ရသလောက်ပဲ ငါပြန်ပေးချင်ပေမဲ့
ပေးသလောက် ပြန်မရတာကိုပဲ
သိပ်ဝမ်းနည်းနေတယ်
နာခံမှုတွေသာ အချစ်စစ်ဆို
အနိုင်ယူတဲ့ နင်ကဘာလဲ
လူရှေ့ကျ ဂျောင်ထိုးလို့
မမြင်ရမှ သိပ်လွမ်းတဲ့စကား
နင်ဆက်မပြောပါနဲ့တော့
သည်းခံရပေါင်းများတော့
နှလုံးသားက အမာရွတ်တင်နေပြီ။
နောက်ပြန်လှည့်ကြည့်တိုင်းသာ
ရင်နာကြေးဆို ငါဆယ်ခါပြန်သေသင့်နေပြီ။
မချစ်ချင်တော့ဘူးဆိုမှ
ငါ့လက်ကိုနင်မလွတ်ပေးနိုင်ဘူးတဲ့
ငါ့တန်ဖိုးကိုနားလည်တဲ့သူ
ငါရှာတွေ့မှ နင်နောင်တရပြီပေါ့ ဟုတ်လား
ပြောပါရစေဆို ငါအရင်ကနင်သိတဲ့
ချာတိတ်မဟုတ်တော့ဘူး ချစ်သူ
ဇင်မိုးကိုကို(စိတ်ပညာ)
သွားပြီအချစ်ရေ...
အမုန်းတွေလည်းမရှိတော့
အချစ်တွေလည်းမသယ်သွားတော့
သံယောဇဉ်တွေလည်းဖြတ်ခဲ့ပါပြီ....။
တစ်ခါတစ်ခါ ဘ၀ဆိုတာ
ချိုသလားခါးသလားတွေးခဲ့တာတွေလည်း
အကျိုးမရှိတာ ကိုယ်သိခဲ့ပြီ။
သွားတော့ပါမယ်အချစ်ရယ်
မီးတောက်တွေက ကိုယ့်ကို ၀ါးမျို
ပြာတွေအဖြစ် ကိုယ် ပျံ့ကြဲလိုက်တော့မယ်။
မျက်ရည်စိုနဲ့ ငိုကြွေးခြင်းလား၊
အသစ်တစ်ဖန် ရယ်မောနိုင်ခြင်းလား..
မသိနိုင်တော့တာကို
မှန်းမကြည့်
ကိုယ်သွားပါတော့မယ်။
ကျေးငှက်ငယ်ရဲ့တေးဆိုသံလား
သစ်ရွက်တွေများ ယိမ်းကနေသလား...
ကိုယ့်ရှေ့မှာတော့
အလျှံညီးညီး မီး
တဟဲဟဲနဲ့အော်မြည်
ယိမ်းကနေလိုက်တာများလေ....။
ဒါဟာ နောက်ဆုံးဘ၀တော့ ဟုတ်ဟန်မတူ
ကိုယ်ဘ၀ကူးရဦးမယ်။
နောက်ဘ၀နောက်ခန္ဒာမှာ
မင်းကို ကိုယ်မသိ
ကိုယ့်ကိုမင်းမသိ
တကွေ့ကွေ့မှာ တွေ့ကြပါဦးမလား...။
ကိုယ့်ကို လွမ်းပြီးမကျန်ရစ်နဲ့
သံယောဇဉ်တွေနဲ့မချည်နှောင်နဲ့
အဓိပါယ်ရှိတဲ့ဘဝ
သေခြင်းတရားအတွက် ပြင်ဆင်ပါဦး။
ဒါဟာ ကိုယ့်အတွက် နောက်ဆုံးကဗျာ
မင်းအတွက်တော့ တသသ
လွမ်းရဦးမယ့်ကဗျာ...။
သူငယ်ချင်းရယ်
နားလည်မှု၊အေးချမ်းမှုတွေနဲ့
ဖွဲ့သီခဲ့တဲ့ခင်မင်မှုလေးဟာ
သံယောဇဉ်လေးတစ်ခုပေါက်ဖွားလာခဲ့ပြီ
နာကျင်ခြင်းပူလောင်ခြင်းတွေ
ကင်းဝေးတဲ့ သံယောဇဉ်လေးဟာ
တို့တစ်တွေကြားမှာရှင်သန်နေခဲ့ပြီနော်
စာနာမှု နားလည်မှုတွေနဲ့
အုတ်မြစ်ချတည်ဆောက်ခဲ့တဲ့
သံယောဉ်ဇဉ်အဆောက်အအုံလေးဟာ
တို့တွေရဲ့ နှလုံးသားမှာ
ထာဝရတည်ရှိနေမယ့်
ပြတိုက်ကလေးပါကွယ်။
အဖြူရောင်သူငယ်ချင်းဆိုတာ
သဘာဝတရားကိုနောက်မှာထား
ခံစားမှုကိုရှေ့တန်းတင်
ခင်မင်မှုသံယောဉ်နဲ့လျှောက်လှမ်းကြသူတွေပါ
သူငယ်ချင်းဆိုတာ....
