Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)
Thursday, June 6, 2013
"ချစ်သူပေးသွားသောအလွမ်းတေးသွားနေ့၊"
အခုလို........
ခရမ်းရောင်ဆေးစက်တို့
ခြယ်သထားတဲ့နေ့ရက်တွေ
တရက်ပြီးတရက်တိုင်အောင်
ကြာ................ခဲ့..............ပြီ။
လက်ဝဲဘက်ရင်အုံက
သွေးစက်တို့နဲ့
ဂီတာအိုတလက်မှာလည်း
မင်းနံမည်ကို
မြစ်တစင်းလို........
စီး
ခဲ့
တယ်။
ငယ်ငယ်က
မေမေတေးဆိုသိပ်ခဲ့တဲ့
ခြစားနေတဲ့ရာဇ၀င်အိုထဲက
ကိန္ဒရီကိန္ဒရာ.............ပုံရိပ်တွေ
တစ်ညတာဝေးရပေမဲ့
ရက်ပေါင်းခုနှစ်ရာ
ဆွေးရ၏...........................တဲ့
ကဲ..ခင်ဗျားတိုကရောဗျာ..
အဲဒီအချိန်က....
ကျွန်တော်ကမမြင်ဘူးလို့မူးမြစ်ထင်ခဲ့တယ်။
အခု...ငါ့လိုသာ
ဗလာသက်သက်နေ့ရက်တွေကို
ခဲခြစ်ကံစမ်းမဲတွေ
အမှတ်နဲ့
ပွေ့ဖက်ခဲ့ရရင်
သူတို့တွေဆို.........
သေ
လောက်
တယ်
ခံစားချက်ကိုအစာသွတ်
ရာသီဥတုအလွတ်တလုံးထဲထည့်
မီးပြင်းပြင်းတောင်မပေးနဲ့
ဒီအတိုင်းလေးပဲလွှတ်တင်လိုက်
တမိုးလုံးလည်းဝေမယ်...
တတောလုံးလည်းကြွေမယ်။
အလွမ်းတို့ဝေေ၀
မျက်ရည်တို့တငွေ့ငွေ့ကျ
ခြောက်ခြားဖွယ်ရာနေ့ညတွေက............ငါ့ကိုစား
ငါဟာ.........
မီးကိုမှတိုးချင်တဲ့
ပိုဖလံတကောင်ရဲ့ဘ၀ပဲ။
အဲဒီနေ့ရက်တွေမှာ...
ခရိုးခရိုင်လဖ္ဘက်ရည်ဆိုင်လေးကိုသွား
ရေနွေကြမ်းတခရားနဲ့
ငါ့ကိုငါပြန်မျှားခဲ့ရတယ်
စေတန်တို့ဝှက်ခဲ့တဲ့.........ည
ဗီးနပ်စ်ကိုအကျဉ်းကျစေတဲ့...........နေ့
အဲဒီ........ပူလောင်လွန်းလှတဲ့ရက်စွဲတွေကို
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတွေရွာမဲ့နေ့လို့
တသက်လုံးအမှတ်ရနေဖို့
ခဲခြစ်ရာတွေပေးထားခဲ့မယ်။
ဝဋ်ကြွေးရှိခဲ့လျှင်.............
(မြင်လိုက်မိတဲ့ အသံဟာ ဗလာဖြစ်နေတယ်)
ပြည်လမ်းပေါ် မှာ ခြေထောက်တွေပဲ့ကျ
လျှာပေါ်ကခုတ်မောင်းလိုက်တဲ့မသတီစရာအသံနဲ့ 
ပွဲစားခါးကြားက ဖုန်းသံဟာ အလန့် တကြား
ဒုက္ခကို အတိုးနဲ့ ချေးငှားမိသလို  ...
