Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Monday, February 10, 2014

အိပ်မက်ထဲက ဝိညာဉ်ချစ်သူ

http://t0.gstatic.com/images?q=tbn:ANd9GcR3HsOyHGpz5WLHuHzNpIAE3Q8qxtyAsFTgzSctsOLvibfcbKeCJw
_____________________

“အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ”

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညအချိန် မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။

“အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ”

ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရ ထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

“ကိုယ့်ကိုယ်ကိုဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား”

သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....

“ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ”

“ဟား....သရဲဖြစ်ရတာပျော်လား”

“ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး”

“ဟား...ဟား.. အချစ်အတွက်ကြောင့်လား”

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြစ် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာ online ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား? ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင် ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

“ကျွန်မ အခုဘာလုပ်နေလဲ”


တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...

“တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်”

“ကော်ဖီတွေ သိပ်မသောက်နဲ့လေ”

“ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ”

တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ”ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ”ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ”၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ”မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ”၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ”မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။

Sunday, February 9, 2014

"လမင်းသို့ ....တမ်းခြင်း"





ကာရံညီညီ
အလွမ်းတေးသွား
စိတ်နွမ်းအိပ်ချိန်
မဟူရာည
သူ့အားမျှော်လျှက်
တမ်းတလျှက်.......။


************

မိုးလောက်မြင့်မား
မေတ္တာများက
ကတိမြဲခိုင်
သစ္စာတိုင်လျှက်
ရင်ခွင်လွှာမှာ
ခိုဝင်နားပါလမင်းလေးရယ်။


************

သူ့ရဲ့အလှ
တုဘက်ပြိုင်ကင်း
ငွေမင်းထိန်ထိန်
ညအခါဝယ်
အပြုံးများအား
ချမ်းမြေ့ကြည်နူး
ဘ၀င်မြူးခဲ့။

************

နှစ်လတွေဟာ ကြာရှည်လွင့်မျော
ဝဲလယ်မျောခဲ့ သောကမငြိမ်
စိုးရိမ်ထိတ်တုန် မဖြစ်နိုင်ဟု
သင်္ကာမကင်း ရှိပြီး ငြားလည်း
ယုံယုံကြည်ကြည် စိတ်မှာစွဲလျှက်
ဘယ်အချိန်၊ဘယ်အခါ ပြောသော်ငြားလည်း
သူ့ကိုယုံကြည်   စောင့်နေမိ၏။


*************

လမင်းမသာညအခါကား
ငါသည်လမ်းပျောက်  နှလုံးမှောက်ခဲ့
ရှေ့သို့တူးရှု မျှော်သာမျှော်လျှက်
ေ၀၀ါးကြမ္မာ၊ငါ့ကမ္ဘာသည်
ကင်းမဲ့လွင့်စင်စိတ်မရွင်ဘု။


***********

ကြည်ဖြူနှလုံး
ကိုယ်ရွှင်ပြုံးအောင်ရင်ခွင်ကြားမှာ
သာပါလားကွယ်။

***********
ဖြူဖြူစင်စင်နှလုံးအိမ်ဝယ်
သူ့အားကြိုလျှက်
စောင့်မျှော်လျှက်မို့
ခေတ္တတွေ့ရ  ဤဘ၀တွင်
ချမ်းမြေ့ကြည်နူး  စိတ်ရွှင်မြူးအောင်
စောင်ကြဉ်းပေးပါ
လမင်းလေး....ရယ်......။

ကာ၇ံငယ်(Ye Tay Za Kyaw)

Monday, February 3, 2014

ယုံကြည်ပါချစ်သူ.....


ငါ့ ကို ချစ်လို့ သ၀န်တိုတယ်ဆိုတာ ငါနားလည်ပါတယ်...ချစ်သူ
ဒါပေမဲ့ အဲ့ဒီ့သ၀န်တိုတာကနေ ငါ့ကို ယုံကြည်မှုမရှိတဲ့အထိတော့
ဖြစ်မသွားမိပါစေနဲ့ နော်............

ငါ ချော့တာကို ခံချင်လို့ စိတ်ကောက်တယ်ဆိုတာ သိပါတယ်..ချစ်သူ
ဒါပေမဲ့ အချိန်အကြာကြီးတော့ စကားမပြောပဲမနေပါနဲ့ ...ငါ ချော့နေတယ်
ဆိုတာသိရင်...စိတ်လေးတော့ ပြေပေးပါနော်..........

