Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Saturday, January 5, 2013

စိတ်ညစ်နေလားရယ်မောလိုက်ပါမိတ်ဆွေ

၁။မလာရဲဘူး

မြစ်တစ်ခုအတွင်းတွင် ရေကူးနေသော ဖိုးမောင် သည် ကုန်းပေါ်တွင်ရှိသော
ကာရံငယ် ကိုလှမ်းမေးလေသည်။
`ဒီမြစ်ထဲမှာ မိချောင်းရှိသလားဗျ´
`မရှိဘူးရဲရဲသာကူး ဒီကောင်တွေမလာ ရဲဘူး´
`ဘာလို့လဲ´
`မိချောင်းတွေက ငါးမန်းကို ကြောက်တယ်လေ´

၂။ မမေ့ကြပါနဲ့
 အမျိုးသမီးထံသို့ ၄င်း၏တိတ်တိတ်ပုံးချစ်သူ အမျိုးသားတစ်ယောက်ရောက်လာသည်။
ရောက်ပြီးမကြာမီ အမျိုးသမီး၏ ယောကျာ်းအိမ်ပြန်လာသဖြင့် ဘီရို ထဲဝင်ပုန်းနေရန် သူမကတိတ်တိိတ်ပုန်း ချစ်သူကိုပြောသည်။ ယောက်ကျာ်း အလုပ်သို့သွားသည့် အခါကျမှ ပြန်ထွက်ရန်မှာသည်.။ ထိုအချိန်တွင် အိမ်ကိုမီးလောင်လေသည်။ အမျိုးသမီးနှင့်၎င်း၏ ယောကျာ်းက အခန်းတွင်းရှိ အ၀တိအစားများနှင့် ပန်းကန် များကိုအပြင်သို့ အပြေးအလွှား သယ်ထုတ်ကြသည်။ မီးတောက်များကြားမှ ယောကျာ်းတစ်ဦးရဲ့ အော်သံထွက်ပေါ်လာလေသည်။
`ပရိဘောဂတွေကိုလည်း သယ်ထုတ်ကြပါဦး´

၃။ဟင်းချိုသောက်ကြ
စိတ်ရောဂါကု ဆေးရုံတွင် လူနာတို့၏တိုးတက်မှု အခြေအနေကို စစ်ဆေးသည်။     
တစ်ဦးကို ပန်းကန်လွတ်တစ်လုံး စီနှင့်ဇွန်တစ်ချောင်စီပေးသည်။
`စားကြစားကြအင်မတန်အရသာရှိတဲ့ ဟင်းချိုပဲ´အားလုံးဟင်းချိုစသောက်ကြသည်။
တစ်ဦးသာမသောက်ပဲနေသည်။ထိုအခါဆရာဝန်ကတစ်ယောက်တော့ပြန်ကောင်းလာပြီအထင်နှင့်
ဝမ်းသာအားရမေးလိုက်လေသည်။  `ခင်ဗျားကဘာလို့မသောက်တာလဲ´      
`နည်းနည်းအေးသွားအောင် စောင့်နေတာပါ´

၎.။စွန့်လွှတ်ခြင်း
အနာဂတ် အိမ်ထောင်ရေး အကြောင်းကို ချစ်သူနှစ်ဦး တိုင်ပင်ဆွေးနွေးနေကြသည်။
`လက်ထပ်ပြီးရင် ဆေးလိပ်ဖြတ်မယ်ဆိုတဲ့ ဂတိကိုပေးနော်´
`ပေးပါတယ်အချစ်ရယ်´
`အရက်လဲမသောက်ရဘူး´
`မသောက်ပါဘူးကွာ´
`ညနေတိုင်း ကလပ်သွားတာကိုလဲရှောင်ရမယ်´
`ဒါအကုန်ပဲလား ´
`မောင်ကဒီ့အပြင် ဘာကိုများ ရှောင်ချင်သေးလို့လဲ´
လက်ထပ်မယ့်အစီအစဉ်´

၅။မလိုတာမလုပ်ပါနဲ့
မင်းသမီးအသစ်ကို ဒါရိုက်တာက ရှင်းပြနေသည်။
`အခုအခန်းမှာ မင်းဆိုဖာပေါ်မှာထိုင်နေရမယ်။
အဲ့ဒီ့အချိန်မှာအနုကြမ်းသမား ၀င်လာလိမ့်မယ်။
မင်းကိုတွေ့တဲ့အခါ သူမင်းကိုကြိုးနဲ့တုတ်ပြီး အဓမ္မကျင့်မယ်။
နားလည်တယ်နော်´`ဟုတ်ကဲ့ဒါနဲ့ အဲ့ဒီ့အနုကြမ်းသမားက ရုပ်ချောလားဟင်´
 `ချောတယ်´                  
`ဒါဖြင့်ကျွန်မကို ဘာကြိုးနဲ့ တုတ်စရာလိုသလဲ ရှင့်´

