Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Sunday, December 22, 2013

ပုံရိပ်ယောင်ည


အတိတ်ကို စောင်းငဲ့ကြည့်တိုင်း

နာကျည်းစရာ အိပ်မက်ဆိုးထဲက
လှောင်ပြောင်သံသဲ့သဲ့ကိုကြား
တစ်ပိုင်းတစ်စ ပန်းချီကားတစ်ချပ်
ငါကျောခိုင်းပြီးတဲ့နောက်
ရင်ခွင်ထဲက စုတ်ချက်ကြမ်းကြမ်းတွေ
ဘယ်လိုဆေးသားနဲ့
အရောင်ပြောင်းပစ်ရမလဲ .............

အချိန်ဆိုတာ ဒဏ်ရာရဲ့ဆေး ဆိုပေမယ့်
တစ်ခါတစ်လေ
မိုက်မဲစွာ ပြန်တွေးမိတိုင်း
ကြိုးဝိုင်းထဲမှာ အလဲထိုးခံရတဲ့
ငါ့နှလုံးသား ....... တကယ်ဆို
ဟန်ဆောင်မှုများစွာနဲ့
ဧည့်ခံနေတဲ့ သရုပ်ဆောင်ကောင်းသော
ညတစ်ည (သို့) ဘ၀တစ်ခုထဲ
စည်းကြပ်ဒိုင်မဲ့
ရိုးသားစွာ အရှုံးပေးခဲ့ရသော
ငါ .....................
တသက်လုံး ဒီကျိန်စာတွေနဲ့
ပွေ့ပိုက် ပျော်မွှေ့နေရမလား
မင်းခင်တွယ်မြတ်နိုးတဲ့
ဒဏ်ရာဗရပွနဲ့ ရိုးသားမှုတွေ
ကွဲရှလွယ်တဲ့ မှန်တစ်ချပ်ရဲ့
နောက်ကွယ်က ယုယမှုတွေ
လေဟာပြင်ထဲ ထွန်းညှိထားတဲ့
မီးတစ်ပွင့်ရဲ့ ငွေကြေးတွေ
အဲ့ဒီ့ အိပ်မက်တွေက
မင်းအတွက် အမှန်တကယ်
အိပ်မက်ဖြစ်နေရင်
ငါ့ကြေကွဲခံစားမှုတွေဟာ
ထိုက်တန်တဲ့ အရင်းအနှီးမဟုတ်ဘူး ......
ဒီအတွက် ........ ငါ
နာကျဉ်းစွာနဲ့ ဆုတောင်းပေးပါတယ်
မင်းအိပ်မက်တွေဟာ
လက်တွေ့ ဘ၀ထဲမှာ
ရပ်တည်မှု အပြီးသတ်ပါစေလို့ .........

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...