သူငယ်ချင်းရယ်..
မေ့မရတဲ့ နေ့တွေ
အိပ်မပျော် ခဲ့ တဲ့ ညတွေ
နှလုံးသားမှာ တစ္စေ ကပ်သလို....
ခြောက်ခြားနေရတဲ့ အဖြစ်
မထင်မှတ်ပဲ ပြေဲာ့ မိတဲ့ စကားလုံးကြောင့်
မင်းမုန်း မိမယ်ထင်ပါတယ်....။
စက္ကူ ဖြူသံယောဉ်ဇဉ် လေးတစ်ခု
ငါ့ကြောင့် အရောင် ဆိုးမိခဲ့ တယ်ဆိုရင်လေ...
သူငယ်ချင်းအဖြစ်နဲ့ ပဲ...
ပြန်ရှင်သန်ခြင်ပါတယ်...။
ငါ့ နှလုံးသားက အဖြူရောင်...
သံယောဉ်ဇဉ်ကလည်း အဖြူရောင်ပါ...
တိမ်တွေကို ကျောက်ချ
အတိတ်မှာ အိပ်မွေ့ ချခဲ့ တာပဲ
ငါဘာများမှားသွားလို့ လဲ.....
ပြောထွက်ခဲ့တဲ့ "မင်းကိုချစ်တယ် ဆိုတဲ့"စကားလုံးများကပူတယ်...
နင်ကြိုက် တဲ့ သူကဥပေက္ခပြုတာတောင်....
ခြေလှမ်းတလမ်းတော့ နောက်ဆုတ်သင့်ပါတယ်....
နင်ဘာ အတွက် များ မျော်လင့် သလဲ
အချစ်မရှိတဲ့ နှလုံးသားတခုအတွက်
နင့် ဘ၀ကို စတေးမလို့လား....
ငဲ့ ကွက်တတ်ခဲ့ ရင်....နင့်ဘေးကိုကြည့် လိုက်စမ်းပါ..
နှလုံးသားရဲ့ အလယ်ဗဟို
အကြင်နာ ချိုချိုနဲ့ သီဖွဲ့  ထားတဲ့
ငါဆိုတဲ့ ကောင်လေးရှိနေတာပဲလေ...
ငါဘာမှထပ်မပြောတော့ပါဘူး......ဒါပေမယ့်
မိုးခါးရေစက် အတွက် မျှော် လင့်ချက်မျိုးဆိုရင်
နင့်ကောင်းကင် တခုလုံးနီစွေး
ကြက်ခြေခတ်တွေ ဖွေးသွားမှာပေါ့
အဲ့ဒီ့ အခါ ......ငါ့ကောင်းကင်ကနေ
စောင့်ကြဉ်း ပေးခဲ့ ပါ့ မယ်
အဖြူရောင် ကောင်းကင်း ကြီးရဲ့ အောက်
လင်းတောက်နေ့မယ့် နင့်ကောင်းကင်...
ကြယ်စင်ပါစေ....သူငယ်ချင်းရယ်....."
ကာရံငယ်***(Ye Tay za Kyaw)
0 comments:
Post a Comment