Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Saturday, December 28, 2013

ကမ္ဘာ့အကြီးဆုံး ချော်ရည်လိုဏ် ကို အမေရိကန်ပြည်ထောင်စုတွင် တွေ့ရှိ

ဆန်ဖရန်စစ္စကို ၊ ၁၈-၁၂-၂၀၁၃

အမေရိကန် ပြည်ထောင်စု Yellowstone အမျိုးသား ဥယျာဉ် အောက်တွင် တည်ရှိသော မီးတောင်ကြီး သည် ယခင်က ခန့်မှန်းခဲ့ သည်ထက် အဆပေါင်း များစွာပိုကြီး နေကြောင်း အမေရိကန် ဘူမိရူပ သမဂ္ဂညီလာခံ တွင် သိပ္ပံပညာရှင် များက ထုတ်ပြန် ကြေညာ လိုက်သည်။

Yellowstone  အောက်တွင် ရှိသော ကျောက်ရည်ပူ လိုဏ်ကြီးသည် မူလခန့်မှန်း ထားသည်ထက် ၂ ဒသမ ၅ ဆ ပိုကြီးပြီး အရှည် ၅၅ မိုင်ခန့် ရှိကာ ချော်ရည် ချော်ခဲ ၂ဝဝ မှ ၆ဝဝ ကျူးပစ် ကီလိုမီတာ ခန့် ရှိကြောင်း ၊ ယခင်က မှန်းဆထား သည်ထက် အရွယ်အစား ပိုကြီး လိမ့်မည်ဟု ယူဆ ခဲ့သော်လည်း ဤရွေ့ဤမျှ ကြီးမား လိမ့်မည်ဟု မထင်မိ ခဲ့ကြောင်း ယူတာ တက္ကသိုလ် မှ ပါမောက္ခ ဘော့စမစ်က ပြောပြသည်။

Yellowstone  မီးတောင်ကြီး ပေါက်ကွဲခဲ့လျှင် အလွန်တရာ ကြီးမားသော ဘေးအန္တရာယ် ဆိုးကျရောက်မည် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၄ဝဝဝဝ ခန့်က တစ်ကြိမ် ပေါက်ကွဲခဲ့ရာ မြောက်အမေရိက တိုက်တစ်ခွင်လုံး ပြာများ ဖုံးလွှမ်းခဲ့ပြီး ကမ္ဘာ့မိုးလေဝသ ကို ဆိုးရွားစွာ ထိခိုက် စေခဲ့သည်။

'' သုတေသီများက မြေငလျင် တိုင်းကိရိယာ အမြောက်အမြား ကို ကွန်ရက်ဖွဲ့ကာ အသုံးပြုခဲ့ပြီး ချော်ရည် လိုဏ်ကြီးကို စောင့်ကြည့် တိုင်းတာ ခဲ့ခြင်း ဖြစ်သည်။ '' Yellowstone အနီး ပတ်ဝန်းကျင် တွေမှာ လှုပ်ခတ်တဲ့ မြေငလျင်တွေကို စောင့်ကြည့်ပြီး ငလျင်လှိုင်း ဖြတ်သန်းမှု နှုန်းကို တိုင်းတာခဲ့တယ်။ ငလျင်လှိုင်း တွေက ချော်ရည် ၊ ချော်ကျောက် တွေကို ဖြတ်သန်းတဲ့ အခါမှာ အရှိန်နှေးသွား လေ့ရှိတယ်။ ဒီစနစ်နဲ့ ချော်ရည် လိုဏ်ကြီးရဲ့ အရွယ်အစား အစစ်အမှန်ကို ခန့်မှန်း တွက်ချက် နိုင်ခဲ့တာပါ . . . ''ဟု ယူတာ တက္ကသိုလ်မှ ဒေါက်တာ ဂျေမီဖရဲလ် က ဆိုသည်။

အဆိုပါ ချော်ရည်လိုဏ် သည် အနက် ၁ မိုင်မှ ၉ မိုင်ခန့် အထိ ရှိနိုင်ပြီး ၅၅ မိုင်ခန့် ရှည်လျားကာ မိုင် ၂ဝ ခန့် ကျယ်နိုင်ကြောင်း ၊ ကမ္ဘာပေါ်တွင် ဤမျှ ကြီးမားသော ချော်ရည်လိုဏ် ကို မတွေ့ဖူး သေးကြောင်း ၊
Yellowstone ဒေသအတွက် မခန့်မှန်း နိုင်သော အန္တရာယ်မျိုး သက်ရောက် စေနိုင်ကြောင်း သိရသည်။

ယခင်က မှတ်တမ်းများ အရ Yellowstone မီးတောင်သည် နှစ်ပေါင်း ၇ဝဝဝဝဝ တွင် တစ်ကြိမ် ပေါက်ကွဲလေ့ ရှိရာ နောင် နှစ်ပေါင်း ၄ဝဝဝဝ တွင် တစ်ကြိမ် ထပ်မံ ပေါက်ကွဲဖွယ် ရှိနေကြောင်း သိရသည်။

"အခန်းနီ" (ပရလောက)

red room

အန်တီကြီးကရှေ့မှလျှောက်ကာ ၀ါလေး ကနောက်မှ လိုက်လာခဲ့သည် အခန်းနံပါတ် ၁၂ တွင်ရပ်လိုက်ပြီး

“ကဲ ဒါကတူမကြီးနေရမယ့်အခန်းပဲ”

ပြောပြောဆိုဆို အခန်းကိုဖွင့်ဝင်သွားလေသည် အခန်းကတော့ သိပ်မကျယ် သို့သော်လူတစ်ယောက်စာအတွက် ချောင်ချိစွာနေနိုင်သည် ၀ါလေးသည် အခန်းအတွင်းသို့လှည့်ကြည့်ရင်း
1“ဒီအခန်းလေးက သဘောင်္ဆေးအနီရောင်လေး သုတ်ထားတယ်နော် တစ်မျိုးပဲ ဒါပေမယ့်ချစ်စရာကောင်းတယ် ကဲအန်တီ ကျွန်မဒီအခန်းပဲယူမယ် ဟောဒီမှာ ၂လစာ”
“အေးကွယ် ဒါကလေးထပ်မြောက်ဆိုတော့ လေကောင်းလေသန့်လည်းရတယ် အခန်း ၁၃ မှာတော့ဘယ်သူမှမနေဘူး အခန်း ၁၁ မှာတော့ သားအမိ နှစ်ယောက်ထဲပဲနေတယ် အမေကတော့သိပ်ကျပ်မပြည့်သလိုပဲ ကလေးကတော့ ၁၀ နှစ်လောက်ပေါ့ ”
“သြော် ဟုတ်ကဲ့”

ပြောပြီးသည်နှင့် ထိုအန်တီကြီးထွက်သွားလေသည် ထိုစဉ် ၀ါလေးသည် အခန်း ၁၁ မှသူတို့အားချောင်းကြည့်နေသော ကောင်မလေးကိုမြင်လိုက်ရသည် ကောင်မလေးသည် လူမိသွားသောကြောင့် တံခါးကိုပြန်လည်ပိတ်သွားသည်
ထို့နောက် ၀ါလေးသည် အခန်းထဲသို့ဝင်လာပြီး လတ်တလောအိပ်ရန် အတွက်သန့်ရှင်းရေးများ လုပ်လေသည်

“ဒီအခန်းလေးကတစ်မျိုးပဲ အနီရောင်တွေနဲ့သုတ်ထားတယ် ဒါပေမယ့် ဈေးလည်းချိုတာကိုး ခုခေတ်မှာ တိုက်ခန်းတစ်ခန်းကို ဒီဈေးနဲ့ငှားရဖို့ဆိုတာမလွယ်ပါဘူးလေ”

သန့်ရှင်းရေးလုပ်ပြီးသောအခါ ၀ါလေးသည် ရေမိုးချိုးထမင်းဆင်းစားပြီး ကုတင်ပေါ်၌လှဲကာ မိမိဘ၀အကြောင်းစဉ်းစားနေမိသည် ၀ါလေးသည် နယ်မှတက်လာသောသူဖြစ်ပြီး ရန်ကုန်မြို့ကြီးတွင် ကိုယ့်အားကိုယ်ကိုးကာ စီးပွားရှာမည်ဟု ဆုံးဖြတ်ထားသူဖြစ်သည်
ဟိုဟိုဒီဒီစဉ်းစား၍ အိပ်ပျော်ခါနီးအချိန်တွင် ရေချိုးခန်းဖက်မှ အော်သံလိုလိုကြားလိုက်သောကြောင့် အိပ်ချင်စိတ်များပျောက်သွားပြီး သေချာနားစွင့်ရာ

“သမီးကိုကယ်ပါ သမီးကိုကယ်ပါဦး”

ဟူသောအသံကိုကြားလိုက်ရသည် ရေချိုးခန်းထဲဝင်သွားကြည့်ရာ တစ်ဖက်ခန်းမှ လာသောအသံဖြစ်နေမှန်းသေချာသွားသည် ထို့ကြောင့် နံရံ၌ခေါင်းကိုကပ်ပြီး

“သမီး အစ်မအသံကြားလား သမီးဘာဖြစ်နေတာလဲ”
“အသစ်ပြောင်းလာတဲ့အစ်မလားဟင် သမီးကိုကယ်ပါဦးအစ်မရယ် သမီးလေ ရေချိုးခန်းထဲအပိတ်ခံရတယ် အီး ဟီးဟီး”
2

ကောင်မလေးက ငိုသံပါကြီးနှင့်ပြန်ဖြေလေသည်
“ဟာ ဒုက္ခပဲ ဒီကောင်မလေးအမေတော့ စိတ်ထဖောက်လာပြန်ပြီထင်တယ်” ဟုစဉ်းစားမိ၍ ကောင်မလေးကိုခေါ်ထုတ်ရန် ရေချိုးခန်းအပေါ်ဖက်ရှိ လူတစ်ကိုယ်စာ လွတ်နေသော နေရာသို့တက်သွားလေသည်

“သမီး မကြောက်နဲ့နော် အစ်မလာခေါ်မယ်”

အပေါ်သို့ရောက်သောအခါ ဟိုဖက်အခန်း၏ ရေချိုးခန်းတွင်၌လည်း အနီရောင်ဆေးများသုတ်ထားသည်ကို မြင်လိုက်ရသည်

“ဟင် ဒီဖက်အခန်းမှာလည်း ဆေးအနီပဲဟ ဟာ.. ဒါနဲ့ ကလေးမလေးဘယ်ပျောက်သွားတာလဲ”

