Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Friday, January 31, 2014

ကဗျာ

စိတ်မကောင်းမဖြစ်ပါနဲ့

ငါလိုချင်တာ

Photo: ငါလိုချင်တာ တစ်ကယ်တော့ နင့်ဂရုစိုက်မှု  ငါမသိချင်ယောင်ဆောင်နေတာ ငါ့နားက နင်လှမ်းခေါ်မှာကို မကြားချင်လို့ မဟုတ်ဘူး ။  ငါမင်းမရှိပဲနေတတ်ယောင်ဆောင်တာ မင်းမရှိပဲ နေနိုင်လို့ မဟုတ်ဘူး ။  င့ါခံစားချက်တွေကို မပြောပြဖြစ်တာ မင်းကိုမသိစေချင်လို့ မဟုတ်ဘူး ။  တစ်ကယ်တော့ ငါက အလိုက်တသိ မင်းခေါ်ဆိုမှုကို စောင့်နေလို့ အဆင်သင့်ဖြစ်အောင် အရာရာကို မမြင်ယောင်မသိယောင်ဆောင်ရင်း မျှော်နေတဲ့ ဖုန်းလေးတစ်လုံးလိုရယ်ပါ ။  တစ်ကယ်ဆို ငါလိုချင်တာ မင်းဂရုစိုက်မှု ။  နေကဗျာ
ငါမသိချင်ယောင်ဆောင်နေတာ
ငါ့နားက နင်လှမ်းခေါ်မှာကို မကြားချင်လို့ မဟုတ်ဘူး ။

ငါမင်းမရှိပဲနေတတ်ယောင်ဆောင်တာ
မင်းမရှိပဲ နေနိုင်လို့ မဟုတ်ဘူး ။

င့ါခံစားချက်တွေကို မပြောပြဖြစ်တာ
မင်းကိုမသိစေချင်လို့ မဟုတ်ဘူး ။

တစ်ကယ်တော့ ငါက
အလိုက်တသိ မင်းခေါ်ဆိုမှုကို
စောင့်နေလို့ အဆင်သင့်ဖြစ်အောင်
အရာရာကို မမြင်ယောင်မသိယောင်ဆောင်ရင်း
မျှော်နေတဲ့ ဖုန်းလေးတစ်လုံးလိုရယ်ပါ ။

တစ်ကယ်ဆို ငါလိုချင်တာ
မင်းဂရုစိုက်မှု ။
http://api.ning.com/files/XsdzssQIml0eAVy1bttOodUAoA--jWGvzVyHUkBiJSNK-tjflvX0p10YwYiAMiRO6XiBktimJliMj0RggJUDt4svg-Y*qKgq/530158_153178614822005_281763253_n.jpg

Thursday, January 30, 2014

မေတ္တာတရား





 

              မေတ္တာတရားဆိုတာ ထာဝရ အေးမြချမ်းမြေ့လှပါတယ်။ သူတံပါးအတွက် ကိုယ်ကပေးဆပ်လိုက်တဲ့ မေတ္တာတရားအတွက် တုန့်ပြန်မှု ပိုင်ဆိုင်မှု စတဲ့ ကိုယ့်အတွက် မျှော်လင့်ချက်တွေ ဘာမှမရှိပါဘူး။ မေတ္တာတရားဆိုတာ အ
ပေးသက်သက် သူတံပါးချမ်းမြေ့စေဖို့ ကိုယ်က တတ်နိုင်သလောက်ပေးဆပ်
လိုက်တဲ့ အရာမျိုးပါ။ ထို့အတူ မေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်လေ့လည်း
ရှိတယ်။

မေတ္တာတရားနဲ့ပတ်သက်လို့ ဓမ္မဗျူဟာစာစောင်ထဲက ဖတ်ဖူးတဲ့ အကြောင်း
အရာလေးကို ပြောပြချင်ပါတယ်။

တစ်ခါတုန်းက ရွာတစ်ရွာ မိခင်မုဆိုးမအိုကြီးကို ပြုစုလုပ်ကျွေးနေကြတဲ့ ညီ
အစ်ကိုနှစ်ယောက်ရှိတယ်။ တစ်နေ့တော့ မိခင်မုဆိုးမအိုကြီး အပြင်းအထန်
နာမကျန်းဖြစ်လို့ ဆေးဆရာခေါ်ပြတဲ့အခါ ဆေးဆရာက သူရဲ့ဆေးကို ယုန်
သားနဲ့ကျွေးမှ ရောဂါပျောက်မည်ဖြစ်ကြောင်း မှာခဲ့တယ်။

နောက်နေ့မနက်မှာ အစ်ကိုလုပ်သူက ညီဖြစ်သူကို ယုန်ရှာဖို့ တောထဲကို
လွတ်လိုက်တယ်။ တောထဲရောက်တဲ့အခါ ယုန်ဖမ်းဖို့ ပိုက်တွေကို ခြုံတွေ
မှာ လွမ်းထားပြီး ပိုက်ထဲကို ယုန်ဝင်အောင် တောခြောက်တော့တာပေါ့။
တောခြောက်သံကြောင့် ယုန်တွေထွက်ပြေးကြရင်း ယုန်တစ်ကောင်က
ပိုက်ထဲကို ၀င်သွားပါတော့တယ်။ ညီဖြစ်သူလည်း ၀မ်းသာအားရ ပိုက်ထဲ
က ယုန်လေးကို ဖမ်းတဲ့အခါ သေမယ့်လေးကြောင့် ကြောက်ပြီး တုန်နေ
တဲ့ ယုန်လေးကို တွေ့လိုက်ရတယ်။

ညီဖြစ်သူက သေဘေးကိုကြောက်ရွံ့ပြီး တုန်နေတဲ့ ယုန်လေးကိုကြည့်ရင်း

“ အော် သူမှာလည်း အသတ်နဲ့ပဲ သေမှာကြောက်ရှာမှာပဲလေ၊ ကိုယ့်မိဘ
အသက်ရှင်ဖို့ ကိုယ့်အတ္တတရားအတွက် သူတံပါးရဲ့အသတ်ကို သတ်ရမှာ
မတရားပါဘူးလေ ” ဆိုပြီး တွေးတောရင်း ယုန်လေးကို လွတ်လိုက်တယ်။

အိမ်ရောက်တော့ ယုန်ပါမတဲ့ ညီဖြစ်သူကို အစ်ကိုဖြစ်သူကမေးတော့ ...
အကြောင်းစုံကို ပြန်ပြောပြတဲ့အခါ အစ်ကိုဖြစ်သူက ဒေါသပုန်ထတော့တာ
ပေါ့။ ဒါပေမယ့် ဒီအကြောင်းကို သူတို့မိခင်မုဆိုးမအိုကြီးသိတဲ့အခါ အစ်ကို
ဖြစ်သူကို ညီလေးလုပ်တာ မှန်ကန်တဲ့ကြောင်းပြောရင်း သူသားလေးရဲ့လုပ်
ရပ်ကို ချီးကျူးရင်း စိတ်နှလုံးမှာချမ်းမြေ့ကြည်လင်ကာ ဖြစ်နေတဲ့ရောဂါဟာ
ချက်ခြင်းဆိုသလို အရှင်းပျောက်ကင်းသွားပါတော့တယ်။

မေတ္တာတရားတွေ အပြန်အလှန်ပေးဝေကြရင်း မေတ္တာရောင်ပြန်ဟပ်နိုင်ကြ
ပါစေ ...

မြ၀ဏိုးစံ(စာပေဥယျာဉ်)
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...