မနှစ်မေတ္တာချစ်မပါပဲ
ပန်းရောင်းနှလုံး ဟန်ဆောင်ဖုန်းလျှက်
ရင်ဝယ်မသီး......ခါခါငြီးပြီး
မိုးစက်ဝဠာ....၀တ်ရုံလွှာသည်
ရှောင်ခွာပြေး၍....
ဝဿန်မိုးတိုသည်းခဲ့ ပြီ........။
မိုးတွေအုံတိုင်း
အလွမ်းတွေဆိုင်း......
ရင်ခွင်ထဲမှာမှောင်မိုက်နေပြီး...
မိုးသည်းညနေမျှော်ကြည့်မိသည်
လမ်းပြကြယ်စင်သူမပေါ်ပါ
နေရောင်လေးလဲပျောက်လုပြီ
လမင်းကြီးကစာပို့လိုက်တယ်
"မိုးသည်းညအခါ...သူမလာပါ"
ဝဿန်ရောက်တိုင်း ....လွမ်းနေရသည်
မိုးနဲ့အတူ....မျက်ရည်ပူတို့
တွဲကနေသည့်....ကာလထိုထို
ရက်များစွာကို
...၊အလွမ်းသံစဉ်သူမပါပဲ
ကဗျာတစ်ပုဒ်ဖြင့် ဖြတ်ကျော်ချင်မိ
သြော်...............၀ဿန်ရယ်....
ရင်ခွင်ထဲမှာ ရွာပစ်စမ်းပါ
ကျေနပ်လျှင်အလွမ်းတွေယူ
နင်ထွက်သွားပါ
နောက်တစ်ခါငါ့ဆီ
ပြန်မလာပါနှင့်......
လွမ်းရတာကိုကြောက်လို့ပါ....။
ရဲတေဇကျော်(ကာရံငယ်)
http://myanmarfriendnow.blogspot.com/
http://yetayzakyaw528.blogspot.com/
—
သွားပြီအချစ်ရေ...
အမုန်းတွေလည်းမရှိတော့
အချစ်တွေလည်းမသယ်သွားတော့
သံယောဇဉ်တွေလည်းဖြတ်ခဲ့ပါပြီ....။
တစ်ခါတစ်ခါ ဘ၀ဆိုတာ
ချိုသလားခါးသလားတွေးခဲ့တာတွေလည်း
အကျိုးမရှိတာ ကိုယ်သိခဲ့ပြီ။
သွားတော့ပါမယ်အချစ်ရယ်
မီးတောက်တွေက ကိုယ့်ကို ၀ါးမျို
ပြာတွေအဖြစ် ကိုယ် ပျံ့ကြဲလိုက်တော့မယ်။
မျက်ရည်စိုနဲ့ ငိုကြွေးခြင်းလား၊
အသစ်တစ်ဖန် ရယ်မောနိုင်ခြင်းလား..
မသိနိုင်တော့တာကို
မှန်းမကြည့်
ကိုယ်သွားပါတော့မယ်။
ကျေးငှက်ငယ်ရဲ့တေးဆိုသံလား
သစ်ရွက်တွေများ ယိမ်းကနေသလား...
ကိုယ့်ရှေ့မှာတော့
အလျှံညီးညီး မီး
တဟဲဟဲနဲ့အော်မြည်
ယိမ်းကနေလိုက်တာများလေ....။
ဒါဟာ နောက်ဆုံးဘ၀တော့ ဟုတ်ဟန်မတူ
ကိုယ်ဘ၀ကူးရဦးမယ်။
နောက်ဘ၀နောက်ခန္ဒာမှာ
မင်းကို ကိုယ်မသိ
ကိုယ့်ကိုမင်းမသိ
တကွေ့ကွေ့မှာ တွေ့ကြပါဦးမလား...။
ကိုယ့်ကို လွမ်းပြီးမကျန်ရစ်နဲ့
သံယောဇဉ်တွေနဲ့မချည်နှောင်နဲ့
အဓိပါယ်ရှိတဲ့ဘဝ
သေခြင်းတရားအတွက် ပြင်ဆင်ပါဦး။
ဒါဟာ ကိုယ့်အတွက် နောက်ဆုံးကဗျာ
မင်းအတွက်တော့ တသသ
လွမ်းရဦးမယ့်ကဗျာ...။
သူငယ်ချင်းရယ်
နားလည်မှု၊အေးချမ်းမှုတွေနဲ့
ဖွဲ့သီခဲ့တဲ့ခင်မင်မှုလေးဟာ
သံယောဇဉ်လေးတစ်ခုပေါက်ဖွားလာခဲ့ပြီ
နာကျင်ခြင်းပူလောင်ခြင်းတွေ
ကင်းဝေးတဲ့ သံယောဇဉ်လေးဟာ
တို့တစ်တွေကြားမှာရှင်သန်နေခဲ့ပြီနော်
စာနာမှု နားလည်မှုတွေနဲ့
အုတ်မြစ်ချတည်ဆောက်ခဲ့တဲ့
သံယောဉ်ဇဉ်အဆောက်အအုံလေးဟာ
တို့တွေရဲ့ နှလုံးသားမှာ
ထာဝရတည်ရှိနေမယ့်
ပြတိုက်ကလေးပါကွယ်။
အဖြူရောင်သူငယ်ချင်းဆိုတာ
သဘာဝတရားကိုနောက်မှာထား
ခံစားမှုကိုရှေ့တန်းတင်
ခင်မင်မှုသံယောဉ်နဲ့လျှောက်လှမ်းကြသူတွေပါ
သူငယ်ချင်းဆိုတာ....