ဝါလေးအံ့သြစွာဖြင့် ကောင်မလေးကို လိုက်ရှာသော်လည်းမတွေ့ချေ ရေချိုးခန်းအတွင်း၌ ဘိုထိုင်ခွက်တစ်လုံးနှင့် ရေချိုးရန်အတွက် ရေပန်းတစ်ခု ဤမျှသာလျှင်ရှိသည် သူမခုန နားကြားပင်လွဲနေသလားဟု ပြန်ထင်မိသည် ထိုစဉ် အခန်း ၁၁ ၏အရှေ့ဖက်၌ တံခါးဖွင့်သံကြားရ၍ သူမလည်းအောက်ပြန်ဆင်းလာခဲ့သည် သူမကုတင်ပေါ်ရောက်သောအချိန် တစ်ဖက်ခန်းမှ အမေဖြစ်သူက ကလေးအားရိုက်သောအသံနှင့် ကလေးငိုသံ ကျယ်လောင်စွာထွက်ပေါ်လာသည် သူမ သည်းမခံနိုင်တော့ပေ အိပ်ရာမှထကာ တစ်ဖက်ခန်းထဲသို့ဝင်သွားလေသည်။

“ဒီမှာရှင့် ရှင်က ကိုယ့်သမီးကို ဆုံးမတာတော့ဟုတ်တယ် ဒါပေမယ့် ရှင်လုပ်တာကအရမ်းလွန်နေပြီ ၁၀ နှစ်အရွယ်ကလေးကို ဒီလောက်ထိ ဆုံးမစရာလားရှင့် အိမ်သာထဲလှောင်လို့လှောင် ခုရိုက်လိုရိုက်နဲ့”
“နင်ဘာတွေလာပြောနေတာလဲ ငါဘယ်တုန်းက သမီးရှိလို့လဲ ဒီမှာကြည့် ခုငါရိုက်နေတာလည်း ယောကျာ်းလေး ငါ့သားလေး … ငါစားမယ့်ထမင်းကို သွန်ပစ်လို့ ရိုက်နေတာ ပြီးတော့ ငါက သိပ်စိတ်မမှန်ပေမယ့် ငါ့ရင်သွေး ငါ့သားကို ငါသိတယ် ဘယ်တော့မှ အိမ်သာထဲမလှောင်ထားဘူး”
“ဘယ်လို ရှင့်သားဟုတ်လား ဒါဆိုကျွန်မတွေ့တွေ့နေတဲ့ ရှင့်သမီးကကော ဘယ်မှာလဲ”
“နင္ဘာေ
3တွလာပြောနေတာလဲ ငါ့မှာဘယ်တော့မှ သမီးမရှိဘူး ငါနဲ့ငါ့သားနဲ့နေတာနှစ်ယောက်ထဲပဲ
နေတာဖြင့်ကြာလှပြီ ပေါက်ပေါက်ရှာရှာတော် ”
“သြော် ဟုတ်ကဲ့ တောင်းပန်ပါတယ်နော် ကျွန်မအမြင်မှားတာဖြစ်ပါလိမ့်မယ် ကျွန်မကိုခွင့်ပြုပါဦး”
“ကြွ ကြွ ဘယ်နှယ့်တော် သူများကိစ္စ၀င်ရှုပ်တယ်”

ဝါလေးသည် သူမ အခန်းဆီသို့ အမြန်ပြန်လျှောက်လာခဲ့သည် သူမစိတ်ထဲတွင်လည်း သူမမြင်မိသည်က မိန်းကလေးဟု ယုံကြည်နေပြန်သည် ထိုကောင်မလေးက ဘယ်သူလဲ ဘယ်ကလဲ
သူမစိတ်ထဲတွင် သံသယနှင့်မေးခွန်းပေါင်းများစွာမေးရင် အိပ်ပျော်သွားလေသည်။
နောက်တစ်နေ့သို့ရောက်သောအခါ ညကဖြစ်ပျက်ခဲ့သော ကိစ္စများအားမေ့ဖျောက်ပြီး အလုပ်ရှာရန်ထွက်ခွါသွားလေသည်
ညနေစောင်းသူမပြန်လာသောအခါ အတော်ပင်ပန်းနေလေပြီ ထို့ကြောင့် ရေချိုးပြီး အိပ်ရန် ကြံစည်လိုက်သည်နှင့် သူမနားထဲတွင် မနေ့ညက ကြားရသောအသံအတိုင်းထပ်ကြားရပြန်၏

“သမီးကို ကယ်ပါ သမီးကို ကယ်ပါဦး”
သူမ နံရံအနီး၌လျှောက်သွားပြီး
“သမီးကဘယ်သူတုန်း”
“သမီးကို သူတို့ဒီအခန်းထဲပိတ်ထားကြတယ်”
“ဘယ်သူတွေက ပိတ်ထားတာလဲ”
“ဟိုလူကြီးတွေ ဟင့်အင်း ဟင့်အင်း သမီးကြောက်တယ် သမီးအရမ်းအထီးကျန်တာပဲ သမီးတစ်ယောက်ထဲနေရတာကြောက်တယ် အစ်မသမီးနဲ့တူတူလာနေပေးပါနော်”
“အစ်မဘာကူပေးရမလဲ”
“အစ်မခေါင်းကိုနံရံနားကပ်ပြီး နားစွင့်ကြည့်ကြည့်”

ဝါလေးနံရံတွင်နားကိုကပ်ပြီး နားထောင်ကြည့်ရာ နံရံမှ လက်နှစ်ဖက်ထွက်လာပြီး လက်တစ်ဖက်က ၀ါလေးပါးစပ်ကိုပိတ်ပြီး တစ်ဖက်က၀ါလေးအား နံရံအတွင်းသို့ အတင်းဆွဲသွင်းလေသည် မကြာမီအချိန်အတွင်းမှာပင် ၀ါလေးခန္ဓာကိုယ်မှ စီးကျသောသွေးများသည် နံရံ၌သုတ်ထားသော ဆေးနီများနှင့် တစ်စုတစ်စည်းပေါင်းစည်းသွားလေသည်

လအနည်းငယ်ကြာသောအခါ

“ဟယ် အန်တီ ဒီအခန်းလေးက ချစ်စရာလေး ဆေးနီလေးတွေနဲ့သုတ်ထားတယ် ဒီအခန်းပဲယူမယ်”

ရေးသားသူ - Jily

၂၁ အလွမ်း


sung_yu_ri_050041ilb                                      
သိပ်‌ သည်းတဲ့ လေထုထဲ

တွဲခိုနေတဲ့ အအေးဒဏ်

ဟေမာန်ဆန်လွန်းလို့ ခက်နေတယ်

အင်း…..ဒီဇင်ဘာ မာနကလဲ

အထက်စီးကပဲလေ

မင်းအလုပ် မင်းလုပ်ပါ

ငါ အရှုံးပေးလဲ မင်းပြုံးမယ်တောင် မထင်ပါဘူး

သေလောက်အောင်ချမ်းစမ်းပါ twenty firstရယ်။။

ကျဆုံးမှုကို ဖော်ကျူးတဲ့  lyrics တွေ

ငါ အခန်းထဲ ပျံ့ လွင့်နေတဲ့ ည….

အိုကေပါတယ် ပြောရင်း

ညကိုကျော်ဖို့  ကြိုးစားနေတုန်း

ငိုမဲ့မဲ့ နဲ့  ပြောတယ်

“သူအန်ချင်လို့ ”တဲ့

“မင်းကွာ ငါလုံအောင် ခြုံပေးထားရက် နဲ “့

ဒီလိုနဲ့ ပဲ နှလုံးသားကိုနှစ်သိမ့် ဖို့ 

ညရဲ့တ၀က်ကျော်ကျော်ကို

တစ်စုံတစ်ယောက် ပုံရိပ်အောက်

မှောက်ချလိုက်တာ

အလွမ်းသံစဉ်တွေတောင် တိုးတိတ်သွားတယ်ထင်ပါ ရဲ့ ။။

ခက်ပါလားဟ


ဒီရေသင်ခန်းစာတွေ နားလည်ပြီးမှ

ဆန္ဒဆိုတာတွေ ချင့်ချိန်ပြီးမှ

တစ်ပတ်လည်ခဲ့တာလား….

ထိုည

ထိုအချိန်

(သူမပြောသလို)

တိတိကျကျလေးကျေကွဲနေရပြန်ရော။။

တောက်ပတဲ့  မာကျူရီည

အပြင်ဘက်က

ဟိုင်းဝေးလမ်းမတွေထက်

အသက်၀၀ ရှူချင်တယ်

ဒီရာသီ

အေးမြမှုတွေ ပါလာကောင်းရဲ့ဆိုတဲ့ 

သိမ်သိမ်နုတ်နုတ် အတွေးလေးနဲ့ ပေါ့

ဒါပေမဲ့ 

တစ်နေရာရာမှာတော့

အော်မေးဖြစ်မှာပါ

နင်ငါ့ကို…………………………………………… ။။

ပြာ လွင်နေတဲ့ ဆေးစက်ချလဲ

ငြိမ်းချမ်းမှု ရဲ့  ကျဆုံးခန်းက

ထန်းလက်တောင် မကာနိုင်ရှာဘူး၊

ငါရင်ထဲက အ၀ါရောင်လွန်ကဲမှုတွေကြောင့်နေမှာပဲ

ဆောင်းညရေ..

ပုံမှန်ခြင်း မျက်နှာဖုံးနဲ့ 

မနက်ဖြန်တွေဆက်ရမှာပင်ပန်းတယ်။။

သံတွေ

အပြုံးတွေ

ဟန်ကျပန်ကျ အတုလုပ်ထားလို့ ရရင်ကောင်းမယ်

အင်းမတတ်နိုင်ဘူး ဆောင်းရယ်

ငါ့ရင်ထဲက အပူရှိန်တွေကို

အေးမြအောင်မစွမ်းနိုင်လို့ 

အားမနာပါနဲ့ 

မင်းက ထာဝရ ရှင်သန်သူ

ငါက သဘာဝလွန်ဆန်သူလေ။ ။

Friday, December 27, 2013

သို့............သိစေချင်သည်။

အို..မိန်းခလေးငယ်
ထောင်နေသောစပါးနှံ နှင့် ညွှတ်ကိုင်းနေသောစပါးနှံကို လေ့လာ၍
ယောင်္ကျားတို့အား နှိုင်းယှဉ်ပါ။
(၂) မာနဟူသည် ထားသင့်သော သူပေါ်သာထားရ၏ ၊ မထားသင့်သော သူပေါ်၌ ထားမိသော် အမှား
ဖြစ်တတ်၏။ (ကျားသည်ပင် မိဘရှေ့ရောက်က ကြောင်လေးသဖွယ်သာနေတတ်၏ )
(၃) အသွင်မတူရင် ဘယ်သောအခါမှ အမြင်မတူနိုင်ပါ၊ ခံစားချက်မတူရင်လည်း
နားလည်မှုတွေ မတူနိုင်ဘူး။
(၄) ရှေ့တွင်ရှိသော ပတ္တမြားကို ခရမ်းချဉ်သီးအမှတ် ဖြင့် နင်းကျော်ပြီး ၊
နောက်တွင်ရှိသော မစင်ကို ရွှွှွှေအမှတ်ဖြင့် ပြေးကောက်သော်၊ ထိုသူသည်
ဥာဏ်ပညာ သေးသိမ်သော မိုက်မဲသူသာဖြစ်ပေလိမ့်မည်။
(၅) ချိုသာသော စကားတိုင်းသည် မုသားမကင်းနိုင်သလို၊ ခါးသီးသော စကားများသည်လည်း
မှန်သော စကားများ ဖြစ်နိုင်ပေသည်။
(၆) လှသော မိန်းခလေးငယ်၊ လှပခြင်းအား ဆယ်စုနှစ်တစ်ခုကြာအောင်
သင်ထိန်းသိမ်းနိုင်ပါမည်လော၊ ထာဝရလှပခြင်းအား သင့်ကိုချစ်သောသူ၏
မျက်ဝန်းတစ်ခုတည်း၌သာ သင်တွေ့နိုင်ပါလိမ့်မည်။
(၇) စိတ်ထားမကောင်းက တန်ဖိုးမဲ့ရာ၏ ၊ နေခြင်းမလှက တန်ဖိုးမဲ့ရာ၏ ၊
ပြောခြင်းမမှန်က တန်ဖိုးမဲ့ရာ၏။ (စိတ်ထား ကောင်းပါစေ ၊ နေခြင်းလှ၍ ၊
ပြောခြင်းမှန်ပါစေ )
(၈) အပျိုအရွယ်ရောက် ပြီဖြစ်သော မိန်းခလေးငယ်၊ သင့်အား အမေ၊အဒေါ်၊အစ်မတို့မှ
မည်သည့်အတွေ့အကြုံအမွေကို ပေးကြသနည်း၊ သင် သိပါသည်။ သို့သော် နားလည်မှု
လွဲသွားနိုင်သည်။