၆။မြဲမြဲကိုင်
စိတ်ရောဂါကု ဆေးရုံကို ပြန်လည်ပြင်ဆင်မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကိုဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၄င်းကိုမေးသည်။
`ခင်ဗျားဆေး သုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား ´
`ကိုင်ထားပါတယ်´
`ဒါဆိုရင်ဒီလှေကား ကို ဖြုတ်လိုက်တော့မယ်နော်´

၇။ခရီးသွားဖော်
လေယျာဉ်ပေါ်တွင်ဖြစ်သည်။ ရင်ခုန်သူသည် သူ၏ဘေးတွင်ထိုင်နေသော
ချောမောလှပသည့် ကောင်မလေးနှင့် မိတ်ဖွဲ့ ချင်သည်။
သိုသော် အရှက်အကြောက် ကြီးသူ ဖြစ်သဖြင့် တော်တော်နှင့် မဆုံးဖြတ်ပဲ ဖြစ်နေသည်။
နောက်ဆုံးအရဲစွန့်ကာ မေးလိုက်လေသည်။
`ခင်ဗျားလည်း ဒီလေယာဉ်ပျံ စီးလာတယ်နော်´
၈။ဖားမင်းသားလေး
မင်းသမီးလေးတစ်ပါး ရေအိုင်ဘေး၌ တစ်ယောက်ထဲ ထိုင်နေလေသည်။
ရုတ်တရတ် ဖားလေးတစ်ကောင် မင်းသမီးပေါင်ပေါ် ကို ခုန်တက်လာပြီး
`အသင်မင်းသမီး ၊ ကျွနုအားနမ်းလိုက်ပါ။ ကျွန်ုပ်သည် မင်းသားလေးတစ်ပါး အဖြစ်သို့ပြောင်းသွားမယ်။
အဲ့ဒီ့အခါ သင်နှင့်ကျွနု အတူ နန်းတော်သို့လိုက်ပါကာ ကျွန်ုအား လိုအင် ဆန္ဒတွေကိုဖြည့်ဆည်းပေးမယ်။
တစ်သက်လုံးပျော် ရွှင်အောင် ထားပေးမယ်။ လို့ပြောသေယအခါ
မင်းသမီးလေးက ဖားအားကြော်စား လိုက်လေသည်။…:P

၉။ ဟုတ်သလိုပဲ
ဆရာမက (ကာရံငယ်)ကိုမေးတယ်။
`ကုန်းပေါ်မှာရောရေပေါ်မှာပါနေနိုင်တဲ့ သတ္တ၀ါဟာ ဘာလဲကွယ်´
ကာရံငယ် ဖြေလိုက်သည်။
`သင်္ဘောသားပါဆရာမ´

၁၀။ မညီမျှလို့
လင်မယားနှစ်ယောက် တရားရုံးကိုရောက်လာလေသည်။
`ကျွန်မတို့ကို ကွာရှင်းပေးပါ။´
`ဟုတ်ပါတယ်ကျွန်တော်တို့ ကွာရှင်းချင်လို့ပါ´
တရားသူကြီးက `ဒါဆိုပိုင် ဆိုင်မှုတွေ တစ်ယောက်တ၀က်စီအညီအမျှ ခွဲယူရမယ်။´
`ပစ္စည်းတွေကတော့ ဟုတ်ပါပြီ ကျွန်မတို့မှာရှိတဲ့ ကလေးသုံးယောက်ကို ဘယ်လိုလုပ်မှာလဲ ခွဲလို့လဲမရ´
ထိုအခါယောက်ကျားက` ဒါဆိုညီမျှသွားအောင် ကျွန်တော်တို့ ကလေးတစ်ယောက်ထပ်ယူပြီး
တစ်နှစ်လောက်ကြာရင်ပြန်လာခဲ့ပါမယ်´
 Ye Tay Za Kyaw (ကာရံငယ်)

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

Comments

Not using Html Comment Box  yet?

No one has commented yet. Be the first!

rss
 

E
Y