Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Monday, January 13, 2014

တစ္တေ ခြောက်သောည (တဲအတွင်းမှ နာနာဘာဝ)´

`ဂျိမ်း…ဂျလိန်း ဂျိမ်း..ဝေါ..ဝေါ..ဝေါ´
မိုးမှာ သည်းကြီးမဲကြီး ရွာသွန်းနေလျှက် လေများကလည်း အဆက်မပြတ်တိုက်ခတ်နေသောကြောင့် လေသံနှင်မိုးသံ တို့မှာရောနှောနေခဲ့သည်။ ထိုအချိန်မှာ ညနေစောင်းမိုးချုပ်လုစ အချိန် ဖြစ်သည်။ ပတ်ဝန်းကျင်းကလည်းမှောင်မည်းစပြု နေပြီမိုးကလည်း တိတ်မည့်ပုံမပေါ်ပေ။ သည့်အတွက်ကျွန်တော်ဘယ်မှာ နားခိုရမည်နည်း။ ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေတဲ့ မိုးကအကျီင်္ရှည်ကြီးတစ်ထည်မှလွဲ၍ ဘာမှမပါပေ။ လမ်းမှာလည်း တောလမ်းလေးဖြစ်သည့် အလျှောက် ရွှံ့ဗွက်များမှာထူထပ်နေပေသည်။ ဒီ့အပြင် မိုးချုပ်နေတဲ့ လောကကြီးကို ကျွန်တော်အဘယ်သို့မျှ ပုံကန်ရမည်နည်း.. မိုးအတွက် အကာအကွယ်ယူရပေဦးမယ်။ တခြားမစဉ်းစားတော့ပဲ ကျွန်တော်၏မျက်စိများက နားခိုရန်နေရာကောင်းကောင်းရဖို့ ဆော့ကစားရှာဖွေနေခဲ့ ပါသည်.။ မကြာမီ မှောင်လုနေသော ပတ်ဝန်းကျင် ထဲမှ မထင်ရှားသည့် ၀ိုးတိုးဝါးတား အရာဝတ္ထု တစ်ခုကိုကျွန်တော်တွေ့လိုက် ရတယ်။ ထိုအရာသည်သက်မဲ့ ဖြစ်ဟန်တူသည်။ ကျွန်တော်၏ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ `ဒါဟာငါ့အတွက် တည်းခိုစရာနေရာဖြစ်ကောင်း ဖြစ်နိုင်တယ် ´ ဟုစိတ်ကရေ၇ွှတ်ရင်း မထင်မရှားမြင်နေရသော အရာဝတ္ထုဆီကို ဦးတည်ခဲ့ ပါသည်။ အနားရောက်မှ တဲလေးတစ်လုံးဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်တော် အတိုင်းမသိ ၀မ်းသာသွားခဲ့တယ်။
အဆိုပါတဲလေး၏ အမိုးမှာကောင်းမွန်၍ တဲအတွင်း၌ ခြောက်သွေ့နေမည်ဟု တဲ လေး၏အသွင်အပြင်ကိုကြည့် ၍ကျွန်တော်ယူဆ မိ လိုက်ခြင်းဖြစ်သည်။ တဲမှာလူနေဟန်ရှိမည်မတူ ။တံခါးမှာ သော့မရှိပေမယ့်ဂျလက် ထိုးထားလေသည်။ မိုးမှာလည်းပို၍ပင် သည်းလာသည်ဟုထင်ရပေသည်။ ထိုတဲအတွင်းမှာတစ်ညတာ တည်းခိုရန် ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်တွေဝေမနေတော့ပဲ တံခါးဂျလက်ကို ဖွင့်ကာတဲ ထဲသို့ဝင်ခဲတယ်။ တဲအတွင်းမှာ မှောင်ပြီးထိုင်းမှိုင်းနေသည်ကိုတွေ့ရပေသည်။ အသင့်ပါလာသောမီးခြစ်ကို တစ်ချက်ခြစ်လိုက်ရာ တဲအတွင်းသို့ဝင်ရောက်သည့် မည်းနက်သောလမ်းကို မီးရောင်ဖြင့်မြင်တွေ့လိုက်ရပေသည်။ ခုလိုစိတ်ပျက်ဖွယ်ရာညမျိုး လူသူမရှိတဲ့ အရပ်တွင် ရှိသည့်လမ်းကလေးမှ တစ်ဦးတစ်ယောက်ဖြတ်သွားမည်ကို အနည်းငယ်သာစိုးရိမ်ဖွယ်ရှိသော်လည်း တဲတံခါးဝကို လုံခြုံမှုရှိအောင် ဂရုတစိုက်ပိတ်လိုက်လေ၏။ ကျွန်တော်မီးခြစ်တစ်ချက်ထပ်ခြစ်ပြီး အတွင်းလမ်းလေးအတိုင်းဝင်ရောက်ခဲ့ရာ အခန်းငယ်တစ်ခန်းကိုတွေ့ရလေသည်။ ထိုအခန်းငယ်တွင်လေကောင်းလေသန့်ရသောကြောင့် နေသာထိုင်သာရှိသွားခဲ့ တယ်။ ထို့ပြင်သံချေးတက်နေသော မီးဖိုတစ်လုံးကို တွေ့ရှိရလေသည်။ ကျွန်တော်၏အတွင်းတွင်ခံ ၀တ်ထားသော အကျီင်္မှ အပိုင်း တစ်ချို့ကပါလာသောဓားဖြင့် ဖြတ်ယူပြီး မီးမွှေးလိုက်ရာ မကြာမီအချိန်အတွင် မီးလင်းလာခဲ့သည်။ မီးဖို၏အနောက်ဖက်တွင် သစ်သားများပုံထားတာကြောင့် မီးမွှေးရန် ကျွန်တော့်အတွက် အလုပ်ဖြစ်လိမ့်မယ်ဟု ထင်သည်.။  ကျွန်တော့်၏ ဘွတ်ဖိနပ်ကု ချွတ်ကာ ခြောက်သွားစေရန် မီးဖိုဘေးတွင်ထောင်ထား လိုက်တယ်။ အားလုံးအဆင်ပြေသွားပြီဖြစ်သောကြောင့် ကျွန်တော့် ၏ခန္ဒာကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲချလိုက်ပါသည်။ ခဏတာမှေးခနဲ အိပ်ပျော်သွားပေမယ်.. နိုးလာတဲ့ အခါ မီးဖိုမှမီးများက ၀င်လက်စွာတောက်လောင်နေသောကြောင့် ကျွန်တော်ကြာရှည်စွာ အိပ်မရပေ။
ထိုအပြင် ကျွန်တော်၏ ခန္ဒာကိုယ်ထုံထိုင်းကိုက်ခဲမှုကတစ်ကြောင်း ၊ကြမ်းပေါ်တွင်လှဲ၍ အိပ်ရသဖြင့် တစ်ဦးတစ်ယောက်၏သွား လာလှုပ်ရှားသံများကို ကြားနေရသဖြင့် ကြာကြာမအိပ်နိုင်ခြင်းလည်းဖြစ်သည်။ တဖက်သို့ ကိုယ်ကို လှည့်ပြီး အိပ်မည်ပြုရာ အခန်းဆီသို့လာသည့် ခြေသံကိုကြားနေရသောကြောင့် ကျွန်တော်ထိတ်လန့် သွားခဲ့ တယ်။ ပြတင်းပေါက်များက်ုပျဉ်ပြားနှင့် အသေပိတ်ထားသည့်အပြင် အ၀င်တံခါးကိုလည်းကျွန်တော် သေချာပိတ်ခဲ့ ခြင်းဖြစ်၍ တဲအတွင်းသို့ ၀င်ရန်အပေါက်မရှိပေ။ ထို့ကြောင့် ကျွန်တော်အတော်အတန်ကြောက်လန့် သွားသော်လည်း ထ၍ရင်ဆိုင်ရသည်မှ တစ်ပါး အခြားမရှိပါတော့ချေ။ ထိုဝင်လာသောလူစိမ်းသည် သွက်လက်ခြင်းမရှိ ၊မီးတောက်နေသောမီးဖို ဆီသို့တဖြေးဖြေး  လျှောက်၍သွားလေသည်။
သူသည်အခန်းထောင့်တစ်နေရာတွင်ရှိသော ကျွန်တော့်ကို သတိပြုမိဟန် မတူချေ။ ထိုလူမှာမီးဖို့ရှိရာသို့ တည့်မတ်စွာ လျှောက်သွားရင်း သူ၏စွတ်စိုနေသော လက်အစုံကို မီးကင်နေလေသည်။ ထိုလူကိုကျွန်တော် မျက်ချေမပြတ် သေသေချာချာ ကြည့်ပြီး အကဲခတ်နေမိသည်။ ထိုလူမှာခုလိုညမျိုးတွင် လူသားတစ်ယောက်ကြုံတွေ့ရသည့် စိုစွတ်မှုထက်ပင် ပို၍ ဆိုးဆိုးဝါးဝါး စိုစွတ်
လျှက်ရှိသည်ကို တွေရပေသည်။ အ၀တ်အစားများက ဟောင်းနွမ်း စုတ်ပြတ်နေပြီး သူ့ခန္ဒာကိုယ်ပေါ်မှ ရေများဟာ ကြမ်းပြင်ပေါ်သို့ စီးကျလျှက်ရှိပေသည်။ ဦးထုပ်လည်းဆောင်းထားခြင်းမရှိပေ။ သူ့မျက်လုံးများအထက်ရှိ ထောင်နေသော ဆံပင်များမှ ရေစက်တိုက မီးကျီခဲ များ အပေါ်သို့စီးကျနေသောကြောင့် တစ် ရှဲ..ရှဲ မြည်နေပေသည်။ ထိုလူကိုကျွန်တော် မြင်လိုက်သည်နှင် တစ်ပြိုင်နက် ဥပဒေဘောင်အတွင်း မှလူမဟုတ်ဟု ယူဆမိလိုက်သော်လည်း လူကြီးလူကောင်းတစ်ယောက်ဖြစ်မည်ဟု တဖန်တွေးယူမိလိုက်ပြန်သည်။ ထို့ကြောင့်ကျွန်တော်ကပဲ သူ့ကို စတင်နူတ်ဆက်လိုက်လေရာ မကြာမီ ရင်းနှီးသွားကြပါသည်။ ကျွန်တော်က စကားစမိလိုက်သည်..။
`ကျွန်တော်တို့ လူသားတွေအတွက် တော့ သာယာတဲ့ မိုးလေ၀သ ဆိုတာ ဘယ်မှာရှိနိုင်မှာလဲ  မိတ်ဆွေရာ ။ ဒါပေမယ့် ဒီတဲကလေးက ခြောက်ခြောက်သွေ့သွေ့ ရှိနေလို့ တော်သေးတယ်လို့ဆိုရမှာပေါ့ဗျာ´
တဲအပြင်ဖက်တွင် ရှိနေသော သေလုမျောပါး နေကြာပင်များနှင့် အတိုင်းအဆမရှိ သန်စွမ်းနေကြသော ပေါင်းပင်ကြီးများသည်  မိုးရေကြောင့် ယိမ်းထိုးနေကြလေသည်။ ထိုလူစိမ်းက `တစ်ချိန်က ဒီတဲလေးဟာ သိပ်သန့်ရှင်းမှု မရှိခဲ့ဘူး။ ဒါပေမယ့် သာမာန် ဧည့်ရိပ်သာလေ တစ်ခု ဖြစ်ခဲ့တယ်။ အခုတော့နေတဲ့ အမြဲနေတဲ့သူ မရှိတော့ဘူး´ သို့သော် သူတောင်းစားများနေထိုင်သည့် နေရာတို့တွင် တွေ့ရတတ်သော ဘူးခွံ၊ပုလင်းခွံ စသည်တို့ကို ဤတဲ အတွင်းတွင် လုံးဝမတွေ့ရပေ။
 `ဒါနဲ့ … အဲ့ဒါတွေကို ဘာလို့မတွေ့တာလဲ…´
သူပြောခဲ့သလို သန့်ရှင်းမှုမရှိခဲ့ဘူး ဆိုရင် အခု ဘာကြောင့် အဲ့ အရာများ မတွေ့ရသနည်း။ ကျွန်တော်မေးခွန်း ထုတ်နေမိသည်။ ထိုလူက အဖြေစကားမဆိုမီ မသက်သာသောဟန်ဖြင့် သက်ပြင်းကို လေးလေးပင်ပင် ချကာ
 `ဒီတဲမှာ သရဲ…နေတယ်လေ…ဒီမှာသရဲရှိတယ်´
ကျွန်တော်မယုံနိုင်သော အကြည့်နှင့် မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်မိလိုက်သည်။ `အဲ့ဒီသရဲက အလွန်အစွမ်းထက်တာ၊ သူ့ဇာတ်လမ်း အကျဉ်းကတော့ သူဟာ ဒီတဲအနောက်မှ ရှိတဲ့ ရေတွင်း ပျက်ထဲကို ကိုယ်တိုင် ဆင်းသေလိုက်တာပဲ ..´
ကျွန်တော်စိတ်ဝင်စား သွားပြီးသူ့အနားကို တိုးသွားမိတယ်။ ဒီ့နောက်သူက ဆက်ပြီးပြောတယ် `တွေ့တဲ့ လူတွေက ဆွဲတင်လိုက်တော့ သူ့တစ်ကိုယ်လုံး ရွှံ့တွေပေပြီးသေနေတယ်။ အဲ့ဒီ့သရဲက ဒီတဲပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတယ် ။ တစ်ခါ တခါ ဒီတဲထဲကို မိုးဝင်ခိုတဲ့ လူတွေဆိုရင် သူ့ခြေသံကြောင့် အိပ်ရေးပျက်ကြရတယ်..။ ´ ပြောရင်း ထိုလူစိမ်းက ထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။  ကျွန်တော်က-
 `ဒါပေမယ်.. ကျွန်တော်တို့ကိုတော့ ဒီသရဲကခြောက်မှာ တော့ မဟုတ်ပါဘူး ´
`ဟုတ်ကဲ့ ….ကျွန်တော်တို့ကိုသူက ခြောက်မယ်မထင်ပါဘူး´ သူ့စကားအဆုံးတွင် ကျွန်တော်က ရယ်လိုက်ပြီး ….`ဟား..ဟား..ဟားး… ဘယ်သူတွေဘာပဲပြောပြော ကျွန်တော်ကတော့ သရဲဆိုတာကို တစ်ခါမှမမြင်ဖူးပါဘူး´ ထိုလူစိမ်းက စိတ်ပျက်သည့်အသွင်ဖြင့် ကျွန်တော်ကို စူးစိုက်ကြည့်လေသည်။ ပြီးတော့.သူက……
` ဟုတ်ကဲ့ ခင်ဗျားဘယ်တော့မှမြင်ဘူးမှာ မဟုတ်ဘူး ။ ဒါပေ့မယ့် …ဒီတဲမှာ ၀င်တည်းကြတဲ့ သူတွေအားလုံး သရဲမခြောက်ခံရတာမရှိဘူး ။ အကုန်လုံးခြောက်ခံ ရတာကြီး ပဲ´
ထိုသူမည်သို့ပင်ပြောနေပါစေ ကျွန်တော်က မယုံကြည်ပါ။
`ကျွန်တော့်ကို အိပ်ရေးပျက်အောင်လုပ်နေတာ သရဲမဟုတ်ဘူး..။ မိတ်ဆွေ တဲပေါ်တက်လာလို့ ကျွန်တော်နိုးသွားတာ.. ´
ထိုအခါ ထိုသူက ကျွန်တော့်ကို လှောင်ပြောင်သလို ရယ်နေလေသည်။ `ဟား…ဟာ.း…ဟား…ဟား…ဟား´ သူ၏ကိုယ်မှစီးကျနေသော ရေထို့က အဆက်မပြတ် ကြမ်းပေါ်သို့ စီးကျ နေပေသည်။  သူ့ကိုယ်မှလည်း အနံ့ဆိုးများ ထွက်ပေါ်၍ လာလေပေသည်။
`ဘု ရားရေ….မိတ်ဆွေ ….အနေနဲ့ ဘယ်တော့မှ မခြောက်နိုင်တော့ဘူးလား…´ ဟု ကျွန်တော် ပြောလိုက်မိသည် ။ ထိုလူက အနည်းငယ်ရယ်လိုက်ပြီး ………
`မခြောက်တော့ဘူးတဲ့ လား …ဟ…ဟ….ဟ ကျွန်တော်က ဘယ်တော့မှခြောက်မှာ မဟုတ်ဘူး ၊ ကျွန်တော်တို့လို လူတွေဟာ မိုးလေ၀သ ကောင်းကောင်း ၊ ဆိုးဆိုး နွေဖြစ်ဖြစ်၊ဆောင်းဖြစ်ဖြစ် ဘယ်တော့မှ ခြောက်တယ်ဆိုတာ မရှိဘူး.. ဒီမှာကြည့်လေဗျာ´
ပြောပြောဆိုဆိုနှင့် သူ၏ရွံများပေနေသော လက်အစုံကို မီးထဲသို့ ထိုးသွင်းပြီးကျွန်တော့်ကို စူးစိုက်ကြညိ့နေလေသည်။ ကျွန်တော် အခုမှ သူပြောသမျှတွေသတိရ သွားပြီး ကျွန်တော့် ဘွတ်ဖိနပ်ကိုကောက်ယူကာ ကြောက်လန့်တကြားအော် ဟစ်ကာ မိုးသက်လေပြင်းကျနေသော ညအမှောင်ထဲသို့ ထွက်ပြေးခဲ့မိပါတော့သည်။
Writing by –Ye’ Tay Za Kyaw (ကာရံငယ်)
                               Thankyou.