(၉) ဆူးပေါ်ပဲ ဖက်ကျကျ၊ ဖက်ပေါ်ပဲ ဆူးကျကျ ဖက်သာလျှင် ပေါက်ရိုးထုံးစံရှိ၏။
ပေါက်သွားလျှင် ဘာဖြစ်လဲဟူသောမေးခွန်းအား မမေးပဲ၊ ငါးပြေမကုန်းပေါ်တက်သည့်
အမှုမျိုးအား ရှောင်နိုင်ပါစေ။
(၁၀ ဘူးပင်နှင့်တူသော မိန်းခလေး မဖြစ်အောင်နေပါ၊ ဘူးပင်တို့သည်အချိန်တန်အရွယ်ရော
က်သော မှီခိုရမည့်စင်ကို အညွှန့်ရမ်း၍ ရှာဖွေကြ၏ ၊ သူ၏ အညွှန့်ကို
ကိုက်ဖြတ်မည့်သူအား တမ်းတကြ၏။ ထိုမှသာ အသီးအားပေးပြီး ဘူးသီးတို့
ဝေေ၀ဆာဆာ သီးနိုင်မည်ဟု ဘူးပင်တို့ခံယူကြ၏ ၊ အို…..မိန်းခလေးအတုယူမှားကင်းပါစေ။
(၁၁) အို..မိန်းခလေးငယ်
အပျော်ကျူးက ဗိုက်ဖူးတတ်၏ ၊ သွေးတို့ယားသော် အသားတို့လည်း ပဲ့ပေမည်၊
ဆန္ဒတို့ကို သိက္ခာဖြင့် ထိန်းပါလေ။
(၁၂) အရွယ်ရောက်လာသော မိန်းခလေးငယ်တို့ အဘယ်အကြောင်းကို တွေးတောနေကြသနည်း၊
အတွေးတို့မှန်ပါစေ အမေ့ကျေးဇူးဆပ်ဖို့ထက် အမေဆိုတဲ့
ကျေးဇူးကိုဦးစွာခံယူချင်သူသည် ဒုက္ခကိုသာအဖေါ်ပြုရတတ်သည်။
(၁၃) မချစ်တတ်တဲ့ သူဆီ၊ အချစ်ငတ်တဲ့ သူက ချစ်ခြင်းကိုအလှူခံရင်တော့ ရလာမှာက
နောင်တနဲ့….. ပဲ။
(၁၄ ချစ်တတ်သူတိုင်း ချစ်ပါတယ်ပြောသော်ငြား ၊ ချစ်ပါတယ်ပြောသူတိုင်း မချစ်တတ်ကြပါ။
(၁၅) မကြာခင် ငါးစာလာမည်၊ ငါးစာတွင် ငါးမျှားချိတ်ပါမည် ၊ အသိကို
သတိနှင့်ယှဉ်ပြီးနေပါ မိန်းခလေးငယ်။)………………..
(YTZK)

အသေးစား ကျားသစ်မျိုးနွယ်ဝင် ကြောင်မျိုးစိတ်သစ် တောင်အမေရိက တိုက်တွင် တွေ့ရှိ

တောင်အမေရိကတိုက်တွင် Oncillas အမည်ရှိ အသေးစား ကျားသစ် မျိုးနွယ်ဝင် ကြောင်မျိုး စိတ်သစ် တစ်မျိုးကို သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

Oncillas မျိုးနွယ်ဝင် ကြောင်များသည် အပြင်ပန်း သွင်ပြင်တူညီမှု ရှိသော်ငြားလည်း ယင်းမျိုးနွယ်ဝင်များ အားလုံးသည် တူညီမှု မရှိကြောင်းနှင့် ယခုတွေ့ရှိသော မျိုး စိတ်သစ်သည် တောင်အမေရိကတိုက်ရှိ မတူကွဲပြားသော မျိုးစိတ်များ နေထိုင် ကျက်စားသည့် ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းမှ အသေးစား ကျားသစ် မျိုးနွယ်ဝင် ကြောင်များ ဖြစ်သည်ဟု သုတေသီများက ပြောကြားထားသည်။

Oncillas ကြောင်မျိုးနွယ်များသည် တစ်မူ ထူးခြားသော မျိုးစိတ်သစ်များ ဖြစ်ကြောင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ အရ ကာကွယ် စောင့်ရှောက်မှု ပေးရမည်၊ မပေးရမည် ဆိုခြင်းနှင့် စပ်လျဉ်း၍ လေ့လာမှု တစ်ရပ်ကို လုပ်ဆောင်လျက် ရှိကြောင်း ဘရာဇီး နိုင်ငံ Pontifical Catholic တက္ကသိုလ်မှ သုတေသီ တစ်ဦးဖြစ်ပြီး လေ့လာမှုတွင် ပါဝင်သူ အီဒူ အာဒိုအီဇီရစ်ခ်က ပြောကြားခဲ့ သည်။

ယင်းမျိုးစိတ် နှစ်ခုလုံးသည် ခန္ဓာကိုယ်တွင် အဝါရောင် အမွေးအမှင်များနှင့် အမည်းရောင် အကွက်များ ရှိပြီး အပင်ပေါ်သို့ သွက်လက် ချက်ချာစွာ တက်နိုင်ကြောင်းနှင့် ရှဥ့်ကဲ့သို့သော အသေးစား နို့တိုက်သတ္တဝါများနှင့်ငှက်များကို စားသောက် နေထိုင်ကြကြောင်း Michigan တက္ကသိုလ်၏ ပြောကြားချက်အရ သိရသည်။

ယင်းမျိုးစိတ် နှစ်ခုလုံးသည် တောင်အမေရိက တိုက်တွင် နေထိုင်ကျက်စားသော အသေးစား ကြောင်မျိုးနွယ်ဝင်များ အနက် တစ်ခုအပါအဝင် ဖြစ်ပြီး ခန္ဓာကိုယ် အလေးချိန်မှာ သုံးကီလိုဂရမ် ရှိကြောင်း သိရသည်။

ယခု ရှာဖွေတွေ့ရှိခဲ့သော မျိုးစိတ်သစ်ကို Leopardus guttulus ဟု အမည် ပေးထားကြောင်း သိရသည်။


မြ၀တီ

ချစ်ခြင်းသံစဉ်

chitchintansin

ကျောင်းကပြန်ပြန်လာချင်း... ကျွန်မအမြဲနားထောင်နေကျဖြစ်တဲ့ MYMC Radio ကိုဖွင့်လိုက်ပါတယ်။ နောက်ရေမိုးချိုး ထမင်းစားပြီးတော့ စာလုပ်ဖို့အတွက် စာကြည့်စားပွဲမှာလာထိုင်လိုက်တယ်။ ရေဒီယိုက  Craig David ရဲ့ Don't Love You No More သီချင်းသံက တိုးတိုးလေးပျံ့လွင့်နေပါတယ်။ ထိုစဉ် အမေရောက်လာပြီး

“ milk ... စာလုပ်ရင်းစားဖို့ ဒီမှာကော်ဖီနဲ့မုန့်”

“ thankie mommy  စားပွဲပေါ်မှာပဲ တင်ထားပေးနော်”

“ Ok လုပ်လုပ်သမီး။ တင်ထားခဲ့ပြီနော်”

စိတ်အာရုံကိုပြန်လည်စုစည်းပြီး စာလုပ်လိုက်တော့လည်း ဘေးပတ်ဝန်းကျင်ကို မေ့သွားပါလေရော။ အတော်ကြာကြာအချိန်လောက်မှာ ကျွန်မရဲ့စာတွေအကုန်လုပ်ပြီးသွားတော့ ည 10 နာရီထိုးနေပါပြီ။ အိပ်ချင်စိတ်လည်းမရှိသေးတာနဲ့ Gtalk ကိုဖွင့်ပြီး Online တက်လာခဲ့ပါတယ်။ ရေဒီယိုမှာ သီချင်းတောင်းမယ်ဆိုတဲ့ အကြံအစည်နဲ့ပေါ့။ ဒါနဲ့ရေဒီယိုမှာသီချင်းတောင်း ပြီးတော့သူငယ်ချင်းနဲ့ chat နေတာပေါ့။ အဲဒီအချိန်မှာပဲ ကျွန်မကိုလာအပ်ထားတဲ့ ID တွေထဲက neversaygoodbye@gmail.com ဆိုတာကိုတွေ့လို့ စိတ်ဝင်စားသွားပြီး accept လုပ်မိလိုက်ပါတယ်။

neversaygoodbye:
မင်္ဂလာပါ


me:

မင်္ဂလာပါရှင်

neversaygoodbye:
မအိပ်သေးဘူးလား

me:
အိပ်ချင်စိတ်မရှိသေးလို့

neversaygoodbye:
ခုဘာလုပ်နေလဲ

me:
2
ဘာမှထွေထွေထူးထူးမလုပ်ပါဘူး

neversaygoodbye:
သြော်... စာမလုပ်ဘူးလား မနက်ဖြန်စာမေးပွဲရှိတယ် မဟုတ်လား

me:
ဟင်... ဘယ်လိုသိတာလဲဟင် ကျွန်မစာမေးပွဲရှိတာ

neversaygoodbye:
စုံစမ်းထားတာပေါ့

me:
ဒါဆိုရှင်က ကျွန်မကိုသိနေပြီပေါ့

neversaygoodbye:
ဒါပေါ့

me:
ဒါပေမယ့် ကျွန်မကရှင့်အကြောင်းမသိသေးဘူးရှင့်

neversaygoodbye:
ကိုယ် ပြောပြမှာပေါ့ ကိုယ့်နာမည်က မာန်။ အသက်က 22 မင်းထက် 3 နှစ်ကြီးတယ်
နေတာက ရန်ကုန်ပဲ

me:
ဟင် ကျွန်မအသက်ကိုလည်းသိတယ် ရှင်ဘာတွေလိုက်စုံစမ်းထားသေးလဲ ဘာလို့ ကျွန်မအကြောင်းလိုက်စုံစမ်းနေတာလဲ

neversaygoodbye:
ဟားဟား မေးလိုက်တာ ဆက်တိုက်ပဲ မနက်ဖြန်မှဆက်ပြောပြမယ်
ကိုယ်အိပ်တော့မယ် အိပ်မက်လှလှလေးမက်ပါစေကွာ Bye

ပြောပြောဆိုဆိုဖြင့် သူ offline ဖြစ်သွားလေသည်။ ဘယ်လိုလူမှန်းလဲမသိ သူငယ်ချင်းတစ်ယောက်ယောက်များနောက်နေတယ်ထင်၍ ဖုန်းဆက်မေးကြည့်တော့လည်း တစ်ယောက်မှမသိ။
နောက်တစ်နေ့ကျောင်းရောက်ပြီး သူငယ်ချင်းများကိုပြောပြတော့ တစ်ယောက်ယောက်လာနောက်တာနေမှာဟု ထင်မြင်ချက်ပေး
သည်။ ကျွန်မလည်း သူ့အကြောင်းကို ခေါင်းထဲမှထုတ်ပစ်လိုက်သည်။

ည 10 နာရီ တိတိ...
ကျွန်မ Online တက်လာခဲ့သည်။ ထင်သည့်အတိုင်းပင် သူရှိနှင့်တာတွေ့ရလေ၏။

neversaygoodbye:
လာပြီလား

me:
အင်း... မနေ့တုန်းက ကျွန်မမေးထားတာ ရှင်မဖြေသေးဘူး

neversaygoodbye:
သြော်... ဒါလား ကိုယ်စိတ်ဝင်စားတဲ့သူကို လိုက်စုံစမ်းထားတာအပြစ်တဲ့လား

me:
ရှင်ကျွန်မအကြောင်းဘယ်လောက်သိနေပြီလဲ

neversaygoodbye:
သိပ်တော့မများပါဘူး... မင်းရဲ့ မိသားစု၊ ပညာရေး၊ ဘာကြိုက်တတ်လဲ ဘာမကြိုက်တတ်လဲနဲ့ အဓိကကတော့ဖုန်းနံပါတ် ဒီလောက်ပါပဲ
ဖုန်းမဆက်တာကတော့ မင်းနဲ့မသိသေးလို့ Online မှာမင်းနဲ့အရင် ခင်မင်ခွင့်ရပြီးမှ ဖုန်းဆက်မလို့
ကိုယ်မင်းဆီဖုန်းဆက်လို့ရလား

me:
ကျွန်မမသိတဲ့သူစိမ်းတစ်ယောက်နဲ့ ဖုန်းမပြောဘူးရှင့်

neversaygoodbye:
ကိုယ်က သူစိမ်းမှမဟုတ်တာ

me:
ကျွန်မရှင့်ကိုမသိဘူး

neversaygoodbye:
ကိုယ်ပြောပြီးပြီပဲ သိချင်တာရှိရင်မေးလို့

me:
ရှင့်အကြောင်းပြောပြ

neversaygoodbye:
ကိုယ်က အီးမေဂျာက ပြီးတော့ တစ်ဦးတည်းသောသား  လိုချင်တာမရရအောင်ယူတတ်တယ် လှလှပပအရာကို ကြိုက်တယ် အထူးသဖြင့် Milk ကို...

me:
ဟင် ရှင်ကျွန်မကို ရည်းစားစကားပြောနေတာပဲ block ခံချင်လို့လား

neversaygoodbye:
ဟိုးထားဟိုးထား မမ... စိတ်ကြီးပဲနော် ကိုယ်ပြောထားတယ်လေ မင်းဖုန်းနံပါတ်ကိုယ့်မှာရှိတယ်လို့ မင်းကိုယ့်ကို block ရင် ကိုယ်မင်းဆီဖုန်းဆက်မှာပေါ့

me:
တော်ပြီ ကျွန်မဘာမှမသိချင်တော့ဘူး အိပ်တော့မယ်

ဟုပြောပြီး ကျွန်မ gtalk ကိုပိတ်ပစ်လိုက်သည်။ ဘယ်လိုလူမှန်းမသိ။ အင်တာနက်ထဲက QQ တွေနေမှာပါဟု ကိုယ့်စိတ်ကိုယ်ဖြေသိမ့်ပြီး ကျွန်မအိပ်ပစ်လိုက်သည်။ မနက်ကျောင်းရောက်တော့ သူငယ်ချင်းများနှင့် ကန်တင်းထိုင်နေရာ ကောင်လေးတစ်ယောက် ရောက်လာပြီး

“ဟဲလို ကိုယ်မာန်ပါ။ သူငယ်ချင်းတို့ဆီက Milk ကို စကားနည်းနည်းပြောချင်လို့ ခဏခေါ်သွားလို့ရမလား”

သူငယ်ချင်းများအားလုံးကျွန်မကိုစိုက်ကြည့်လာရာ...

“ဟဲ့ ဘာကြည့်နေတာလဲ။ ဒါငါပြောပြောနေတဲ့ မာန်”

“သြော်... မာန်ဆိုတာ ဒီတစ်ယောက်ကိုး။ ကောင်းပါပြီရှင်။ ဒါပေမယ့် ခဏပဲခေါ်သွားနော်။ ပြန်လည်းလာပို့ဦး”

“ကောင်းပါပြီခင်ဗျာ။ Milk ကို ကျွန်တော် မှည့်တစ်ပေါက်မှ မစွန်းစေပဲ ကောင်းကောင်းမွန်မွန်ပြန်ပို့ပမယ်”

“ဟယ် ကိုမာန်တို့ကတော့ နောက်ပြီ။ ကဲကဲ မကြာစေနဲ့နော်။ ကျွန်မတို့စာနည်းနည်းလုပ်စရာရှိလို့”

“ဟုတ်ကဲ့ပါဗျာ။ ခွင့်ပြုပါဦး”


ဟုပြောပြီး ထွက်လာခဲ့သည်။ ကန်ဘောင်ပေါ်ရောက်တော့ ကျွန်မက

“ရှင် ကျွန်မခွင့်ပြုချက်လည်းမတောင်းဘူး”

“ဒါပေမယ့် မင်းလိုက်လာတယ်မဟုတ်လား။ ခွင့်ပြုတယ်ဆိုတဲ့သဘောပေါ့။ မဟုတ်ဘူးလား”

ရုတ်တရက် ကျွန်မဘာပြောရမှန်းမသိဖြစ်သွားသည်။ထိုအခါ သူက

“Milk... ကိုယ်အဖြေတောင်းထားတဲ့ ကိစ္စဘယ်လိုလဲ”

“ကျွန်မရှင့်အကြောင်းမသိသေးဘူး”

“ဒီစကားပဲပြောတတ်တာလားမသိဘူး။ ကောင်းပါပြီ။ Milk ကိုယ့်ကို အချိန်ယူပြီးလေ့လာနိုင်ပါတယ်ခင်ဗျာ”

“နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ကိုမာန်”

“ရပါတယ်ဗျာ။ မစောင့်လို့လည်း ရမှမရတာ”

ဟု သူကပြုံးစိစိဖြင့်ပြောလိုက်လျှင် ကျွန်မဘာမှန်းမသိရင်တစ်ချက်ခုန်သွားပါသည်။ ထို့နောက် သူ့ကတိအတိုင်း ကျွန်မကိုပြန်ပို့ပါသည်။ ပြန်ခါနီးတွင်လည်း

“ကဲ ကျွန်တော့ကတိအတိုင်း မှည့်တစ်ပေါက်မှမစွန်းပဲပြန်လာပို့ပါပြီခင်ဗျား။ သြော်... Milk ကိုယ်ဒီညဖုန်းဆက်မယ်နော်”

ကျွန်မခေါင်းငြိမ့်ပြလိုက်သည်။ သူထွက်သွားတော့ သူငယ်ချင်းတွေက ၀ိုင်းအစ်ပါတော့သည်။

“မှန်မှန်ပြောနော် အဲဒီစတိုင်လ်ခပ်မိုက်မိုက်နဲ့ကောင်လေးက တကယ်မာန်လား။ နင်နဲ့ဘာတွေပြောလဲ”

ကျွန်မလည်း အလုံးစုံပြောပြလိုက်ရာ သူငယ်ချင်းတွေထဲမှတစ်ယောက်က

“သူ့ကိုမြင်ဖူးပါတယ်လို့စဉ်းစားနေတာ ခုမှသတိရတယ်။ ငါတစ်ခါမြင်ဖူးပါတယ်။ ငါ့အစ်ကိုရဲ့သူငယ်ချင်းထဲကပဲ ”

“သြော် ”

ထိုည  10 နာရီ ကျွန်မ online တက်လာခဲ့သည်။ သူ့ကိုမတွေ့။ ထိုအချိန်တွင် handphone မှဖုန်းသံမြည်လာ၍ ကြည့်လိုက်လေရာ ကျွန်မမသိသော နံပါတ်တစ်ခု

4

“ဟဲလို”

“Milk လား။ ကိုယ်မာန် ပါ”

“သြော်... ကိုမာန်”

“အင်း... ဘာလုပ်နေလဲ”

“ရေဒီယိုနားထောင်နေတယ်”

“Online Radio လား”

“အင်း”

“ဘာ Radio လဲ”

“MYMC”

“Ok ... ကိုယ်သီချင်းတောင်းပေးမယ်”

“အင်း ကျေးဇူး”

“ Ok ကိုယ်ဖုန်းချလိုက်ပြီနော်။ သီချင်းသံလေးနဲ့အတူ အိပ်မက်လှလှမက်ပါစေဗျာ”

“ Thank You”

သူဖုန်းချသွားပြီး ခဏအကြာတွင် ရေဒီယိုမှ

“ခုလာမယ့်သီချင်းကတော့ Darryl Farris ရဲ့ Give Me Your Heart ဆိုတဲ့သီချင်းဖြစ်ပါတယ်။ မာန်မှ Milk အတွက်တောင်းဆိုပေးခြင်းဖြစ်ပါတယ်။ Milk အတွက်စကားကတော့ သူတောင်းဆိုပေးတဲ့သီချင်းကို နားထောင်ပြီး ကျေးဇူးပြု၍ သူ့ခံစားချက်ကိုနားလည်ပေးပါတဲ့။ ကဲ... သီချင်းလေးကိုနားထောင်ပြီး နှစ်ယောက်စလုံး ပျော်ရွှင်ကြပါစေ ”

DJ ရဲ့ Announcement ကိုကြားလိုက်ရတော့ ကျွန်မပြုံးမိသွားသည်။ သူတောင်းဆိုပေးတဲ့ သီချင်းနားထောင်ပြီး ထိုညကျွန်မ အိပ်မက်လှလှပင်မက်လိုက်ပါသည်။

အဝေးဆုံးမသွားနဲ့ ချစ်သူရာ
ကိုယ့်ရင်ခွင်မှာ မှေးစက်ပါ
တို့နှစ်ယောက်ရဲ့ အကြင်နာ
ထာဝရအဆုံး တည်ရှိမှာ ...