လူကြမ်းတွေလည်း ချွေးတွေရွှဲလို့  ။
ကဒ်
အ၀ါကဒ် ၊ အနီကဒ်
အ၀င်အထွက်ညက်မှ ဆိုတဲ့ ဘီယာခွက်တွေကြား
သွားကြားညက်သွားတဲ့ အဆိုတော်မလေး
လည်ပင်းမှာ တည်းခိုခန်းကြီးအစွပ်ခံလိုက်ရသလို ။
လည်ချောင်းထဲမှာ မျိုချလိုက်တဲ့ တံတွေးသံက
ပေါင်တံဖြူဖြူတွေကြားမှာ ကလူကျီစယ်ကြ
"တောက်" ခေါက်ပစ်လိုက်တဲ့ သံချေးတက်သံဟာ
ပြည်လမ်းပေါ်မှာ လျှံကျ
ညဟာ မိန်းမပျက်ချွတ်ချလိုက်တဲ့ နောက်ဆုံးအ၀တ်စလို ။
ကြားလိုက်မိတဲ့ အရသာက
ဘယ်သူနဲ့ မှဘာမှမဆိုင်လိုက်ဖူး
ခု ဆင်းစရာ အိမ်ကို လေဟာနယ်ထဲဆောက်ပစ်လိုက်တယ် ။   ။
 ရင်ခွင်ရှိန်း
လိပ်ပြာလေးတွေပျံဝဲနေတဲ့ ဥယျာဉ်ထဲ ကျနော်တစ်ယောက်တည်း ပိုက်ကွန်ကိုင်ထားခဲ့မိတယ်တဲ့။
ဆေးလိပ်ငွေ့တွေရှုရှိုက်မိပြီး အမြင်အာရုံလွဲမှားသွားတယ်လို့ မင်းလိမ်နိုင်ပါတယ်
အင်္ကျီပေါ်မှာထင်ကျန်နေတဲ့နှုတ်ခမ်းနီရာတို့ သေသွားပြီ ။
မင်းရယ် ... ငါရယ် လက်ကျန်အသက်ရယ်
အားလုံး သေသွားခဲ့ကြပြီ။
မင်းမငိုခင် ငါက သေသွားရမှာ ။
ကမ္ဘာ့စွမ်းအင်သုံးစွဲမှုပြဿနာ၊ နျူးကလီးယား သတင်း ၊ ခေါင်းကိုက်ပျောက်ဆေး
ဒါတွေကို စီးကရက်ဖင်စီခံတွေလို ငါတောက်ချထားခဲ့လိုက်ပြီ
လေးနှစ်လောက်ဂါနေတဲ့ ယောက်ျားတစ်ယောက်ရဲ့တပ်မက်မှုတွေက
ပွန်း ဆိုက်တွေဝင်ပြီး ကိုရီးယား နဲ့ထိုင်းမလေးတွေပုံရဲ့ Like ခလုတ်အပေါ်မှာကလဲ့စားချေပစ်တယ်။
မင်း ရင်သားကြားထဲ ထိုးထည့်သွားတဲ့စောက်ရေးမပါတဲ့ ငွေကြေးနဲ့ ကိုကင်းတွေကိုထားပြီး ပြန်လာခဲ့လိုက်တော့။
အသိဥာဏ်ကို ညာညာပြီး ကစားကြည့်မိတယ်။
သက်တူရွယ်တူတွေနဲ့ ငါ့ကိုနှိုင်းယှဉ်ပြီး ငါ့ကို ပစ်ချမထားခဲ့ကြပါနဲ့။
နေ့စဉ်ကြုံတွေ့နေရတဲ့ လူတွေရဲ့ မျက်လုံးစိမ်း တွေကို ငါ ခါးတယ်။ ငါ့ကို သနားပါ။
နာကျင်တဲ့စိတ်ဟာ အစောဆုံး ပန်းဝင်လာတယ်။
အနုပညာလည်း မလိုအပ်ဖူး။ လူတွေလည်း မလိုအပ်ဖူး။ ဆိုက်ကို ထိနေတဲ့ အခေါ်အပြောတွေကိုလည်း မလိုအပ်ဖူး။
Ring Tone မြည်သံကို ဗုံးတစ်လုံး ပေါက်ကွဲခါနီးအချိန်လို အရသာခံကြည့်မိတဲ့စိတ္တဇ ။
လူတွေဟာဖောက်ပြန်နေကြတယ်။ နည်းပညာတွေ သုံးတော့ ဖောက်ပြန်မှုတွေဟာ ပိုချိုမြိန်လှပလာကြတယ်။