( ဘာကြောင့် ဥပုသ်စောင့်တယ်ဆိုတာ သိချင်ရင် ဖတ်ကြည့်ပါ)


"ဥပုသ်သီလ ဆိုသည်မှာ"



ညစာ ဘာလို့ မစားရသလဲ..။
တဏှာနည်းအောင်လို့ ဗျ။ မနက်စားတဲ့ အစာဟာ
တစ်နေ့ လုပ်တဲ့ အားနဲ့ အတူတူ။ တို့ ရဟန်းမှာ တစ်ထပ်နဲ့ 
တစ်နေ့ စာကို စားရပါတယ်။
ပိုစားရင် သူက သုတ်သွေးဘက်ကို သွားတာ။
ဒီမနက်စားတဲ့အစာသည် တစ်နေ့ တာ လူသားလုပ်ဖို့  တာဝန်ပြီးပြီ။
ညစားတာက အဲဒါ တစ်ညလုံး ဘိန်းဖြူချက်သလိုကို
အိပ်ပြီးတော့ အစာချက်တာ။
ရိုးတွင်းချဉ်ဆီကို ပို့ ပေးရတဲ့ဟာ..ညစာက။
ဒါမို့  ရဟန်းက ညစာမစားရတာ။
အဲဒီကကို သုတ်သွေးကို သိုလှောင်မှာစိုးလို့ ။
တို့ အားထုတ်သာရုံ မနက်ပဲ စားရတယ်။
အဲတော့ ၀ိကာလ ဘောဇနာ ..ညစာ ဘာလို့ မစားရတာလဲ.. တဏှာနည်းအောင်လို့ .။

သူသည် ဘယ်သူ့ အတွက်တုန်း ... အဗြဟ္မစရိယာ သိက္ခာပုဒ်ရဲ့ ကျားကန်ဗျ။
အဗြဟ္မစာရီဆိုတာ မမြတ်သော မေထုန်အကျင့်ကို ကျင့်တာ မဟုတ်ဘူးလား။
ကာမေသုမိစ္ဆာစာရက သူများလင် သူများကာမပိုင်တွေနဲ့  သွားပြီးကျူးလွန်တာ။ အဗြဟ္မ ဆိုတာ ကိုယ့်လင် ကိုယ့်မယားနဲ့ ကျူးလွန်တာကို ပြောတာ။
ဒါမမြတ်တဲ့ မေထုန်.. မမြတ်တာတော့ ကိုယ့်ဘာသာသိ။
အဲဒါက ဒီ ညစာစားလို့ ရာဂထကြွနေရင် ကိုယ့်နားမှာရှိတာ အကြင်လင်မယား၊ ထပြီးအခုကျူးလွန် အခုရတာပဲ။
ကျူးလွန်လွယ်လို့  ဒါကြောင့်မို့ အစာနှုတ်ထားရတယ် ဒီကနေ့ ။ တဏှာနည်းအောင်လို့ ။
ပြီးတော့ ကိစ္စနည်းအောင်လို့ ။ ခံစစ်ကနေ ထိုးစစ်လုပ်ချင်တာမလား.. ကိစ္စနည်းအောင်လို့ ။
ပြီးတော့ အအိပ်နည်းအောင်။
ညစာမစားရတာ ဟောဒီ သုံးချက်ကြောင့်။

ညစာတော့ မစားဘူး.. ဆာဆာနဲ့ ပေအိပ်ရင် ဘာထူးတုန်း။
အဲတော့ အဗြဟ္မစရိယ မမြတ်တဲ့မေထုန်ကို ကျင့်မှာစိုးလို့  ဟောဒီ တဏှာနည်းအောင်
ဝိကာလ ဘောဇနာကို ပယ်ရတယ်။

ယူနေကျ ငါးပါးထဲကနေ နံပါတ်သုံးမှာ အပြောင်းအလဲဖြစ်လို
့နောက်မှာ သုံးခုတိုးရတာ။
နစ္စ ဂီတ ၀ါဒိတ .ကခြင်း သီဆိုခြင်း ချစ်ကြောင်းကြိုက်ကြောင်းဖွဲ့ နွဲ့ ထားတာတွေ...အဲဒါလည်း တပ်မက်ခြင်းရဲ့ အကြောင်းဖြစ်လို့ တဏှာထကြွမှာ စိုးလို့ ပါ။
အဗြဟ္မ ထိန်းတာပါပဲ။

ဥစ္စာ သယန မဟာ သယနာ .. မြင့်တဲ့ မြတ်တဲ့ နေရာမှာ မနေရဘူး..။
ဆိုဖာတို့  မွေ့ ယာတို့  အိကနဲ ငြိမ့်ကနဲ .. ရာဂထမှာပေါ့။ မြင့်တဲ့နေရာ နေတော့
မာန တက်မှပေါ့။ ဒင်းတို့ ငါနဲ့ တူလို့ လားဆိုတာ ဖြစ်မှာပေါ့ ။
ဒါကြောင့် ဘုရင်ဖြစ်ပေမယ့် ဒီကနေ့ ဥပုသ်ယူရင် ပလ္လင်ပေါ်မတက်တော့ဘူး။
ဥပုသ်ဆောင် ကြမ်းပြင်မှာ ဘုရင်က သွားနေတော့တာ။ ဒါကြောင့် မြင့်တဲ့နေရာ မနေရဘူး.. မာနတက်မှာစိုးလို့ ။
မြတ်တဲ့ နေရာ မနေရဘူး.. တဏှာထမှစိုးလို့ ။ အဲတော့ ကျန်တဲ့သုံးပုဒ်က
ကာမေသု မိစ္ဆာစာရ မှာလဲတဲ့ အဗြဟ္မစရိယ သိက္ခာပုဒ်အတွက် ကျားကန်ယူရတာချည်းပဲ။

နေ့ တိုင်းတော့ ကာမေသု မစ္ဆာစာရ မရှောင်ဘူးလားဗျ..
ဒီကနေ့ တော့ အဗြဟ္မစရိယ မရှောင်ကြဉ်ဘူးလားဗျ။
ပြီးတော့ နေ့ တိုင်း ငါးပါးကျတော့ သီလ နော်။ ငါးပါးသီလ ဗျ။
ဒီကနေ့ တော့ ဥပုသ်တော်သီလဗျ။ ဥပုသ်နဲ့ တွဲတယ်ဗျ။
အဲတော့ ဒီနေ့ ဟာ ရိုးရိုးသီလလား၊
ဥပုသ်တော် သီလလား.. ဥပုသ်တော် သီလဗျ။
ဥပုသ်တော်သီလမို့  အဗြဟ္မ ကို ရှောင်ရတာ။
အဗြဟ္မ ရှောင်တဲ့အတွက် နောက်သုံးခု ထပ်တိုးရတာဗျ။

ဒီကနေ့  ဘာသီလတုန်း ... ဥပုသ်တော် သီလ။
နေ့ တိုင်းငါးပါးသီလ .. ဒီကနေ့  ဥပုသ်နဲ့ သီလ တွဲတယ်။
အဲတော့ ဘယ်နယ်တုန်း.. သီလစောင့်ရုံပဲလား.. ဥပုသ်ကော ယူမှာလား။
ဥပုသ်က ဘယ်သွားယူမတုန်း.. ရှောင်ကြဉ်တာ သီလဗျ...။
သီလက ကိုယ်နဲ့ နှုတ်နဲ့ ကို တာဝန်ယူတယ်..
ဥပုသ်က စိတ်ကို တာဝန်ယူတာဗျ။
ဥပုသ်က စိတ်နဲ့ ဆိုင်တယ်။ အာရုံကင်းဆိတ်ပြီး
နေထိုင်တာကို ဥပုသ်လို့ ခေါ်တယ်။
မျက်စိရှိမြင်မှာပဲ ... ဘာလဲလို့  အာရုံနောက်ပါသွားရင် ထွက်ပြီ ဥပုသ်။
နားကြားလိုက်တယ် ကြားတာ ကြားတာနဲ့ ပြီးရမယ်။
အာရုံနောက် စိတ်မပါစေနဲ့ ။
အာရုံမခံစားရဘူးပေါ့  အကောင်းပဲ အဆိုးပဲ
အာရုံနောက် မခံစားရဘူး။

မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာ စိတ်ရဲ့ ထွက်ပေါက်တွေမဟုတ်လား..။
အဲတော့ မျက်စိကမြင်တဲ့ အချိန် သတိ မျက်စိမှာ အစောင့်ချထား။
နားကကြားတဲ့အချိန် သတိ နားမှာ အစောင့်ချထား.ရမယ်.။
အဲဒါ ဥပုသ်စောင့်တာ .. စိတ် လုံအောင်စောင့်တာ။ နံရင် နှာခေါင်းထိပ်..။
စားရင် လျှာထိပ် အာထိပ်..၊ ထိရင်လည်း သူထိတဲ့နေရာလေးကို တို့ က
သတိ နဲ့ အစောင့်ချရမှာ။ အဲဒါ အာရုံလုံအောင်စောင့် ဥပုသ်စောင့်တာ။
ကိလေသာ .. အတွေးကလာတာ ..တခြားကလာတာ မဟုတ်ဘူး။
သတိမလွတ်လို့ ရှိရင် ဘာမှတ်မှတ် ဓမ္မံသရဏံ ဂစ္ဆာမိပဲ။

အာရုံလုံလိုက်ရင် ကြက်သတ်ဖို့ ဝက်သတ်ဖို့ ရှိသေးလား..
မရှိတော့ပါဘူးဗျ။ အလိုလို သီလလုံသွားတယ်။
ဆိုင်ရာတံခါးပေါက်က သတိနဲ့ စောင့်တာ၊
အဲဒါ အာရုံလုံအောင်စောင့်တာ။
ကိုယ်ထဲက စိတ် အာရုံနောက် မပါစေရဘူး၊
အာရုံနောက်က ကပ်မြှောင်လိုက်လာတဲ့
ကိလေသာ ကိုယ့်စိတ်ထဲမ၀င်ရဘူး။
ကြားက စောင့်ရမယ်။ အဲဒါ ဥပုသ်စောင့်တာ။
ဥပုသ်စောင့်ရင် ပါရမီတက်တယ်။

သီလကတော့ လွယ်တယ်ဗျ.. ကိုယ်နဲ့ နှုတ်ပဲစောင့်တာ..။
သီလလောက်နဲ့  ခါးတောင်းကျိုက်မနေကြနဲ့ ။ ဥပုသ်ရမှ ဗျ။
ဟောဒီ သီလဟာ နတ်ပြည်သွားတဲ့ စောင်းတန်း၊ နိဗ္ဗာန်ရဲ့ တံခါးဝ။
သီလနဲ့ တူတာ ဘာမှမရှိဘူးလို့  ဘုရားကဟောတာ။
ဒါန နဲ့ သီလ ဒီတိုင်းပြောတာ..။ တကယ်လို့  တို့ သီလတော့ ယူပါတယ်။
အာရုံလုံအောင် ဥပုသ်မစောင့်ရင် သီလတော့ ဖြစ်မယ်.. နတ်ပြည်တက်ချင်တက်မယ်၊
နိဗ္ဗာန်တံခါးဝတော့ မရောက်နိုင်ဘူး၊ ပါရမီ မဖြစ်တော့လို့ ။

သီလတော့ဖြင့် ကိုယ်နဲ့ နှုတ်နဲ့ လုံပါတယ်..
စိတ်မှမလုံလို့  အာရုံမှ မလုံရင်
ဥပုသ်မစောင့်ရင် ပါရမီမဖြစ်နိုင်ဘူး..
ခင်ဗျားတို့  နတ်ပြည်တော့ ရောက်ချင်ရောက်မယ်၊
နိဗ္ဗာန်တံခါးဝမဟုတ်။ အဲတော့ ဘယ့်နှယ်တုန်း .. နတ်ပြည်လောက်ပဲလား။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သရဏဂုံ ဥပုသ်တော်နှင့် သီလရှင်းတမ်းတရားတော်မှ ဝေမျှပါသည်)

Special credit & Specail Thanks - မနန်းမွန်- မေတ္တာဖြင့် စုစည်းဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ

Tuesday, December 31, 2013

မြေးဖြစ်သူကြောင့် ဒေါ်လာ ၂ သိန်းရရှိခဲ့တဲ့အမျိုးသား

ပီတာအက်ဒ၀ပ်ဟာ၂၀၀၀ပြည့်နှစ်ဇန်န၀ါရီလတုန်းကအသက်၁၈လသားအရွယ်သာရှိသေးတဲ့
 မြေးဖြစ်သူဟယ်ရီဝီလဆင်ဟာ နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားတစ်ယောက် ဖြစ်လာမယ်ဆိုတာနဲ့ ပတ်သတ်ပြီးလန်ဒန်မြို့ရှိအလောင်းအစားကုမ္ပဏီဝီလီယံဟေးလ်မှာဒေါ်လာ၈၀နဲ့အလောင်းအစား လုပ်ခဲ့ပါတယ်အသက်၆၂နှစ်ရှိပီတာကဝေးလ်စ်မြောက်ပိုင်းခရိုဝင်မှာရှိတဲ့မိသားစုအိမ်ရဲ့ ဧည့်ခန်းထဲမှာလေးဘက်တွားပြီးဘောလုံးကိုလိုက်နေတဲ့ကလေးကိုမြင်ပြီးနောင် တစ်ချိန်မှာဝေလ်စ်းကိုယ်စားပြုလက်ရွေးစင်ဘောလုံးကစား သမားတစ်ယောက်ဖြစ်လာမယ်ဆိုတဲ့အချက်ကိုအလောင်းအစားလုပ်ခဲ့တာပါ။ သူ့မြေးဝီလ်ဆင်ဟာအခုဆိုရင် အသက်၁၆နှစ်ရှိပြီဖြစ်ပြီးဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်တဲ့ပွဲစဉ် ဒုတိယပိုင်းကစားပွဲမှာ ပါဝင်ခဲ့တာကြောင့် ပီတာဟာ အင်္ဂါနေ့မှာအလောင်းအစားမှဆုငွေဒေါ်လာ၂သိန်းရရှခဲ့ပါတယ်။

ဝီလ်လ်ဆင်ဟာဝေးလ်စ်ပြည်နယ်ကိုယ်စားပြုအသက်အငယ်ဆုံးကစားသမားဖြစ်လာရုံသာမက ပရီးမီးယာလိဂ်ဘောလုံးအသင်းကြီးဖြစ်တဲ့ လီဗာပူးအက်ဖ်စီ မှာလည်းကစားလျက်ရှိကြောင်းသိရပါတယ်။ လောင်းကစားဆုငွေ ထုတ်ပေးတဲ့ ၀ီလီယံဟေးလ်
ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ မစ္စတာအက်ဒ်ဝပ်ဟာကုမ္ပဏီမှာတစ်ခါမှမရရှိဘူးတဲ့အလောင်း

နှင်းဆီနီနီ သက်သေတည်လျက်(ပရလောက)

Craton
ည ၁၂ နာရီ ၁၀ မိနစ်။ မိုးရွာပြီးစ ပတ်ဝန်းကျင်သည် အေးမြလတ်ဆတ်လို့နေသည်။ တစ်ပြန့်တစ်ပြော ကွင်းပြင်ကျယ်တို့ဆီမှ ဖြတ်၍တိုက်ခတ်လာသော လေတဖြူးဖြူးကြောင့် သစ်ခက်သစ်ရွက်များမှ မြက်ပင်များအဆုံး သံစဉ်တစ်ခုလို တညီတညာထုတ်လွှင့်ရင်း ညီညာစွာယိမ်းနွဲ့သွားကြသည်။ တစ်ညလုံး သည်းသည်းမဲမဲ ရွာနေခဲ့သောမိုး ယခုမှတိတ်စပြုသည်။ လကထိန်ထိန်သာနေသည်။ ဗညားတစ်ယောက် လမ်းသွယ်လေးနံဘေးရှိ ကုက္ကိုလ်ပင်အောက်၌ မတ်တပ်ရပ်နေခဲ့သည်မှာ ၁၀ မိနစ်ခန့်ရှိပြီဖြစ်သည်။ စက်ရပ်သွားသောကားကို တတ် သလောက်မှတ်သလောက် စက်ဖုံးဖွင့်ဟိုကြည့်ဒီကြည့်လုပ်နေသည်မှာလည်း ၁၀ မိနစ်ခန့်ရှိပြီ။ တုန်ရီစွာဖြင့် ကားထဲမှအပေါ်အင်္ကျီကိုဆွဲယူလိုက်သည်။ ဘတ္ထရီမရှိတော့သော လက်ကိုင်ဖုန်းကို စိတ်မရှည်စွာ စိုက်ကြည့်မိသည်။ တစ်လမ်းလုံး ပျင်းပျင်းရှိဖုန်းချည်း လှိမ့်ပြောနေမိခဲ့သော ကိုယ့်ကိုယ်ကိုလည်းဒေါသထွက်နေသည်။

ထိုစဉ် မျက်လုံးထောင့်နားမှ အသွင်ကွဲသောအရိပ်တစ်ခုကို ဖျက်ခနဲမြင်လိုက်မိသလိုရှိသဖြင့် ခေါင်းကိုဆတ်ခနဲ အလျင်အမြန်လှည့်ကြည့်လိုက်မိသည်။ ပန်းနုရောင်ထီးရှည်တစ်လက်ကိုလက်မှာ ချိတ်ထားပြီး ဘယ်အချိန်ကတည်းက သူ့အနားရောက်နေသည်မသိသော မိန်းကလေးတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရသဖြင့် တွန့်ခနဲဖြစ်သွားသည်။

"မင်း.. ဘယ်သူလဲ။ ဒီအချိန်ကြီး ဒီနားကိုဘာလာလုပ်တာလဲ"


"ရှင်တော်တော်ချမ်းနေပြီထင်တယ်။ ကျွန်မက ဟိုးမှာမြင်နေရတဲ့အိမ်က။ အိမ်ပေါ်ကနေလမ်းဖက်ကိုကြည့်မိတုန်း မိုးသည်းကြီးထဲမှာ ကားတစ်စီးဆိုက်တာမြင်လိုက်တယ်။ ခဏနေတော့ ရှင်ထွက်လာပြီးဟိုကြည့်ဒီကြည့် ကားကိုဟိုလိုလုပ်ဒီလိုလုပ်နဲ့မြင်လို့ အခက်အခဲတစ်ခုခု ဖြစ်နေမယ်ထင်တာနဲ့လာမေးတာပါ။ ကားပျက်သွားလို့လား"

"ဟုတ်တယ်။ ဒီနားမှာကားပြင်တဲ့ ၀ပ်ရှော့တွေဘာတွေမရှိဘူးလား"

မိန်းကလေးက သိမ်မွေ့စွာတစ်ချက်ရယ်လိုက်သည်။

"ရှင့်နှယ်။ ဒီလိုနေရာကြီးမှာ ၀ပ်ရှော့ရှိမလားရှင့်။ အနီးဆုံးမြို့က ဓာတ်ဆီဆိုင်တောင် ဒီကနေ၁၀မိုင်ကျော် မောင်းရဦးမှာ"

"ဟုတ်လား။ ဒုက္ခပဲကွာ။ ဒီနားကျမှ ကားကစက်ရပ်ရတယ်လို့။ တစ်လမ်းလုံးမောင်းလာတာ အကောင်းကြီးကို"

"သြော်.. ရှင်ကလည်း စက်ပစ္စည်းပဲဟာ.. ပျက်ချင်ပျက်မှာပေါ့"


"ထားပါတော့။ မင်းအိမ်မှာတယ်လီဖုန်းရှိလား။ ကျွန်တော့်အိမ်ကိုအကြောင်းကြားချင်လို့။ သူငယ်ချင်းတွေလည်းစိတ်ပူနေလောက်ပြီ။ အခုထိမရောက်လာသေးရင် အိမ်ကလည်းသူတို့အိမ်ကို ဖုန်းတဂွမ်ဂွမ်ခေါ်နေမှာ"

"မရှိဘူးရှင့်။ ကျွန်မက ဒီမှာငယ်ငယ်လေးတည်းက အဒေါ်နဲ့နှစ်ယောက်တည်းနေလာတာ။ ဘယ်သူနဲ့မှလည်း အဆက်အသွယ်လုပ်ဖို့မရှိဘူး။ ဖုန်းပြောစရာလူလည်းမရှိဘူး"

"မဟုတ်သေးဘူးလေ။ မိန်းမသားနှစ်ယောက်တည်းနေတာ ဒီလိုနေရာကြီးမှာ တစ်စုံတစ်ခုအန္တရာယ်တွေဘာ တွဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အရေးပေါ်ဆို ရဲစခန်းတို့၊ ဆေးရုံတို့ ဘာတို့လောက်တော့ ဆက်သွယ်ရမယ်မဟုတ်ဘူးလား"

"ဟင့်အင်း။ ဒါတွေမလိုပါဘူး။ ဘယ်သူမှလည်း ကျွန်မတို့ကိုနှောင့်ယှက်ကြမှာမဟုတ်သလို ကျွန်မတို့လည်း ဘာမှဖြစ်မှာမဟုတ်ဘူးလေ။ နေထိုင်မကောင်းဖြစ်လည်း အိမ်မှာဘိုးဘွားတွေထားခဲ့တဲ့ ဆေးမျိုးစုံအဆင်သင့်ရှိပြီးသား"

"မင်းတို့ကတစ်မျိုးပါလား။ ဒီလိုခေတ်ကြီး ဒီလိုနေရာမှာနေနိုင်တာအံ့သြပါရဲ့ဗျာ"

"ဒါတွေထားပါတော့။ ရှင်ကဘယ်ကိုသွားမလို့လဲ။ ပြီးတော့ ကားလမ်းမကြီးပေါ်ကမမောင်းဘဲ ဒီဖြတ်လမ်းကဘာလို့လာရတာလဲ။ ရှင်လမ်းသိလို့လား"

"အင်း ရန်ကုန်သွားမလို့။ ဒီလမ်းကိုအရင်တစ်ခေါက်လာတုန်းကမောင်းဖူးတယ်။ ဒီလိုညဘက်ကြီးပဲ။ အရေးကြီးကိစ္စရှိလို့သူငယ်ချင်းတစ်ယောက်နဲ့အတူလာတာ။ အဲဒီတုန်းကတော့ ဖြောင့်ဖြောင့်ဖြူးဖြူးပါပဲ"

"သြော်.. ဖြစ်မှတော့မတတ်နိုင်ဘူးလေရှင်။ ဒါဆို ရှင်ဒီညဘယ်လိုလုပ်မှာလဲ။ မနက်မှလမ်းမဘက်ထွက်ပြီး ကားတစ်စီးစီးတားကြည့်ပေါ့။ ဒီအချိန်ကြီးကတော့ ကားတွေရှိမယ်မထင်ဘူး။ ရှိရင်တောင်ရပ်ပေးမှာမဟုတ်ဘူး။ ရှင်ဒီတစ်ညတည်းဖို့တော့ ကျွန်မအိမ်မှာခွင့်ပြုနိုင်ပါတယ်။ ရှင်တည်းချင်ရင်ပေါ့"

"ဟာ.. အတိုင်းထက်အလွန်ပေါ့။ ဘယ်နှယ့်မတည်းချင်ရမလဲဗျာ။ မင်းကရုပ်ကလေးလှသလောက် သဘောကလည်းအကောင်းသားကိုး"

"တော်ပါရှင်။ ကဲ.. လာလာ ကားထဲမှာရှင်ယူစရာရှိတာယူပြီးသာ ကျွန်မနောက်ကလိုက်ခဲ့။ အိမ်ဘက်သွားတဲ့လမ်းကတော့ နည်းနည်းရွှံ့ထူတယ်နော်။ ရှင်သတိထားပြီးလျှောက်"

"ရပါတယ်။ မင်းတောင်ဒီရောက်အောင်လာနိုင်သေးတာ။ ကျွန်တော်ကဘာလို့မလျှောက်နိုင်ရမှာလဲ"

တိတ်ဆိတ်မှောင်မိုက်သောလယ်ကွင်းပြင်များကြား၌ ဖားအော်သံ၊ လေတိုက်သံတို့မှအပ ကန်သင်းသာသာ လမ်းကျဉ်းလေးပေါ်၌ သူတစ်ဦးတည်း၏ လမ်းလျှောက်သံတစ်သံတည်း ထွက်နေသလားဟု ဗညားစိတ်ထဲထင်နေမိသည်။ ဂျင်းဘောင်းဘီရှည်ကိုခေါက်ထားလျက်မှပင် ရွှံ့ပေမှာစိုးသဖြင့် လက်တစ်ဖက်နှင့်မ၍ လက်တစ်ဖက်ကခရီးဆောင်အိတ်ကိုကိုင်ကာ ရှေ့မှလက်ဆွဲမီးအိမ်တစ်လုံးဖြင့် တည်ငြိမ်စွာသွားနေသော မိန်းကလေးနောက်သို့လိုက်ခဲ့လေတော့သည်။ လရောင်ကြောင့် ပတ်ဝန်းကျင်ရှိလယ်ကွင်းများကို ဗညားကောင်းစွာမြင်နိုင်သည်။ အနီးအနားတွင် တောအုပ်ခပ်သေးသေးနှင့် လယ်ကွင်းများမှတစ်ပါး လူနေအိမ်များရှိဟန်မတူ။

အိမ်နားရောက်မှလရောင်ကိုမှီပြီးသေချာကြည့်မိတော့သည်။ ခမ်းနားလိုက်သည့်အိမ်။ ခြံနှင့်ဝန်းနှင့်ဟုမဆိုသာသော်လည်း အတန်ကျယ်ကျယ် အိမ်ပတ်လည်၌ တံတိုင်းမြင့်မြင့်ဝင်းခတ်ထားသဖြင့် တော်ရုံလူစိမ်းဖြစ်စေ၊ တိရစ္ဆန်တစ်ကောင်တစ်လေဖြစ်စေ အထဲသို့ဘယ်နီးနှင့်မျှမ၀င်သာချေ။ နှစ်ထပ်အိမ်ဆိုသော်ငြား အခန်းများစွာ ပါဝင်ဟန်မတူဘဲ ပြတင်းတံခါးများလည်းသိပ်မရှိချေ။ ရှေးဆန်ဆန်အိမ်ပုံစံဖြစ်ပြီး ဆောက်ထားသည်မှာ အတော်ကြာနေပြီဖြစ်ကြောင်းလည်း ကြည့်ရုံနှင့်သိနိုင်သည်။ အပေါ်ထပ်က အခန်းတစ်ခန်းနှင့် အောက်ထပ်တို့မှ ခပ်မှိန်မှိန်မီးရောင်လဲ့လဲ့တို့သာ လရောင်ဖွေးဖွေးအောက်၌ မှုန်တရီလှမ်းမြင်လိုက်သည်။ ဒီလိုနေရာမျိုး၌ ဤမျှလှပရှေးဆန်သော အိမ်ကြီးအိမ်ကောင်းတစ်လုံးရှိနေလိမ့်မည်ဟု ဗညားတစ်ခါမှမထင်ခဲ့။ တောအုပ်အစပ် လယ်ကွင်းပြင်၌ အိမ်ကောင်းကောင်းတစ်လုံးဆောက်၍တသီးတခြားနေထိုင်သည်မှာ အတော်ထူးခြားသောအချက်လည်း ဖြစ် သည်။

အိမ်၏ဧည့်ခန်းနံရံ၌ အဖိုးတန်ပန်းချီကားများ၊ ရှေးအဘိုးအဘွားတို့ဖြစ်ဟန်တူသော ပုံတူပန်းချီများချိတ်ဆွဲထားသည်။ အောက်လင်းဓာတ်မီးအရွယ် မီးအိမ်ခပ်ငယ်ငယ်တစ်လုံးသာ ဧည့်ခန်း၌ထွန်းထားသည်။ လျှပ်စစ်မီးရှိပုံမပေါ်သဖြင့် လက်ကိုင်ဖုန်းကိုအားသွင်းရန် ဗညားမေးမနေတော့ချေ။ ပန်းကနုတ်တို့ဖြင့်ပုံဖော်ထားသောစားပွဲ၊ ကုလားထိုင်၊ သစ်သားပန်းအိုး၊ တံခါးဘောင်၊ လှေကားလက်ရမ်းကအစ အရာရာအသစ်အဆန်းများသဖွယ် ဗညားတစ်အိမ်လုံးနေရာအနှံ့လိုက်ကြည့်နေမိသည်။ ရုတ်တရက် ပန်းအိုးဆီကိုဟာခနဲပြန်ကြည့်မိသည်။ ရဲလိုက်တဲ့နှင်းဆီတွေ။ အနီရောင်နှင်းဆီအများအပြား ဗညားတွေ့ခဲ့ဖူးသည်။ ဤမျှလောက်တော့ရဲရဲတောက်မနေ။ မှုန်ပျပျအလင်းရောင်၌ပင် နှင်းဆီတို့၏အရောင်မှာ ရဲတောက်ထင်ရှားလွန်းလှသည်။ နှင်းဆီအစစ် မဟုတ်သလိုပင်.. ။

"ကဲ.. ကိုဘယ်သူ.."