သူပေးလာတဲ့ ကဗျာတိုကို ကျွန်မဖတ်ပြီး ရယ်လိုက်မိပါသည်။

“ ဟာ ဘာရယ်တာလဲ။ ကိုယ်ကဗျာမှ မရေးတတ်တာ။ ကိုယ့်ခံစားချက်အတိုင်း ရေးထားတာ”

“မဟုတ်ပါဘူး။ သဘောကျလို့ပါ”

“ကိုယ့်ကိုလား”

“လိပ်ကြီး”

“ဟင် လိပ်တဲ့။ အခေါ်ခံနေရတာပဲ။ မထူးတော့ပါဘူး။ ကိုယ့်ကိုချစ်လား”

“မချစ်ဘူး”

“မညစ်ပတ်နဲ့ကွာ”

“ရေချိုးထားတယ်”

“မရစ်နဲ့”

“မူလီမရှိဘူး”

“ဟာ... ကိုယ် စိတ်မရှည်တော့ဘူးနော်။ ဖက်နမ်းမိလိမ့်မယ်”

“ပါးရှစ်စိတ်ကွဲသွားမယ်”

“စိတ်ကြီးပဲ”

“နည်းနည်းလေးစောင့်မှပေါ့ရှင်။ ရှေ့လ October 27 ကျရင် ကျွန်မမွေးနေ့။ အဲဒီနေ့ကျရင်ပေးမယ်”

“တကယ်နော်”

“အင်း”

“Yahoo... ပျော်လိုက်တာကွာ”

“ဘယ်သူကရှင့်ကို ပျော်ခိုင်းနေလို့လဲ”

“အာကွာ.. အဲလိုမြှောက်ပြီး မရိုက်ချနဲ့လေ။ ပျော်တာတောင်မှ ကိုးလိုးကန့်လန့်ကြီး”

“ဟဟား”

“ရယ်မနေနဲ့။ ပါးစပ်ထဲယင်ကောင်ဝင်ဥနေဦးမယ်။ ဒီည 10 နာရီ သီချင်းတောင်းပေးမယ်။ နားထောင်နေနော်”

“အင်း”
5အိမ်ပြန်ရောက်ရောက်ချင်း Radio ကိုတန်းဖွင့်ထားလိုက်သည်။ ပြီးတော့ ထုံးစံအတိုင်း ရေမိုးချိုး၊ ထမင်းစား၊ စာလုပ်။ စာကိုဘယ်လောက်စိတ်ဝင်စားသွားလဲမသိ မျက်စိညောင်းလာမှ ပတ်ဝန်းကျင်ကိုသတိထားမိတော့သည်။ အချိန်ကြည့်လိုက်တော့ 9:55 pm။ Radio ကိုအသံချဲ့လိုက်ပြီးနားထောင်လိုက်သောအခါ Akon သီချင်းလာနေသည်။ ထိုသီချင်းပြီးသွားသောအခါ  DJ မှ

“ခုလာမယ့်သီချင်းကတော့ Jordin Spark ရဲ့ Tattoo ဆိုတဲ့သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို မာန်မှတောင်းဆိုထားခြင်း ဖြစ်ပြီး Milk အတွက် ရင်ထဲကသီချင်း နောက်တစ်ပုဒ်ပါတဲ့။ ခံစားနားဆင်လိုက်ကြရအောင်နော်”

I can't waste time so give me the moment
I realize nothing's broken
No need to worry about everything I've done
Lived every second like it was my last one.
Don't look back got a new direction
Loved you once , needed protection.
You're still apart of everything I do ,you're on my heart just like a tattoo ,
Just like a tattoo , I'll always have you.  ~ ~

xxxxxxxxxxxxxxxxxxxxxxx

ဒီလိုနဲ့ကျွန်မမွေးနေ့ တဖြည်းဖြည်းနီးလာပါပြီကော...
ယနေ့ပင် 26 ရက်နေ့ဖြစ်နေပြီ။ ခုလည်းကျောင်းမှာ သူငယ်ချင်းများနှင့် ကန်တင်းထိုင်နေတုန်းမှာပင်...

“ဟဲ့ Milk... မနက်ဖြန်နင့်မွေးနေ့နော် ”

“အင်း... ဟုတ်တယ်”

“ဘယ်မှာလုပ်မလဲ။ ဘာကျွေးမလဲ”

“အိမ်မှာပဲလုပ်ဖြစ်မယ်။ BBQ ကျွေးမယ်”

“ကောင်းပါ့။ ဒါနဲ့ ဒီနေ့ ကိုမာန်ပျောက်နေတယ်နော်”

“အင်းဟုတ်ပါ့။ ငါလည်းမတွေ့မိဘူး”

ထိုအခါသူငယ်ချင်းတစ်ယောက်က...

“မနက်က ငါတွေ့မိတယ်ဟ။ Milk အတွက် လက်ဆောင်တစ်ခုသွားစီစဉ်နေတယ်ဆိုပဲ ”

ဘာများပါလိမ့်။ ကျွန်မစဉ်းစားရင်း ရင်ခုန်သံမြန်လာသည်။ မနက်ဖြန်မြန်မြန်ရောက်ချင်လှပါပြီ။
ထိုည 10 နာရီ ထုံးစံအတိုင်းပင် သူ့ဆီမှ ဖုန်းဆက်လာသည်။

“ဟဲလို”

“ကိုယ်ပါ”

“ခေါင်းကော”

“မနောက်ကောင်းဘူးကွ။ ကိုယ်ခုဘာဖြစ်နေလဲသိလား”

“ဘယ်လိုလုပ်သိမှာတုန်း”

“ကိုယ်ရင်အရမ်းခုန်နေတယ်ကွာ။ မနက်ဖြန် Milk ဆီကအဖြေရမယ့်နေ့လေ”

“...”

“ခု Milk ကိုပေးမယ့်လက်ဆောင်ကိုမြင်ယောင်ပြီး စိတ်ကူးယဉ်နေတယ်”

“သိပ်လည်းစိတ်ကူးမယဉ်နဲ့ဦးရှင့်။ မနက်ဖြန် ရှင်ဝမ်းနည်းချင်ဝမ်းနည်းရမှာ”

“ဟာကွာ.. ဒီညတော့ ကိုယ့်ကို လွတ်လွတ်လပ်လပ်စိတ်ကူးယဉ်ခွင့်ပေးကွာ။ ဖီးလ်တောင်ငုတ်ချင်ချင်ဖြစ်သွားပြီ”

ကျွန်မရယ်လိုက်မိပါသည်။ ကျွန်မလည်း သူ့နည်းတူ ရင်ခုန်နေပါသည်။ သူ့ကိုလက်ခံဖို့ကျွန်မဆုံးဖြတ်လိုက်ပြီလေ။

“Ok See You နော်။ မနက်ဖြန်မှတွေ့မယ်”

“အင်း”

“ Milk ကို သိပ်ချစ်တယ် ”

ကျွန်မဖုန်းကို ပါးနှင့်ထိလိုက်လေသည်။ သူကျွန်မအနားလာပြောသလိုပါပဲလား။ ကျွန်မလည်းရှင့်ကိုသိပ်ချစ်ပါတယ် ကိုမာန်ရယ် ဟု တိုးတိုးလေးရွတ်မိလိုက်ပါသည်။

7

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

October 22 2009
ဒီနေ့ကျွန်မရဲ့ အသက် 20 ပြည့်တဲ့နေ့။ နောက်ပြီးတော့ သူ့ကို အဖြေပေးရမယ့်နေ့

ညနေပိုင်းရောက်တော့ သူငယ်ချင်းတွေ တဖွဲဖွဲလာကြပါပြီ။ သို့သော် သူ့ကိုမတွေ့ရသေး။
အချိန်တော်တော်ကြာလာသည့်အထိ သူ့ကိုမတွေ့သေးသောကြောင့် ကျွန်မစိတ်ပူလာပြီး ဖုန်းဆက်လိုက်သည်။ ဖုန်းမကိုင်။
ထိုအချိန် လူတစ်ယောက် ခြံရှေ့ထိပြေးလာပြီး

“ ဒါ Milk ရဲ့ Birthday Party လားမသိဘူး ”

“ဟုတ်ပါတယ်ရှင်။ ကျွန်မ Milk ပါပဲ။ ဘာကိစ္စများရှိလို့လဲဟင်”

“ကျွန်တော် မာန်ရဲ့သူငယ်ချင်းပါ။ မာန်က Milk အတွက် မွေးနေ့လက်ဆောင်သွားယူပြီး လမ်းအကူးမှာ ကားတိုက်မိလို့ ခုဆေးရုံပေါ်ရောက်နေတယ်။ ဒဏ်ရာတော်တော်ပျင်းတယ် ”

“ရှင် ”

ကျွန်မ တစ်ကိုယ်လုံးမိုးကြိုးပစ်ချသလိုခံစားလိုက်ရသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ရုတ်တရက်ဆွံ့အသွားသည်။
ထိုစဉ်သူငယ်ချင်းတစ်ယောက်က...

“ Milk... နင် ကိုမာန်ရဲ့ သူငယ်ချင်းနဲ့လိုက်သွား။ ငါတို့နောက်ကလိုက်လာခဲ့မယ်”

ကျွန်မခေါင်းငြိမ့်ပြလိုက်ပြီး မာန်သူငယ်ချင်းနှင့်လိုက်လာခဲ့သည်။ ဆေးရုံရောက်တော့ မာန်ကသတိမရတစ်ချက် ရတစ်ချက်။ ကျွန်မမရှက်နိုင်တော့။ မာန်ကိုပြေးဖက်လိုက်သည်။ ကျွန်မအောင့်ထားသမျှ မျက်ရည်အဖြစ်ပြောင်းလဲသွားပြီး ပိုးပိုးပေါက်ပေါက်ကျလာသည်။ ထိုစဉ် မာန်မျက်လုံးပွင့်လာပြီး...

“Milk... Sorry နော်။ ကိုယ် Milk ရဲ့ မွေးနေ့ကို မလာနိုင်ခဲ့ဘူး”

“...”

