။
အပြင်မှာ ရှိနေတဲ့ သူတွေက အထဲဝင်ချင် အထဲမှာရှိတဲ့ သူက အပြင်ထွက်ချင်။ အထဲမှာ
ရှိတဲ့ သူတွေကလဲ အပြင်ဘက်က ရူ့ခင်းတွေကို ကြည့်ချင်။ ရထား
ပိုင်ဆိုင်ထားတာတွေနဲ့ မကျေနပ်ကြဘူး။ မရောင့်ရဲကြဘူး။ မိုးပေါ်ကကြယ်လေးတွေ
လင်းလက်နေတာကို မက်မောကြတယ်။ ကိုယ့်ရဲ့ အိမ်မှာ နွေးထွေးတဲ့ ဟင်းနဲ့
စောင့်နေတာကို မမြင်ကြဘူး။ သာမာန်ရိုးကျ နေ့စဉ်လုပ်ရပ်တွေကို ငြီးငွေ့လာတယ်။
အချစ်သစ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မက်မောလာတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို
အဝေးမှာပဲ ထင်ပြီး နောက်တစ်ယောက် လာခေါ်ဆောင်မှုကို စောင့်စားနေတယ်။.
နောက်တစ်ယောက်ကြောင့် ဘ၀ဟာ စိုပြေလာတယ်လို့ ထင်လာတယ်…. ဒါကို သင်က
ကျေနပ်နေမိတယ်….
တစ်ချို့အရာတွေက မသိစိတ်ကနေ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်… စိတ်ထဲမှာ ဖြစ်လာတဲ့
အတိုင်း လုပ်ကြတယ်….. ဒီလိုနဲ့ ပဲ ဖေါက်ပြန်မှုတွေက များပြားလာတော့တာပေါ့…….

(တက္ကသိုလ် ဘုန်းနိုင်)

