Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Wednesday, January 22, 2014

ကဗျာဆိုတာ ရှိတယ်(မော်ဒန်)


တိုးယိုပေါက်ပျော်ရွှင်နေသူများရဲ့ အလယ်မှာ ငွေထုပ်ကိုခလုတ်တိုက်မိသလို ပျော်ရွှင်မိတဲ့ အခါသမယ .............**************** တစ်ခါတလေ..... အသေထွက်ထွက်တဲ့ ကဗျာဆရာတွေကို အားကျမိသလိုလို..... အရှင်ထွက်ထွက်တဲ့ ၀ိဇ္ဖာတွေကို  သနားမိသလို.....  ************************** ပုဏ္ဍားတွေ ဆင်စမ်းသလိုစမ်းမိတော့ *********************** အသေထွက် ထွက်တဲ့ ကဗျာ ဆရာတွေ ကို  သနားမိသလိုလို အရှင်ထွက်ထွက်တဲ့ ....၀ိဇ္ဖာတွေကို  အားကျသလိုလို...... **************************** ပြီးတော့ လည်း..... ဘာမှမဟုတ်ပါဘူး.... *********************** လောကမှာ... ခင်ဗျား....၊ သူ....၊ ငါ...၊ လုပ်ယူလို့ရတာ ဘာတစ်ခုမှ မရှိပါဘူး.... ဒါ့ကြောင့် ....ကဗျာဆိုတာ... ရှိတယ်.....၊ ရေးလို့ရတယ် ဆိုလို့....။  ကာရံငယ် http://yetayzakyaw528.blogspot.comတိုးယိုပေါက်ပျော်ရွှင်နေသူများရဲ့ အလယ်မှာ
ငွေထုပ်ကိုခလုတ်တိုက်မိသလို
ပျော်ရွှင်မိတဲ့ အခါသမယ
......
တစ်ခါတလေ.....
အသေထွက်ထွက်တဲ့ ကဗျာဆရာတွေကို
အားကျမိသလိုလို.....
အရှင်ထွက်ထွက်တဲ့ ၀ိဇ္ဖာတွေကို
သနားမိသလို.....


ပုဏ္ဍားတွေ ဆင်စမ်းသလိုစမ်းမိတော့


အသေထွက် ထွက်တဲ့ ကဗျာ ဆရာတွေ ကို
သနားမိသလိုလို
အရှင်ထွက်ထွက်တဲ့ ....၀ိဇ္ဖာတွေကို
အားကျသလိုလို......

ပြီးတော့ လည်း.....
ဘာမှမဟုတ်ပါဘူး....

လောကမှာ...
ခင်ဗျား....၊ သူ....၊ ငါ...၊
လုပ်ယူလို့ရတာ
ဘာတစ်ခုမှ မရှိပါဘူး....
ဒါ့ကြောင့် ....ကဗျာဆိုတာ...
ရှိတယ်.....၊ ရေးလို့ရတယ် ဆိုလို့....။
ကာရံငယ်
http://yetayzakyaw528.blogspot.com

Tuesday, January 21, 2014

ရှေးရှေးတုံးက မလေးရှား (၀ါ) မလ္လာယုနိုင်ငံတော် သမိုင်း(ဖြစ်ရပ်မှန်)

ရှေးရှေးတုံးက မလေးရှား (၀ါ) မလ္လာယုနိုင်ငံတော် သမိုင်း(ဖြစ်ရပ်မှန်)
"မလေးရှားနိုင်ငံ၏ သမိုင်းဖြစ်ရပ်များနှင့် မလေးရှားရောက် ဗုဒ္ဓသာသနာတော် သမိုင်း"

(Melayu) မလ္လာယုနိုင်ငံတော် မလေးရှားနိုင်ငံသည် အရှတိုက်၏ အရှေ့တောင်ဘက် အစွန်းထိပ်နှင့် ဘော်နီယိုခေါ် ကာလီမာ တန်ကျွန်း၏ မြောက်ဘက်တွင် တည်ရှိပြီး၊ မလေးရှားနိုင်ငံ၏ မြောက်ဘက်တွင် ထိုင်းနိုင်ငံနှင့် တောင်ဘက်ခြမ်းတွင် အင်ဒိုးနီးရှားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း စပ်ဆက်လျှက် တည်ရှိပါသည်။

မလေးနိုင်ငံ၏အကျယ်အ၀န်း မှာ ပျမ်းမျှစတုရန်းမိုင် (၁၂၇၃၁၆) ကျယ်ဝန်းပြီး နိုင်ငံ၏မြို့တော်မှာ “ကွာလာလမ်ပူ” ဖြစ်ပါသည်။ ၁၉၉၂ ခုနှစ် ဇူလိုင်လ တွင် ကောက်ခံထားသည့် မှတ်တမ်း များအရ လူဦးရေမှာ ၂၂.၂ သန်းခန့် ရှိပါသည်။ မလေးရှားနိုင်ငံ၏ နောက်ခံသမိုင်းရာဇ၀င်မှာ တရုပ်နွယ်များမှ ဆင်းသက်လာကြခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

B.C,1500,2000 ခန့်တွင် တရုတ် ပြည်၊ ယူနန်ပြည်နယ်အတွင်းမှ မွန်ဂိုနွယ်ဖွား တရုပ်များသည် မလေးကျွန်းဆွယ်ရှိ ကျွန်းစုများသို့ရောက်ရှိအခြေချခဲ့သည်မှ မလေးနိုင်ငံသည် စတင်ခဲ့ခြင်းဖြစ် သည်။ ထို မိန်ဂိုတရုပ်များသည် မလေးကျွန်းစွယ်ကို မလက္ကာမြို့ပြ တည်ထောင်၍ အုပ်ချုပ်ခဲ့ကြလေသည်။ ထိုသို့မလက္ကာမြိုကပြ တည်ထောင်၍ အုပ်ချုပ်ခဲ့ ကြသည့် ဘုရင်တို့အားလည်း (မလက္ကာဘုရင်)များဟုသာ ခေါ်ဆိုခဲ့ကြပါသည်။ ထို အချိန်ကာလတွင် မလေးကျွန်းစွယ်ကို မလေးရှားနိုင်ငံဟု အမည်တွင်သ မှတ်ခဲ့ခြင်း မလေးရှား မတွင်းသေးပေ။ (Melayu)“မလ္လာယုနိုင်ငံတော်”ဟုသာ အမည်တွင်ခဲ့ကြပါသည်။

မလ္လာယုနိုင်ငံခေါ် မလေးရှားနိုင်ငံသို့ ဗုဒ္ဓသာသနာတော်သည် B.C,309 ဘုရားရှင်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် နှစ်ပေါင်း (၂၅၀)ခန့် အကြာ တတိယင်္ဂါယနာတင်ပြီး ချိန်မှစတင်၍ရောက်ရှိခဲ့ပြီး ထိုမလေးကျွန်းစွယ်ကိုလည်း သုဝဏ္ဏဘူမိဒေသတွင် ပါဝင်ကြောင်းကို ပညာရှင်တို့က ယူဆကြပါသည်။