အတ္တတွေကိုအကျဉ်းချ
ဒုက္ခတွေကိုယှဉ်တွဲရင်ဆိုင်ရင်း
နောင်နှစ်ပေါင်းများစွာထိတိုင်အောင်
မမေ့ရက်နိုင်သူတွေပါ။
ဒါပေမယ့်ကံတရားတွေကြောင့်
တို့တွေခွဲခွာခဲ့ ရရင်တောင်
ခွဲခွာခြင်းအတွက်
အပြုံးလေးနဲ့နူတ်ဆက်ရပေမယ့်
ရင်ထဲမှာငိုကြွေးခြင်းတွေနဲ့
ရေရွတ်နေမိတယ်
သူငယ်ချင်းရေ .....
နင်ဟာငါ့အတွက်တော့
ဘယ်တော့မှ မမေ့နိုင်တဲ့
အဖြူရောင်သူငယ်ချင်းလေးပါပဲကွယ်´
ကာရံငယ် **
အဆန်းတကျယ်.....အားကျဖွယ်ရာများ
လက်သီးထိုးခန်းဟာ....နောက်ခံတေးနဲ့
ဇာတ်လိုက်ဆိုတော့ ပစ်တိုင်းထိတယ်....
ဒုက္ခဟာ..............
စိတ်အာဟာရဖြည့် ရှုခင်းတကွက်...။
ဇာတ်သိမ်းခန်းဟာ
မြက်ခင်းစိမ်းနဲ့ ဂီတ နဲ့ 
ချစ်သူလေး နဲ့  ပန်းပွင့် နဲ့

လောကပင်လယ်တောမှာ
ဒုက္ခမုန်တိုင်း ထန်တိုင်း
ပြိုယိုင်လဲချင်ခဲ့ စိတ်ဓာတ်တို့
အရောင်ပျယ်စေခဲ့တာမို့
အရာရာအတွက်
ကျေးဇူးပါ....မေမေ။
လူ့ဘ၀က ရေပွက်ပမာဆိုပေမယ့်
ထွေရာလေးပါးနဲ့ ရောနစ်တဲ့ လု့လောက
တွယ်တာစရာကပေါများလိုက်ပါဘိနှယ်
အတုအယောင်တွေကြား
တုနိုင်းမဲ့ အဖြူရောင်သက်သက်
မရွာပဲနဲ့
မညိုပါနဲ့မိုး
ဘယ်အငြိုးများနဲ့
ကျီစားသလဲ
မသည်းရင်နေ
ဖွဲ့စွေ့စွေ့တောင် ကျေနပ်တယ်
ခုတော့ဖြင့်
ရွာမည်ဟန်ပြ
ရွာမချခဲ့
မာနနဲ့ မာန်တွေတိုးတော့
မျော်သူရင်မော ပြောချင်မိရဲ့
ငဲ့ကွက်တတ်လျင်
နောင်ရွာမည်ဆိုမှ
ရွာပါမိုး......။
ကာရံငယ်
တခါတလေ နှုတ်ခမ်းတွေခြောက်ကပ်

အက်ကွဲကွဲ စကားတွေ
မျှဝေလို့  မပေးကောင်းတာကြောင့်
ဘာမှမတောင်းလိုက်ရဘူး။ ။
တကယ်လို့ ……
ငါ့ ခြေလှမ်းတွေကြောင့်
နင့်ဝန်းကျင်မှာ
သံစဉ်တွေခြောက်ကပ်
နှလုံးအိမ်က
အရင်လို ကဗျာတွေ ထွက်ကျမလာနိုင်တော့ဘူးဆိုရ င်….
တောင်းပန်ပါတယ်.