"ဗညားပါ.. မင်းက.."


"ပန်းအိလို့ခေါ်နိုင်ပါတယ်.. ရှင့်အတွက် အခန်းအဆင်သင့်ဖြစ်ပြီ။ ရှင်ထမင်းစားပြီးပြီလား။ ဗိုက်ဆာနေရင် ဒေါ်ကြီးကို ကျွန်မတစ်ခုခုစီစဉ်ခိုင်းလိုက်မယ်"

"ဟာ.. နေပါစေ။ ရပါတယ် မစားတော့ပါဘူး"

"မစားတော့ပါဘူးဆိုတည်းက ရှင်ဗိုက်ဆာနေတာသေချာပြီ။ ဒေါ်ကြီးရေ.. ဧည့်သည်အတွက် ညလယ်စာလေး တစ်ခုခုလုပ်ပေးပါဦး"

"ဒါနဲ့ မပန်းအိတို့က ဒီအိမ်ကြီးမှာ တကယ်နှစ်ယောက်တည်းနေတာလား။ တခြားအိမ်သားတွေမရှိဘူးလား။ ဆွေမျိုးတွေကရော ဒီနားမှာပဲနေကြတာလား"

"ရှင်တော်တော်စပ်စုတာပဲနော်။ သြော်.. တစ်လက်စတည်း ရှင့်ကိုမှာထားရဦးမယ်။ ညဘက်ကို အိပ်မပျော်လို့ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လသာတယ်ဆိုပြီး အိမ်ထဲကအိမ်ပြင်မထွက်နဲ့နော်"

"ဘာဖြစ်လို့လဲမပန်းအိ"

"သြော်.. ရှင်က ဒီနေရာလည်း သွားတတ်လာတတ်တာမဟုတ်ဘဲနဲ့ ။ မြွေပါးကင်းပါးနဲ့လေ"

"ခြံထဲတောင် လမ်းဆင်းလျှောက်လို့မရဘူးလားဗျာ"

"အင်း.. ဖြစ်နိုင်ရင် ထွက်မလျှောက်ပါနဲ့လား။ အခန်းထဲမှာပဲ အ၀တ်အစားလဲပြီး အေးအေးသက်သာနားပါရှင်"

"ကျွန်တော်တော့ ဘာမှနားမလည်နိုင်တော့ဘူးဗျာ.. မပန်းအိတို့ကတစ်မျိုးပဲနော်။ ဒါနဲ့ .."

"ဒေါ်ကြီးရေ.. အဆင်သင့်ဖြစ်ပြီလား"

ဒေါ်ကြီးဆိုသူထံမှ ဘာသံမျှထွက်မလာ။ ခေါင်းသာဆတ်ခနဲညိတ်ပြလေသည်။

"ကဲ.. ကိုဗညား.. ထမင်းစားခန်းထဲကြွပါနော်"

"ဟုတ်ကဲ့ ဟုတ်ကဲ့"


ဗညားတစ်ယောက် အတွေးပေါင်းမြောက်များစွာနှင့် ထမင်းစားခန်းရှိရာထသွားသည်။ မပန်းအိကတော့ ဧည့်ခန်းထဲမှာသူ့ကိုပြုံးပြရင်းကျန်ရစ်ခဲ့သည်။ ထမင်းစားပွဲအနီးတွင် ဖယောင်းတိုင်များ အနှံ့ထွန်းထားသည်။ သီတင်းကျွတ်ရောက်သဖြင့် မီးထွန်းထားသည့်နှယ်ပင်။ နေရာအနှံ့တွင်ဖြစ်သည်။ ဒေါ်ကြီးဆိုသူမှာ အသက်အတော်ကြီးပုံမပေါ်သေး။ ၄၀ကျော်၊ ၅၀ နီးပါးမျှသာရှိဦးမည်ထင်သည်။ ဗညားထမင်းစားပွဲတွင်ထိုင်လိုက်သည်နှင့် ဒေါ်ကြီးအခန်းထဲမှထွက်သွားသည်။ ဧည့်ခန်းတွင်ထိုင်နေသောမပန်းအိ ဒေါ်ကြီးနှင့်စကားတိုးတိုးပြောနေသည်ဟု ဗညားထင်မိသည်။ သူများအရေးကိစ္စမို့ ရိုင်းရာကျမည်စိုးသဖြင့် လှည့်မကြည့်ဖြစ်ပေ။

ချမ်း၍ကတစ်ကြောင်း၊ ဗိုက်အတော်ဆာနေသည်ကတစ်ကြောင်း စားပွဲပေါ်၌ချထားသော ထမင်း၊ ဟင်းများကို ဗညားအားပါးတရစားပစ်လိုက်သည်။ ထမင်း၊ ဟင်းများမှာ အံ့သြဖွယ်ရာ အငွေ့တထောင်းထောင်းထနေ၍ စားလို့အလွန်ကောင်းလှသည်။ ဧည့်သည်လာမည်သိ၍ ကြိုတင်စီစဉ်ချက်ပြုတ်ထားသလားပင်ထင်ရသည်။ ဟင်းအမယ်များမှာလည်း ချက်ချင်းစီစဉ်လိုက်ရဟန်မတူဘဲ အဖွယ်မျိုးစုံလင်လှသည်။ စားကောင်းကောင်းဖြင့် အားမနာတမ်းစားမိပြီးမှ အနောက်သို့လှည့်ကြည့်မိသည်။ ဒေါ်ကြီးဆိုသူမှာ အခန်းထောင့်တွင်မတ်တပ်ရပ်လျက် သူ့ကို ခပ်စူးစူးစိုက်ကြည့်နေသည်။ ဗညားထိတ်ခနဲဖြစ်သွားသည်။

သူ့အနားရောက်လာ၍ စားပြီးသားပန်းကန်များကိုသိမ်းဆည်းသည်။ စကားတစ်ခွန်းမျှမပြောပေ။ အားနာသဖြင့် ပန်းကန်ဝင်ဆေးပေးရန်လုပ်တော့ သူ့ဟာသူလုပ်မည်ဟု လက်ဟန်အမူအရာနှင့်ပြောတော့မှ စကားပြောတတ်ဟန်မတူမှန်း ဗညားသိလိုက်သည်။ သို့ဖြင့် မပန်းအိရှိရာဧည့်ခန်းသို့သပြန်ထွက်လာခဲ့တော့သည်။ မပန်းအိက ဖယောင်းတိုင်တစ်တိုင် အနားမှာထား၍ ဇာပန်းထိုးနေသည်။ သူထိုင်ပြီးအတော်ကြာသည့်တိုင် အရာရာတိတ်ဆိတ်လွန်းနေသဖြင့် ဗညားစိတ်ထဲတစ်မျိုးဖြစ်နေသည်။ တစ်ခုခုလောကွတ်စကားပြောရန် စကားအစလိုက်ရှာသည်။ ထိုစဉ်မှာပင် မျက်လုံးကိုအပေါ်ပင့်၍ ကျနော့်ကိုပြုံးပြရင်း မပန်းအိကစကားဆိုသည်။

"ရှင်အိပ်ချင်နေပြီလား ကိုဗညား။ ထမင်းစားခန်းဘေးကပ်လျက်က ဟိုအခန်းပဲ။ ရှင်နားချင်သွားနားတော့လေ။ အ၀တ်အစားလေးဘာလေးသွားလဲပေါ့။ အအေးပတ်နေဦးမယ်"

ဆက်ထိုင်နေရန်မသင့်တော့၍ "ဟုတ်ကဲ့ မပန်းအိ" ဟုဆိုကာ အခန်းထဲဝင်သွားလိုက်သည်။ အခန်းမှာ အတော်အသင့်ကျယ်၍ သက်တောင့်သက်သာရှိသည်။ ခုတင်၊ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး၊ အ၀တ်ဗီရိုတစ်ခု၊ စာအုပ်စင်တစ်ခု၊ စာအုပ်အနည်းငယ်လည်းရှိသည်။ တစ်ယောက်ယောက် ဤအခန်း၌နေခဲ့ဖူးဟန်တူသည်။ စားပွဲပေါ်၌ နှင်းဆီရဲရဲသုံးပွင့်ထိုးထားသော ပန်းအိုးတစ်လုံးနှင့် မီးအိမ်တစ်လုံးလည်းရှိသည်။ အ၀တ်အစားလဲပြီးနောက် အိပ်ချင်စိတ်မရှိသေးသည်နှင့် စာအုပ်စင်မှ စာအုပ်တစ်အုပ်အုပ်ယူဖတ်ရန်စိတ်ကူးမိသဖြင့် စာအုပ်များကိုကြည့်မိသည်။ အလွန်ရှားပါးလှသောဆေးကျမ်းများ၊ အရှေ့တိုင်းဘာသာနှင့်ပတ်သက်သောစာအုပ်များ၊ နိုင်ငံခြားစာအုပ်အတော်များများနှင့် ဒိုင်ယာရီသဖွယ် အင်္ဂလိပ်ဘာသာဖြင့်မှတ်စုရေးထားသော စာအုပ်အချို့ကိုတွေ့ရသည်။ အတန်ကြာ ဟိုလှန်ဒီလှောလျှောက်ကြည့်ပြီးမှ အိပ်ချင်လာသဖြင့် ခုတင်ပေါ်မှာလှဲချလိုက်သည်။

သင်းပျံ့ပျံ့ရနံ့တစ်ခုက နှာခေါင်းထဲဝင်လာသည်။ စူးရှရှမျိုးမဟုတ်ဘဲ သင်းရုံသာသင်းသောရနံ့။ နှင်းဆီပန်းများဆီမှထင်သဖြင့် လှမ်း၍နှင်းဆီပန်းများကိုနမ်းကြည့်သည်။ မဟုတ်သေးချေ။ ဤနှင်းဆီများ၌ ရနံ့ရောရှိရဲ့လားဟုထင်ရအောင်ပင် ဘာနံ့မျှမထွက်ပေ။ အနံ့မရှိသောနှင်းဆီနီနီများကို အတန်ကြာ ဗညားစိုက်ကြည့်နေမိသည်။ သူနေထိုင်ကျင်လည်ခဲ့သော ပတ်ဝန်းကျင်ဘ၀နဲ့ အကွာကြီးကွာခြားနေသလိုခံစားမိသည်။ တစ်ခြားကမ္ဘာတစ်ခုသို့ ရောက်နေသလိုပင်။

ထိုသင်းပျံ့ပျံ့ရနံ့ကို ဗညားစိတ်ဝင်စားသည်။ မည်သည့်နေရာမှထွက်လာသည်ကို သိချင်လာသည်။ ရှူလိုက်လေ ပိုသင်းပျံ့လာလေဖြစ်သဖြင့် အိပ်ချင်စိတ်ပင်မရှိတော့။ အပြင်ဘက်မှထင်သဖြင့် ပြတင်းပေါက်လည်းမရှိဘဲ ဘယ်ကဘယ်လိုဝင်လာသည့်အနံ့ပါလိမ့်ဟုလည်း တွေဝေနေသည်။ မတ်တပ်ရပ်လိုက်ပြီး အခန်းအပြင်ထွက်ရန်စဉ်းစားမိသည်။ မပန်းအိတို့အိပ်ကြပြီလားမသိပေ။ အခန်းတံခါးကိုအသာဟကြည့်တော့ ဧည့်ခန်း၌မည်သူမျှရှိဟန်မတူတော့။ မှောင်မည်းတိတ်ဆိတ်နေသည်။ အိမ်ရှေ့တံခါးမကြီး ဘယ်နားမှာရှိမှန်းလည်းမသိချေ။

အခန်းထဲမှ မီးအိမ်လေးကိုယူကာ ဗညားအခန်းပြင်ထွက်လိုက်သည်။ မည်သူမျှမရှိ။ အပေါ်ထပ်တွင် မပန်းအိတို့တက်အိပ်နေကြပြီထင်သည်။ ဧည့်သည်သူစိမ်းသက်သက်ဖြစ်၍ ဟိုသည်လျှောက်ကြည့်ရန်မှာလည်း သင့်မှသင့်တော်ပါ့မလားဟုတွေးမိသည်။ သင်းပျံ့ပျံ့ရနံ့က ပို၍ပင်နီးကပ်လာသလိုလို။ ပန်းနံ့လည်းမဟုတ်။ တီးတိုးသံလိုလို၊ လေတိုက်သံလိုလို နားထဲ၌ကြားမိသည်။ ခြံထဲမှ တစ်စုံတစ်ခုဆီကဖြစ်လိမ့်မည်ဟု ဗညားယုံကြည်လိုက်သည်။ ဖြစ်ချင်ရာဖြစ်သဘောထား၍ တံခါးမကြီး၏ မင်းတုံးနှင့်အပေါ်တံခါးချက်ကို အသံမမြည်အောင်ဖွင့်လိုက်သည်။