တိကျခိုင်လုံသော သမိုင်းအထောက်အထားများအရ မလေးရှားနိုင်ငံတွင် သာသနာနှစ်(၉၀၀)နှင့် (၁၀၀၀)အတွင်း ခရစ်နှစ် ၄-ရာစုနှင့် ၅-ရာစုတွင်း အိန္ဒိယ ၌ အသုံးပြုသော သက္ကတဘာသာဖြင့် ရေးထိုးထားသော ဗုဒ္ဓဘာသာကျမ်းစာ ကျောက်ချပ်များစွာတို့ကို မလေးရှားနိုင်ငံအနှံ့တွင် တွေ့ရှိခဲ့ရပါသည်။ ထို့အပြင် အဘိဓမ္မာကျမ်းမှ ဂါထာတော် သုံးပုဒ်အား ရေးထိုးထားသည့် ရွှံ့အုတ်ချပ်ကိုလည်း တွေ့ရှိရပြီး၊ အုတ်ကျောင်းတိုက် ၃-တိုက်နှင့် စေတီတော် (၅)ဆူ ကို ဘုရင်နှင့် သံဃာတော်များကြီးမှုး၍ ပြည်သူ၊ ပြည်သား၊ ဒကာ၊ ဒကာမအများစုပေါင်းကာ လှုဒါန်းကာတည်ဆောက်ထားခဲ့ကြကြောင်း ရေးထိုးထားသည့် ကမ္ဗည်းမော်ကွန်းကိုလည်းတွေ့ရှိခဲ့ကြပါသည်။ နခွန်ရှရီဓမ္မရာဇ် ခေါ် နခွန်ရှရီ တမ္မရတ် ဘွဲ့တော်ရှိသည့် စေတီတော်ကြီးကိုလည်းတွေ့ ရှိရသဖြင့် ခရစ်နှစ်(၅ ရာစုခန့်ကပင် မလေးရှားနိုင်ငံ၌ ဗုဒ္ဓသာသနာတော်ရောက်ရှိ ပြန့်ပွားနေပြီး နေလို လလို ထွန်းပခဲ့ကြောင်း သိရှိရပေသည်။ ရှေ့အခေါ် (သီရိဝိဇယနိုင်ငံ) ယခု (အင်ဒိုနီးရှား)နိုင်ငံသည် ခရစ်နှစ် (၇)ရာစုတွင် ဗုဒ္ဓဘာသာ၊ သာသနာ ထွန်းလင်းမှု အားကောင်းသည့် ဗုဒ္ဓနိုင်ငံတော်ဖြစ်ခဲ့ ပြီး မလေးရှားကျွန်းစွယ်များသို့ ဗုဒ္ဓသာသနာတော်ပြန့် ပွားအောင် အထောက်အပံ့ ဖြစ်ခဲ့လေသည်။

တရုပ်သုတေသီ ရဟန်းတော် အီချင်း၏(၇)ရာစုကုန်ခါနီး သွားရောက်ခဲ့သည့် (သီရိဝိဇယနိုင်ငံ) ခရီးသွားမှတ်တမ်းတွင် “သီရိဝိဇယ (ခ) အင်ဒိုနီးရှားနိုင်ငံတွင် ဗုဒ္ဓသာသနာတော် လွန်စွာ ထွန်းကားနေပြီး ရေမြေခြင်း ထိစပ်ဆက်စပ်လျှက်ရှိသည့် မလ္လာယုကျွန်း (ခ) မလေးရှားနိုင်ငံ စသော နိုင်ငံများသို့ လည်း ဗုဒ္ဓသာသနာတော် ဖြန့်ဝေပေးနေပြီး” ထေရ၀ါဒကို အဓိကထား လက်ခံကျင့်သုံးနေခဲ့ကြပြီး မဟာယာန ၀ါဒ အနည်းငယ်သာရှိကြောင်းကို မှတ်တမ်းတင်ထားတာတွေ့ ရပါသည်။

မလ္လာယုကျွန်းခေါ် မလေးရှားနိုင်ငံသည် မူဆလင်တို့၏ အတင်းအဓမ္မ ဘာသာရေးအား မတိုက်ခိုက် မသိမ်းပိုက်မှီ အချိန်ကာလများတွင် ဗုဒ္ဓသာသနာတော် ထွန်းကား ပြန့်ပွားမှုမှာလွန်စွာအားကောင်းလေ၏။ မလ္လာယုဘုရင် ကိုယ်တော်တိုင်ပင် ၀ိနည်းတော်ကို နားလည်တတ်ကျွမ်းလို၍ သင်ကြား

တတ်မြောက်ခဲ့ ခြင်းကို ထောက်ရှု၍ မလေးတွင် ဘုရင်နှင့် ပြည်သူ၊ ပြည်သားတို့၏ ဗုဒ္ဓ သာသနာတော်အား ကြည်ညို ထောက်ပံ့မှုကို သိရှိနားလည် ခန့်မှန်းနိုင်ကြမည် ဖြစ် ပါသည်။

ပုဂံပြည်ခေါ် မြန်မာနှင့် မလ္လာယုကျွန်းခေါ် မလေးရှားနိုင်ငံ တို့အကြားဘာသာရေးအရ ပတ်သက်ဆက်နွှယ်မှု့ များအားလည်း တွေ့ရှိခဲ့ကြရပါသည်။ A.D,11. ရာစုခန့်တွင် ပုဂံနေပြည်တော်မှ သီဟိုဠ်တွင် ပရိယတ္တိပညာများ သင်ကြားခဲ့သည့် “အရှင်ဆပ္ပဒမထေရ်”သည် (၁၀)၀ါ အရတွင် ပုဂံနေပြည်တော် သို့ ပြည်လည် ကြွချီတော်မူလာပြီး သီဟိုဠ်မှ “အရှင်သီဝလိ၊ အရှင်တာမလိန္ဒ၊ အရှင်အာနန္ဒာ၊ အရှင်ရာဟုလာ”ဟူသော မထေရ်ကြီး (၄)ပါးကို ပုဂံနေ ပြည် တော်သို့ ပင့်ဆောင်ခဲ့ပါသည်။ နောက်တွင် အရှင်ရာဟုလာသည် ပုဂံနေပြည်တော်မှ မလ္လာယုကျွန်း မလေးရှားသို့ကြွရောက်ပြီး ၀ိနည်း တရားတော်များကို တတ်သိနားလည်ရန် ဆန္ဒပြင်းပြနေသော မလ္လာယုဘုရင်အား (ခုဒ္ဒသိက္ခာ)၀ိနည်းကျမ်းကို အဖွင့်ဋီကာကျမ်းနှင့်တကွသင်
ပေးခဲ့၏။ ထိုမလ္လာယုဘုရင်သည် ၀ိနည်းကျမ်းတော် သင်ပေးသည့် မိမိဆရာ အရှင်ရာဟုလာအား ပတ္တမြားသပိတ်တော်ကို လှုဒါန်းခဲ့လေသည်။ ထို မလ္လာယုဘုရင် ၀ိနည်းတော် သိကြားနေ ချိန်တွင် ပုဂံနေပြည်တော်တွင် နရပတိစည်သူမင်းကြီး ထီးနန်းစံတော်မူနေချိန် သာသနာတော်နှစ် (၁၇၀၀)ခန့်က ဖြစ်ပါသည်။

A.D,15 ရာစုနှောင်းပိုင်းတွင် အာရတ်နွယ်ဖွား မူဆလင်တို့သည် ကုန်သွယ်ခြင်း အကြောင်းပြချက်တို့ ဖြင့် ထို မလ္လာယုကျွန်းနှင့် သီရိဝိဇယနိုင်ငံတော် များ အတွင်းသို့ ၀င်ရောက်လာကြပြီး အစပိုင်းတွင် မူဆလင်တို့သည် ဒေသခံ ဗုဒ္ဓဘာသာတို့အား (အလျှော့ပေး)ပေါင်းသင်းဆက်ဆံကာ သဘောထားပြည့်သ ရောင် အယော င်ဆောင်၍ ဗုဒ္ဓဘာသာဘုရင်နှင့် ဘုရင်နှင့်နီးစပ်သူများအား ပေါင်းသင်း၍ ၄င်းတို့မျက်နှာရအောင် အား ထုတ်ကြပြီး၊ တဖြည်းဖြည်းနှင့် ၄င်း တို့အရာရောက်လာကြသည့်အခါ ဗုဒ္ဓဘာသာတို့အား သွေးခွဲခြင်း၊ သွေးထိုးခြင်းများ ပြုလုပ်၍၊ နောက်ပိုင်းတွင် ထိုကုန်သည်များမှ မူဆလင်တို့အား အလုံး အရင်းဖြင့်ခေါ်ယူ၍ ဗုဒ္ဓဘာသာနိုင်ငံတော်များဖြစ်ကြသည့် သီရိဝိဇယနိုင်ငံ(အင်ဒို)နှင့် မလ္လာယုကျွန်း(ခေါ်) မလေး)တို့ကို စစ်တိုက် သိမ်းပိုက်လိုက်ကြ၏။