သူ့လက်တစ်ဖက်မြှောက်လာသည်။ လက်ထဲမှာ လက်ဆောင်တစ်ခု

“ဒါက Milk အတွက် Present ”

ကျွန်မဖွင့်ကြည့်လိုက်တော့ ငွေလက်စွပ်လေးတစ်ကွင်း။ အသဲပုံလေးထဲမှာ ရေးထားတာကတော့ " 2M4eva "

“ကိုယ့်နာမည်လည်း M ပဲ။ Milk နာမည်လည်း M ပဲ။ ဒါကြောင့်  2M လို့ရေးထားတာ”
သူအသံယဲ့ယဲ့လေးဖြင့်ရှင်းပြသည်။

“ကိုယ့်ကို အဖြေပေးလို့ရပြီလားဟင်”

“ရှင့်ကို ကျွန်မသိပ်ချစ်တယ်ကိုမာန်ရယ်။ အရမ်းချစ်တယ်”

ကျွန်မအဖြေကို သူကြားပြီးသောအခါ ပြုံးပြီးမျက်လုံးတဖြေးဖြေးမှိတ်သွားလေသည်။ သူ အသက်မရှုတော့ပြီ။
6


နောက်တစ်လခန့်ကြာသောအခါ...

အသစ်စက်စက် အုတ်ဂူတစ်လုံးရှေ့တွင် အနက်ရောင်ဝတ်စုံနှင့် ကောင်မလေးတစ်ယောက်။ သူမ၏လက်ထဲတွင် အနက်ရောင် နှင်းဆီပန်းတစ်စည်း။
ပန်းစည်းကို အုတ်ဂူပေါ်သို့တင်လိုက်ပြီး...

“ကိုမာန် ရှင်ကတော့ အေးချမ်းသွားပြီပေါ့နော်။ ရှင် ကျွန်မကိုတောင်မစောင့်ဘူးနော်။ ရှင့်အတွက် ကျွန်မအနက်ရောင်နှင်းဆီ ပန်းတစ်စည်းယူလာခဲ့ပါတယ်။ အဓိပ္ပါယ်က ထာဝရတဲ့။ ရှင်ကျွန်မကိုပေးဖူးတဲ့ ကဗျာလေးလိုပဲ ကျွန်မအချစ်ကရှင့်အတွက် ထာဝရတည်ရှိသွားမှာပါ။ နောင်ဘ၀ဆိုတာများတကယ်ရှိခဲ့ကြရင် ရှင်နဲ့ကျွန်မ မခွဲတမ်းအတူနေကြမယ်နော် ရာသက်ပန်ပေါ့ ကိုရယ်”

ဟု အုတ်ဂူရှေ့တွင် တိုးတိုးလေးရေရွတ်လိုက်ပါသည်။
နောက် သူမ iphone မှ MYMC Radio ကိုဖွင့်လိုက်သည်။ Radio မှ Mariah Carey ၏ Bye Bye သီချင်းက သူမအနီးတစ်ဝိုက် ပျံ့လွင့်လျှက်...


Written by Jily

Thursday, December 26, 2013

ကမ္ဘာပျက်ည၏ တစ္ဆေကလဲ့စား(ပရလောက)

  1
 1


            ရန်ကုန်မှ ထွက်လာသော ရထားသည် အရှိန်အဟုန်ဖြင့် မော်လမြိုင်မြို့သို့ ဦးတည်နေသည်။ ရထားပေါ်ရှိ ခရီးသည်များမှာ တစ်ယောက်တစ်ပေါက် စကားပြောနေသောသူကပြော၊ အနားယူနေသူကယူ၊ စာဖတ်နေသောသူက စာဖတ်ဖြင့် ခပ်ငြိမ့်ငြိမ့် လိုက်ပါလာကြသည်။ ထိုခရီးသည်များထဲတွင် ဆရာဝန်များ ဖြစ်သော ဒေါက်တာဦးမင်းထင်ကျော်၊ ဒေါက်တာကေသွယ်၊ နောက်ပြီး ဆေးကျောင်းသားများ ဖြစ်ကြသော ရွှေအိုရောင်၊ ထက်မြက်၊ ဉာဏ်လင်းအောင်နှင့် အကူနာ့စ်ဖြစ်သော ရဲရင့်တို့ ပါဝင်လေသည်။ ၄င်းတို့ လူစုသည် မိမိတို့ မရောက်ဖူးသော ဒေသသို့ ခရီးထွက် လာရခြင်းကြောင့် ရင်ခုန်စွာ တက်ကြွပျော်ရွှင်နေကြသည်။ ရထားပြတင်းမှ တဟုန်ထိုး ဖြတ်ဝင် လာနေသော လေတိုက်သံ၊ ရထားသံလမ်း ပွတ်သံတို့နှင့် အပြိုင် ၄င်းတို့၏ စကားသံများကလည်း မြိုင်ဆိုင် ကြည်မွေ့နေကြသည်။

ရွှေအိုရောင်။  ။ ဟဲ့.. ခုငါတို့ သွားရမယ့်ရွာက ဘယ်လိုကြီးတုန်း

ထက်မြက်။  ။ ခုသွားရမှာက ဆင်တောင်စုရွာတဲ့

ဉာဏ်လင်းအောင်။  ။ ဘာလို့ ဆင်တောင်စုလို့ခေါ်လဲ မသိဘူးနော်။ ဆင်နဲ့တူတဲ့ တောင်စုကြီးတွေများ ရှိလို့လားမသိဘူး

ရဲရင့်။  ။ သူ့ဟာသူ ဘာလို့ခေါ်ခေါ်ပေါ့။ သိပ်စပ်စုတာပဲ

ထက်မြက်။ ။ အာ.. ဒီရဲရင့်ကလည်း တစ်မှောင့်

ရဲရင့်။ ။ အယ်.. ငါ့ကို အဲဒီနာမည်ကြီး မခေါ်စမ်းပါနဲ့ဟယ်။ ကြားရတာ အသည်းယားလွန်းလို့။ နင်တို့က ဘယ်လောက်ပြောပြောလည်း အမှတ်မရှိကြဘူး။ ငါ့ ဘိုနာမည် ခေါ်လေ။ Grace.. Grace..  အဲ့လိုခေါ်။ ဟွန့်..

ရွှေအိုရောင်။ ။ အေးပါ။ သိပါတယ်။ နင်ကလည်း အရေးထဲ ကြောငြာဝင်နေပြန်ပြီ

ရွှေအိုရောင် ပြောပြောဆိုဆိုဖြင့် ဒေါက်တာမင်းထင်ကျော်တို့ဖက် လှည့်လိုက်ပြီး

ရွှေအိုရောင်။ ။ ဆရာ ဆေးရုံအုပ်ကြီးက ဘာလို့ အဲဒီရွာကို လွှတ်လိုက်တာလဲဟင်။ အဲဒီမှာ ဆရာဝန်တစ်ယောက်မှ မရှိဘူးလား။ ရွာသားဦးရေရော တော်တော်များလား

5ဦးမင်းထင်ကျော်။ ။ အင်း.. ဒီလိုသမီးရဲ့။ ခုသွားမယ့်ရွာက မော်လမြိုင်ကနေတစ်ဆင့် ကားနဲ့ထပ်သွားရမယ်။ မြို့နဲ့ လည်း အတော်လှမ်းတော့ ကားဂိတ်ကနေ တစ်ခါလှည်းနဲ့ ထပ်သွားကြရမှာ။ အဲ့လိုမြို့နဲ့ အတော်အလှမ်းဝေးလို့လည်း ဗဟုသုတ အသိတရားက နည်းပါးကြရှာတယ်။ အခု သူတို့ သောက်ရေအဖြစ် အသုံးပြုကြတဲ့ ရေကန်က သူတို့လည်း သောက်တယ်၊ ကျွဲတွေ နွားတွေလည်း သောက်တယ်။ အဲ့ဒီ ကန်နားမှာပဲ ရေချိုး၊ အဝတ်လျှော်တာတွေ လုပ်ကြတော့ ဒီမကောင်းတဲ့ ရေတွေက ကန်ထဲကို ပြန်စီးတယ်။ အဲ့ဒီတော့ ရေမသန့်တော့ဘူးပေါ့ကွယ်။ လူတိုင်းက ကျိုချက်ပြီးတော့ မသောက်တော့ ရောဂါပိုးတွေ ကူးစက်ခံရတယ်။ အနာတွေ ဖြစ်ကြတယ်။ ဝမ်းလျှောကြတယ်လို့ ကြားတယ်။ ကြာလေ ပွါးလေ ပြင်းထန်လေနဲ့ ခုတော်တော်များများ ကူးစက်ခံရပြီး သေဆုံးတဲ့ အထိတောင် ဖြစ်ကြတယ်။ ဦးရေများလာတော့ အဲဒီရွာရဲ့ အနီးတဝိုက်က ကျေးလက် ကျန်းမာရေးမှူးလေး တစ်ယောက်တည်းနဲ့ မနိုင်တော့ဘူးပေါ့။ ခရီးဝေးလွန်းတော့ သူလည်း အမြဲသွား မကြည့်ပေးနိုင်ဘူးပေါ့။ ဆေးရုံဆေးပေး ခန်းနဲ့ အလှမ်းဝေးလွန်းတာရယ်၊ ငွေကြေး မတတ်နိုင်ကြ တာရယ် တွေကြောင့် ဆရာတို့ကို အဲ့ဒီကိုလွှတ်တာ။ ဆရာ တို့က အခြေအနေ သွားစစ်ဆေးပေးပြီး အလျင်ကုသပေးရ မယ်။ အဆင်မပြေလို့ အခြေအနေ ပိုဆိုးလာမှသာ မြို့ဆေးရုံကို အကြောင်းပြန်ကြားရမယ်။ ဒီလို ဒေသလေးတွေ ဆိုတာက ဆရာဝန် တကယ်လိုအပ်နေတဲ့ နေရာလေ။ သမီးတို့ အတွေ့အကြုံလည်း ရမယ်၊ လက်တွေ့အတွက်လည်း အမှတ်တိုးပြီးသား ဖြစ်တာပေါ့။ အိမ်ခြေကတော့ သုံးလေးဆယ် ဝန်းကျင်လောက်ပဲ ရှိမယ်ထင်တယ်။ တကယ့်ကို ရွာသေးသေးလေး။ တော်တော်ခေါင်ပြီး တော အရမ်းကျတယ်။

ထက်မြက်။ ။ သြော်.. အဲ့ဒီလိုကိုး.. သနားစရာပဲ

ကေသွယ်။ ။ ကေသွယ်သတင်းကြားတာတော့ အဲဒီရွာကိုရောက်သွားတဲ့သူမှန်သမျှ အကုန်ရောဂါကူးစက်ခံရတယ်တဲ့။ တစ်ယောက်မှ မလွတ်ဘူးတဲ့။ တစ်ရွာလုံးနီးပါး ကူးစက်ခံနေရတော့ အဲ့ရွာကို ဘယ်သူမှ အဝင်အထွက် မလုပ်ရဲတော့ဘူး