တဆစ်ဆစ်ကိုက်ခဲနေတဲ့ အပေါ်ယံလူမှုရေးအပြုံးတွေ ။
လူတွေကို ဒုက္ခအများကြီးပေးပြီးမှ သေသွားတဲ့လူတစ်ယောက်ဖြစ်ချင်တဲ့ အစွန်းရောက်စိတ်။
ခု ဆို တာလီဘန်တွေကို မမုန်းတော့ဘူး။ အသေခံဗုံးတွေ ပိုက်လွယ်ပြီး လူအုပ်ထဲပြေးဝင်ခဲ့ရတဲ့ လူတွေကို မမုန်းတော့ဘူး။
အပြစ်မဲ့သူတွေ ဆိုတဲ့ စကားလုံးကို သံသယ စိတ်နဲ့ဖတ်မိတတ်လာ။
ငါ့ကို နှိမ်ဆဲကြတော့မှာ ။ အခွင့်အရေးကို ချောင်းမြောင်းနေတဲ့ ကျည်ဆံတွေနဲ့ တရစပ် ပစ်ခတ်ကြတော့မှာ။
ရေများရာ မိုးရွာ IDEOLOGY  နဲ့ ခင်ဗျားတို့ Society ဟာ မသမာကောင်။ မုဒိန်းကောင်။
ကျော့ကွင်းထဲ ချပေးထားတဲ့ မေတ္တာတရားနဲ့ ခင်ဗျားတို့ဟာ လူအုပ်နဲ့လုပ်ကြံသူတွေ။
ငါ့ ကိုယ် ငါ ကြောက်ရွံ့လာတယ်။ ငါဟာ အသေလေး အဖြစ် မွေးခဲ့ရင် သိပ်ကောင်းမှာ။
ငါ့တစ်ယောက်တည်းနေထိုင်မှုကို ဘယ်သူက မီးခိုးဗုံးပစ်ထည့်ပြီး အတင်းဝင် ထိုးစစ်ဆင်သလဲ။
လူတွေရဲ့ စိတ်ဝင်စားမှုကို မျှားယူတဲ့ ဇာတ်လမ်းတွဲတွေကို မုန်းတယ်။
အသက်ရှင်ဖို့သက်သက် စားသုံးနေရတဲ့ အစားအစာတွေဟာ ငါ့ လျှာကို rape လုပ်။
အမြင်သက်သက်နဲ့ မမှီမကမ်းလှမ်းဆွဲလိုက်မိတဲ့ အချစ်ဆိုတာလည်း
ဓါးတစ်ချောင်း အဖြစ် ငါ့လက်ချောင်းတွေကို ထိုးစိုက်ချပစ်လိုက်တော့တာပဲ။
ဒါကို ခင်ဗျားတို့က အသဲကွဲပြီး ရမ်းကားနေတဲ့ လူငယ်လို့နာမည်ပေးလိုက်ကြတယ်။
ကျေးဇူးတင်တယ်။
ရင်ခွင်ရှိန်း
Tuesday, June 4, 2013
'တကယ်ဆိုရင်....လေ"
၁။ ချစ်သူတွေဖြစ်ခဲ့တာ မမှားပါဘူး
နားလည်မှု့မရှိတာက မှားတာပါ..
၂။ သ၀န်တိုခဲ့တာတွေ မမှားဘူး
သံသယ တွေ ၀င်ခဲ့တာ မှားတာပါ..
၃။ ကျီစယ်ခဲ့တာတွေ မမှားဘူး
ပျက်ရယ်ပြုခဲ့တာတွေ မှားတာပါ..
၎။ စိတ်ကောက်ခဲ့တာတွေ မမှားပါဘူး
ပြန်မချော့နိုင်တဲ့ မာနတွေက မှားတာပါ..။
၅။ ပိတ်ပင်တားမြစ်တာက မမှားပါဘူး
ချုပ်ခြယ်ချည်နှောင်ထားတာက မှားတာပါ...။
၆။ အနေမနီးခြင်းက မမှားပါဘူး
နွေးထွေးမှု့ မရှိခြင်းက မှားတာပါ..။
၇။ အရမ်းချစ်ပြခဲ့တာက မမှားပါဘူး
တယောက်ထဲ အတွေးချော်တာက မှားတာပါ...