ငါ့ ကို စိတ်ဆိုးလာတဲ့အချိန်တိုင်း ဒေါသဖြစ်လို့ ရပါတယ်...ချစ်သူ
ဒါပေမဲ့ စိတ်ဆိုးတဲ့ အချိန်တိုင်း ငါ့ကို နာကျင်တဲ့စကားလုံးတွေသုံးပီး
အချိန်အကြာကြီးတော့ ပစ်မထားလိုက်ပါနဲ့ နော်......

ယုံကြည်ပါချစ်သူ.....နင်တစ်ယောက်ထဲသာ..ငါ့ အချစ်တွေအားလုံးကို
ပိုင်ဆိုင်ထားတဲ့ သူ....ငါ့ကို ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်တဲ့သူ...အရာရာကို
ထိခိုက်ခံစားလွယ်ပီး မျက်ရည်တွေကျစေနိုင်တဲ့သူပါ.....ချစ်သူရယ်

Sunday, February 2, 2014

ဖေဖော်ဝါရီ (၁၄) ချစ်သူများနေ့အတွက် ကိုယ့်ချစ်သူကို ပေးဖို့ ရွေးချယ်သင့်တဲ့ လက်ဆောင် (၁၄)မျိုး






ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ ချစ်သူများနေ့ပါ။ ကိုယ့်ချစ်သူကို အဲ့ဒီနေ့မှာ ဘာလက်ဆောင်ပေးရမလဲဆိုပြီး ခေါင်းစားနေသူတွေအတွက် ရိုမန်းတစ်လည်းဖြစ် ပေးလို့လည်းကောင်းမယ့် လက်ဆောင်ပစ္စည်းလေးတွေ ရွေးချယ်ပေးလိုက်ပါတယ်။

၁။ ကိုယ့်ချစ်သူ ကောင်မလေးအတွက် ပလက်တီနမ် ၊ ဒါမှမဟုတ် ငွေလက်ကောက်အမိုက်စားလေးတွေ ၀ယ်ပေးပါ။ ဒီလက်ဆောင်က ဆန်းလည်း ဆန်းသလို မိန်းကလေးတွေ စိတ်ကြိုက်ဖြစ်စေမယ့် အရာပါပဲ။ မောင့်ကို ချစ်ရင်  ဒီလက်ကောက်လည်း အမြဲ ၀တ်ထားဆိုပြီးတော့တောင် ချုပ်လို့ရသေးတယ်နော်။
၂။အရိုးရှင်းဆုံးက အဆန်းဆုံးဆိုတဲ့ စကားတောင်ရှိတယ်မဟုတ်လား။ ခေါင်းသိပ်အစား မခံနိုင်ရင်တော့ ဗူးလှလှလေးနဲ့ ထည့်ထားတဲ့ သကြားလုံးတွေသာ ၀ယ်ပေးလိုက်ပါ။
၃။ကိုယ့်ချစ်သူကောင်မလေးကို ရင်ခုန်ကြည်နူးမှု အပြည့်ပေးချင်တယ်ဆိုရင်တော့ အောက်ခံအကျီင်္ံအမိုက်စား ၀ယ်ပေးလိုက်ပါ။ ဒါမှမဟုတ် အတွင်းခံတစ်စုံလောက်ပေါ့။ ကောင်မလေးက ပေးပေးချင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားနိုင်ပေမယ့် ဒါဟာ ၀တ်ကိုဝတ်ဖြစ်မယ့်အရာမို့ လက်တွေ့ကျကျဖြစ်စေတဲ့ လက်ဆောင်မွန်ပါပဲ။
၎။ကိုယ့်ကောင်မလေးက နားပေါက်ရှိတယ်ဆိုရင်တော့ နားကပ်အမိုက်စားလေးတွေ သွားရွေးထားလိုက်ပါတော့။

Friday, January 31, 2014

မင်းကမှ ငါကိုမချစ်တာ


you can see my crying heart from my eyes.

you can really make to stop my heart crying .

But, I hoped that can't be thing .



....................................................................

မင်းမြင်တွေ့နိုင်မယ်

ငါမျက်လုံးကနေတဆင့်

ငါ့နှလုံးသားငိုကြွေးနေတာကို ။


မင်းပြုလုပ်နိုင်ပါတယ်

ငါရင်ထဲက နှလုံးသား

အငိုတိတ်အောင် ။


ဒါပေမယ့် ............