ရဲရင့်။ ။ ဟယ်... တကယ်ကြီးလား။ အမလေး ကြောက်စရာကြီး။ အဲဒါကြောင့် ဆေးရုံအုပ်ကြီးကိုပြောတာပေါ့ မလာချင်ပါဘူးဆိုနေမှ။ မပြောကောင်း ပြောကောင်း တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မတုန်း။ သူများကို မွေးထုတ်ထားတဲ့အမေ ရင်ကျိုးရချည်ရဲ့။ သူများရဲ့ လှတပတ မျက်နှာလေးတော့ အထိခိုက် မခံနိုင်ပေါင်

ဉာဏ်လင်းအောင်။ ။ ဟေ့ကောင်ရဲရင့် တော်စမ်းကွာ။ ရုပ်ကြမ်းကြီးနဲ့ လာနွဲ့မနေနဲ့။ မင်းဒီလိုမျိုး နှစ်ပိုင်းတစ်ပိုင်း ဂျော်တကီး စဖြစ်ကတည်းက မင်းအမေ ရင်ကျိုးပြီးသား။ ပြီး မင်းဝမ်းရောဂါဖြစ်မှတော့ မင်းမျက်နှာတင် မဟုတ်ဘူး။ မင်းတစ်ကိုယ်လုံး ချုံးချုံး ကျပြီး မာလကီးယားမှာပဲ။ ဒါနဲ့များ ဆေးကျောင်းတက်ပြီး သူနာပြုလာလုပ်နေသေးတယ်

ရဲရင့်။ ။ ဟယ်.. ကောင်စုတ်။ သူများကို ပြောလိုက်မှဖြင့် ချိုးချိုးဖဲ့ဖဲ့။ ထဖက်နမ်းလိုက်ရ ဟွန့်..။  သူနာပြုဘာလို့ လုပ်လဲဆိုတော့ ငါ့လို နုနုချောချောနဲ့ သိမ်သိမ်မွေ့မွေ့လေးက သူနာပြုနဲ့မှ လိုက်ဖက်တာကိုးဟဲ့။ ငါ့အမေကလည်း ဒါပဲလုပ်ရမယ်ဆိုလို့..

ဉာဏ်လင်းအောင်။ ။ တော်စမ်းပါကွာ။ စိတ်လေတယ်။ မင်းနဲ့စကားပြောရတာ သရဲခြောက်ခံရတာထက် ကျောချမ်းတယ်

ရဲရင့်။ ။ အမလေး.. အပိုတွေ.. အပိုတွေ။ ရွှေအိုတို့.. ကြားတယ်နော်.. အဲ့ကောင်စုတ် ဟိုရောက်မှ တောက ဥစ္စာစောင့်မနဲ့ ထိပ်တိုက်တိုးလို့ ကြောက်သေးပါပြီး Grace တို့နား လာပြေးကပ်မှာ မြင်ယောင်သေး

ဉာဏ်လင်းအောင်။  ။ အောင်မာ.. အဲ့ကျရင် မင်းက သတိလစ်ပြီး ပါးစပ်ကအမြှုပ်တောင် ထွက်နေလောက်ပြီ

3ရဲရင့်နှင့်  ဉာဏ်လင်းအောင်တို့ အချေအတင် စကားကြောင့် တစ်ဖွဲ့လုံး မရယ်ဘဲမနေနိုင်ကြ။ ဒေါက်တာမင်းထင်ကျော်ကတော့ ကလေးတွေ စကားဝိုင်းကို နားထောင်လိုက်ပါလာရင်း ပြုံးတုံ့တုံ့ ဖြင့် အဝေးဆီက မှိုင်းညို့ညို့ တောင်ကုန်းများကို ငေးစိုက်ကြည့် နေသည်။ ဤသို့ဖြင့် မော်လမြိုင်သို့ ရောက်ကြလေသည်။ အသင့် လာစောင့်နေသော ပုဆိုးခေါင်းပေါင်းနှင့် ရွာသားကြီးတစ်ဦးက ပြုံးရွှင်စွာ နှုတ်ဆက်ဦးကြိုပြီး ကြပ်ညပ်လှသော လိုင်းကားလေး တစ်စီးဆီသို့ ဦးတည်ခေါ်ဆောင်သွားသည်။ ထိုကားငယ်ဖြင့်ပင် ၁နာရီ သာသာ ခရီးဆက်ခဲ့ပြီး ဖုန်ထူထူ မြေလမ်းတစ်လမ်းပေါ် တွင် သူတို့ဆင်းကြရသည်။ ထိုမှတစ်ဆင့် နွားလှည်းတစ်စီးဖြင့် ဆင်တောင်စုရွာအထိ လိုက်ပါသွားကြရသည်။ ကျောင်းသားများ အားလုံးမှာ တစ်ခါမှ ခရီးဝေးမသွားဖူးကြသဖြင့် နွမ်းနယ်ဟန် ပေါက်နေကြသည်။ ရဲရင့်၏ မျက်နှာမှာ ရှုံ့တွထားရလွန်းသဖြင့် သားရေဖတ်ဖြင့် လုပ်ထားသော မျက်နှာဖုံးတစ်ခုနှင့်ပင် ဆင်နေ သေးတော့သည်။ ဆင်တောင်စုရွာနားသို့ ရောက်ကြသောအခါ ရွာသူကြီးနှင့် ရွာသားတစ်စုက ထန်းပင်ကုက္ကိုတို့ဖြင့် စိမ်းလန်းဝေဆာနေသော ရွာအ၀င်ဝတွင် စောင့်နေကြလျက် ခရီးဦးကြိုပြုသည်။ ရွာသူကြီးမှာ အသက် ၅၀ကျော်ခန့်ရှိပြီး မျက်လုံးတစ်ဖက် ကွယ်နေသူဖြစ်သည်။

ရွာသူကြီး။ ။ ဆရာတို့ ရောက်လာတဲ့အတွက် အတိုင်းမသိ ကျေးဇူးတင်ပါတယ် ဆရာတို့ရယ်။ ကျုပ်တို့ရွာကလူတွေ တော်တော် များများ ရောဂန္တရ ကပ်ဆိုက်နေတာ ကြည့်တောင်မကြည့်ရက်ဘူးတော့ဘူးဗျို့

ဦးမင်းထင်ကျော်။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့မှာ ရောက်လာရမယ့် ဝတ္တရားရှိပါတယ်။ မပူပါနဲ့။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပါ့မယ်

ရွာသူကြီး။ ။ ဟုတ်ကဲ့ပါဆရာ။ ခု ဆရာတို့လည်း ပင်ပန်းလာတယ်ဆိုတော့ ကျုပ်အိမ်မှာပဲ တည်းကြနားကြပါနော်။ ဆရာတို့ကို လူဒီလောက်နဲ့ပဲ လာကြိုရလို့ ဗွေမယူပါနဲ့ဗျာ။ ရွာသူရွာသားတွေက ဆရာတို့ကို လာကြိုချင်ပေမယ့် သူတို့ကိုယ်တောင် သူတို့မနိုင်လို့ မလာနိုင်ကြပါဘူး

ဦးမင်းထင်ကျော်။ ။ ဟာ.. ရပါတယ်ဗျာ ရပါတယ်။ ကျွန်တော်တို့က အရေးမကြီးပါဘူး။ ခုလောလောဆယ် အရေးကြီးတာက ရောဂါပိုး ကူးစက်ခံနေရတဲ့ လူနာတွေပါ။ ကျွန်တော်တို့ တခါတည်း သွားကြည့်ချင်လို့ လိုက်ပို့ပေးပါလား

ရွာသူကြီး။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါဆိုလည်း သွားကြရအောင်

ရွာလယ်ရှိ လူနာများထားရာ ယာယီ အဆောက်အဦးသို့ ရောက်သွားသောအခါ မကြည့်ရက်စရာ မြင်ကွင်းများက အပြည့်အနှက် စောင့်ကြို နေကြသည်။ အဘယ်ကြောင့်ဆိုသော် ရောဂါပိုးကူးစက်ခံရသော လူနာများ၏ ကိုယ်ခန္ဓာပေါ်တွင် အစက်အပြောက်များမှ တဆင့် အဖုများဖြစ်လာပြီး နောက်ဆုံး အဖုများပေါက်ကုန်ကာ အထဲမှ ပြည်ပုပ်များနှင့်အတူ သွေးစိမ်းရှင်ရှင် ထွက်လျက်ရှိသည်ကို တွေ့ရသောကြောင့်ဖြစ်သည်။ အချို့မှာလည်း အနာများ အမည်းအကွက် အကွက်ဖြင့် တစ်ကိုယ်လုံး မြင်မကောင်းချေ။

ဦးမင်းထင်ကျော်။ ။ အတော်စိုးရိမ်ရတဲ့ လက္ခဏာပဲ။ ကဲ.. အခုချက်ချင်းပဲ အလုပ်စလိုက်ကြရအောင်

6ဒေါက်တာဦးမင်းထင်ကျော်က ပြောပြောဆိုဆိုဖြင့် ဆေးအိတ်ကို ဆွဲကာ လူနာများထံသို့ ရောက်သွားသဖြင့် ကျန်သောသူများ လည်း အမြန် ပြင်ဆင်ကြတော့သည်။ ဤသို့ဖြင့် လူနာများအား အနာများကို ဖန်ရည်ဆေးကြော၊ ဆေးထည့်ပြီး၍ နာကျင်ခြင်းမှ သက်သာစေရန် အရောင်ကျဆေးတချို့နှင့် penicillin စပ်ထိုး ပေးလိုက်ပြီး သောက်ဆေး antiseptic များလည်း ဝေငှပေးရ သည်။ ရောက်ကကည်းက ဒေါက်တာအုပ်စု အလုပ်များနေခဲ့ကြ သည်မှာ ညဦးပိုင်းသို့ ရောက်မှန်းမသိ ရောက်လာခဲ့သည်ကိုပင် သတိမပြုမိတော့။ ရွာမှ သောက်ရေ မှန်သမျှကိုလည်း စနစ်တကျ ကျိုချက်ခိုင်းသူကိုခိုင်း၊ လက်အိတ်၊ နှာခေါင်းဖုံး အဝတ်စများ လိုက်ဝေသူကဝေ၊ သုံးရေကအစ မြို့မှပါလာသည့် ကျောက်ချဉ် များခတ်၊ ပိုးသန့်ဆေးရည်များ လိုက်ဖျန်းခိုင်းသူခိုင်းဖြင့် အားလုံး အလုပ်ရှုပ်နေခဲ့ကြသည်။

ရွာသူကြီး။ ။ ဆရာတို့... ဆရာတို့ ထမင်းစားချိန်ရောက်နေပြီ။ ခဏနားပြီး ရေမိုးချိုး ထမင်းစား လိုက်ဦးနော်။ နောက်ပြီး ခရီးလည်း ပန်းလာကြတာ မဟုတ်လား။ ခဏတဖြုတ်တော့ နားကြပါဦးဗျာ