သတိလက်လွတ် ကြောင့်ကြမဲ့နေကြသော ဗုဒ္ဓဘာသာတို့မှာ မူဆလင်တို့၏ ဓါးဖျားဝယ် မရှုမလှလည်ဆင်းကာ အသတ်ခံ ခဲ့ကြရရှာပါသည်။ သီရိဝိဇယနိုင်ငံ(အင်ဒို)နှင့် မလ္လာယုကျွန်း(ခေါ်)မလေးတို့ကို ရရှိပြီးနောက် စစ်နိုင်ခဲ့သော(အာရတ်နွယ်ဖွား) မူဆလင်တို့သည် ဒေသခံဗုဒ္ဓဘာသာ အနွယ် ၀င် လင်ယောင်္ကျားတို့အား မသတ်မှီ ၄င်းတို့၏အရှေတွင် သမီးပျိုနှင့်မယားတို့အား သားမယားအဖြစ် မုဒိမ်းကျင့်ပြပြီး စစ်ဂှုံးခဲ့သူ ဒေသခံဗုဒ္ဓဘာသာဝင်တို့  အား ၄င်းတို့မှ ကျန်ရစ်နေခဲ့သော သမီးပျိုနှင့်သားမယားတို့၏ ရှေမှောက်တွင်ပင် တသက်လုံးခေါင်းမဖော်ရဲပဲ အမြဲကြောက်ရွံနေအောင် ရက်ရက်စက်စက် ၄င်းတို့ ၏ ဖခင်နှင့် လင်ယောင်္ကျားတို့ အား လည်လှီးကာ သတ်ဖြတ် ပြခဲ့လေသည်။ သေဆုံးသူတို့ ၏ ကျန်ရစ်သော သမီးပျိုများနှင့် ဇနီးမယားတို့ အား စစ်နိုင်ခဲ့သော(အာရတ်နွယ်ဖွား) မူဆလင်များက (တစ်ယောက်လျှင် အနည်းဆုံး လေးယောက်)မျှ (ခွဲတမ်း)ချရယူ၍ မူဆလင်ဦးရေကို များစွားပွားစေရန် သားဖောက်ခြင်း အမှုကိုပြုလုပ်ခဲ့ကြလေသည်။ မူဆလင်ဦးရေ များပြားလာသောအခါ အာဏာပိုင်ဘုရင်မှာလည်း မူဆလင်ဘုရင်ဖြစ်လာကာ နောက်ဆုံး မလ္လာယုကျွန်းတွင် ဗုဒ္ဓသာသနာတော်မှာ ကွယ်ပျောက်လုနီးပါးဖြစ်ကာ အစ္စလာမ်နိုင်ငံ ဖြစ်ခဲ့ရရှာပါသည်။

ယနေ့တွင် မလေးရှားနိုင်ငံ၏ ဗုဒ္ဓဘာသာ ရပ်တည်နိုင်ရန်အတွက် အဓိက ကျားကန်ပေးထားသည့်သူများမှာ တရုပ်နွယ်ဖွားများ ပင်ဖြစ်ပါသည်။ မလေးအ စိုးရသည် ရှေ့ဟောင်းဗုဒ္ဓဘာသာအဆောက်အဦးတို့အား အစဖျောက်ချင်ကြ၏။ သို့သော်တရုပ်တို့မှ ကမ္ဘာယဉ်းကျေးမှုထိန်းသိမ်းရေးအဖွဲ့ စသည်တို့နှင့်ပူ ပေါင်းကာ မလေးတို့မဖျက်ဆီးနိုင်အောင် လူအား၊ ငွေအားတို့ဖြင့် အကာအကွယ် ပေးထားကြပါသည်။ တရုပ်တို့သည်ဗုဒ္ဓနေ့ ကဆုန်လပြည့်နေ့ (မေလ) နှင့် ၀ါဆိုလပြည့်နေ့တို့ကို ရုံပိတ်ရက်များ အဖြစ်သတ်မှတ်ကာ ထားရှိခဲ့ကြပြီး ညအခါတွင် ရောင်စုံမီးပန်းများဖြင့် ထွန်းညှိ၍ ဘုရားအပူဇော်ခံ လှည့်လည် လေ့ရှိကြပါသည်။

မလေးရှားနိုင်ငံသည် (State Religion) အဖြစ် အစ္စလာမ်ဘာသာကို သတ်မှတ်ထားသည်။ မှတ်တမ်းများအရ ဗုဒ္ဓဘာသာကိုးကွယ်သူ ၃၂% ရာခိုင်နှုန်း ရှိသည်ဟု ဖော်ပြထားသော်လည်း ထို အထဲတွင် တာအိုး၊ ကွန်ဖြူရှပ် စသည့်တို့ကိုပါ ဗုဒ္ဓဘာသာထဲ ထည့်သွင်း ထားခြင်းဖြစ်၏။ အမှန်တကယ် ဗုဒ္ဓဘာ သာမှာည ၁၇.၃% ရာခိုင်နှုန်းသာရှိ၏။

မလေးရှားနိုင်ငံသည် တချိန်တခါကဗုဒ္ဓသာသနာတော် မည်မျှထွန်းကားခဲ့ကြောင်းကို မလေးရှားနိုင်ငံ၏ ၀ိသေသ အထူးပြုနာမည်ဖြစ်သည့် “ဗုဒ္ဓဘာသာ စေတီတော်များနှင့် မူဆလင်ဗလီများ ပေါများသောနိုင်ငံ (The Land of Mosques and Pagoga ) “ကိုထောက် ရှု၍သိနိုင်ပေသည်။ (ဗလီများသည် နောက်မှသာ တည်ဆောက်ခဲ့ခြင်းသာ ဖြစ်လေသည်) မူဆလင်တို့၏ အစ္စလာမ်ဘာသာ ချဲ့ထွင်ခြင်းမှာ “ဘာသာတရား၏ အဆုံးအမ၊ အစ္စလာမ်အယူအရ ၀ါဒများကို ဟောပြောခြင်းဖြင့် ချဲ့ထွင်ခြင်း မဟုတ်ပဲ ဘာသာတရားတခုနှင့် မည်သို့မှ မသက်ဆိုင်သည့် ချဲ့ ထွင်ခြင်းမျိုးဖြင့် ချဲပထွင်းကြခြင်းဖြစ်၏။” မူဆလင်တို့သည် စစ်တိုက်၍၄င်း၊ စစ်ဂှုံးသးတို့ ထံမှကျန် ရှိသော သမီးပျိုနှင့် ဇနီးမယားတို့ အား(ခွဲတမ်းချ) သိမ်းပိုက်ခြင်းဖြင့် မယားမြောက်များစွာယူပြီး သားဖောက်၍၄င်း အစ္စလာမ်ဘာသာဝင်များ တိုးပွားလာ အောင် လုပ်ဆောင်လေ့ရှိပါသည်။