လွတ်လပ်စွာ ရုတ်တရက်အဟုန်ဖြင့်တိုးဝှေ့လာသော လေတစ်ချက်ကြောင့် ဗညားကြက်သီးများပင်ထသွားသည်။ ခြံထဲဘက်သို့ခေါင်းပြူကြည့်တော့ သစ်ပင်၊ ပန်းပင်အချို့ကိုလရောင်အောက်၌ အတိုင်းသားမြင်ရသည်။ ခြံထဲသို့ဗညားဆင်းခဲ့သည်။ တံခါးဝကို အသာခပ်ဟဟထားခဲ့သည်။ ခြံမှာသိပ်မကျယ်လှပေ။ သူဝင်လာစဉ်က သေချာမကြည့်မိခဲ့။ အိမ်၏တောင်ဘက်၌ (အကြော်ပင်ဟုတချို့ခေါ်ကြသည့်) တရုတ်စကားပင်ကြီးတစ်ပင်ရှိသည်။ ကြီးမားလွန်းလှသဖြင့် မော့ကြည့်၍ပင် သစ်ရွက်အုပ်အုပ်များကိုဖြတ်၍ လရောင်ကိုမမြင်နိုင်။ ဖွေးဖွေးလှုပ်နေသော စကားပန်းများမှ ရနံ့သင်းသင်းတို့က ဗညား၏စိတ်ကိုလန်းဆန်းစေသည်။ သစ်ပင်အောက်တွင် ခဏထိုင်မည်ရှိသေး စောစောကရသောအနံ့မှာ စကားပန်းနံ့မဟုတ်မှန်း သတိရလိုက်သဖြင့် ထိုအနံ့ထွက်ရာနေရာကို ခြံထဲတွင်လိုက်ရှာမိသည်။

ရွက်လှပင်၊ သနပ်ခါးပင်၊ ဆိတ်ဖလူးပင်၊ ရွက်ကျပင်ပေါက်နှင့် တမင်ပျိုးယူထားဟန်တူသော မြက်ပင်များ...။ ပန်းနံ့တို့ရောထွေးနေ၍ လိုက်ရှာနေသောအနံ့ကိုပင်မမှတ်မိတော့။ ယခင်ကလောက်လည်း အနံ့ကနီးကပ်မလာတော့။ အနံသိပ်မကျယ်လှသော ခြံဝင်းဖြစ်သဖြင့် အိမ်၏တောင်ဘက်ခြံထောင့်နားထိပင် ဗညားရောက်သွားသည်။ သင်းပျံ့ပျံ့ရနံ့ထွက်ရာနေရာကိုရှာမတွေ့သေး။ ထို့နောက် ခြံလည်းဆုံးနေပြီဖြစ်သဖြင့် အိမ်ဘက်သို့ပြန်လျှောက်ဖို့အလုပ် စောစောကစကားပင်ကြီး၏အနောက်ဘက်တွင် တစ်စုံတစ်ခုဖောင်းကြွနေသည်ကို မြင်လိုက်မိသည်။ မြေများဖောင်းကြွနေခြင်းမျိုးဖြစ်သည်။ ခုန အပင်အောက်တွင်ထိုင်မည်လုပ်ပြီးမှ ပြန်ထလာခဲ့သဖြင့် အပင်နောက်ကိုမကြည့်မိပေ။

စကားပင်၏အနောက်ဘက်သို့ ဗညားအတင်းတိုးဝင်လိုက်သည်။ ဖောင်းကြွနေသည်မှာအခြားမဟုတ်။ သစ်ရွက်ခြောက်အပုံကြီးဖြစ်သည်။ ခြံတွင်းရှိသစ်ရွက်များကိုလှဲကျင်း၍ ဤနေရာ၌ လာစုထားပုံရသည်။ သို့သော် ခြံနှင့်မလိုက်ဖက်စွာ သစ်ရွက်ခြောက်ပုံကြီးက ကြီးမားလွန်းနေသည်ဟုထင်မိသည်။ လိုက်ရှာနေသောအနံ့မှာ ထိုနားတစ်ဝိုက်မှဖြစ်ကြောင်း ဗညားစိတ်ထဲ အလိုလိုသိနေသည်။ အနီးမှသစ်ကိုင်းခြောက်တစ်ချောင်းကိုကောက်၍ သစ်ရွက်ခြောက်ပုံတစ်ဝိုက်သို့ မွှေနှောက်ကြည့်သည်။ အပင်တစ်ပင်ပင်ဆီကအနံ့များလား။

သစ်ရွက်ခြောက်များအတော်အသင့်ရှင်းလင်းသွားသောအခါ ဖောင်းကြွနေသည်မှာ သစ်ရွက်ပုံမျှသာမဟုတ်ဘဲ ၄င်းတို့အောက်၌ မြေပုံလိုလို၊ တောင်ပို့လိုလို တစ်ခုခုရှိနေကြောင်းတွေ့သဖြင့် ရှိသမျှသစ်ရွက်ခြောက်များအား ချွေးများရွှဲလာသည်အထိ လက်ဖြင့်ယက်၍ ဗညားရှင်းလင်းလိုက်သည်။ မြေအပုံလိုက်ကိုတွေ့သည်။ တစ်ခုတည်းပင်မဟုတ်။ နှစ်ခု။ မှတ်တိုင်လိုလို၊ ကမ္ဗည်းလိုလိုနှင့် စာရေးထားသည်ကိုမြင်မိသဖြင့် မီးအိမ်ဖြင့် အနားကပ်ကြည့်သည်။ "မပန်းအိ (အသက် ၂၄ နှစ်)၊ ဒေါ်ရွှေတင် (အသက် ၅၁ နှစ်)" .. လက်ထဲမှမီးအိမ် ခွမ်းခနဲကျကွဲသွားသည်။ အသားများတဆတ်ဆတ်တုန်လာကာ ဗညားယောင်၍ပင်အော်လိုက်မိသည်။

ဤနေရာမှ အမြန်ဆုံးထွက်သွားရန်ဆုံးဖြတ်လိုက်သည်။ ဇောချွေးများပြန်ကာမောပန်းနေသည်။ စကားပင်နောက်မှပြေးထွက်၍ ခြေလှမ်းများကို ခြံဝဆီသို့ဦးတည်လိုက်သည်။ ခြံဝသို့မရောက်မီ တစ်ကိုယ်လုံးရှိ သွေးများပင်ထခုန်လုမတတ် ဗညားလန့်ဖျတ်သွားသည်။ ဒေါ်ကြီးဆိုသူမှာ ခြံဝတွင်မတ်တပ်ရပ်လျက်သား။ သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေသည်မှာ တစ်ခုခုရန်လိုမုန်းထားရှိနေသယောင်။ ဗညား ဦးခေါင်းကိုတွင်တွင်သာခါရမ်းပစ်လိုက်သည်။

"မဟုတ်ဘူး.. မဖြစ်နိုင်ဘူး။ မလုပ်ပါနဲ့။ အဲ့လိုမလုပ်ကြပါနဲ့။ ကျနော်ဘာအမှားလုပ်မိလို့လဲ။ ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ။ ဘာလို့ ကျနော့်ကိုကျမှလဲ.. မဟုတ်ဘူး.. မဟုတ်ပါဘူး"


သူရူးတစ်ယောက်နှယ် ဗညားအော်ဟစ်နေသည်။ ဒေါ်ကြီးဆိုသူက ခပ်အေးအေးပင် သူ့ဘက်သို့လျှောက်လာသည်။ ဗညားအဖို့ပြေးစရာမြေမရှိတော့။ အိမ်ထဲတွင် မပန်းအိဆိုသူရှိနေမည်။ ခြံဝမှာတစ်ယောက်ကစောင့်ဖမ်းသည်။ အတွေးဖြင့်ပင် ဗညားတစ်ကိုယ်လုံးတုန်နေသည်။ နောက်သို့တဖြည်းဖြည်းဆုတ်ရင်း ရသမျှဘုရားစာကိုအကုန်ရွတ်သည်။ ရွတ်လိုက်၊ အော်လိုက်။

"ကျွန်တော့်ဆီ မလာနဲ့နော်။ ရှေ့ထပ်တိုးရင် ခင်ဗျားကိုသတ်ပစ်မှာနော်..။ ကျွန်တော့်ကိုမလုပ်ရဲဘူးမထင်နဲ့။ မလာနဲ့။ အာ.... မလာနဲ့လို့ပြောနေတယ်လေ.. "

နောက်သို့ဆုတ်စရာမရှိ။ အိမ်ထဲသို့သာ ဗညားအော်ဟစ်၍ပြေးဝင်လိုက်သည်။ ထင်သည့်အတိုင်းပင် မပန်းအိက ဧည့်ခန်းမှာအဆင်သင့်ထိုင်စောင့်နေသည်။ ထုံးစံအတိုင်းပြုံးလျက်..။ သွေးပျက်နေသောဗညားအဖို့ ရွေးချယ်စရာလမ်းမရှိတော့၍ ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ဒူးထောက်ပစ်လှဲချလိုက်တော့သည်။ ပါးစပ်မှလည်း တောင်းပန်တိုလျိုးသံ၊ ညည်းသံ၊ အပြစ်တင်သံတို့ဖြင့် အစုံရေရွတ်နေသည်။

ဒေါ်ကြီးက တံခါးဝတွင်ပင်ရပ်နေသည်။ ရှေ့ဆက်တိုးမလာ။ မပန်းအိတစ်ယောက်သာ ဗညားအနီးသို့ ရောက်လာပြီး ဒူးတုပ်ထိုင်လိုက်သည်။ ဗညားကို ကရုဏာသက်စွာကြည့်လျက်..

"ကိုဗညား.. ကျွန်မရှင့်ကို အစတည်းကမှာခဲ့သားပဲ။ ဘယ်မှမသွားဘဲ အခန်းထဲမှာပဲ အေးအေးသက်သာအိပ်နေပါလို့..။ အခုတော့ ရှင်ပဲအခုလိုသွေးပျက်နေရပြီ"

ဖျော့တော့စွာဖြင့် အသံပင်မထွက်နိုင်တော့သောဗညား မပန်းအိကို သေချာစိုက်ကြည့်ပြီး ဖြေးဖြေးချင်းမေးလိုက သည်။

"မပန်းအိ.. မင်းတို့ဘာလိုချင်လို့လဲဟင်။ ကျွန်တော်ဘာလုပ်ပေးရမလဲ..။ ကျွန်တော် မင်းတို့အပေါ် ဘာများလုပ်မိလို့လဲဗျာ။ ကျွန်တော့်ကိုလွှတ်ပေးပါ..။ ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ။ ကျွန်တော့်ကို ဒီကနေ ထွက်သွားခွင့်ပြုပါနော်.."

"ကိုဗညားရယ်.. ရှင်အခုထိနားမလည်သေးပါလား။ ဒီနေရာကို သာမန်လူစင်စစ်တစ်ဦး ဘယ်လိုမှမမြင်နိုင်သလို ဘယ်လိုမှလည်း ရောက်လာနိုင်စရာအကြောင်းမရှိပါဘူး။ ကျွန်မတို့ကလည်း ဘယ်သူ့ကိုမှဘာမှမလုပ်သလို အပြစ်မဲ့သူကိုလည်း လိုက်ပြီးမနှောင့်ယှက်ကြပါဘူးရှင်။ ရှင်အကူအညီလိုနေလို့ ကျွန်မကသက်သက်ကူညီရုံပါ။ ဒါကြောင့် ရှင့်ကို မိုးရေထဲဒုက္ခရောက်နေတာထက်စာရင် အိမ်ထဲမှာအေးအေးသက်သာနားရအောင် ကျွန်မက စေတနာနဲ့လာခေါ်တာပါ။ မဟုတ်ရင် ရှင်အဲ့ဒီကုက္ကိုလ်ပင်အောက်မှာပဲ တစ်သက်လုံးနေသွားရလိမ့်မယ်"

"ဗျာ.. မပန်းအိဘာပြောတာလဲ။ ကျွန်တော်နားမလည်ဘူး။ ကျွန်တော်က ဘာလို့နေရမှာလဲ.. မနက်မိုးလင်းလို့ အဝေးပြေးလမ်းမပေါ်မှာကားသွားတားရင် ပြန်ရမယ့်ဥစ္စာကို။ မဟုတ်ဘူးလား"

"မဟုတ်ဘူး.. ရှင်ခုထိလက်မခံနိုင်သေးပဲကိုး။ ရှင့်ကိုယ်ရှင် လူတစ်ယောက်လို့ရှင်ထင်နေသေးတာလား။ ရှင်သေချာပြန်စဉ်းစားပါဦး။ ညက မိုးရွာကြီးထဲ ရှင်မူးမူးနဲ့ ကုက္ကိုလ်ပင်ကိုကားနဲ့ဝင်တိုက်လို့ ရှင်သေသွားပြီလေ"

"ဟားဟားဟား... မပန်းအိရယ်။ ကျွန်တော့်ကိုမနောက်ပါနဲ့။ ကျွန်တော်မရူးသေးပါဘူး။ လန့်သွားရုံပါ။ အခုကျွန်တော်မလန့်တော့ဘူး။ မပန်းအိတို့ကိုလည်း ကျွန်တော်မကြောက်တော့ပါဘူး။ နော် .. ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ"

"ခက်တော့တာကိုးရှင်.. ရှင်သေချာပြန်စဉ်းစားပါ။ ဒီညကပဲ ရှင်ကားမောင်းရင်း အရက်တွေသောက်လာတယ်မှတ်လား"

"ဟုတ်တယ်။ ကျွန်တော်သောက်လာတယ်"

"အင်း.. ကျွန်မရှေ့တင်ပဲ ရှင်ကားနဲ့ အဲ့ဒီကုက္ကိုလ်ပင်ကိုဝင်တိုက်ပြီး ပွဲချင်းပြီးသေသွားခဲ့တာ။ ဖြစ်ပြီးပြီးချင်း ကားထဲကနေ ရှင်ထွက်လာတာပဲ။ ကျွန်မအားလုံးကို အတိုင်းသားမြင်နေရတယ်။ ကျွန်မတို့လို ဘ၀တူတစ်ယောက်တိုးလာပြန်ပြီလို့"

"ကျွန်တော် ဒါတွေကိုအယုံအကြည်မရှိဘူး မပန်းအိ။ ဖြစ်လည်းမဖြစ်နိုင်ဘူး။ ဖြစ်လာစရာအကြောင်းမှမရှိတာ"

"အခုတကယ်ဖြစ်နေပြီပဲ.. ရှင်မယုံသေးဘူးလား။ ကောင်းပြီလေ။ မယုံရင် ရှင်ကိုယ်တိုင် ရှင့်အလောင်းကို ကားထဲမှာသွားကြည့်နိုင်ပါတယ်။ ကျွန်မ မတားပါဘူး။ ဒါပေမယ့် ရှင်အဲ့ဒီနေရာကိုသွားပြီးရင် ကျွန်မတို့ဆီ ဘယ်တော့မှပြန်လာနိုင်မှာမဟုတ်တော့ဘူး။ အဲ့ဒီမှာပဲ ရှင်အမြဲနေရလိမ့်မယ်။ မိုးရွာရွာ၊ နေပူပူ အဲ့ဒီအပင်ကနေ ရှင်ခွာခွင့်ရှိမှာမဟုတ်ဘူး။ နောက်ထပ် ရူးရူးမိုက်မိုက် ရှင့်ဆီတိုးဝင်လာမယ့်သူကို ရှင်တစ်သက်လုံးမျှော်နေပေတော့။ ဒီတော့ ရှင်ကြိုက်တာရှင်ရွေးချယ်။ ရှင့်လွတ်လပ်ခွင့်နဲ့ရှင်ပါ။ အခွင့်အရေးဆိုတာ အမြဲတမ်းနှစ်ခါမလာတတ်ဘူးဆိုတာတော့ ရှင်သိသင့်တယ် ကိုဗညား"