၈။ တစိမ်းတွေ ၀င်စွက်ဖက်တာ မမှားပါဘူး..
တစိမ်းစကားတွေ နားယောင်တာက မှားတာပါ...။
၉။ အတိတ်ကို ဂရုမစိုက်တာ မမှားပါဘူး
အနာဂတ်အတွက် ရည်ရွယ်ချက်မဲ့တာ မှားတာပါ..။
၁၀။ တခါတခါ ချစ်သူကိုဦးစားမပေးနိုင်တာ မမှားပါဘူး
Ye Tay Za Kyaw
Monday, June 3, 2013
"တလမ်းသွားလေးပါ"
ငါ့အချစ်က....အလျှားနဲ့အနံသာရှိတဲ့
တစ်လမ်းသွားလေးပါ....။
ရေမရှိတဲ့ အိုင်မှာ
ငါးမျှားနေမိတဲ့ ငါ့ဘ၀....
နေမြင့်လေ အရူးရင့်လေရောဂါ
စွံ့အခဲ့တဲ့နေ့တွေကို...
သက်ပြင်းတရှိုက်နဲ့အတူ
မှုတ်ထုတ်လိုက်တော့
ရင်ထဲမှာသိုဝှက်ထားတဲ့
မီးတောက်လည်းရင့်မှည့်လာတယ်...
.လူတွေကပြောကြတယ်
သွားစမိတဲ့ အချစ်က
"မီးထက်မက" တဲ့
ဖိုးသူတော်လည်းတောင်ဝှေးမကယ်နိုင်
အခုတော့လည်း ဂီတာတီးတတ်စငါ
ကိုယ့်အလွမ်းနဲ့ကိုပဲ
ဖြေသိမ့်နေရတော့တယ်ကွယ်.....။
ရဲတေဇကျော်..(ကာရံငယ်)
Sunday, June 2, 2013
တွဲဖက်မစားသင့်သော အစားအစာများ
မယုံကြည်က လက်တွေ့ စမ်းသပ်နိုင်ပါတယ်။
 ကကတစ် နှင့် ကြာဟင်းရွက် (သေ)
    ထုံး၊ ဥသျှစ်သီး နှင့် ပျားရည် (သေ)
    သပြေသီး နှင့် ထန်းလျက် (သေ)
    နလင်ကျော် နှင့် ထန်းလျက် (သေ)
    ဆိုဒါ နှင့် ၉ ပါးဆေး (သေ)
    ဘာမီတွန် နှင့် တစ်ဖီ (အစိမ်းကဒ်) (သေ)
    ပီလောပီနံဥ နှင့် ပဲကြားလှော် (သေ)
    ပီလောပီနံဥ နှင့် မျှစ်ချဉ် (သေ)
    ဂျယ်လီ နှင့် ကော်ဖီမစ် (သေ)
    ပီလောပီနံဥ နှင့် ဒေါင်းသား (သေ)
    ရေခဲမုန့် နှင့် ချင်းသုတ် (သေ)
    ရေငန်သီး နှင့် ကောက်ညှင်း (သေ)
    ချောကလက် နှင့် စောင်းလျားသီး (သေ)
    ကျွဲခေါင်းသီး နှင့် လက်ဖက် (သေ)
    ဒူးရင်းသီး နှင့် ရှိန်းခို (သေ)
    သကြား နှင့် မင်းကွတ်သီးအစေး (သေ)
    နို့အေးချောင်း နှင့် ပွေးသား (သေ)
    သေရည်အရက် နှင့် ဥာဏ်ရွက် (သေ)
    သေရည်အရက် နှင့် အေပီစီဆေးပြား (သေ)
    အာတာလွတ် နှင့် ဂွေးသီး (သေ)
    ကျွဲသား နှင့် ဆိတ်သား (သေ)
    ဖရုံသီး နှင့် ခိုသား (သေ)
    ပုဇွန်ချဉ် နှင့် ကိုင်းဥ (သေ)
    အမဲသား နှင့် ခရု (သေ)
    အမဲသား နှင့် စောင်းလျားသီး (သေ)
    မိုင်လို နှင့် ပဲမြစ် (သေ)
    ကြာရိုး၊ ကြာစွယ် နှင့် ကျွဲသား (သေ)
    ကြာစွယ် နှင့် ၀က်သား (သေ)
    ခိုသား နှင့် ချင်းစိမ်း (သေ)