ယခုလို ဒီမိုကရေစီ ခေတ်ကာလတွင်မူ ရှေ့ကကဲ့သို့ မူဆလင်တို့သည် စစ်တိုက်၍ အစ္စလာမ်ဘာသာပြန့်ပွားအောင် လုပ်ဆောင် ၍မရတော့ချေ။ သို့ သော် (အယ်(လ်)ကိုက်ဒါး) ကဲ့သို့သော မူဆလင်တို့ကား ၄င်းတို့ ၏ မူဝါဒကို ဆက်လက်ကျင့်သုံး နေဆဲပင် ဖြစ်သည်။ ဒီမိုကရေစီကို ခုတုံးလုပ်၍ အစ္စလာမ်ဘာသာ တိုးပွားပြန့် ပွားအောင် လုပ်ဆောင်လာကြပါတယ်။ သားဖောက် သာသနာပြုနည်းကိုကား ယခုထက်တိုင် ကျင့်သုံးလျှက်ပင်ဖြစ်ပါသည်။ မူဆလင်တို့သည် ခေတ်ကာလ မကောင်းသည့်အခါ ရိုးရိုးကုတ်ကုတ်နေ၍ ဆိုင်ရာအာဏာပိုင်များနှင့် ပဏာသင့်အောင် ပေါင်းသင်းဆက်ဆံပြီး ခေတ် ကာလကောင်းသည့် အခါတွင်မူ အခွင့်အရေးကို (ဦးဆုံး)ယူတတ်ကြပါသည်။

ကမ္ဘာ့သမိုင်းကိုအသာထားလို့ မြန်မာ့သမိုင်းလောက်ကိုသာပင် လေ့လာ ကြည့်မည်ဆိုပါက မူဆလင်တို့၏သဘောကိုကောင်းစွာ ရိပ်မိလာကြမည် ဖြစ်ပါသည်။ မြန်မာပြည်လွတ်လပ်ရေးမရမီက မူဆလင်တို့သည်နယ်ချဲ့တို့နှင့် သင့်မြတ်အောင်ပေါင်း၍ အိမ်ရှင်မြန်မာတို့အား ဒုက္ခပေးခဲ့ ကြပြီး မြန်မာပြည် လွတ်လပ်ရေးရသည့် အခါတွင်လည်း ၄င်းတို့မှ ဦးစွာအခွင့်အရေး ယူခဲ့ကြ ပေသည်။

မြန်မာပြည်သည် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့ပါသည်။ လွတ်လပ်ရေးရ၍ ရက်ပိုင်းမျှသာရှိတဲ့သည့်အချိန်တွင် မူဆ လင်နယ်ချဲ့ ဘင်္ဂါလီ“မူဂျာဟစ်”သူပုန်တို့သည် ရခိုင်ပြည်နယ်အား သိမ်းပိုက်ရန် ဂျီဟတ်စစ်ပွဲဆင်နွဲကာ အခွင့်အရေးလက်တလုံးခြား ယူခဲ့ပြီး မြန်မာနိုင်ငံ တော်၏ လွတ်လပ်ရေးအား အကာအကွယ်ယူ အသုံးချခဲ့ကြလေ၏။

စစ်အာဏာရှင်ခေတ်တွင်လည်း မူဆလင်တို့သည် အာဏာရှင်များနှင့် ပေါင်း၍ မြန်မာတိုင်းရင်းသား တိုင်းရင်းသူများအား စိတ်တိုင်းကျ(ချေတော်တင်) စော်ကားအနိုင်ကျင့် စော်ကားခဲ့ကြရပါသည်။ ထိုသို့အနိုင်ကျင့်ခံ တိုင်းရင်းသားတို့မှာ အာဏာရှင်များအား သွားရောက် တိုင်ကြားပါကလည်း မူဆလင် ငွေကြေး သြဇာခံဖြစ်နေသည့် အာဏာပိုင်တို့မှာ မည်သည့်အရေးယူမှုမျှ မလုပ်သဖြင့် မြန်မာတို့မှာ ကုလားစော်ကား အနိုင်ကျင့်သမျှ အံ့ကျိတ် ခံခဲ့ရရှာ ပါသည်။

ယခုမျက်မှောက် အချိန်တွင်မူ အားလုံးသိကြသည့်အတိုင်း ခရစ်နှစ် (၂၀၁၀)တွင် ရွေးကောက်ပွဲပြုလုပ်၍ (၂၀၁၁)ခုနှစ်တွင် ဒီမိုကရေစီ အနည်းငယ်ပုံ ပေါ်၍ ရုပ်လုံးပေါ်လာသည်နှင့်(၂၀၁၂)တွင် ၄င်း မူဆလင်တို့သည် ဒီမိုကရေစီအား (ခုတုံးလုပ်ကာ အခွင့်အရေးယူ၍) မြန်မာနိုင်ငံ၏ နယ်မြေ၊ ဘာသာ သာသနာ၊ လူမျိုးတို့အား ထပ်မံ(စော်ကား)ကျူးကျော်ခဲ့ကြလေသည်။ ယခုတကြိမ်တွင်မူ ၁၉၄၈ ခုနှစ်ထက် ပို၍ဆိုးဝါးလခလေသည်။ ၁၉၄၈ ခုနှစ်တွင် ရခိုင်ပြည်နယ်ကိုသာ ဂျီဟတ်လုပ်ရန် စကျူးကျော်နိုင်ခဲ့ရာ ယခုမူ တနိုင်ငံလုံးအတိုင်းအတိုင်ဖြင့် ပြည်တွင်း၊ပြည်ပ (အချိတ်အဆက်)မိမိဖြင့် ကျူးကျော် စော်ကားလာကြသည်ကို တွေ့မြင်ရပေသည်။ ထိုသို့တနိုင်ငံလုံးအတိုင်းအတာဖြင့် ရန်စကျူးကျော်ရဲကြသည်မှာ မြန်မာနိုင်ငံရှိ အာဏာရအဖွဲ့အစည်းနှင့် အတိုင်းအခံ အဖွဲ့အစည်းအကြား အမြတ်ထုတ်ကာ (အပြစ်ပုံချ) မှုများသည်လည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့လေသည်။

ပြဿနာဖြစ်ခြင်း၏ ဇစ်မြစ် အကြောင်းရင်းတိုင်းမှာ အိမ်ရှင် ဗုဒ္ဓဘာသာများမှ ရန်စခြင်းကြောင့် မဟုတ်ပါပဲ၊ ဧည့်သည် မူဆလင်များ၏ အကွက်ကျကျ စီစဉ်ပြဿနာရှာ ရန်စမှုများကြောင့် ပင်ဖြစ်လေသည်။ ထိုသို့ မူဆလင်များမှ ရန်စသည့်အခါတွင် အတိုက်အခံများမှ မသိသယောင် နေတတ်ကြပေမဲ့ လည်း အနိုင်ကျင့် စော်ကားခံရသည့် အမိတိုင်းရင်းသားများမှ ပြန်လည်ခုခံ ကာကွယ်ကြသည့်အခါမှ အသံထွက် လာကြသည်မှာလည်း တကြိမ်မက တော့ခြင်းကြောင့် တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်တော့ပေ။ ထိုသို့အတိုက်အခံများ၏ ခုခံကာကွယ် ပြောဆိုမှုများသည်လဲ မူဆလင်တို့၏ ရန်စစော်ကား မှုကို အပြစ်မရှိသကဲ့သို့ ဖြစ်ပြီး မူဆလင်တို့အား ရန်စနိုင်စေရန် အခွင့်အရေး ပေးနေသကဲ့သို့ပင် ဖြစ်စေခဲ့ပါသည်။ ဒီအချက်ကို အတိုက်အခံများအနေ ဖြင့် ကောင်းစွာနားလည် သဘောက်ထားကြဖို့ လိုပါသည်။ သမိုင်းတရားခံ အမျိုးသားရေး သစ္စာဖောက်၊သူခိုးဓါးရိုးကမ်းများ မဖြစ်စေရန်နှစ်ဖက်လုံးက အထူးသတိထား ဆင်ခြင်ရမှာ ဖြစ်ပါတယ်။

