Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Friday, December 20, 2013

ကမ္ဘာပေါ်မှ အထင်ရှားဆုံး လိုဏ်ဂူကြီးများ

ကျွန်ုပ်တို့ နေထိုင်သည့် ကမ္ဘာမြေသည် သဘာဝ ထူးခြား ဆန်းပြားမှုများနှင့် ပြည့်နှက်လျက် ရှိသည်။
လူသားများ တည်ဆောက်ခဲ့သော ထူးခြား အံ့သြဖွယ် အရာများမှာ သဘာဝက နှစ်ပေါင်း သန်းနှင့်ချီ၍ ဖန်တီးထားခဲ့သော အရာများနှင့် မယှဉ်နိုင်ပေ။ လိုဏ်ဂူများသည် ဘူမိဗေဒ လှုပ်ရှားမှုများ အရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး အတွင်း၌ စိတ်လှုပ်ရှားဖွယ် ကောင်းသော မြင်ကွင်းများ ရှိနေသည်။
ကမ္ဘာပေါ်ရှိ ထင်ရှားသော လိုဏ်ဂူများ အကြောင်းကို ရွေးချယ် တင်ပြလိုက်ပါသည်။
ပေါ့စတော့နာ လိုဏ်ဂူများ (စလိုဗေးနီးယား နိုင်ငံ)
ပေါ့စတော့နာ လိုဏ်ဂူများသည် ကီလိုမီတာ ၂ဝ ကျော်ရှည်လျားပြီး စလိုဗေးနီးယား နိုင်ငံတွင် တည်ရှိသည်။ ပစ်ဗ်ကာမြစ်ကြောင့် ဖြစ်ပေါ် ခဲ့ပြီး နှစ်ရာပေါင်း များစွာ ကမ္ဘာလှည့် ခရီးသွားများ သွားရောက်နေကျ နေရာတစ်ခုဖြစ်သည်။ တရားဝင် လမ်းညွှန်ခရီး သွားလာမှုကို ၁၈၁၉ ခုနှစ်မှစတင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်၌ ဂျာမန်တပ်ဖွဲ့များက အဆိုပါ လိုဏ်ဂူ အမြောက်အမြားကို လေယာဉ် လောင်စာဆီများ သိုလှောင်ရာ အဖြစ်အသုံးပြုခဲ့သည်။

သီယန်ဒေါင်း လိုဏ်ဂူ (ဗီယက်နမ် နိုင်ငံ)
သီယန်ဒေါင်း လိုဏ်ဂူသည် ဗီယက်နမ်နိုင်ငံ ဒေါင်ဟွိုင်းမြို့ အနီးရှိ ဖုန်နကီဗန်း အမျိုးသားဥယျာဉ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် နေရာများ စာရင်းတွင် ပါဝင်သည်။ ၃၁ ကီလိုမီတာ ရှည်လျားပြီး ၂ဝဝ၅ ခုနှစ်တွင် ဒေသခံ လူတစ်ဦးက တွေ့ရှိခဲ့သည်။
ကျောက်စက်ပန်းဆွဲ တည်ရှိမှုများမှာ ရင်သပ်ရှုမောဖွယ် ဖြစ်ပြီး သီယန်ဒေါင်းဟူသော အမည်မှာ နိဗ္ဗာန်ဘုံဟု အဓိပ္ပာယ်ရသည်။
ငွေရောင်လိုဏ်ဂူ (တရုတ်နိုင်ငံ)
တရုတ်နိုင်ငံ ဂွီလင်းပြည်နယ်ရှိ ငွေရောင်လိုဏ်ဂူမှာ ငွေရောင် တောက်ပနေသော ကျောက်စက်ပန်းဆွဲများ ဂူအတွင်း၌ ရှိနေသဖြင့် ထိုသို့ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သဘာဝရှုခင်း နေရာတစ်ခုဖြစ်ပြီး လိုဏ်ဂူသုံးလွှာမှာ တောင် ၁၂ လုံးအောက်၌ တည်ရှိနေသည်။ ရှုခင်း ကောင်းမွန်သော နေရာ ၁ဝ ခုကျော်ရှိပြီး ၎င်းတို့ထဲတွင် ရေတံခွန် ပါဝင်သောနှင်းတောင်တန်း၊ ဂီတကျောက်တုံး ဖန်သားပြင်နှင့် ကျောက် စိမ်းရေကန် စသည့် အမည်များမှာ ထင်ရှားသည်။

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...