    ခရမ်းပိန်း နှင့် နို့ရည် (သေ)
    ငရုတ်သီး နှင့် ခံသီး (သေ)
    စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး (သေ)
    ပဲဒလက် နှင့် ဆိတ်သား (သေ)
    ငါးအမျိုးမျိုး နှင့် ကြံ့သား (သေ)
    စိန် ၊ ဘတ်စပရို နှင့် သံပရာသီး (သေ)
    အင်းပူ နှင့် ကြက်သား (သေ)
    ဘူးသီး နှင့် ကျေးသား (သေ)
    ငါးရံ့သား နှင့် ပွေးသား (သေ)
    ဖောင်စီးကဏန်း နှင့် မှို (သေ)
    ထန်းလျက် နှင့် ဘာမီတွန် (သေ)
    နို့ဆီ နှင့် ၂၇ ပါးဆေး (သေ)
    မျှစ် နှင့် အင်ဥ (သေ)
    တမာရွက် နှင့် ကြက်ဥ (တက်)
    ခံသီး နှင့် ကြက်ဥ (တက်)
    ငါးသေတ္တာ နှင့် ထိကရုံး (မူးဝေ)
    ကိုကိုး နှင့် ပဲမြစ် (မူးဝေ)
    ဆူးပုပ်ရွက် နှင့် ဆိတ်နို့၊ ဆိတ်သား (မူးဝေ)
    ပဲမုန့် နှင့် မုန်လာမြစ် (မူးဝေ)
    တစောင်းဆူး နှင့် မျှစ် (ရင်ပူ)
    ခိုသား နှင့် ငုံးသား (ရင်ပူ)
    နို့အေးချောင်း နှင့် သခွားသီး (ရင်ကြပ်)
    နို့အေးချောင်း နှင့် စိမ်းစားဥ (ရင်ကြပ်)
    သမင်သား နှင့် ၀ါဆီ (ရင်ကြပ်)
    ဖရဲသီး နှင့် ဘဲဥ (အော့အန်)
    အင်သမင်နွယ် နှင့် ပျားရည် (အော့အန်)
    ရှားစောင်း နှင့် ပျားရည် (အော့အန်)
    ပတဲကော နှင့် သံပရာသီး (အော့အန်)
    လက်ဖက်သုတ် နှင့် မဲဇလီဖူးရွက် (အော့အန်)
    သရက်သီး နှင့် ကတိုး (အော့အန်)
    ကြက်ဟင်းခါးသီး နှင့် ကြက်သား (အော့အန်)
    လက်ပံပွင့် နှင့် မြင်းသား (အော့အန်)
    စိမ်းစားဥ နှင့် ချိုချဉ် (အော့အန်)
    ပဲငပိ နှင့် ချိုချဉ် (အော့အန်)
    ထန်းရည်၊ ထန်းသီး နှင့် ငှက်ပျောသီး (အော့အန်)
    ရှောက်သီး နှင့် နို့ရည် (အော့အန်)
    ပိန္န္နဲသီး နှင့် ပျားရည် (အော့အန်)
    အုန်းသီး နှင့် ပျားရည် (အော့အန်)
    စိမ်းစားဥ နှင့် ရှောက်သီး (အော့အန်)
    စိမ်းစားဥ နှင့် ခိုသား (အော့အန်)
    စားတော်ပဲ နှင့် ဆီးသီး (အော့အန်)
    သစ်ကြာသီး နှင့် မြေဇာဥ (အော့အန်)
    စောင်းလျားသီး နှင့် ရှောက်သီး (၀မ်းလျှော)
    စောင်းလျားသီး နှင့် ခိုသား (၀မ်းလျှော)
    ကြောင်လျှာသီး နှင့် ထန်းလျက်ချို (၀မ်းလျှော)
    ကြောင်လျှာသီး နှင့် ငါးသေတ္တ္တာ (အကြောတက်)
    ကြက်ဟင်းခါးသီး နှင့် မှို (အကြောတက်)