ဗညားတစ်ယောက် တွန့်ဆုတ်တွေဝေသွားသည်။ သူတကယ်ပင် သေသူဖြစ်သွားပြီလား။ သူတကယ် ကားနဲ့တိုက်ခဲ့မိသလား။ ဒါဆို အခုသူကဘာလဲ။ သူဘာဖြစ်နေပြီလဲ။ ၀ိဉာဉ်လား၊ တစ္ဆေလား၊ ဘယ်ဘုံဘ၀မှာလဲ။ ထွက်သွားပြီးကြည့်ရင် သူဘာဖြစ်မလဲ။ ဒီမှာပဲ မပန်းအိပြောသလို နေသွားတော့မလား။ ဒီနေရာကရောဘာလဲ။ သေချာတာကတော့ မပန်းအိပြောတာ အမှန်တရားဟုတ်မဟုတ် သူ့ကားဆီသူပြန်သွားကြည့်ရင် သိရမှာပဲ။ အမှန်တရားရှိရာသွားမလား။ ဒီတိုင်းပဲဖြစ်ချင်ရာဖြစ်တစ်သက်လုံး ဒီမှာနေသွားရတော့မလား။ အနည်းဆုံးတော့ အမှန်တရားတစ်ခုကိုသိမြင်ခွင့်ရမယ့်အပြင် ကံကြမ္မာစီမံသလို သူနဲ့ထိုက်တန်တဲ့ နေရာမှန်ကိုသာ အမှန်ဧကန် သူရရှိမှာပဲ။ ကြမ္မာဖန်လာရင် ဘယ်အရာမဆို တမင်ဖန်တီးယူထားလို့မရမှန်း ဗညားသိသည်။ မေးခွန်းပေါင်းမြောက်များစွာနှင့် မောပန်းလွန်းနေသောမိမိကိုယ်ကိုထိန်းရင်း မည်သည့်စကားမျှမဆိုဖြစ်ခဲ့တော့။

ကျယ်ပြန့်သောလယ်ကွင်းပြင်တို့ဆီမှ အဆီးအတားမရှိသောလေအဟုန်တို့ သူ့ခန္ဓာကိုယ်ကို အတိုင်းသားဖြတ်တိုက်နေသည်။ စပါးပင်တို့ ယိမ်းနွဲ့ကခုန်နေကြသည်။ ဖားအော်သံ၊ ပုဇဉ်းရင်ကွဲအော်သံတို့ လွင့်ပျံ့နေသည်မှာ စည်းချက်ကိုက်ထားသည့်အလား။ လရောင်ကေ၀၀ါးစွာဖြင့် တိမ်တွေနောက်ကွယ်သို့ ပျောက်ကွယ်ပုန်းလျှိုသွားပြီ။ မှောင်အတိတော့ကျမနေပါ။ အာရုံ၏အလင်းသဲ့သဲ့တို့က မနက်ခင်းငှက်တို့အော်သံများကို ဖြန့်ကျက်အလှဆင်ပေးနေသည်။ လယ်ကန်သင်းတစ်လျှောက် အထစ်အငေါ့၊ အယိုင်အလဲမရှိ ဗညားလမ်းလျှောက်လာနေသည်။ လက်တစ်ဖက်က ဘောင်းဘီကိုမ၍ လက်တစ်ဖက်က ခရီးဆောင်အိတ်ကိုဆွဲလို့။ ဆုံးရှုံးမှု၊ တွေဝေမှု၊ ကြောက်ရွံ့မှုများကိုနောက်ကွယ်ပြုလျက် လွတ်လပ်စွာလျှောက်လာနေသည်မှာ ပကတိပျော်ရွှင်ကြည်နူးမှုနှင့်။ သူဦးတည်နေသည်က အမှန်တရားတစ်ခုရှိရာသို့သာ....။


ပင်ပန်းကြီးစွာ လိုက်လံရှာဖွေနေခဲ့သော ထူးဆန်းသောရနံ့မှာ သူ၏ခန္ဓာကိုယ် ကိုယ်တိုင်မှဆိုသည်နှင့် ရဲရဲတောက်နှင်းဆီနီနီတို့ အမှန်တကယ်ပင်တည်ရှိနေခဲ့သလားဆိုသည်ကိုတော့ ဗညားတစ်ယောက် ဘယ်တော့မှ မသိရှိနိုင်တော့ပါချေ။ ။


ရေးသားသူ - Craton (http://cratonstar.net)

Monday, December 30, 2013

သေဆုံးခဲ့ပြီးသော အဖွားပုံရိပ်ကို Google Street View တွင် မြင်ရ

Ref : cNet

ကောင်းကင်ဂြိုလ်တုစနစ်ကို အခြေခံတည်ဆောက်ထားသည့် Google Street View တွင် ကွယ်လွန်ခဲ့ပြီး သော အဖွားဖြစ်သူကို အရှင်လတ်လတ် မြင်ခဲ့ရသဖြင့် မြေးဖြစ်သူမှာ အံ့သြခြင်းကြီးစွာဖြစ်ခဲ့ရပြီး Google ထုတ်ကုန် Street View သည်လည်း နာမည်ပျက်မည့်အရေးဖြင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရှိရသည်။

“အဲဒီမှာ အဖွားက ငုတ်တုတ်ကြီး ထိုင်နေတယ်။ သတင်းစာလည်း ဖတ်နေတယ်။ ကျွန်တော် ကြောင်လဲကြောင်သွားသလို ကြောက်လဲ ကြောက်သွားတယ်”ဟု ဘရပ်ဘတ်တန်အရပ်နေ ဒပ်စတင်မိုးရ်က ပြောကြားခဲ့ပါသည်။

၎င်း၏ အဖွားဖြစ်သူမှာ သတင်းစာများ ဖတ်ရှုခြင်းကို မနှစ်သက်တတ်သလို သူမ သေဆုံးသွားခဲ့သည်မှာလည်း အချိန်အတော်ကြာသွားခဲ့ပြီဖြစ်ကြောင်း မိုးရ်မှ တီဗီအစီအစဉ်တစ်ခုကို ရှင်းပြခဲ့ပါသည်။

အဆိုပါပုံရိပ်သည် ဒပ်စတင်မိုးရ် အဖွားဖြစ်သူ အသက်ရှင်စဉ်က ပုံရိပ်ဖြစ်နိုင်ပြီး Google Street View ၏ မပြုလုပ်ရသေးသော update များကြောင့် ဒိတ်အောက်နေခြင်း ဖြစ်နိုင်ကြောင်းနှင့်နာမည်ကြီး ကုမ္ပဏီဝန်ဆောင်မှုအနေဖြင့် ထိုသို့မဖြစ်သင့်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါသည်။

မဇ္ဈိမသတင်းဌာန

Happy New Year ပါချစ်သူ

happynewyearchitthu

“ဒေါ်ဆည်းဆာ.. New Year ရောက်တော့မယ်နော်။ ရှင်ဘာလုပ်ဖို့ စဉ်းစားထားလဲ” ..

သဉ္ဖာရဲ့အမေးကို ကြားလိုက်ရချိန်မှာ ဆည်းဆာတစ်ယောက် ကြိုးစားမေ့ဖျောက်ထားတဲ့ အကြောင်းအရာတစ်ခုက အတွေးထဲကိုတားဆီး မရဘဲ ပြန်ရောက်လာခဲ့တယ်။ ဆည်းဆာချက်ချင်း ငြိမ်ကျသွားတာကြောင့် သဉ္ဖာကချက်ချင်း စကားလမ်းကြောင်း ပြန်လွှဲရှာပါတယ်။

“ဪ.. ငါ့အမအိမ်မှာ Party ရှိလို့ နင့်ကိုခေါ်မလို့ပါဟာ။ ဘာမှမဟုတ်ဘူး။ ဟဲ့.. ဆည်းဆာ.. နင်အလုပ်ကကော အဆင်ပြေလား။ ငါတို့လည်း ကျောင်းပြီးကတည်းက ကိုယ့်ကိစ္စနဲ့ကိုယ် ရှုပ်နေလိုက်ကြတာနော်။ ဟုတ်တယ်မလားဟဲ့ ၀တ်ရည်”..

“အေးလေနော်။ အခုလိုမျိုးမတွေ့ရတာတောင် တော်တော်ကြာပြီ။ အခုတောင် အလုပ်ပိတ်ရက်မို့။ စိတ်လေပါတယ်ဟာ”..

သဉ္ဖာရော၊ ၀တ်ရည်ကပါ သူမကိုအတွေးထဲက ပြန်လည်ဆွဲထုတ်ဖို့ ကြိုးစားနေတာကြောင့် ဆည်းဆာစိတ်တင်းပြီး သူတို့နဲ့အတူ စကားတွေ ဖောင်ဖွဲ့နေမိတယ်။ ညနေစောင်းလို့ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ အတိတ်က မဖိတ်ခေါ်ပါဘဲနဲ့ ဆည်းဆာရဲ့စိတ်ထဲကို ၀င်ရောက်လာခဲ့ပါ တော့တယ်။


31.12.2009
-------------

1ဒီနေ့ကျောင်းပိတ်ရက်မို့လို့ ဆည်းဆာတစ်ယောက် Laptop ရှေ့မှာပဲအချိန်ဖြုန်းနေမိတယ်။ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်လို့ စိတ်ကူးထားပေမယ့် မမချောနှစ်ယောက်က သူတို့ မိဘတွေလာတာကြောင့် အလုပ်ရှုပ်နေတာနဲ့ပဲ အားနာတာကတစ်ကြောင်း၊ တစ်ယောက်တည်း လည်း အပြင်မထွက်ချင်တာမို့ ဆည်းဆာတစ်ယောက် အိမ်ထဲမှာပဲအောင်းနေမိတယ်။

ပျင်းပျင်းရှိတာမို့ ဟိုကြည့်ဒီကြည့်လုပ်ရင်းနဲ့ Online Chat Room တစ်ခုမှာ register လုပ်ပြီး ဆည်းဆာဝင်လိုက်တယ်။ Group Chat ပုံစံမျိုးဆိုတော့ သူများတွေပြောတာကိုပဲ ဆည်းဆာ ထိုင်ကြည့်နေတယ်။ အဲဒီအချိန်မှာပဲ ဆည်းဆာကိုတစ်ယောက်က လာနှုတ်ဆက်တယ်။ nick က နတ်ဆိုးတဲ့။ ဆည်းဆာကတော့ နာမည်အရင်းတိုင်းပါပဲ။ ဒီလိုနဲ့ပဲ သူနဲ့စကားပြောရင်းနဲ့ ခင်ဖို့ကောင်းတာကြောင့် Private chat ကနေ email acc ပေးပြီး စကားတွေပြောဖြစ်ကြတယ်။ New Year ကိုလည်း နတ်ဆိုးနဲ့အတူပဲ ဆည်းဆာကျော်ဖြတ်ခဲ့ပါတယ်။ နတ်ဆိုးကဆည်းဆာနဲ့ တစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ မိုင်ပေါင်းများစွာဝေးတဲ့ နိုင်ငံကပါ။ အဲဒီနောက်ပိုင်းမှာ ဆည်းဆာ Online မှာပဲ အချိန်ကုန်ခဲ့တယ်။ နတ်ဆိုးနဲ့ စကားတွေပြောရင်းပေါ့။ ဆည်းဆာကို သူက တော်တော်ဂရုစိုက်ပါတယ်။ ဆည်းဆာဘက်က တချက်လောက် သူ့ကို reply လုပ်တာ ကြာသွားရင်တောင် ဆည်းဆာကို စိတ်ပူတတ်ပါတယ်။ အမှန်အတိုင်းဝန်ခံရရင် ဆည်းဆာ သာယာမိတယ်ပေါ့။


ဆည်းဆာနဲ့သိတဲ့သူ တော်တော်များများက ဆည်းဆာကိုပြောကြတယ်။ ဆည်းဆာက ရှုပ်တယ်တဲ့။ ရည်းစားများတယ်ပေါ့။ ဟုတ်ပါတယ်။ ဆည်းဆာဘ၀မှာ ရည်းစားတွေအများကြီးထားခဲ့ဖူးတယ်။ အခုလက်ရှိမှာလည်း ဆည်းဆာဘေးမှာ ဆည်းဆာရွေးချယ်ဖို့ လူတွေရှိပါတယ်။ ဒါပေမယ့်ဆည်းဆာ Online relationship ကို မထားခဲ့ဖူးဘူး။ ထားဖို့လည်းစိတ်ကူးမရှိဘူး။ မဖြစ်နိုင်ဘူးလို့ ထင်မိတယ်လေ။ ဒီတစ်ခေါက် တော့ ဆည်းဆာ တွက်ကိန်းမှားသွားမိတယ်။ သူနဲ့စကားတွေပြောပြီး မကြာခင်မှာပဲ ဆည်းဆာသူ့ကို ချစ်မိသွားတယ်။ ရက်အနည်းငယ် အတွင်းမှာပဲ ဆည်းဆာနဲ့နတ်ဆိုး ချစ်သူတွေဖြစ်သွားကြတယ်။ ဆည်းဆာတို့နှစ်ယောက်  ပျော်ပျော်ရွှင်ရွှင်နဲ့ ရှေ့ဆက်ခဲ့ကြတယ်။

၎ လလောက်အကြာမှာတော့ နတ်ဆိုးနဲ့ဆည်းဆာ ပြဿနာလေးတွေ စတတ်လာကြတယ်။ ဆည်းဆာက အရမ်းသ၀န်တိုတတ်တယ်လေ။ နောက်ပြီး နတ်ဆိုးကဆည်းဆာအနားမှာမရှိတော့ ဆည်းဆာပိုပြီးစိတ်မချဖြစ်တာပေါ့။ အရာရာကိုစိတ်မချ၊ သ၀န်တိုတတ်တဲ့ဆည်းဆာနဲ့ အပေါင်းအသင်းများတဲ့နတ်ဆိုးတို့ အဲဒီမှာစတွေ့တာပဲပေါ့။ နတ်ဆိုးနဲ့စကားပြောနေရင်းနဲ့ သူ typing ရိုက်တဲ့ အသံကိုကြားရင်တောင် ဆည်းဆာနေလို့မရဖြစ်နေတယ်။ ပြဿနာဖြစ်ပေါင်းများလာတော့ နတ်ဆိုးလည်းစိတ်ညစ်လာတယ်။ ဆည်းဆာလည်း အရမ်းပင်ပန်းပါတယ်။ ဒါပေမယ့်ဆည်းဆာ သူ့ကိုလက်မလွှတ်နိုင်ခဲ့ဘူး။ သူနဲ့တစ်ခါရန်ဖြစ်တိုင်း ဆည်းဆာသေမတတ်ခံစားရပါတယ်။ ကိုယ့်ကိုကိုယ်ကိုလည်း မုန်းမိတာအမှန်ပဲ။ ဆည်းဆာကအရမ်း မာနကြီးတယ်။ ခေါင်းလည်းမာတယ်။ ဘယ်တော့မဆို သူများကိုအနိုင်ရရမှ။ အခုဆည်းဆာ နတ်ဆိုးကို ရှုံးနိမ့်နေပြီ။ မသိလိုက်ပါဘဲနဲ့ ဆည်းဆာသူ့ကို အရှုံးပေးနေမိတယ်။ နတ်ဆိုးကဆည်းဆာအတွက် အရမ်းကောင်းတဲ့ချစ်သူတစ်ယောက်ပါ။ ဆည်းဆာသူ့ကို ချစ်သူလို့သုံးနှုန်းတယ်။ ဆည်းဆာဘ၀အတွက် တကယ်ချစ်တဲ့သူမို့လေ။

