ဗီယင်နာမြို့မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် ကမ္ဘာပေါ်တွင် နေထိုင်ဖွယ် အကောင်းဆုံး မြို့တော်များ စာရင်းတွင် ထိပ်တန်းနေရာ၌ ရှိနေသည်။ လူနေမှု
ဇူးရစ် (ဆွစ်ဇာလန်)
ကမ္ဘာပေါ်တွင် ကြားနေမှုအရှိဆုံး ဆွစ်ဇာလန်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ အဆိုပါမြို့ကို လုံခြုံစိတ်ချရမှု အရှိဆုံးနှင့် နေထိုင်ရန် အကောင်းဆုံး မြို့တစ်မြို့အဖြစ်
မဲပေးရွေးချယ်ခြင်း ခံရသည်။ မှုခင်းဖြစ်ပွားမှုနှုန်း အလွန်နည်းပါးပြီး ခရီးသွားများအတွက် လုံခြုံစိတ်ချရသော အထောက်အပံ့ အကာအကွယ်များ ရှိသည်။
ကမ္ဘာပေါ်တွင် အများအပြားဆုံး ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်ရာ နေရာတစ်ခု ဖြစ်၍ အလွန်လုံခြုံပြီး သန့်ရှင်းသော အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုလည်း ရှိသည်။
စင်ကာပူ
စင်ကာပူမြို့သည် ခေတ်မီသောမြို့တစ်မြို့ ဖြစ်ပြီး မှုခင်းဖြစ်ပွားမှုနှုန်း အလွန်နည်းပါးသည်။ ကမ္ဘာပေါ်၌ အသန့်ရှင်းဆုံးမြို့တစ်မြို့ဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှုနှုန်းလည်း
အလွန် နည်းပါးသည်။ လူမျိုးပေါင်းစုံ စုပေါင်း နေထိုင်ကြသော်လည်း ငြိမ်းချမ်း၍ တစ်ဦးနှင့်တစ်ဦး လိုက်လျော ညီထွေစွာ နေထိုင်ကြသည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်ရာ မြို့တစ်မြို့လည်း ဖြစ်သည်။
ဒူဘရော့နစ် (ခရိုအေးရှား)
ခရိုအေးရှား နိုင်ငံသည် အရှေ့ဥရောပ ဒေသတွင် အန္တရာယ်ရှိသော မြို့တစ်မြို့အဖြစ် ထင်မြင် ယူဆခဲ့ကြသော်လည်း အလွန်လုံခြုံစိတ်ချမှုရှိသော နိုင်ငံတစ်ခုဖြစ်ပြီး
၎င်း၏ပင်လယ် ကမ်းခြေနှင့် အပန်းဖြေ စခန်းများကြောင့် ဥရောပ၏ များပြားလှသော ကမ္ဘာလှည့် ခရီးသွားများ လာရောက် အပန်းဖြေရာနေရာတစ်ခု ဖြစ်နေသည်။
ဒူဘရော့နစ်မြို့သည် အလွန်လုံခြုံ စိတ်ချရသော မြို့ဖြစ်ပြီး ဥရောပတစ်ဝန်းမှ ရွက်လှေများဖြင့် လာရောက် လည်ပတ်ကြသော ပင်လယ်ကမ်းခြေနှင့် ပင်လယ်ဆိပ်ကမ်းမြို့ တစ်မြို့လည်း ဖြစ်သည်။ အဆိုပါမြို့၏ လုံခြုံမှုစံနှုန်းများမှာ ကမ္ဘာပေါ်၌ အကောင်းဆုံးထဲတွင်ပါဝင်သည်။
တိုကျို (ဂျပန်)
ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်သော တိုကျိုမြို့သည် အစိုးရ ရုံးစိုက်ရာနှင့် တော်ဝင်မိသားစု နေထိုင်ရာ ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားများ အများဆုံး လာရောက်
လည်ပတ်ရာ မြို့လည်းဖြစ်သည်။ တိုကျိုမြို့ကို ကမ္ဘာပေါ်တွင် လုံခြုံမှု အရှိဆုံးနှင့် အသန့်ရှင်းဆုံး မြို့တစ်မြို့အဖြစ် သတ်မှတ်ထားခြင်း ခံထားရသည်။
နိုင်ငံတကာမှ လာရောက်နေထိုင်၍ အလုပ်လုပ်ကိုင်သူ အများအပြားရှိသည်။
တိုကျိုမြို့ရှိ တက္ကစီယာဉ်မောင်းများမှာ ကမ္ဘာပေါ်တွင် ဖော်ရွေပျူငှာမှု အရှိဆုံးဟု လူသိ များသည်။





Myanmar Kyat Converter
0 comments:
Post a Comment