    ကင်းပုံရွက် နှင့် နှမ်း (အကြောတက်)
    ယုန်သား နှင့် မှို (အကြောတက်)
    ဖားသား နှင့် မှို (အကြောတက်)
    လယ်ကဏန်း နှင့် မှို (အကြောတက်)
    ချောကလက် နှင့် မြေပဲ (တောက်)
          1. ကျွဲကောသီး + သံပရာသီး = သေပါသည်။
          2. ဒူးရင်းသီး + ဒညင်းသီး = အော့အန်၊ သေ တတ်ပါသည်။
          3. စောင်းလျားသီး + ချေကလက် = သေပါသည်။
          4. အုန်းသီး + ပျားရည် = သေပါသည်။
          5. ခရု + အမဲသား = သေပါသည်။
          6. ရေခဲမုန့် +ချင်းသုပ် = သေပါသည်။
          7. ငါးသေတ္တာ + ကြောင်လျှာသီး = သေပါသည်။
          8. ငှက်ပျောသီး + ထန်းသီး = သေပါသည်။
          9. တမာရွက် + ကြက်ဥ = အကြောတက်ပါသည်။
         10. သခွားသီး + ရေခဲချောင်း = ရင်ကျပ်ပါသည်။
         11. မင်းဂွတ်သီး + သကြား = သေပါသည်။
         12. ကြာစွယ် + ၀က်သား = သေပါသည်။
         13. ဘူးသီး + ကျေးသား =သေပါသည်။
         14. ကြက်သား + ကြက်ဟင်းခါးသီး = အော့အန်ပါသည်။
         15. ခိုသား + ချင်း = သေပါသည်။
         16. လယ်ဂဏန်း + မှို = သေပါသည်။
         17. ဖရုံသီး + ခိုသား = သေပါသည်။
         18. ကျွဲခေါင်းသီး + လက်ဖက် = သေပါသည်။
         19. ဖရဲသီး + ဘဲဥ = သေပါသည်။
         20. ဂွေးသီး + ရေခဲချောင်း = သေပါသည်။
         21. ဖားသား + မှို = သေပါသည်။
         22. ချောကလက် + ပဲမြစ် = သေပါသည်။
         23. စိမ်းစာဥ + ရေခဲချောင်း = ရင်ကြပ်ပါသည်။
         24. မျှစ်ချဉ် + ပီလောပီနံဥ = သေပါသည်။
         25. ရှောက်သီး + နွားနို့ = သေပါသည်။
         26. ပျားရည် + သြဇာသီး = သေပါသည်။
         27. ဇီးသီး + စားတော်ပဲ = ၀မ်းလျောပါသည်။
         28. ၀က်သား + ထန်းရည် = သေပါသည်။
         29. ဂွေးသီး + အာဒါလွတ် = သေပါသည်။
         30. အာလူး + ကြက်ဟင်းခါးသီး = အကြောတက်၊ သေပါသည်။
         31. ကြက်သား + ကြောင်လျှာသီး = အကြောတက်ပါသည်။
         32. သပြေသီး + ထန်းလျက် = သေပါသည်။
    ၁။ ကကတစ်ငါးနှင့် ကြာဟင်း
    ၂.ဂင်ပိတ်ရွက်နှင့် နှမ်းဆီ ၊ နှမ်းဖတ်ချဉ်
    ၃.ဂင်ပိတ်ရွက်နှင့် ပျားရည်
    ၄.ဂင်ပိတ်ရွက်နှင့် ဥသျှစ်သီး