ငါ…
တိတ်ဆိတ်ခြောက်ကပ်
နင်ဆောက်တဲ့ အကျဉ်းခန်းထဲမှာ
အလွမ်းတွေခြုံပြီး
လုံအောင်နေရမှာ ပေါ့ ။ ။
ဘယ်လိုဖြစ်ဖြစ်ပါ…
နင်မလိုတာတွေ ကြက်ခြေခတ် လဲ
ကျန်နေ မဲ့ အလွမ်း။ ။
နင်ဘာမျှ မထားခဲ့လဲ
ကျန်နေမဲ. အလွမ်း။ ။
အားလုံးတော့ နင်ဆွဲမထုတ်နိုင်ပါဘူး။ ။
@@@@@@@@@@@@@@@@@@@@

အချိန်တွေ ကုန်နေပေမယ့်
နာရီတွေ လည်နေပေမယ့်
အိမ်ပြန်ချိန်ဆိုတာ ငါမသိသေးဘူး
မိသားစုဆုံတဲ့ အချိန်ဆိုရင်တောင်
အခုအချိန်မှာ ငါမရှိဘူး ။
တစ်ယောက်တစ်နေရာနဲ့
နေလာခဲ့တဲ့ ဘ၀တစ်လျှောက်
ငါတစ်ယောက်က အဝေးဆုံးလို့
တစ်ယောက်တည်း ယူဆ
မတူမျှတဲ့ ကံကြမ္မာကြောင့်လား
ဒဏ်ရာတွေ အမြောက်အများနဲ့
မိသားစုဆိုတဲ့ အေးရိပ်လေး ကို
အရောက်သွားချင်ပါရဲ.
ဖေဖေါ်ဝါရီ ၁၄ တဲ့
ဒီနေ့လေးဟာ ချစ်သူတွေရဲ့
အမှတ်တရ နေ့လေးတစ်နေ့
ချစ်သူတွေရဲ့ ရင်ခုန်သံ လေးတွေနဲ့
ချစ်သူတွေရဲ့ အပျော်ရွှင်ဆုံးနေ့လေး
ဒါ ပေ မဲ့
ကိုယ် တစ် ယောက် တည်း
အခန်းလေးထဲမှာ အထီးကျန်
လွမ်းနေရတဲ့ ဒီနေ့လေးမှာ ရင်ထဲကပဲ
ကြည်နူးနေမိတယ် ...
အတိတ်ကို စောင်းငဲ့ကြည့်တိုင်း
နာကျည်းစရာ အိပ်မက်ဆိုးထဲက
လှောင်ပြောင်သံသဲ့သဲ့ကိုကြား
တစ်ပိုင်းတစ်စ ပန်းချီကားတစ်ချပ်
ငါကျောခိုင်းပြီးတဲ့နောက်
ရင်ခွင်ထဲက စုတ်ချက်ကြမ်းကြမ်းတွေ
ဘယ်လိုဆေးသားနဲ့
အရောင်ပြောင်းပစ်ရမလဲ .............
အချိန်ဆိုတာ ဒဏ်ရာရဲ့ဆေး ဆိုပေမယ့်
တစ်ခါတစ်လေ
မိုက်မဲစွာ ပြန်တွေးမိတိုင်း
ကြိုးဝိုင်းထဲမှာ အလဲထိုးခံရတဲ့
ငါ့နှလုံးသား ....... တကယ်ဆို
ဟန်ဆောင်မှုများစွာနဲ့
ဧည့်ခံနေတဲ့ သရုပ်ဆောင်ကောင်းသော
ညတစ်ည (သို့) ဘ၀တစ်ခုထဲ
စည်းကြပ်ဒိုင်မဲ့
ရိုးသားစွာ အရှုံးပေးခဲ့ရသော
ငါ .....................
တသက်လုံး ဒီကျိန်စာတွေနဲ့
(ကောင်လေး) (ကောင်မလေး)
ပျံသန်းလာပါ........................... ....................................ပျံသန်းလာမယ်
ငါစောင့်ကြိုနေမယ်....................................................စောင့်ကြိုနေနော်
မင်းအတွက်နားခိုရာ...............................................ငါ့အတွက်နားခိုရာ
ရင်ခွင်ကျယ်ကြီးကနေ........................................ရင်ခွင်ကျယ်ကြီးရှိတယ်
လှပတဲ့ ပန်းပွင့်တွေနဲ့အတူ..............................လှပတဲ့ပန်းပွင့်တွေ နဲ့ 
နွေးထွေးစွာကြိုဆိုပါ့မယ်.............................နွေးထွေစွာကြိုဆိုပါနော်..။
*****************.....................................******************
မျှော်လင့်နေမယ်
ကြင်နာမှုတွေနဲ့ အတူ..
တို့တွေ..လောကကြီးကို လှပအောင်
အလှဆင်ရအောင်နော်
(ကာရံငယ်)