မဖြစ်နိုင်တဲ့အရာကို

ငါမျှော်လင့်မိတာပါ ။

.............မင်းကမှ ငါကိုမချစ်တာ ..............

နှလုံးသားရုပ်ကြွင်း


မင်းရဲ့ ph call တစ်ခုကြောင့်
ပျော်ရွှင်ခဲ့ရဖူးသလို
မင်းရဲ့ message တစ်ကြောင်းကြောင့်လည်း
ငိုကြွေးခဲ့ရဖူးတယ် …………

မင်းရဲ့ အပြုံးဝင့် တစ်ချက်ကြောင့်
ကြည်နူးခဲ့ရဖူးသလို
မင်းရဲ့ အကြည့်စိမ်းတချို့ကြောင့်
နာကျင်ခဲ့ရဖူးတယ် …………

မင်းရဲ့ ဂရုစိုက်နွေးထွေးမှုကြောင့် နှစ်ခြိုက်စွာ အိပ်မောကျခဲ့ဖူးသလို
မင်းရဲ့ ဥပက္ခော ပြုမှုတွေကြောင့်
အိပ်မရတဲ့ညတွေ ရှိခဲ့ဖူးတယ် …………

ဘယ်လောက်ထိအောင် အနေဝေးပါစေ
မင်းရဲ့ နှလုံးသားထဲမှာ ငါရှိနေမှာပါဆိုတဲ့
မျှော်လင့်ချက်လေးတစ်ခုက
ငါ့ ရဲ့ လက်ရှိနေ့ရက်တွေကို
နေပျော်စေခဲ့ဖူးတယ် …………

ဒါပေမယ့်လည်း ……
မင်းအတွက် မလိုအပ်ဘူးထင်မှတော့
အပြီးအပိုင် ထွက်သာသွားပါတော့ …………

ငါဘယ်လိုပဲ လက်မလွှတ်ချင်ခဲ့လည်း
စိတ်ဝိညာဉ်သေဆုံးနေတဲ့
နှလုံးသားရုပ်ကြွင်းတစ်ခုနဲ့တော့
မင်းကို ငါ့ ဘဝထဲမှာ မရှင်သန်စေချင်တော့လို့ပါ ……

နင်သာယာပျော်ရွှင်ပါစေကွယ်

ရက်စက်စွာပစ်ခွာထားရစ်ခဲ့သူရယ်

ယောင်္ကျားတို့မာန ဘယ်လောက်ရှိတယ်ဆိုဆို

ယောင်္ကျားမှာလည် ချစ်တက်တဲ့အသည်နဲ့မို့

မငိုဘဲနဲ့ ကြေကွဲမျက်ရည်တွေ ငါမျက်ဝန်းရွာနေတယ် ။


ကြေကွဲမျက်ရည်တွေခဏခဏစီးကျနေရလည်

နင် နင့်ငါငိုမှ နင်ပျော်တယ်ဆိုရင် ငါကျေနပ်ပါတယ် ။


ပလီပလာ အလိမ်ညာ ချစ်တွေနဲ့ ရှင်ရက်နဲ့သေဆုံးအောင်လုပ်ဆောင်ခဲ့သူရယ်

ထာဝစဉ် ထာဝစဉ် နင်သာယာပျော်ရွှင်ပါစေကွယ် ။

လက်ျာ*
Photo: ထောက်ထားမညှာတာ  ရက်စက်စွာပစ်ခွာထားရစ်ခဲ့သူရယ်   ယောင်္ကျားတို့မာန ဘယ်လောက်ရှိတယ်ဆိုဆို  ယောင်္ကျားမှာလည် ချစ်တက်တဲ့အသည်နဲ့မို့  မငိုဘဲနဲ့ ကြေကွဲမျက်ရည်တွေ ငါမျက်ဝန်းရွာနေတယ် ။   ကြေကွဲမျက်ရည်တွေခဏခဏစီးကျနေရလည်  နင် နင့်ငါငိုမှ နင်ပျော်တယ်ဆိုရင် ငါကျေနပ်ပါတယ် ။   ပလီပလာ အလိမ်ညာ ချစ်တွေနဲ့ ရှင်ရက်နဲ့သေဆုံးအောင်လုပ်ဆောင်ခဲ့သူရယ်  ထာဝစဉ် ထာဝစဉ် နင်သာယာပျော်ရွှင်ပါစေကွယ် ။  လက်ျာ*ကဗျာနန်းတော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...