    ၅. ကတိုးနှင့် သရက်သီး
    ၆.ကန်စွန်းဖြစ်နှင့် နှမ်းမှုန့်
    ၇.ကန့်ချူပ်နီနှင့် သေရည်
    ၈.ကျေးသားနှင့် ကြက်ဆူဆီ
    ၉.ကုန်းငှက်သားနှင့် ကြက်ဆူဆီ
    ၁၀.ကုလားပဲနှင့် နွားနို့
    ၁၁.ကုလားပဲနှင့် နို့ချဉ်၊ နို့ရည်။
    ၁၂.ကိုင်းဥနှင့် ပုဇွန်ချဉ်
    ၁၃.ကောက်ညှင်းနှင့် ရေငန်းသီး
    ၁၄.ကျေးသားနှင့် ဗူးသီး
    ၁၅.ကျောက်ဖရုံနှင့် အိုးမဲ
    ၁၆.ကျွဲခေါင်းသီးနှင့် အချဉ်မျိုး
    ၁၇.ကျွဲနို့နှင့် ကြာစွယ်
    ၁၈. ကျွဲနို့နှင့် ဖရုံသီး
    ၁၉.ကျွဲသားနှင့်ကြာဥ
    ၂၀.ကျွဲသားနှင့်ဆိတ်သား
     ၂၁.ကြက်ဆူဆီနှင့် ခါသား
    ၂၂.ကြက်ဆူဆီနှင့်ငှက်သား
    ၂၃.ကြက်ဆူဆီနှင့်ဖွတ်သား
    ၂၄.ကြက်ဆူဆီနှင့်ဒေါင်းသား
    ၂၅.ကြက်ဆူဆီနှင့်ဥမျိုးစုံ
    ၂၆.ကြက်သားနှင့် နို့ချဉ်အမျိုးမျိုး
    ၂၇.ကြက်သားနှင့်အင်ဖူး
    ၂၈.ကြက်သွန်ဖြူနှင့်နို့ရည်၊ ပျားရည်
    ၂၉.ကြက်ဟင်းခါးသီးနှင့် မှို
    ၃၀.ကြက်ဥနှင့်ခံသီး
    ၃၁.ကြာစွယ်နှင့် ၀က်သား
    ၃၂.ကြေးခွက်နှင့် အချဉ်သီး
    ၃၃.ကြောင်လျာသီးနှင့် ငါးသေတာ
    ၃၄.ကြောင်လျှာသီးနှင့် စပါးကြီးမြွေသား
    ၃၅.ကြံတင်လဲ နှင့် နှမ်းမုံ့ဆုပ်
    ၃၆.ကြံ့သားနှင့်ငါး
    ၃၇.ကြက်ဥနှင့်ပုဇွန်ချဉ်
    ၃၈.ကျွဲခေါင်းသီးနှင့်လဘက်
    ၃၉.ကြက်ဥနှင့်အမ်ပီဆေးပြား
    ၄၀.ကြက်ဟင်းခါးသီးနှင့် အာလူး
    ၄၁.ကလောဥနှင့် ဒန့်သလွန်
    ၄၂.ကလောဥနှင့် ဇီးဖြူသီး ၊ လက်လုပ်ချဉ်များ
    ၄၃.ခရမ်းပိန်သီးနှင့် နို့ရည်
    ၄၄.ခရုနှင့် အမဲသား
    ၄၅.ခိုသားနှင့် ဂျင်းစိမ်း
    ၄၆.ခိုသားနှင့် ဇောင်းလျားသီး
    ၄၇.ခိုသားနှင့် ခြေလေးချောင်းသား
    ၄၈.ခိုသားနှင့် မုံညင်းဆီ
    ၄၉. ခိုသားနှင့်ရှောက်သီး
    ၅၀.ခိုသားနှင့်သင်္ဘောပွင့်
    ၅၁.ခံသီးနှင့်ငြုတ်ရည်
    ၅၂.ခံသီးနှင့် ငြုတ်ကောင်း
    ၅၃.ဂျင်းနှင့် သဘောင်္ပွင့်
    ၅၄.ဂျင်းနှင့် သင်္ဘောသီး
    ၅၅.ခြင်ဆီနှင့် ထောပတ်
    ၅၆.ချိုချည်သကြားလုံးနှင့် စိမ်းစားဥ
    ၅၇.ချီးသီးနှင့် နို့ရည်
    ၅၈.ချောကလက်နှင့်ဇောင်းလျားပဲမြစ်
    ၅၉.ခြေလေးချောင်းမျိုးနှင့် ခရုသား
    ၆၀.ချိုချဉ်နှင့် ပဲငါးပိ
မိန်းကလေးရင်ထဲကစကား...။