အမျိုးသားရေးနှင့် ပတ်သက်လာလျှင် တဖွဲ့တဖွဲ့ အပြစ်ပုံချ၊ ချောက်တွန်းကာမနေကြပဲ နိုင်ငံတော်၏ လုံခြုံ ရေးနှင့်၊ အမျိုးဘာသာ၊ သာသနာတော် အရှည်ခန့်တည်တံ့ရေးအတွက် လက်တွဲညီညာစွာ ဆောင်ရွက်သင့် ကြပါသည်။

အချို့သောသူတို့သည် “မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို မူဆလင်တွေက မတရားသောနည်းဖြင့် ၀ါးမြိုသွားနိုင်တယ်ဆိုတာ အခြေအမြစ် မရှိနိုင်ပါဘူး။ အစိုးရိမ် လွန်နေကြတာပါ”ဟု သမိုင်းကို မလေ့လာကြပဲ ပြောဆိုနေကြသည်ကို ကြားနေတွေ့နေရပါသည်။

တချိန်တခါက ဗုဒ္ဓဘာသာနိုင်ငံတော်ကြီး များဖြစ်ကြတဲ့ (အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်၊ အီရန်၊ ဆီးဒီယား၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ကရှ်မီးယား)ဒေသတို့ကို မူဆလင်တို့အ တင်းအဓမ္မ၀ါးမျိုခြင်းကို ခံခဲ့ရသည်မှာ သမိုင်းမှတ်တမ်းများနှင့် အဆောက်အဦးဟောင်းတို့ကိုက ယခုတိုင် သက်သေခံလျှက် ရှိကြပါသည်။ ထိုသို့မူဆ လင်များမှ ဗုဒ္ဓဘာသာကို ၀ါးမြိုခဲ့သည်မှာ အစ္စလာမ်ဝါဒကို ထိုသမိုင်းသက်သေများက မလေ့လာကြပဲ တတ်သိနားလည် အရှည်တွေးသူတို့၏ သတိ ပေးစကားကို မနာခံ၊ မလိုက်နာသူတို့သာ အသိတရားကင်း စုံလုံးကန်းများသာ ဖြစ်ကြပေသည်။

တချိန်တခါက ကမ္ဘာမှာ ၁၀-ပုံပုံလျှင် ဗုဒ္ဓဘာသာသည် ၈-ပုံနီးပါးခန့်ရှိခဲ့ပြီး၊ ယခုမူ ပြောင်းပြန် ဖြစ်၍ သွားချေ၏။ ထိုသို့ဗုဒ္ဓဘာသာ နိုင်ငံများ ၀ါးမျိုခံရ ခြင်းမှာ မူဆလင်ဘာသာ၏ ဘာသာတရားကို သဘောကျကြိုက်နှစ်သက်၍ ဘာသာပြောင်းခြင်းကြောင့် မဟုတ်ပါပဲ၊ အတင်းအဓမ္မသွတ်သွင်းခြင်း ခံခဲရသောကြောင့်ပင် ဖြစ်လေသည်။ မူဆလင်များသည် ခရစ်ယာန်နိုင်ငံတို့အား မ၀ါးမျိုနိုင်ပဲ ဗုဒ္ဓဘာသာနိုင်ငံများကိုသာ ၀ါးမျိုနိုင်ကြသည်မှာလည်း ဗုဒ္ဓဘာသာတို့၏ ခန္တီတရားနှင့် ပျော့ညံ့ခြင်းကို မကွဲပြားခြင်း၊ ဗုဒ္ဓတရားတော်နှင့် အညီ အချင်းချင်းစည်းလုံး တိုင်ပင်ညီညွှတ်စွာ ဣဿာ၊မစ္ဆရိယကင်း ကင်းဖြင့် မနေခဲ့ကြ၍ မူဆလင်တို့၏ အလွယ်တကူ သွေးခွဲဝါမျိုးခြင်းကို ခံခဲ့ကြရခြင်းပင် ဖြစ်ပါသည်။

ယခု အချိန်တွင်လည်း မူဆလင်တို့သည် မြန်မာအမျိုးသမီးတို့အား နည်းမျိုးစုံဖြင့်စော်ကား အနိုင်ကျင့်နေသည်မှာလည်း နေ့စဉ်နေ့တိုင်း လိုလိုပင်ဖြစ် သည်။ မူဆလင်တို့သည် အမိမြန်မာပြည်အား ၀ါမြိုရန်အတွက် အကွက်ကျကျ၊ အစီအစဉ်တကျ လုပ်ဆောင်နေသည်မှာ သေချာလေ့လာ ကြည့်သူ တိုင်း သိမြင်နိုင်ကြမည် ဖြစ်ပါသည်။ မူဆလင်တို့သည် အကြမ်းဖက်ခြင်း၊ တိုင်းရင်းသူတို့အား သိမ်းပိုက် ရယူခြင်းဖြင့် ၀ါးမြိုနေရုံမျှ မကပဲ၊ တောမီးပ မာအတွင်းကနေ လှိုက်စား၍ ၀ါးမြိုနေကြပြီ ဖြစ်သည်။ အာဏာရှိပါတီများ၊ ပါဝါရှိပါတီများတို့အား အတွင်းလူအဖြစ် ပူးကပ်၍ သွေးခွဲနေကြပေသည်။

သစ်ပင်တပင်တွင် သစ်ရွက်သစ်ကိုင်း များတွင်ကျရောက်နေသော ပိုးပွားများကို အလွယ်တကူ နှိမ်နှင်းလို့ ရပေမဲ့လည်း ၊ အတွင်းအမြစ်ပိုင်း လူမမြင် နိုင်ရာနေရာတွင် ပိုးကျနေပါက သတိမထားကြမိတော့ပဲ နောက်ဆုံးတွင် အပင်သည် ဗုန်းဗုန်းလဲမှသာလျှင် သတိထားမိကြလေ့ရှိပါသည်။ ထိုအတူ မူဆလင်တို့သည် ယခုအခါ အတွင်းအမြစ်များမှ တွယ်ကပ်လျှက် ၀ါးမျိုဖျက်ဆီး နေကြလေပြီ။ ထိုအမြစ်ကို ဖျက်ဆီးနေခြင်းသည် အကိုင်း၊ အရွက် ထက်ပို၍ အန္တရာယ်များသလို တွေ့နိုင်ရန်၊ မြင်နိုင်ရန်၊ နှိုမ်နှင်းရန်မှာလည်း များစွာပင် ခက်ခဲလှပါသည့်။ ထို့ကြောင့် အဖျက်ပိုးများ အားမကောင်းခင် တရားဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ပေါင်းစုအားဖြင့် အမြစ်ပြတ်အောင် (ရှင်းလင်း) ဖယ်ရှားသင့်ကြသည် မဟုတ်ပါလားခင်ဗျား။ (အမျိုးဘာသာ၊ သာသနာတော်အကျိုး သည်ပိုးထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေသော်ဝ်)

အရှင်ဓမ္မ၀ီရ အရှင်တေဇနိယ (ဗုဒ္ဓဂယာ အိန္ဒိယ)

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 
You might also like:

"ချစ်သူ့ မျက် လှည့်" (မော်ဒန်)