နတ်ဆိုးနဲ့ဆည်းဆာတို့အကြောင်းကို ဆည်းဆာသူငယ်ချင်းတွေ အားလုံးသိကြတယ်။ သဉ္ဖာနဲ့ဝတ်ရည်ကတော့ အမြဲပြောတယ်။ မဖြစ်နိုင် ပါဘူးတဲ့။ သူတို့ပြောတာကို ဆည်းဆာဂရုမစိုက်ဘဲ ရှေ့ဆက်တိုးခဲ့ပါတယ်။ နတ်ဆိုးကသူ့ဆီကို မြန်မြန်လိုက်လာဖို့ ဆည်းဆာကိုခေါ်ပါတယ်။ ဒါပေမယ့်ဆည်းဆာက ကျောင်းမပြီးသေးဘူးလေ။ နောက်ပြီး ဆည်းဆာဘာမှ မပြင်ဆင်ရသေးဘူး။ ဆည်းဆာကိုယ်တိုင်လည်း အခုအချိန်ထိ စိတ်ထဲမှာဝေခွဲမရတာတွေ အများကြီးရှိနေတုန်းပါ။ အပြင်မှာတစ်ခါမှ မတွေ့ဖူးတဲ့လူတစ်ယောက်ရဲ့နောက်ကို ဆည်းဆာ မိုက်မိုက်ကန်းကုန်နဲ့ လိုက်သွားရဲလားဆိုတာကို ဆည်းဆာကိုယ်တိုင် ဝေခွဲမရဖြစ်နေတုန်းပဲ။ နတ်ဆိုးကိုဆည်းဆာ အရမ်းချစ်ပါတယ်။ ဒါပေမယ့် ဆည်းဆာက မိန်းကလေးလေ။ အများကြီး စဉ်းစားရတာပေါ့။ ဒီကြားထဲမှာတော့ နတ်ဆိုးနဲ့ဆည်းဆာနဲ့က ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ပါပဲ။ ဒါပေမယ့် ခဏခဏဆွဲဆန့်ခံနေရတဲ့ကြိုးက သူ့အတိုင်းအတာကျော်သွားရင် ပြတ်ထွက်တတ်တယ်ဆိုတာကို ဆည်းဆာတို့မေ့နေခဲ့ကြတယ်။

2ဆည်းဆာကနောက်ဆုံးနှစ် တတ်နေတဲ့ကျောင်းသူ တစ်ယောက်ပါ။ နောက် ၂ လ လောက်နေတော့ ဆည်းဆာကျောင်းပြီးသွားတယ်။ နတ်ဆိုးနဲ့ ချစ်ခဲ့ ကြတာလည်း ၆ လလောက်ရှိပြီပေါ့။ ထုံးစံအတိုင်း ကျောင်းပြီးခါစဆိုတော့ အလုပ်ရှာရတာနဲ့၊ ကျောင်း ဆက်တတ်ဖို့ကို လုပ်ရတာနဲ့ ဆည်းဆာနဲ့နတ်ဆိုး အနေဝေးသလို ဖြစ်သွားတယ်။ နတ်ဆိုးဘက်က လည်း ဆည်းဆာကို သံသယတွေ ရှိလာခဲ့သလို ဆည်းဆာကိုယ်တိုင်လည်း အပြင်မှာသွားလာနေရ ပေမယ့် စိတ်ကနတ်ဆိုးဆီကို ရောက်နေခဲ့တယ်။ ဆည်းဆာတို့စကား ကောင်းကောင်းမပြောဖြစ်ကြ တာ တကယ်တော့ ၂ ပတ်လောက်ပါပဲ။ ဒါပေမယ့် ဆည်းဆာ ပြောခဲ့သလိုပေါ့။ နှစ်ယောက်ကြားမှာ အဖုအထစ်တွေများလာခဲ့အခါ ၂ ပတ်ဆိုတဲ့ အချိန် ကလည်း အရာရာကိုပြောင်းလဲဖို့ တတ်နိုင်သွားခဲ့တယ်လေ။ ဆည်းဆာတို့နှစ်ယောက် ပြန်ပြီးစကားပြောဖြစ်ကြတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်က သံသယတွေ၊ မယုံကြည်မှုတွေ၊ အရွဲ့တိုက်မှုတွေနဲ့ ညှိလို့မရအောင် ဖြစ်လာခဲ့တယ်။ အားလုံးစိတ်ထဲမှာ ဘာမှမဟုတ်ဘူး လို့ထင်ပေမယ့် အရာရာကို serious ထားတတ်ကြတဲ့ ဆည်းဆာတို့ ကြားမှာတော့ ပြဿနာကရှင်းမရခဲ့ဘူး။ ဆည်းဆာကိုယ်တိုင်လည်း အဲဒီအချိန်မှာ အလုပ်ကိစ္စတွေနဲ့ စိတ်အရမ်းရှုပ်နေတာကြောင့် သေချာဖြေရှင်းဖို့ မကြိုးစားဘဲနဲ့ အလွယ်တကူ လမ်းခွဲစကားပြောခဲ့မိတယ်။ နတ်ဆိုးဘက်ကလည်း ယောကျာ်းလေးပဲလေ။ ဆည်းဆာဘက်ကတောင် အလျော့မပေးမှတော့ နတ်ဆိုးလည်း လမ်းခွဲတာကို လက်ခံခဲ့တယ်။

မာနတွေအပြိုင်ထားပြီး ဆည်းဆာတို့နှစ်ယောက် လမ်းဆုံးအထိလျှောက်ခဲ့ကြတယ်။ အဲဒီနေ့က နတ်ဆိုးကိုဆည်းဆာ နောက်ဆုံးတွေ့လိုက် ရတာပါ။ ဆည်းဆာ email acc ပြောင်းလိုက်သလို နတ်ဆိုးကိုလည်း တစ်ခါမှအဆက်အသွယ်မလုပ်ခဲ့ဘူး။ အရမ်းသတိရလာရင် နတ်ဆိုး ဓါတ်ပုံလေးကိုကြည့်ပြီး မျက်ရည်ကျမိတယ်။ နတ်ဆိုးအသံကို အရမ်းကြားချင်လာရင် internet ကနေပြီး သူ့ဖုန်းကိုခေါ်မိတယ်။ ဆည်းဆာ ဖုန်းနံပါတ် မပေါ်အောင်လို့လေ။ ဒီထက်ပိုပြီးတော့ ဆည်းဆာမကြိုးစားခဲ့ဘူး။ နတ်ဆိုးကို တစ်ရက်မှမေ့လို့မရတာတော့ တကယ်ကိုအမှန်ပါ။ နတ်ဆိုးနဲ့ လမ်းခွဲပြီးသွားပေမယ့် နတ်ဆိုးဆီလိုက်သွားနိုင်ဖို့ကို ဆည်းဆာ ဆက်လုပ်နေခဲ့မိတယ်။ အလုပ်လုပ်နေပေမယ့် ပိတ်ရက်ကျရင် ဆည်းဆာစာတွေဖတ်တယ်။ ဆည်းဆာကျောင်းတွေကို application တွေ တင်ခဲ့တယ်။ ရူးတယ်ပဲပြောပြော နတ်ဆိုးကိုတော့ ဆည်းဆာ အပြင်မှာ တွေ့ဖူးချင်ခဲ့ပါတယ်။ သူ့အကြောင်းကိုတော့ တတ်နိုင်သမျှမစဉ်းစားမိအောင် ဆည်းဆာနေခဲ့ပါတယ်။ ဆည်းဆာနေတတ်သွား ပြီလို့လည်း ထင်ခဲ့တယ်လေ။ နေ့လည်က သဉ္ဖာတို့နဲ့တွေ့တုန်းက New Year အကြောင်းပြောကြရင်းနဲ့ ဆည်းဆာသတိထားလိုက်မိတာက နတ်ဆိုးကိုဆည်းဆာချစ်နေတုန်းပဲ။ ဆည်းဆာသူ့ကို နှစ်နှစ်ကာကာချစ်နေတုန်းပါပဲ။

28.12.2010
------------

3အဲဒီနေ့က ဆည်းဆာ အလုပ်မရှိတာနဲ့ အိမ်မှာပဲ အေးအေးဆေးဆေး နားနေမိတယ်။ အခန်း တံခါးခေါက်သံကြားလို့ ဆည်းဆာ တံခါးသွားဖွင့်ပေးလိုက်တော့ ဆည်းဆာတို့ အဆောင်က ကောင်မလေးတစ်ယောက်ဖြစ်နေတယ်။

“Hey Seesar, there's a letter addressed to you. From overseas university I think. Here for you.”

“Oh.. thz u so much Julie.”

အခန်းဖော်လာပေးသွားတဲ့စာကို ဆည်းဆာသေချာကြည့်လိုက်မိတယ်။ ဟုတ်ပါတယ်။ ဆည်းဆာ apply လုပ်ထားတဲ့ University တစ်ခုက လာတဲ့စာပါ။ ဆည်းဆာလက်တွေ အလိုလိုတုန်လာတယ်။ တုန်တုန်ယင်ယင်နဲ့ပဲ စာအိတ်ကိုဖောက်ဖတ်လိုက်ပါတယ်။

“Dear Seesar Cho,
Congratulations on your acceptance to the *** University.”

စာကို ဆည်းဆာ ဒီလောက်ထိပဲ ဆက်ဖတ်နိုင်ပါတယ်။ ဆည်းဆာမျက်လုံးမှာ မျက်ရည်တွေဝဲလာပြီလေ။ ဘာမှမမြင်ရတော့ဘူး။ ဆည်းဆာ ပြောမပြတတ်အောင် ၀မ်းသာသွားရပါတယ်။ နတ်ဆိုးနဲ့ဝေးနေရပေမယ့် သူနဲ့တစ်နိုင်ငံထဲမှာ နေရတော့မယ်ဆိုတဲ့အသိက ဆည်းဆာကို မမြင် နိုင်တဲ့ အားတွေပေးနေပါတယ်။ ဆည်းဆာပျော်လိုက်တာလေ။ ဆည်းဆာဘယ်လိုမှ မထိန်းထားနိုင်တော့ပဲ နတ်ဆိုးဆီကို ဖုန်းလှမ်းခေါ်မိ လိုက်ပါတယ်။ Ring ၂ ချက်လောက်မြည်ပြီးတဲ့အချိန်မှာ ဆည်းဆာအကြားချင်ဆုံးအသံကို ဆည်းဆာကြားလိုက်ရတယ်။ ဒီအတိုင်းပဲ direct ခေါ်လိုက်တာဆိုတော့ ဆည်းဆာဖုန်းနံပါတ်ကိုလည်း သူမြင်ရမှာပဲလေ။

“ဆည်းဆာလား... ပြောလေ။ ဘာပြောစရာရှိလို့လဲ။ ကိုယ်တောင်ဆည်းဆာဆီ ဖုန်းဆက်မလို့လုပ်နေတာ”..

“ကိုနတ်ဆိုး နေကောင်းတယ်နော်။ ဆည်းဆာပြောစရာရှိလို့ အကို့ဆီဆက်လိုက်တာ”..

“အင်း. ကိုယ်နေကောင်းပါတယ်။ ပြောလေ ဆည်းဆာ။ ကိုယ်နားထောင်နေတယ်။ ကိုယ်လည်း ဆည်းဆာကိုပြောစရာရှိတယ်။ ရပါတယ်။ ဆည်းဆာ အရင်ပြောပါ”..

“ဟုတ်ကဲ့။ အကို.. ဆည်းဆာကိုလေ.. ဆည်းဆာကို *** University က လက်ခံလိုက်ပြီ အကိုရဲ့။ အခုပဲစာရောက်လာတယ်။ ဒီတစ်ခေါက် ကျောင်းဖွင့်ရင် ဆည်းဆာတတ်ရတော့မယ်”..

“ဆည်းဆာ တကယ်ပြောနေတာလား။ ကိုယ်နဲ့လမ်းခွဲခဲ့ပြီးတာကို ဆည်းဆာကိုယ့်ဆီလာဖို့ ဆက်လုပ်နေခဲ့သေးတာလား”..

“ဆည်းဆာ မလိမ်ချင်ဘူး။ အကို့ကိုဆည်းဆာ တစ်ရက်မှမေ့လို့မရခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ဆည်းဆာ ရှေ့ဆက်တိုး ခဲ့တာပါ။ ဆည်းဆာတို့နှစ်ယောက်ကြားက ဖြစ်ခဲ့သမျှတွေကို ဆည်းဆာတောင်းပန်ပါတယ်။ ဆည်းဆာမှားခဲ့တာပါ။ မထားသင့်တဲ့မာနတွေကို ဆည်းဆာထားခဲ့မိတယ်။ တောင်းပန်ပါတယ်နော်”..

“ကိုယ်လည်းဆည်းဆာကို လုံးဝမေ့မရခဲ့ပါဘူး။ ကိုယ်ဆည်းဆာကို ပြောစရာရှိတယ်ဆိုတာလည်း ဆည်းဆာဆီကို ကိုယ်လာလည်ဖို့ လုပ်ထားတာကို ဆည်းဆာကိုပြောချင်လို့ပါ။ ဆည်းဆာကိုတွေ့ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ကိုယ်လည်းလာမလို့ပါ”..