(၁) ယောက်ျားအကြောင်းကို နားလည်သလို နားမလည်သလိုနဲ့ မိန်းမတစ်ယောက်ဟာ နောက်ဆုံးမှာ အဲဒီယောက်ျားရဲ့ဇနီးမယားဖြစ်သွားတယ်။
ယောက်ျားအကြောင်း လုံးဝနားလည်သူဟာ နောက်ဆုံးမှာ အပျိုကြီးဖြစ်သွားတယ်။
(၂) မိန်းမတစ်ယောက်ရဲ့တစ်သက်မှာ ယောက်ျားနှစ်ယောက်ရှိတယ်။
တစ်ယောက်က အမှတ်တရထဲမှာ၊ နောက်တစ်ယောက်က တစ်သက်လုံးအနားမှာ
(၃) ယောက်ျား
သင့်ရဲ့ငွေကြေး၊ သင့်ရဲ့ရုပ်ရည်၊ သင့်ရဲ့အတတ်ပညာ၊ သင့်ရဲ့ဟာသဉာဏ်
ဘယ်အရာကမှ သင့်ရဲ့သစ္စာစောင့်သိတာလောက် အရေးမကြီးဘူး။
(၄) မိန်းမ
သင့်ရဲ့အလှ၊ သင့်ရဲ့စိတ်နေစိတ်ထား၊ သင့်ရဲ့ဂုဏ်ယူစရာတွေကို ထိုက်တန်တဲ့သူတစ်ယောက်အတွက် ချန်ထားပေးပါ။
(၅) လောကမှာ အလွယ်တကူ ယုံလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့ဆင်ခြေဖြစ်တယ်။
လောကမှာ အဖိုးတန်ဆုံးအရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့နှလုံးသားဖြစ်တယ်။
(၆) ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့လူဖြစ်ဖြစ် လမ်းခွဲလိုက်ပြီဆိုတာနဲ့ တဖြေးဖြေး စိမ်းစိမ်းသွားတော့တယ်။
(၇) အချစ်မှာ လူကိုအနာကျင်စေဆုံးက "အမှတ်တရ"ဖြစ်တယ်။
တကယ်လို့ အမှတ်တရတွေသာ မရှိခဲ့ရင် ဒီလောက်နာကျင်လိမ့်မှာ မဟုတ်ဘူး။
(၈)လမ်းခွဲလိုက်ပြီဆိုတာနဲ့ သူ့ဘဝကို သွားမနှောင့်ယှက်နဲ့တော့... ပြန်လည်တွေ့ဆုံခဲ့ရင်လည်း အမုန်းရန်ငြိုးမထားနဲ့..... ခေါင်းတစ်ချက်ညိတ် ပြုံးပြလိုက်ပါ။
(၉) မိန်းကလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ ချောခဲ့ချောခဲ့၊ ဘယ်လိုပဲ မာနာကြီးခဲ့ကြီးခဲ့ နောက်ဆုံးမှာ ယောက်ျားတစ်ယောက်အတွက် ဖြစ်သွားတယ်။
ယောက်ျားလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ လွတ်လပ်ခဲ့လွတ်လပ်ခဲ့၊ ဘယ်လောက်ပဲ ထကြွခဲ့ထကြွခဲ့ နောက်ဆုံးမှာ မိန်းမတစ်ယောက်အတွက် ရုန်းကန်ရတော့တယ်။
(၁ဝ) မိန်းကလေးများ တစ်ခုခု စိတ်ကြိုက်ဖြည့်စွက်ပါ...
အင်တာနက်ပေါ် ရှာဖွေဘာသာပြန်သည်။
သစ်ယာအိုက်ထံမှ(ရဲတေဇကျော်)
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips
ကျွန်တော့်ကိုဆက်သွယ်ရန်
Name
Email *
Message *
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)
လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။
HTML Comment Box is loading comments...