"ချစ်သူ့ မျက် လှည့်" (မော်ဒန်)  မျက်လှည့် ပွဲ ထင်ပြီး  ၀င်ငေးမိတာက အစ.........  ကိုယ့်ကိုကိုယ်... သတိမရတော့ဘူး....  သူ့ ခေါင်းစဉ်က ... မီးငြိမ်းနေတဲ့ဖယောင်းတိုင်ကို မီးထွန်းပြဖို့တဲ့.....  ကျွန်တော်လိုချင်တာက... အဓိပါယ်.....တခု  လှည့်စားမှုနဲ့ မျက်လှည့်ဆရာ လိုက်ကာပိတ်လိုက်တော့  ကျွန်တော် လှည့်ပြန်လာခဲ့တယ်   အိမ်ကို တော့မဟုတ်ဘူး  နောက်ထပ် မျက်လှည့်ပွဲ တခုဆီ...  ကာရံငယ် http://yetayzakyaw528.blogspot.com
မျက်လှည့် ပွဲ ထင်ပြီး
ဝင်ငေးမိတာက အစ.........
ကိုယ့်ကိုကိုယ်... သတိမရတော့ဘူး....
သူ့ ခေါင်းစဉ်က ...
မီးငြိမ်းနေတဲ့ဖယောင်းတိုင်ကို
မီးထွန်းပြဖို့တဲ့.....
ကျွန်တော်လိုချင်တာက...
အဓိပါယ်.....တခု
လှည့်စားမှုနဲ့
မျက်လှည့်ဆရာ လိုက်ကာပိတ်လိုက်တော့
ကျွန်တော် လှည့်ပြန်လာခဲ့တယ်
အိမ်ကို တော့မဟုတ်ဘူး
နောက်ထပ် မျက်လှည့်ပွဲ တခုဆီ...
 ကာရံငယ်
http://yetayzakyaw528.blogspot.com

အမေ့ခွန်အား


သားလို့ခေါ်လိုက်တိုင်း
ကျွန်တော့်မျက်ရည်တွေ
စို့နစ်ခဲ့ရတယ်........အမေ
အမေမွေးတဲ့ကျေးဇူး
အဖေကျွေးတဲ့ကျေးဇူးတွေ
သားမောင်မှာဆပ်ဖို့အတွက်
ဝေးတနယ်မြေမှာ
စိတ်မရွှင်သာပဲ
ေ၀၀ါးစွာလျှောက်နေတာပါ......အမေ
မျက်ရည်မကျနဲ့သားလို့
ပြောခဲ့တဲ့အမေ့စကား
မြေ၀ယ်မကျနားထောင်ရင်း
လောကဓံမုန်တိုင်းကို
ကြံကြံခံခဲ့တာပါ.......အမေ
အစိုးမရတဲ့ကံကြမ္မာကို
အပြစ်မတင်ချင်ဘူးအမေ
ဝေခွဲမရတဲ့စိတ်မှာ
အနာဂတ်တွေမှုန်ဝါးနေရင်လည်း
အမေပြောခဲ့တဲ့စကား
အဖေပေးခဲ့တဲ့သြ ၀ါဒ
နားအထပ်ထပ်မှာ
ပဲ့တင်ဟိန်းနေခဲ့တာတွေက
သာအတွက်ခွန်အားတွေပေါ့.....အမေ
ဆန္ဒနဲ့ဘဝ
တထပ်တည်းမကျပေမဲ့လည်း
အမေမွေးတဲ့သား
အမေ့ကျေးဇူးတွေဆပ်ဖို့
စိတ်ချလိုက်ပါအမေ
အမေပြောတဲ့အောင်မြင်မှု
အမေရွေးချယ်ပေးခဲ့တဲ့လမ်း
ဘယ်လောက်ပဲကြမ်းတမ်းနေပါစေ
အမေ့သားလျှောက်လှမ်ရင်း
ရည်မှန်းချက်ပန်းတိုင်မှာ
အမေ့အပြုံးတွေနဲ့
စီးကြိုနေပါတော့.........အမေ

Sunday, January 19, 2014

ပြည်ချစ်စစ်သားဘဝပေမို


          

             အချိန်ကား ဆောင်းအကုန် နွေအကူး လေရူးတို့ ပျော်မွေ့နေချိန်ပေါ့ ကျတော်တို့ စစ်ကြောင်းက ရှေ့တန်း စစ်မြေပြင်မှာ ကြိုးစားပန်းစား တိုက်ပွဲဝင်နေတဲ့အချိန် စစ်မြေပြင်မှာ ကြာမြင့်စွာ တိုက်ပွဲဝင်နေတဲ့ အချိန်ဖြစ်ပါတယ် စစ်မြေပြင်မှာ ရက်ကြာရှည်နေတော့ နောက်တန်းက ငယ်ကျွမ်းဆွေကိုလဲ တမ်းတလွမ်းလျနေပီပေါ့ ကျတော့်ရဲဘော်တွေလဲ မိသားစုကိုလွမ်းနေကြပီ နောက်တန်းလဲမကြာခင် ပြန်ဝင်ရတော့မှာမို့ ပျော်ရွှင်နေကြတာပေါ့....စစ်သားစစ်မြေပြင်မှာ ပျော်မွေ့ပေမဲ့ သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့နေတဲ့ ပုထုဇဉ်ပေဘဲလေ သံယောဇဉ်ရှိရာကိုတော့ မှန်းမျှော် တမ်းတ လွမ်းတတ်ကြတာပေါ့...ကျတော်တို့ တပ်ခွဲက တပ်ခွဲမှူး စီနီယာက အလွန်သဘောကောင်းလှသည်.....စစ်ရေးအတွေ့အကြုံလဲ များသည် စစ်တိုက်လဲတော်သည် ကျတော် အလွန်အားကျသော စီနီယာတစ်ပါးပင်ဖြစ်သည်...

ကျတော်အားလဲ အလွန်ချစ်ခင်လှသည်...စစ်ကြောင်းနားတိုင်း ကျတော်နှင့် စကားဖောင်ဖွဲ့ပြောတတ်ပေသည်....သူမှာလဲ သံယောဇဉ်နှောင်ဖွဲ့ထားတဲ့ ကိုယ်ဝန်အရင့်အမာနဲ့ ဇနီးက နောက်တန်းတွင် ကျန်ရစ်ခဲ့သည်...သူမိန်းမကိုဘယ်လောက်တွေ့ချင်ကြောင်း ဗိုက်ထဲကရင်သွေးလေးကို ဘယ်လောက်ချစ်ကြောင်းးးဘယ်လိုအနာဂါတ်အတွက် စီစဉ်ထားကြောင်းကို ကြုံတိုင်းပြောပြတတ်သည်...သူ့မျက်လုံးများမှ အရောင်တွေဖြာထွက်ခါ မမြင်ရသေးသော ရင်သွေးအပေါ်ထားသော ချစ်ခြင်းမေတ္တာ သူဇနီးအပေါ်ထားတဲ့ နက်ရှိုင်းလှတဲ့ ချစ်ခြင်းတွေကို အထင်သား မြင်သာလှသည်...စစ်ပွဲတွင် ရဲရင့်ပြတ်သားမာကျောလှသော စစ်သားကြီးရဲ့နှလုံးသားက ဒီမျှနူးညံတာ မြင်ဖူးမှ ယုံစဖွယ်ပါဘဲလား...မည်သို့ပင်ဆိုစေ သူနှင့်ကျတော်မှာ စစ်မြေပြင်မှ ရဲဘော်ရဲဘက်ပီသစွာ အလွန်ခင်မငါလှပေသည်.....နောက်တန်းပြန်ဝင်ရမည်ဆိုသဖြင့် နောင်တော်ကြီးမှာ အလွန်ပျော်ရွှင်နေမှာ မြင်ယောင်ပါတယ်......