အတ္တတွေကိုအကျဉ်းချ
ဒုက္ခတွေကိုယှဉ်တွဲရင်ဆိုင်ရင်း
နောင်နှစ်ပေါင်းများစွာထိတိုင်အောင်
မမေ့ရက်နိုင်သူတွေပါ။
ဒါပေမယ့်ကံတရားတွေကြောင့်
တို့တွေခွဲခွာခဲ့ ရရင်တောင်
ခွဲခွာခြင်းအတွက်
အပြုံးလေးနဲ့နူတ်ဆက်ရပေမယ့်
ရင်ထဲမှာငိုကြွေးခြင်းတွေနဲ့
ရေရွတ်နေမိတယ်
သူငယ်ချင်းရေ .....
နင်ဟာငါ့အတွက်တော့
ဘယ်တော့မှ မမေ့နိုင်တဲ့
အဖြူရောင်သူငယ်ချင်းလေးပါပဲကွယ်´
ကာရံငယ် **
အဆိပ်အတောက် ရှိသော မစားကောင်းသည့် မှို
အဆိပ်အတောက် ရှိသော မစားကောင်းသည့် မှို များတွင် အောက်ပါ အမှတ် လက္ခ ဏာ များ ပါရှိမည် ဖြစ်သည်။ တယ် ရင်း တို့ ဗဟုသုတ ရအောင်
၁။ မှိုကို ချိုး ၍ လျှာ ဖြင့် တို့ ကြည့် ပါက အလွန်ပူပြီး ငရဲ မီးနံ့  ထွက် နေလျှင် မစားသင့် ပါ။
၂။ မှိုကို ချိုးလိုက်ပါက အလွန်ဖြူ ၍ ပျစ်သော နွားနို့ နှင့် တူသော အစေးများ ထွက်လာလျှင် မစားသင့် ပါ။
၃။ မှိုပေါ်တွင် ဆားအနည်း ငယ် ဖြူး ကြည့် ခြင်း၊ ဆားရည်တွင် စိမ်ကြည့် ခြင်း ဖြင့် ညို ၊ ပြာ၊ နက် အရောင်များ ဖြစ်ခဲ့ သော် ထို မှို ကို မစားသင့် ပါ။
၎။မှို၏ အရိုးတံကို ခြေ ကြည့် ခြင်း ဖြင့် ကြွေမွ သွားသော် ထိုမှိုကို မစားသင့်ပါ။
... ၅။ မှိုတစ်ပွင့်လုံး ကို လက်နှင်ပ ခြေ ကြည့် ခြင်းဖြင့် အနီရောင် အရည်များ ထွက်လာသော် မစားသင့်ပါ။
၆။မှို၏ အရိုးကို ဓါးနှင့်ဖြတ် ကြည့်ပြီး ဖြတ်စသည် ညို၊ ပြာ၊ သွားသော် မစားသင့်ပါ။
၇။ အ၀ါရောင် ၊ အနီရောင် ၊ အပြာရောင် စသည့် တောက်ပြောင် ထင်ရှားသော အရောင်များ ရှိသည့် မှိုကို မစားသင့်ပါ။
၈။ မှို မျိုး မှုန် (Sponre) အစိမ်းရောင် သန်းနေလျှင် ထိုမှိုကို မစားသင့်ပါ။
၉။ ပန်းရောင်ရှိသော စပိုး (Spore ) ပါရှိသည့် မှိုကို မစားသင့်ပါ။
၁၀။ မှို ခြေ ကျင်း နှင့် မှို ခွက် နှစ်ခု စလုံး ပါပြီး အဖြူရောင် ပါးဟက်မျိုး ပါတတ်သည့် မှို မျိုး ကို မစားသင့်ပါ။
၁၁။ ပိုးမွှား ကျရောက်၍ သွန်နေသော မှိုမျိုး ကိုလည်း မစားသင့်ပါ။
၁၂။ သဲမြေ တွင် သိပ်မ၀င်သော (သို့ ) မြေ မျက်နှာ ပြင်ပေါ်တွင် ရှိသော အပွင့် သေးသည့် မှို များကို မစားသင့်ပါ။
၁၃။ လွန်စွာ လင်းရိပ်ကျပြီး မည်းမှောင်သော နေရာတွင် ပေါက်သည့် မှို များကို မစားသင့်ပါ။
၁၄။ အရွယ်မရောက်သေးသည့် မှိုလုံး ကလေး များသည် မှိုအင်္ဂါ ရပ်များကို အပြည့်အစုံ မဖော်ပြ သေးသဖြင့် စားသင့်၊ မစားသင့် ကို ခွဲ ခြား ရန် ခက်သဖြင့် ဤ မှို ကို မစားသင့်ပါ။
၁၅။ အချို့  သော မှို များသည် တစ်ဦးကို အဆိပ်မဖြစ် စေတတ်သော် လည်း အခြား တစ်ဦး ကိုမှု အဆိပ် ဖြစ်စေ တတ်သဖြင့် စားနေကျ မှို မျိုး မဟုတ်လျှင် လုံးဝ မစား ခြင်း သည် အကောင်းဆုံး ဖြစ်သည်။
အဆန်းတကျယ်.....အားကျဖွယ်ရာများ
လက်သီးထိုးခန်းဟာ....နောက်ခံတေးနဲ့
ဇာတ်လိုက်ဆိုတော့ ပစ်တိုင်းထိတယ်....