Wednesday, September 18, 2013

အောင်မြင်သော ဘ၀တစ်ခု၏ သင်္ကေတများ…

ဆရာဒေါက်တာခင်မောင်ညို(ဘောဂဗေဒ)ဘာသာပြန်ဆိုထားတဲ့စာအုပ်ထဲက
> အောင်မြင်သောဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက်
> သတိပြုသင့်တဲ့အချက်လေးနဲ့ ထားရှိရမည့်စိတ်ထားတွေကို ကမ္ဘာသစ်သူငယ်ချင်းများအတွက်
> မျှဝေ ပေးလိုက်ပါတယ်.
>
> (၁) အောင်မြင်ခြင်း၏ တည်နေရာ…
>
> …ဘ၀မှာအောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ခံစားမှုနဲ့ ကိုယ့်ရဲ့အတွေးပေါ် မူတည်ပါတယ်.
> ကိုယ့်ခံစားချက်. ကိုယ့်အတွေးဆိုတာကလည်း ကိုယ့်စွမ်းအားကို
> ဘယ်လိုအသုံးချတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်.
> ငွေရေးကြေးရေးအချိန်တွေလိုဘဲ ကိုယ့်ရဲ့စိတ်စွမ်းအားဟာလည်း အရေးပါတဲ့
> စွမ်းအားတစ်ခုဖြစ်ပါတယ်.
>
>
>
> (၂) ပေးသူလား. ယူသူလား…
>
> …လောကမှာလူနှစ်မျိုးရှိတယ်. ပေးသူနဲ့ယူသူဖြစ်တယ်.
> …အောင်မြင်သူတွေဟာ ရှိသူ.ယူသူတွေလို့ထင်ကြတယ်.
> …တကယ်တော့ အောင်မြင်သူတွေဟာ ပေးသူတွေဖြစ်ကြပါတယ်.
>
> (၃) မတူထူးခြားတဲ့နေ့…
>
> …ဒီနေ့ဟာ ကံမကောင်းပြန်ဘူးလို့ မပြောနဲ့
> …ဒီနေ့ဟာ တစ်ခြားနေ့တွေနဲ့မတူ ခြားနားတဲ့နေ့ဖြစ်တယ်.
>
> (၄) အပင်ပန်းမခံပါနဲ့
>
> …မျက်မှောင်ကြုတ်ရန်အတွက် ကြွက်သား(၆၅)ခုလိုသော်လည်း ပြုံးရန်အတွက်
> ကြွက်သား(၁၀)ခုမျှသာ အသုံးပြုရသည်.
>
> (၅) သတိ…
>
> …သူတစ်ပါးနောက်ကွယ်မှာ မကောင်းမပြောပါနဲ့. များများချီးကြူး. နည်းနည်း ဝေဖန်.
> ထမင်းစားချိန်မှာ ငြင်းခုံစရာ မပြောပါနှင့်.
> …အိပ်ရာမ၀င်ခင်မှာ အငြင်းပွားစရာ ရှောင်ပါ.
> …အလုပ်အားလပ်ရက်မစမှီ ပြဿနာမရှာပါနှင့်.
> …သင်က ခဏလေးအတွင်းမှာ မေ့သွားမှာဖြစ်ပေမဲ့ တစ်ခြားသူတွေက တစ်သက်လုံး
> ချမှတ်သွားမယ့်စကားဆိုးတွေကို မပြောပါနဲ့.
>
>
>
> (၆) ပိုပျော်ရသူ…
>
> …လက်ဆောင်တွေဟာ ရသူကိုသာ ကျေနပ်ပျော်ရွှင်စေတာမဟုတ်. ပေးသူကို
> ပိုပြီးပျော်ရွှင်ချမ်းမြေ့စေပါတယ်.
>
> (၇) အောင်မြင်မှုနောက်က မအောင်မြင်မှုများ…
>
> …စိတ်အနှောက်အယှက်ဖြစ်စရာတွေဟာ အလုပ်တွေများနေရင်လည်း ဖြစ်တတ်တယ်.
> အချိန်မရှိရင်လည်းဖြစ်တတ်တယ်. အောင်မြင်မှုမရလို့လည်း ဖြစ်နိုင်တယ်.
> …အချိန်တိုအတွင်းမှာ အောင်မြင်မှုအများကြီးရရင်လည်း ဖြစ်နိုင်တယ်.
> အောင်မြင်လေ. နာမည်ကျော်လေ. လူတွေဝိုင်းလေ ခင်ဗျားဆီက တစ်ခုခုကို ရယူဖို့
> ကြိုးစားလေ. စိတ်အနှောက်အယှက်ပိုဖြစ်ရလေဘဲ.
>
>
>
> (၈) တောင်ထိပ်က သစ်တစ်ပင်…
>
> …အမြင့်ရောက်လေ လေတိုးလေ. ဌာနအကြီးအကဲဖြစ်လေ လူသိလေ. လူမြင်လေ.
> အတိုက်အခိုက်ပိုများလေ. အားလုံးရဲ့ပစ်မှတ်ဖြစ်လေ.
> …တစ်ယောက်ရဲ့အောင်မြင်မှုဟာ တခြားလူတွေအတွက် အားကျစရာ. အတုယူစရာ. မနာလိုစရာ.
> စိတ်အနှောက်အယှက် ဖြစ်စရာတွေ ဖြစ်သွားတတ်တယ်.
> …အောင်မြင်ပြီဆိုရင် မနာလိုတာခံရမယ်.
>
> (၉) စေတနာ နောင်တ…
>
> …သင့်ရဲ့စေတနာ သဒ္ဓါတရားက တစ်ခြားလူတစ်ယောက်ရဲ့ ၀န်ထုပ်ဝန်ပိုးကို
> လျော့ပါးစေနိုင်တယ်.
> …ဒီအကျိုးကျေးဇူးဟာ ပြန်လည်တုန့်ပြန်လာတတ်ပါတယ်. ပေးသင့်တာ.
> ရက်ရောသင့်တာထက်ပိုပြီး ပေးလိုက်မိတယ်လို့ ဘယ်တော့မှ နောင်တမရပါနဲ့.
>
> မြန်မာတိုင်းဂျာနယ် (၂၉.၁.၁၀)မှ အောင်မြင်မှုနဲ့ ပတ်သက်ပြီး မှတ်သားစရာလေးပါ
> တွဲပြီးမျှဝေပေးလိုက်ပါတယ်.
>
> (၁၀)အောင်မြင်မှုရဖို့ ပြင်းပြတဲ့စိတ် (Burning Desire) နဲ့ အားထုတ်မှု
> (Effort) ကသာ အဓိကပါ.
> “ပညာလိုအိုသည်မရှိ” ဆိုရိုးစကားရှိသလို ပညာရဖို့အတွက် ငွေကြေးပြည့်စုံမှ
> ဖြစ်မယ်ဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါ.
>
> တကယ်တော့ ပညာဘဲဖြစ်ဖြစ်. လိုချင်တာတစ်ခုကိုဘဲဖြစ်ဖြစ် ရလိုချင်တဲ့ ပြင်းပြ
> တဲ့ဆန္ဒကသာ အဓိကဖြစ်ပါတယ်.
> လူတစ်ယောက်ချင်းစီမှာရှိတဲ့ ကံအကျိုးပေးက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး.
>
> တစ်ချို့လူတွေက အောင်မြင်မှုတစ်ခုဆီရောက်ဖို့ အဘက်ဘက်က ပံ့ပိုးမှုတွေ ရသလို
> အချို့ကျတော့လည်း အခက်အခဲမျိုးစုံကြားမှာ ကိုယ့်အားကိုယ်ကိုး ကြိုးစားကြရပါတယ်.
> အောင်မြင်မှုဆိုတာ ဘယ်သူသာပိုင်စေဆိုပြီး သတ်မှတ်ထားတဲ့အရာ မဟုတ်ပါဘူး.
> ချမ်းသာဆင်းရဲမရွှေး. မျက်နှာကြီးငယ်မလိုက်ဘဲ ကြိုးစား အားထုတ်မှုရှိသူသာ
> ခံစားနိုင်တဲ့အရာမျိုးပါ.
>
> …အောင်မြင်သောဘ၀တစ်ခုကို တည်ဆောက်နိုင်ကြပါစေ.
>ဖတ်မိသမျှ မှတ်မိသမျှ
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...