ယနေ့နေလည်စာ စားချိန်ကျတော်နှင့်သူ အတူစားရင်း သူက ထမင်းအလွန်စားကောင်း သည်ဆိုသဖြင့် ကျတော်ထဲမှပင် သူအားထပ်ထည့်ပေးလိုက်သေးသည်...စစ်သားဘဝက မြိန်ရာဟင်းကောင်း ဘယ်လိုဖြစ်ဖြစ် စားလို့ကောင်းနေတတ်သည်ဘဲ ဒီနေ့မှ သူအလွန်ပျော်မြူးနေသည် သီချင်းများတောင် ညည်းနေတတ်သေးသည်...ကျတော်ကိုတောင် စနောက်နေသေးသည်လေ....

ကျတော်တို့ စစ်ကြောင်း ဆက်လက်ချီတက်ခဲ့ရာ မမျှော်လင့်ဘဲ ရန်သူနှင့်ထိတွေ့ရသည်...ရန်သူအင်အားက မနည်းလှပေ....အပြန်အလှန် ပစ်ခတ်ကြရင်း တိုက်ပွဲက အရှိန်မြှင့်နေသည် ရန်သူနေရာက ပစ်ကွင်းကောင်းလှ၍ ကျတော်တို့ဘက်မှ ရှေ့သို့ ထင်သလောက် မတက်နိုင် ရန်သူကို မထိုးဖောက်နိုင်ဖြစ်နေသည်...နောင်တော်ကြီးက အတင့်ရဲစွာ ရှေ့သို့တက်၍ ရွံရွံချွန်ချွန်တိုက်ပွဲဝင်နေသည်....ကျတော် ကသူကိုတား၍ ကျတော်တက်မည်ပြောသည်ကို လက်မခံ ကျတော်အား ညှာတာ၍ သူသာ ရှေ့ကတက်သည် အတင်း ထိုးဖောက်ဝင်ရောက်ရာ ရန်သူမှာ တောင့်မခံနိုငိ ခွာစစ်ဆင်တော့သည်...


ကျတော်တို့ တပ်မတော်သားတွေရဲ့တုံးတိုက်တိုက် ကျားကိုက်ကိုက် ချီတက်တိုက်ခိုက်ခြင်းကို
ကြာကြာတောင့်မခံနိုင်ချေ...
နောင်တော်ကြီးကတက်ကြွစွာ ဦးဆောင် တိုက်ခိုက်နေသဖြင့် ကျတော်ပင် စိတ်ပူမိသေးသည်....ဆုတ်ခွာသွားသော ရန်သူ၏ လက်နက်ကြီးက နောင်တော်ကြီး၏ အနားတွင် ကျရောက်ပေါက်ကွဲသည် သွားပီ....ကျတော်စိုးရိမိသော ကိစ္စတွေဖြစ်လာပီ လက်နက်ကြီးကျဉ်စက နောင်တော်ရဲ့ နှလုံးသားကို စိုက်ဝင်သွားသည် ကျတော်ပြေး၍ပွေ့ပီး ယူကျုံးမရဖြစ်ရသည် သူက ကျတော့လက်ကိုဆွဲကိုင်ပီး စစ်သားစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်းကျဆုံးတာ ဂုဏ်ယူစမ်းပါကွာ...

ငါ့နိုင်ငံတော်အတွက် ငါ့အသက်ကို စတေးရတာ တန်ပါတယ်တဲ့ မင်းနောက်တန်းပြန်ရောက်ရင် မင်းအမကို သေချာပြောပြလိုက်ပါကွာ အားမငယ်အောင် အားပေးလိုက်ပါ ငါ့အိတ်ကပ်ထဲက စာနဲ့ဓါတ်ပုံ ငါ့လက်သူကြွယ်က လက်ထပ်လက်စွပ်ကလေးကို သူကိုပေးလိုက်ပါ မွေးလာမဲ့ ရင်သွေးလေးကို ကောင်းမွန်စွာ စောင့်ရှောက်ပီး သူ့အတွက် ဂုဏ်ယူလိုက်ပါလို့ တသွင်သွင်မှာရှာတယ် နောက်တန်းကို သူ့ရုပ်အလောင်း သည်ယူသွားရန်မဖြစ်နိုင်၍ သှု့ဇနီးထံသူ့၏လက်သန်းကို ဖြတ်ယူသွားပီး ရုပ်အလောင်းအစား မြှပ်နှံ သဂြိုလ် ဖို့ သူ့လက်သန်းကို သူကိုယ်တိုင်ဖြတ်ပေးဖို့ပြင်နေတယ် ကျတော် မမြင်ရက်လို့ စိတ်ချပါ အကိုကြီးရာ ကျတော် ဘဲ ဖြတ်ပီး ယူသွားပေးပါ့မယ် အကိုကြီးမှာတာတွေကို ကျတော်သေချာပြန်ပြောပေးပါ့မယ်လို့ ကတိပေးလိုက်တယ် သူရဲ့နောက်ဆုံးထွက်သက်ကို ကျတော့လက်ပေါ်မှာဘဲ ကုန်ဆုံးသွားတယ် တိုင်းပြည်နဲ့လူမျိုးကို သစ္စာစောင့်သိတဲ့ သားကောင်းဇာနည်တစ်ယောက် အကြွေစောရပြန်ပီ....

သူ့ရဲ့ဇာပနာကို ကျတော်ကိုယ်တိုင် ဦးဆောင် လုပ်ပေးရင်း ကျတော်ကို ချစ်ခင်တဲ့ ကျတော်လေးစားရတဲ့ တိုငိးပြည်အတွက် တာဝန်ကျေပွန်သွားတဲ့ ကျတော့ရဲ့နောင်တော်ကို အလေးပြုပါတယ် ဘဝဆက်တိုင်း ပေးဆပ်သူ့ဘဝမှ လွတ်မြောက်ပါစေ....မိသားစုနဲ့ မခွဲမခွာ အမြဲနေရပါစေ ကျတော့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောငိးပေးပါတယ်ဗျာ....နောက်တန်းပြန်ရောက်ရင် အမကို ကျတော် ဘယ်လိုများ ပြန်ပြောရပါ့မလဲ .....

နောက်တန်းအပြန်လမ်းမှာ ကျတော်ခြေထောက်တွေ ခဲဆွဲထားသလို လေးပင့်နေတယ် စိတ်တွေက ညစ်နွမ်းလို့ နောင်တော်အတွက် စိတ်မကောင်းဖြစ်ရတယ်....ရှေ့တန်းပြန်စစ်သည်တွေကို ကြိုဆိုနေတဲ့ဆီမှာ နောင်တော်ကြီးရဲ့ ချစ်ဇနီး အမကို ပန်းကုံးလေးကိုင်စောင့်နေတာ တွေ့လိုက်ရတယ် ကျတော့ နှလုံးသားတွေ ပဲ့ကြွေသွားပီလား ထင်ရလောက်အောင် စိတ်ထိခိုက်ရပါတယ်...အမက ကျတော့ကိုမြင်တော့ မျက်ရည်တွေကြားကပြုံးပြလေရဲ့ ....ကျတော်ပြောပြမလို့ပြင်တော့ အမက " မင်းအကိုကြီး ညကလာသွားတယ် အမအားလုံးသိပီးပါပီ မင်းနဲ့ထည့်ပေးလိုက်တဲ့ပစ္စည်းလေးတွေကိုအမလာယူတာပါ ပီးတော့ မင်းကို ပန်းကုံးစွတ်ပီးကြိုဆိုချင်လို့ပါ "လို့ဆိုပီး ကျတော်ကို ပန်းကုံးစွပ်ရင်း မျက်ရည်တွေကျလာတယ်....


