Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Monday, September 23, 2013

ကလေးတွေကို(စိတ်ဓာတ်) ပျိုးထောင်ခြင်း

လူတိုင်းမတူညီတဲ့ စိတ် နဲ့ ကွဲပြားတဲ့အတွေးအခေါ်ဆက်ဆံရေးတွေပိုင်ဆိုင်ကြပါတယ်.ဒီလိုမတူ တာဟာ ရှင်သန်ခဲ့ရတဲ့ငယ်ဘ၀တွေမတူကြလို့ပါ.စိတ်ပညာမှာတော့ လူတိုင်းဟာ အတိတ်ရဲ့ အရိပ်တွေရဲ့ အကျိုးသက်ရောက်မှုတွေအရ အခု လက်ရှိ ပုံစံတွေဖြစ်နေရတာပါတဲ့.ဆိုလိုတာကခက်ထန်ကြမ်းတမ်းတဲ့ လူဟာ ဒီလိုဖြစ်လာစရာအကြောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ဒီလိုဖြစ်လာရတာပါတဲ့..
ဗုဒ္ဒတရားမှာတော့ အကျိုးကြောင့်အကြောင်းဖြစ်တယ်ဆိုထားပါတယ်.အတိတ်ကပြုခဲ့တဲ့အကြောင်းကြောင့် ဒီအကျိုးဆက်ကိုခံစားရတာပါ..
ဒါကြောင့်နုနယ်တဲ့ကလေးတွေရဲ့ အနာဂတ်အတွက် ဘယ်လိုအပြုအမူတွေဟာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်တယ်ဆိုတာ ကို
ဆရာလူထုဦးစိန်ဝင်းရဲ့ စာလေးကိုတင်ပြလိုက်ပါတယ်
ဒီလိုလူ တယောက်ကိုတွေ့ခဲ့တာနဲ့ သူရှင်သန်ခဲ့ရတဲ့ အတိတ် ကိုမှန်းပြီး နားလည်ခွင့်လွတ်မှုပေးနိုင်ကြပါစေ

* ပြစ်တင် ရှုံ့ချခံရမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

သူရဲဘောကြောင်လူတောမတိုးတဲ့စိတ်ဓာတ်တွေ ရလာစေတယ်။

* ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ

ပုတ်ခတ်ပြောဆိုတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

* ယုံကြည်စိတ်ချမှု ကင်းမဲ့စွာနေခဲ့ရတဲ့ကလေးဟာ

လိမ်လည်လှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

* ရန်ဘက်ပဋိပက္ခတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

ရန်လိုမင်းထက်ပြုမူတတ်တဲ့စိတ်တွေရလာစေတယ်။

* ချစ်ခင်နှစ်သက်မှုနဲ့နေခဲ့ရတဲ့ကလေးဟာ

ချစ်တတ်ခင်တတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* မှန်ကန်ဖြောင့်မတ်သူတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

တရားမျှတမှုစိတ်ဓာတ်ကိုရလာစေတယ်။

* ချီးကျုးထောပနာပြုမှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

တန်ဖိုးထားလေးစားတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* မျှဝေခံစားမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

စာနာသက်ညှာတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* အသိဥာဏ်ဗဟုသုတတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

သည်းခံတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* ပျော်ရွှင်မှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

မေထ္ထာတရားနဲ့ အလှအပတို့ကိုရှာဖွေတွေ့ရှိလိမ့်မယ်။

<လူထုစိန်ဝင်း>

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

Comments

Not using Html Comment Box  yet?

No one has commented yet. Be the first!

rss
 

E
Y