ဒုက္ခဟာ..............
စိတ်အာဟာရဖြည့် ရှုခင်းတကွက်...။
ဇာတ်သိမ်းခန်းဟာ
မြက်ခင်းစိမ်းနဲ့ ဂီတ နဲ့ 
ချစ်သူလေး နဲ့  ပန်းပွင့် နဲ့
ကြယ်ရောင်ပျောက်တဲ့.....ညတည၀ယ်---------
သံဝါဖျောက်ဖျောက်....သစ်ရွက်ကြွေသံ---------
လေတိုးသံနှင့်.....အလွမ်းငိုသံ--------
ဝဲမျက်ရည်များ-----------
မြေပေါ်ခလျက်......ငိုကြွေလျက်။------------------
ဟန်ဆောင်နှလုံး.......ပြည့်ပြည့်ဖုံးလျှက်---------
ကျိတ်မှိတ်ခံစား...........ရေးတဲ့ကဗျာကို---------
ရင်နာသံဖြင့်.....မဆိုဝဲ့ပါ။------------
နှလုံးစိတ်မှာ......ကျိတ်ခါသိုလှောင်---------
ဟန်ဆောင်မျက်ဝန်း.....သောင်းနှယ်ထွန်းသည်-----
အိပ်မက်ဆီမှာ........ငိုလိုက်ပါသည်--------
ရင်မှာပေါက်ဖွား........အလွမ်းများကို-------
ကြယ်စင်သိ၍သနားစေ.........။----------။
ကာရံငယ် **(Ye Tay ZaKyaw)
မှောင်မိုက်နေတဲ့ညတံတိုင်းတွေရဲ့အလယ်မှာ
မောင်တစ်ယောက်ကြယ်ကြွေတွေ
လိုက်ကောက်နေမိပြီ
လမင်းငယ်ရေ........
ဝေးကွာခြင်းနဲ့ စွန့်ခွါခြင်းဆိုတဲ့
လမ်းချိုးနှစ်ခုဟာ...........
အတိမ်အနက်၊
အလင်းအမှောင်တူသယောင်ရှိပေမဲ့
အချစ်ငတ်ခဲ့သူရဲ့ရင်ဘက်မှာ
သံသရာပွင့်ဖတ်တွေခြွေတိုင်း
အလွမ်းဝတ်မှုန်တို့ဂုဏ်သတ္တိမဲ့ခဲ့ရပြီလေ
ဘယ်ရက်ပြန်လာမလဲရယ်လို့
လက်ရေချိုးနေခဲ့တာ
ရက်တွေတောင်မောင့်ကိုညှိုးနေခဲ့ပါပြီ
လမင်းငယ်ရေ.............
မောင်ဟာရမ္မက်နွံ၊ အချစ်နွံ
ကျွံနေတဲ့
ဘီလူးကြီးကွဲ့
သွေးဆာနေတဲ့ရင်ဘက်ကနှလုံးသားအတွက်
ကိုယ့်အစွယ်ကိုယ်ရိုးရိုးသားသား
ပြန်မဖြတ်နိုင်တဲ့ကောင်ပါ
အနက်ရောင်ကတ္တီပါခင်းထားတဲ့မောင့်ရင်ထဲမှာ
လမင်းငယ်ဆိုတဲ့ပုံရိပ်တွေ
ခဏတာခိုဝင်ခဲ့ပေမဲ့
ဗီးနပ်စ်တို့ဖန်ဆင်းတဲ့မှော်ဝင်အိမ်မက်တွေထဲမှာ
မောင်တစ်ယောက်..........
ရှာပုံတော်ဖွင့်ခဲ့ရပေါင်းလဲများလှပါပြီကွယ်.....
လမင်းငယ်ရေ...........
အလွမ်းဆိုတာ