ကျတော်နဲ့ပါးလိုက်တဲ့ ပစ္စည်းလေးတွေကို ကိုယ်ထားရင်း တွေတွေကြီး စိုက်ကြည့်နေတယ် ဘေးနားက အရာရှိကတော်တွေက ကြိတ်မခံစားနဲ့ ငိုလိုက်လို့ ဘေးကနေ ဝိုင်းသတိပေးကြမှ မြေပြင်ပေါ်ထိုင်ပီးချုံးပွဲချ ငိုကြွေးလိုက်တာ မြင်ရတဲ့သူ စိတ်နှလုံးပင် ဝမ်းနည်းကြေကွဲရသည် ကာယကံရှင်ဆို ပြောဖွယ်ရာပင် မရှိနိုင်တော့ချေ ကျတော် ဆက်၍ပင်မကြည့်ရက်စွာ လေးပင်သော ခြေလှမ်းများဖြင့် ကျောခိုင်းထွက်ခွာလာခဲ့သည်.

 ....အဝေးကိုမျှော်ငေးလိုက်တော့ အကိုကြီးက ကျတော်ကို လက်ပြနေသလိုပင် ထင်မှတ်မိသည်.....တစ်သက်တာ မေ့လို့မရနိုင်မဲ့ ဖြစ်ရပ်လေးပါဘဲ....စစ်သားဘဝတွေ့ဆုံကြုံကွဲဖြစ်မြဲ ဓမ္မတာပေမဲ့ ဒီဖြစ်ရပ်ကိုတော့ ရင့်နင့်လှပေသည်........်

ဘဝမှာ မမေ့နိုင်တဲ့အမှတ်တရတွေ များစွာရှိတတ်ကြပါတယ်....ကျတော်တို့လို တောတောင်ထဲမှာ တိုငိးပြည်ကာကွယ်ဖို့ တိုက်ပွဲဝင်နေတဲ့ စစ်သားဘဝမှာတော့ အမှတ်ရစရာတွေ အများဆုံးပေါ့ဗျာ....တွေ့ဆုံကြုံကွဲတဲ့ဒဏ်ကိုလဲ အလူးအလဲ ခံစားရတတ်တာဘဲ...ထုသားပေသားကျနေပေမဲ့ ပုထုဇဉ်လူသားမို့ မမေ့နိုင် သံယောဇဉ်တွေ ရစ်ဖွဲ့နေတတ်သည်ဘဲ....အပြင်ပန်းကြံခိုင်မာကျောပေမဲ့ နှလုံးသားကတော့ နုနယ်ဆဲပါ....ကျတော်အမြဲဆုတောင်မိတယ် 


ချစ်ခင်နှစ်သက်ရသူတွေနဲ့ ကွေကွင်းရခြင်းဘေးမှာကင်းဝေးပါစေ ဝဋ်ကြွေးရှိက ဒီဘဝ ဒီမျှနဲ့ကျေပါစေ......ခံစားရသမျှဘေးမှာထားလို့ တောတောင် စစ်စခန်းမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆက်လက်၍ တိုက်ပွဲဝင် ဆဲပါ ပျော်ရာမှာ မနေရ တော်ရာမှာ နေရတဲ့ ပြည်ချစ်စစ်သားဘဝပေဘဲလေ...............

[သိသလောက်မှတ်သလောက်ဖြစ်ရပ်လေးကို ရေးသားခြင်းမို့ အမှားပါရင် ပြင်ဆင်ဖတ်ရှုပေးဖို့ မေတ္တာရပ်ခံပါတယ်......thank for all.....~_^………]

Saturday, January 18, 2014

"နှလုံးသားကပြောတဲ့ ဒဏ္ဍရီ"(မော်ဒန်)


"နှလုံးသားကပြောတဲ့ ဒဏ္ဍရီ"(မော်ဒန်)  စိတ်တရုံးရုံး က  အမှောင်ကိုကွေတတ်ပြီး  လရိပ်ကို ဖျားယောင် မိတော့မှ နှလုံးသားနုနုကို  လေပြေရှုးက လှုပ်တယ်...*****  အရိပ်တွေထင်းနေသလားဆိုတာ... ညည ငိုတဲ့ အလွမ်းမတတိတ်တော့ ဘူး....။  အပြုံးနဲ့ ကြည်ကြည် ဖြူဖြူသတင်းလွင့်ရင်း သူ့ အချစ်တွေ သူ ပြန်လိပ် သွားတဲ့ နေကစ****  လူမသိ သူမသိ အလွမ်းအဆွေးတွေ ပန်းရှိုက် သံနဲ့ ပွင့်တယ်....*******  အတိတ်ကအဖြစ်တွေဟာ အလွမ်းတွေအဖြစ်... အမှတ်တရမှုတွေနဲ့ သွေးအေးခဲ့တယ်...*******  တကယ်တန်း.....တော့ သူပြောပြော နေတတ်တဲ့ ချစ်တယ်ဆိုတာ အဲ့ဒါ.............. .နှလုံးသားကပြောနေတဲ့ ဒဏ္ဍာရီတခုပါ...   ကာရံငယ်  http://yetayzakyaw528.blogspot.com
 


စိတ်တရုံးရုံး က

အမှောင်ကိုကွေတတ်ပြီး
လရိပ်ကို ဖျားယောင် မိတော့မှ
နှလုံးသားနုနုကို
လေပြေရှုးက လှုပ်တယ်...*****
အရိပ်တွေထင်းနေသလားဆိုတာ...
ညည ငိုတဲ့ အလွမ်းမတတိတ်တော့ ဘူး....။

အပြုံးနဲ့ ကြည်ကြည် ဖြူဖြူသတင်းလွင့်ရင်း
သူ့ အချစ်တွေ သူ ပြန်လိပ် သွားတဲ့ နေကစ****
လူမသိ သူမသိ အလွမ်းအဆွေးတွေ
ပန်းရှိုက် သံနဲ့ ပွင့်တယ်....*******
အတိတ်ကအဖြစ်တွေဟာ
အလွမ်းတွေအဖြစ်...
အမှတ်တရမှုတွေနဲ့ သွေးအေးခဲ့တယ်...*******
တကယ်တန်း.....တော့
သူပြောပြော နေတတ်တဲ့ ချစ်တယ်ဆိုတာ
အဲ့ဒါ..............
.နှလုံးသားကပြောနေတဲ့ ဒဏ္ဍာရီတခုပါ..
. ကာရံငယ်
http://yetayzakyaw528.blogspot.com

"သရုပ်ဆောင် ကြည့်လိုက်တဲ့ ရုပ်ရှင်"(မော်ဒန်)




အဆန်းတကျယ်.....အားကျဖွယ်ရာများ
လက်သီးထိုးခန်းဟာ....နောက်ခံတေးနဲ့
ဇာတ်လိုက်ဆိုတော့ ပစ်တိုင်းထိတယ်....
ဒုက္ခဟာ..............
စိတ်အာဟာရဖြည့် ရှုခင်းတကွက်...။
ဇာတ်သိမ်းခန်းဟာ
မြက်ခင်းစိမ်းနဲ့ ဂီတ နဲ့ 
ချစ်သူလေး နဲ့  ပန်းပွင့် နဲ့

ကျွန်တော် ရုံထဲက ထွက်လိုက်တော့
ချွေးစက်တွေ မှာ ...ဂီတမပါဘူး...
လမ်းလျှောက်တဲ့ အခါ....
နောက်ခံသီချင်းမပါဘူး....။
အလင်းရောင်ဟာ
စမ်းတ၀ါးဝါး.....
တခုခုကို အော်ခေါ်ချင်ရဲ့
သူ့ လက်ကို လှမ်းတွဲလိုက်တော့...
ပိတ်ကား ဟာ အဖြူထည် သက်သက်....
 ကာရံငယ်
http://yetayzakyaw528.blogspot.com
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...