4

“အကိုတစ်ကယ်ပြောနေတာလား။ တစ်ကယ်ဆည်းဆာဆီ လာခဲ့မှာလားဟင်။ ဆည်းဆာအကို့ကို တစ်ခုပြောချင်တယ်။ ဆည်းဆာအကိုနဲ့ ဝေးနေတဲ့အချိန်မှာ ဆည်းဆာဘယ်သူ့ကိုမှလည်း စိတ်မ၀င်စားခဲ့ပါဘူး။ အကို့ကိုမေ့နိုင်ဖို့အတွက်ဆိုပြီးတော့တောင် ဆည်းဆာအစားထိုးဖို့ မစဉ်းစားခဲ့ပါဘူးအကို။ အကို့နားမှာ မရှိနေနိုင်တဲ့အချိန်မှာ ဆည်းဆာအကို့ကို ဒုက္ခမပေးချင်လို့ အကို့အနားကနေ ရှောင်ထွက်သွားခဲ့တာပါ။ တစ်ကယ်လို့သာ ဖြစ်နိုင်သေးမယ်ဆိုရင် ဆည်းဆာကိုအကို ပြန်လက်ခံနိုင်မလားဟင်။ ဆည်းဆာရဲ့ မာနတွေအားလုံးကို ခ၀ါချပြီးအကို့ကို တောင်းပန်တာပါ”..

“ဆည်းဆာ.. ဆည်းဆာလို မိန်းကလေးတစ်ယောက်က ဒီလိုစပြောလိမ့်မယ်လို့ ကိုယ်မထင်ထားခဲ့ဘူး။ ဆည်းဆာရဲ့မာနတွေကို ဘေးထားပြီး ကိုယ့်ကို ဆည်းဆာချစ်နိုင်ရဲ့လား။ ကိုယ်အရင်ကလိုမျိုးပြဿနာတွေ ထပ်မတတ်ချင်တော့ဘူး”..

“ဆည်းဆာ ဂတိပေးပါတယ်ကိုကို။ ဆည်းဆာကို ပြန်လက်ခံပေးပါနော်။ ဆည်းဆာတို့နှစ်ယောက် အတူတူဆက်လျှောက်ကြရအောင်နော်။ I love you so much and I can't forget you. I don't wanna lose you again. Plz ko ko”..

“ကိုယ်လည်း ဆည်းဆာကို အခုထက်ထိ ချစ်နေတုန်းပါပဲ။ ကိုယ်တို့တွေ ကောင်းကောင်းမွန်မွန်နဲ့ ဒီ Relationship ကို ပြန်စကြမယ်နော်။ ကိုယ့်ကို ၁ ရက်နေ့ကျရင် လေဆိပ်မှာလာကြိုနော်ဆည်းဆာ။ ကိုယ်ဖုန်းချလိုက်တော့မယ်နော်။ Bye.. love you so much babe”..

1.1.2011
------------

5ဆည်းဆာတစ်ယောက် ပြောမပြတတ်တဲ့အပျော်တွေနဲ့ နတ်ဆိုးကိုလေဆိပ်မှာ သွားစောင့်နေခဲ့တယ်။ လူတော်တော်များများက မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ Online relationship တစ်ခုကနေ ဆည်းဆာတို့ နှစ်ယောက်က အချစ်စစ်ကိုရှာတွေ့သွားခဲ့ကြတာလေ။ ဆည်းဆာဘ၀အတွက် အပျော်ဆုံးနေ့ကို ပြောပါဆိုရင် New Year လို့ ဖြေမိမှာပါပဲ။ နတ်ဆိုးနဲ့စဆုံခဲ့ရတာလည်း New Year မှာပဲ။ အခုလည်း အရမ်းချစ်ရတဲ့နတ်ဆိုးကို အပြင်မှာတွေ့ရတော့မယ်လေ။ ဒါလည်း New Year ပါပဲ။ ဆည်းဆာ အတွက်တော့ New Year တိုင်းက အမှတ်ရစရာတွေနဲ့ ပြည့်နေတော့မှာပါလား။ ဆည်းဆာ တွေးနေတုန်းမှာပဲ နတ်ဆိုးလို့ထင်ရတဲ့သူတစ်ယောက် ဆည်းဆာဆီကို လျှောက်လာနေတာကို တွေ့လိုက်ရတယ်။ သေချာပါတယ်။ ဒါဆည်းဆာရဲ့နတ်ဆိုးပါပဲ။ ဆည်းဆာတစ်ယောက် မျက်ရည်တွေ ၀ဲလို့ အပျော်တွေနဲ့ သူမဘ၀ရဲ့လက်တွဲဖော်ကို ကြိုလင့်လို့နေပါတယ်။

“အို.. ချစ်သူ။ နှစ်သစ်တိုင်းမှာ အပျော်တွေကိုယူဆောင်လာပေးတဲ့ ကျွန်မရဲ့ချစ်သူ။ အရာအားလုံး အတွက် ကျေးဇူးပါကွယ်။ ဒီတစ်နှစ်တာအချိန်လုံး ဘယ်လောက်ပဲအနေဝေးဝေး၊ ဘယ်လောက်ပဲ ကျွန်မဆိုးဆိုး ကျွန်မအတွက် အမြဲတမ်းစဉ်းစားပေးခဲ့တဲ့ချစ်သူကို နှစ်သစ်မှာလက်ဆောင်အဖြစ် ရရှိခဲ့တယ်။ ကျွန်မဂတိပေးပါတယ်ချစ်သူ။ နောင်လာမယ့် အနာဂတ်လမ်းမှာ ဘယ်လိုအခက်အခဲတွေပဲ ရှိပါစေ။ ဘာတွေပဲဖြစ်ပါစေ။ ကျွန်မလက်မလျှော့ဘူး။ ကျွန်မရဲ့လမ်းပြကြယ်ကို ကျွန်မအဆုံးရှုံးခံမှာမဟုတ်ဘူး။ ချစ်သူရယ်.. နှစ်သစ်တိုင်းမှာ ဒီလိုပဲကျွန်မကို အပျော်တွေယူဆောင်လာပေးပါနော်။ Happy New Year ပါ ကျွန်မရဲ့ချစ်သူ...”..


^AnGeL^

(Kelometer)(Mile)(Minute) အကွာအဝေးများရှာနိုင်ပါသည်။

(Kelometer)(Mile)(Minute) အကွာအဝေးများရှာနိုင်ပါသည်။
Distance From City Distance To City Distance (km)
Rangoon (Yangon) Mandalay (Mandalay) 577.65(km)
Mawlamyine (Mon State) Bago (Bago) 153.92k(km)
Akyab (Rakhine State) Meiktila (Mandalay) 319.06(km)
Myeik (Tanintharyi) Taunggyi (Shan State) 943.29(km)
Myingyan (Mandalay) Dawei (Tanintharyi) 873.35(km)
Prome (Bago) Hinthada (Ayeyarwady) 134.2(km)
Lashio (Shan State) Pakokku (Magway) 325.79(km)
Thaton (Mon State) Maymyo (Mandalay) 576.34(km)
Yenangyaung (Magway) Taungoo (Bago) 235.35(km)
Thayetmyo () Pyinmana (Mandalay) 117.78(km)
Magway (Magway) Myitkyina (Kachin State) 635.1(km)
Chauk (Magway) Mogok (Sagain) 285.08(km)
Nyaunglebin (Bago) Mudon (Mon State) 215.21(km)
Shwebo (Sagain) Sagaing (Sagain) 83.12(km)
Taungdwingyi (Magway) Syriam (Yangon) 367.97(km)
Bogale (Ayeyarwady) Pyapon (Ayeyarwady) 30.24(km)
Yamethin (Mandalay) Kanbe (Sagain) 414.82(km)
Myaydo (Magway) Minbu (Magway) 97.27(km)
Tharyarwady (Bago) Thongwa (Yangon) 125.4(km)
Kyaiklat (Ayeyarwady) Maubin (Ayeyarwady) 34.52(km)
Kyaukse (Mandalay) Kyaikto () 487(km)
Martaban (Mon State) Kyaikkami (Mon State) 50.41(km)
Bhamo (Kachin State) Twante () 850.31(km)
Myanaung (Ayeyarwady) Pyu () 119.91(km)
Mawlamyinegyunn (Ayeyarwady) Thanatpin 143.75(km)
Letpandan (Bago) Thanatpin () 103.41(km)
Paungde (Bago) Loikaw (Kayah State) 223.15(km)
Falam (Chin State) Naypyidaw (Mandalay) 434.21(km)
Naypyidaw (Mandalay) Ramiakara (Rakhine State) 449.4(km)
Debinia (Rakhine State) Reaungyaung (Rakhine State) 2.03(km)
Kaukkaddan (Rakhine State) Sangmakara (Rakhine State) 7.39(km)
Pondiywa (Rakhine State) Panisora (Rakhine State) 1.18(km)
Kyundaung (Rakhine State) Kunthibin (Rakhine State) 2.21(km)
Baukala (Rakhine State) Leppan (Rakhine State) 1.26(km)
Sangnakaki (Rakhine State) Midaik (Rakhine State) 0.8(km)
Ingyaung (Rakhine State) Shambala (Rakhine State) 1.54(km)
Midai (Rakhine State) Julia (Rakhine State) 1.81(km)
Letpwegy (Rakhine State) Maulvi (Rakhine State) 3.71(km)
Nanthadaung (Rakhine State) Madiywa (Rakhine State) 1.61(km)
Panthara (Rakhine State) Leikral (Rakhine State) 2.62(km)
Thaludaung (Rakhine State) Basingiapara (Rakhine State) 2.06(km)
Kraunghta (Rakhine State) Maungrajapara (Rakhine State) 1.98(km)
Shidapara (Rakhine State) Aungau (Rakhine State) 1.8(km)
Aungyaung (Rakhine State) Megali (Rakhine State) 2.04(km)
Waylachaung (Rakhine State) Aduttaw (Yangon) 666.24(km)
Ingaleikkon (Yangon) Tabat (Yangon) 26.25(km)
Wingdagon (Yangon) Pada (Yangon) 14.64(km)
Time......Mile .......Km........ အကွာအဝေးများရှာနိုင်ပါသည်။




  • olny Mile.....
    Yangon-Bago (50 miles) 2 hours by car/by train & 2 ½ hours by public transport
    Yangon-Kyaikhtiyo (104 miles) 5 hours by car, by public transport road condition= good and fair
    Yangon-Mawlamyaing (187 miles) 7 ½ hours by car, by public transport road condition =good and fair
    Yangon-Pyay (179 miles) 6 hours by car, by public transport, road condition = good and fair
    Yangon-Pathein (130 miles) 4 hours by car, by public transport road condition = good and fair
    Yangon-Thanlyin (10 miles) 40 minutes by car, 1 ½ hours by public transport, 2 hours by train road condition = good
    Yangon-Tontee (15 miles) 1 hour by car,2 hours by boat road condition = good and fair
    Yangon-Taungoo (175 miles) 7 hours by car, 7 ½ hours by public transport, 7 hours by train road condition = good
    Yangon-Mandalay (432 miles) 13 ½ hours by car, 15 hours by public transport, 15 hours by train road condition = good
    Yangon-Bagan (431 miles) 11 ½ hours by car, 12 ½ hours by public transport, 17 hours by train road condition = good and fair
    Yangon-Kalaw (398 miles) 12 hours by car road condition= good and fair
    Yangon-Inle Lake (437 miles) 14 hours by car road condition= good and fair
    Yangon-Taunggyi (457 miles) 15 hours by car road condition= good and fair
    Taunggyi-Kakku (28 miles) 1 ½ hours by car road condition = good and fair
    Mandalay-Yangon (432 miles) 13 ½ hours by car, 15 hours by public transport, 15 hours by train road condition = good
    Mandalay-Bagan (183 miles) 8 hours by car, 9 hours by night train road condition = good and fair
    Mandalay-Popa (159 miles) 7 hours by car road condition = good and fair
    Mandalay-Pindaya (195 miles) 8 ½ hours by car road condition= good and fair
    Mandalay-Padalin Cave (76 miles) 6 hours by car road condition= Mandalay to Ku me is good. Another 21 miles, can access by 4 wheel-drive.
    Mandalay-Kalaw (166 miles) 7 hours by car road condition= good and fair
    Mandalay-Inle Lake (205 miles) 9 hours by car road condition=good and fair
    Mandalay-Taunggyi (210 miles) 10 hours by car road condition=good and fair
    Mandalay-Maymyo (42 miles) 2 hours by car, 2 hours by train road condition = good
    Mandalay-Thibaw (129 miles) 6 hours by car, 8 hours by train road condition= good
    Mandalay-Lashio (175 miles) 8 hours by car, road condition = good
    Mandalay-Mogok (135 miles) 6 hours by car road condition = good and fair
    Mandalay-Myitkyina (337 ¼ miles) 21 hours by train (overnight on train) railway condition=not bad (388 miles), 13 ½ hours by car road condition= good and fair
    Myitkyina-Indawgyi Lake (147 miles) 5 hours by car road condition = fair
    Myitkyina-Bhamaw (116 miles)
    7 hours by car road condition= good and fair
    Myitkyina-Tanaing (120 miles) 6 hours by car road condition = good & fair & dusty
    Tanaing-Shinbweyan village (42 miles) 6 hours by car road condition = ONLE WITH 4-WHEEL DRIVE
    Mandalay-Amarapura (8 miles) 30 minutes by car road condition = good
    Mandalay-Sagaing (13 miles) 50 minutes by car road condition = good
    Mandalay-Monywa (85 miles) 3 ½ hours by car road condition = good
    Monywa-Pho Win Taung (15 miles) 45 minutes by car road condition= good and fair
    Monywa-Pakokku (160 miles) 4 hours by car road condition= fair
    Monywa-Alaungdawkathapha National Park (63miles) 5 hours by car road condition = good and fair
    Mandalay-Shwe Bo (71 miles) 2 ½ hours by car road condition= good and fair
    Bagan-Popa (42 miles) 1 hour by car road condition = good
    Bagan-Sale (25 miles) 1 ½ hour by car road condition= good and fair
    Bagan-Kanpetlet (98 miles) 7 ½ hours by car road condition = good and fair
    Kanpetlet-Mindat (40 miles) 4 hours by car Road condition = fair
    Mindat-Pakokku (98 miles) 9 hours by car road condition = fair
    Pakokku-Bagan (26 miles) 2 hours by car road condition = fair
    Bagan- Pyay (212 miles) 9 hours by car road condition = good and fair
    Bagan-Kalaw (160 miles) 7 hours by car road condition = good and fair
    Bagan-Inle (199 miles) 9 hours by car road condition = good and fair
    Bagan-Pindaya (189 miles) 8 hours by car road condition = good and fair
    Bagan-Mandalay (183 miles) 8 hours by car, 9 hours by night train road condition = good and fair
    Bagan-Yangon (431 miles) 11 ½ hours by car, 12 ½ hours by public transport, 17 hours by train road condition = good and fair railway condition=not bad
    Inle-Heho Airport (19 miles) 45 minutes by car
    Mandalay Downtown to Intl' Airport (32miles) 1 hour by car road condition = good
    Yangon Downtown to Intl' Airp35 minutes by car road condition = good
    monstarmainplus@gmail.com(GI - Group(1876))






  • Blogger Tips and TricksLatest Tips And TricksBlogger Tricks
    Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
    ဤဆိုဒ်မှာတော့
    (ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
    ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
    My Blogger TricksAll Blogger TricksAll Blogging Tips

    ကျွန်တော့်ကိုဆက်သွယ်ရန်

    Name

    Email *

    Message *

    Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
    ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

    လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

    HTML Comment Box is loading comments...