ဦးမင်းထင်ကျော်။ ။ ဟုတ်ပါရဲ့... အချိန်တောင် တော်တော်လင့်နေပြီပဲ။ ကဲ..ကဲ.. သားတို့သမီးတို့ ရေမိုးချိုးပြီး ထမင်းသွားစား ကြရအောင်။ လူနာတွေကို ဆေးစည်းပေးခဲ့နှင့်။ ထမင်းစားပြီးမှ တစ်ခေါက် ပြန်လာကြရအောင်

အားလုံးလည်း ပင်ပန်းနွမ်းလျပြီး ဆာလောင်နေကြပြီဖြစ်သဖြင့် ခေါင်းညိတ် သဘောတူလိုက်ကြသည်။ တစ်ဖွဲ့လုံး သူကြီးအိမ်မှာပင် ရေမိုးချိုးပြီး ထမင်းစားသောက်ကြ၏။ တောရွာဓလေ့အတိုင်း ရွာသူရွာသားများ တစ်အိမ်ကို အနည်းဆုံး ဟင်းတစ်ခွက်စီ လာပို့ကြသည် ဖြစ်သောကြောင့် ဆရာဝန်လူစုအတွက် ဟင်းအမယ်များ လောက်ငရုံမက ပိုလျှံ၍ပင် နေတော့သည်။ မိမိတို့ အိမ်သားများ နေမကောင်းသည့်ကြား၊ ကိုယ့်အပူနှင့်ကိုယ် မနားရသည့်ကြားထဲ ဟင်းတစ်ခွက်လောက်တော့ မဖြစ်ဖြစ်အောင် ချက်ပြုတ်လာကြသော ရွာသူရွာသားတို့၏ စေတနာကို အားလုံးက အထူးကျေးဇူးတင်နေကြသည်။ ထိုသို့ ထမင်းစားသောက်ပြီး တအောင့်လောက်အကြာတွင် သူကြီးအိမ်သို့ ရွာသား သုံးလေးယောက်ခန့် ပြေးလာပြီး...

ရွာသား။ ။ သူကြီး... သူကြီးရေ.. ဗျို့... သူကြီး

ရွာသူကြီး။ ။ ဟေ့.. ဘာဖြစ်လာကြတာလဲကွ

ရွာသား။ ။ ရွာမြောက်ပိုင်းက ဒေါ်အေးကြွယ်ရဲ့သား ဖိုးတုတ်လေ.. ရောဂါကူးစက်ခံရပြီနဲ့ တူတယ်။ ကိုယ်လုံးမှာ အစက်တွေ ပေါ်လာပြီး နာတယ်နာတယ်လို့ အော်လို့လည်းပြီးရော တစ်ခါထဲ သတိပါလစ်သွားလို့.. အဲဒါ သူကြီးအိမ်မှာ ရောက်နေတဲ့ ဆရာတို့ကို လာပင့်တာ

ကေသွယ်။ ။ ဒါဆိုလည်း ခုပဲသွားကြရအောင်။ ရွာလယ်ပိုင်းလည်း ကြည့်ရဦးမယ်ဆိုတော့ လူခွဲလိုက်ကြမယ်။ ကျွန်မရယ် ရွှေအိုရောင်နဲ့ ဉာဏ်လင်းအောင်ရယ်က ရွာမြောက်ပိုင်းကို လိုက်သွားကြမယ်။ ရွာလယ်ပိုင်းမှာတော့ ဦးမင်းထင်ကျော်နဲ့အတူတူ ထက်မြက်နဲ့ ရဲရင့်နေခဲ့ကြ။ အဆင်ပြေလား ဆရာ

ဦးမင်းထင်ကျော်။ ။ အင်း ကောင်းပြီလေ ကျွန်တော်တို့ ရွာလယ်မှာရှိနေမယ်။ ကေသွယ်တို့ အကူအညီလိုရင် ရွာသားတစ်ယောက် ယောက်ကို လွှတ်ပြီး ခေါ်ခိုင်းလိုက်နော်

ကေသွယ်။ ။ ဟုတ်ကဲ့ ဆရာ။ ကဲ.. တို့လည်း သွားကြရအောင်ဟေ့

7ပြောပြောဆိုဆိုဖြင့် ဒေါက်တာကေသွယ် ဦးဆောင်သော လူတစ်စု ရွာမြောက်ပိုင်းသို့ ခပ်သုတ်သုတ် ထွက်သွားကြသည်။ ဦးမင်းထင်ကျော် တို့လည်း စားလက်စကို လက်စသတ်ပြီး ရွာလယ်ပိုင်း၌ လူနာသွား ကြည့်ရန် ထွက်လာခဲ့ကြသည်။ ထို့နောက် လူနာများကို ဆက်လက် စမ်းသပ်၊ ဆေးတိုက်တန်တိုက်၊ ဆေးထိုးတန်ထိုးဖြင့် ကိစ္စအလုံးစုံ ပြီးစီး သွားတော့မှ ပင်ပန်းလှသဖြင့် ၄င်းတို့အတွက် နေရာချ ထားပေးသော ကွပ်ပျစ်ပေါ်တွင် ထိုင်လျက် ခဏတဖြုတ် နားကြရသည်။

ဦးမင်းထင်ကျော်။ ။ လူနာတွေအခြေအနေက သိပ်တော့မဟန်ဘူး ထက်မြက်ရေ.. နာနေတာတွေ သက်သာအောင် ခဏပဲ ထိန်းထားပေး နိုင်မယ်လို့ ဆရာထင်တယ်။ အခုဟာက ဆရာထင်ထားသလို ကာလ ဝမ်းပျက် ရောဂါမဟုတ်တော့ဘူး။ အနာကြီးရောဂါလည်း မဟုတ်ဘူး။ အနာကွက်တွေက အမည်းရောင် အိုင်းအိုင်းကြီးတွေ၊ နောက်ပြီး မထိ မကိုင်ဘဲနဲ့လည်း ယားယံပြီး အလိုလို ပြည်တည်ဖုတွေ ထနေတယ်။ ဒီ့ထက် ပိုဆိုးဖို့ပဲရှိတယ်။ ဒီလို ရောဂါလက္ခဏာမျိုး ဆရာတစ်ခါမှ မတွေ့ ဖူးဘူး။ တနည်းပြောရရင် ရောဂါနာမည်ကို တိတိကျကျ ဖော်ဖို့ ခက်နေတယ်။ အဆိပ်သင့်တာလိုလို၊ တစ်ခုခု အစားမှားမိလို့ ဖြစ်သလိုလိုပဲ။ တွေးရတော်တော် ခက်တယ်ကွာ။ အင်း.... ကေသွယ်တို့ အဖွဲ့ရော အဆင်မှ ပြေကြရဲ့လား မသိဘူး

ထက်မြက်။ ။ အဆင်ပြေလောက်မှာပါ ဆရာ။ မကေသွယ်လည်း အရမ်းတော်တဲ့ ဆရာဝန်ကောင်း တစ်ယောက်ပါ။ သူပါသွားရင်တော့ လူနာ့ အခြေအနေလည်း သိပ်ဆိုးဆိုးဝါးဝါးကြီး မဟုတ်ရင် ဆရာ့လိုပဲ သူထိန်းထားနိုင်မှာပါ။ ရောဂါတွေကလည်း တစ်နေ့တစ်ခြား ဆန်းကျယ်လှပါတယ် ဆရာရယ်.. ကုန်ကိုမကုန်နိုင်ဘူး

ရဲရင့်။ ။ ဒါနဲ့လေ Grace တစ်ခုလောက်မေးချင်လို့။ ဟိုလေ.. Grace လူနာတွေကိုလိုက်ပြီး ဆေးတိုက်နေတုန်း တစ်ယောက်ယောက်က စောင့်ကြည့်နေသလို ခံစားရတယ်။ ရှေ့ကလိုလို နောက်ကလိုလို ဘေးကလိုလိုနဲ့ သိလား။ လှည့်ကြည့်တော့လည်း ဘယ်သူမှ မရှိဘူးရော...

ဦးမင်းထင်ကျော်။ ။ နေရာဒေသ အပြောင်းအရွှေ့ကြောင့် ဒီပတ်ဝန်းကျင်နဲ့ စိမ်းနေသေးလို့ နေမှာပါကွာ။ မဟုတ်တာတွေ တွေးပူမနေပါနဲ့။ ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်။ ရောဂါပိုး အကူးစက်မခံမိစေနဲ့

ထက်မြက်သည် ဦးမင်းထင်ကျော် ပြောစကားကိုနားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ရဲရင့်လို ခံစားနေရသည်မှာ အမှန်ပင်။

ခဏအကြာ လူနာတစ်ဦးကို အနာသွားဆေးပေးသော ရဲရင့်၏အော်သံကို ကြားလိုက်ရသဖြင့်  ကမန်းကတန်း ပြေးသွားကြည့်ရာ လူနာဘေးတွင် မျက်စိမျက်နှာ ပျက်စွာဖြင့် ရပ်နေသော ရဲရင့်ကို တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း ကြောက်ရွံ့မှုဖြင့် တုန်တက်နေသည်။

ထက်မြက်။ ။ ဟေ့ကောင်ရဲရင့်.. ဘာဖြစ်တာတုန်း

8ရဲရင့်။ ။ ဒီ... ဒီလူနာကို အနာဆေးပေးနေရင်း  သူ့အနာက တဖြည်းဖြည်း မည်းလာပြီး သွေးတွေပါ ပိုထွက်လာတယ်။ အဲဒါ... ဂွမ်းနဲ့ ထပ်သုတ်မလို့ ဂွမ်းကို ဟိုဖက်လှည့်ယူပြီး ဒီဖက်ပြန်အလှည့်မှာ သူ့.. သူ့.. သူ့အနာထဲက မျက်လုံးကြီး Grace ကို စိုက်ကြည့်နေတာ တွေ့လို့

ထက်မြက်။ ။ ဟာကွာ.... ငါကဘာများလဲလို့။ သိပ္ပံခေတ်မှာ လူလာဖြစ်ပြီးတော့ များကွာ မင်းမို့ ဒီလို ပေါက်တတ်ကရတွေ လျှောက်တွေးရတယ်လို့ အံ့ရော..။ ဘယ်မှာတုန်း.. ငါကြည့်တာ မရှိပါဘူး။ မင်းဟာမင်း အကြောက်လွန်ပြီး မျက်စိမှောက်တာ နေမှာပေါ့

ရဲရင့်။ ။ ဟင့်အင်း ဟင့်အင်း.. Grace တကယ်ပြောတာ.. ဒီမှာ မနေရဲတော့ဘူး ကြောက်တယ်.. ကြောက်တယ်..

ထက်မြက်။ ။ ဟေ့ကောင်.. မင်းယောကျာ်း မဟုတ်ဘူးလား

ရဲရင့်။ ။ မဟုတ်ဘူး အဟင့်အဟင့်... (ငိုသံ)

ထက်မြက်။ ။ ဟာကွာ ငါဆွဲထိုးလိုက်ရ။ စိတ်တိုလာပြီနော်

သူတို့နှစ်ဦးကိုကြည့်ပြီး ဦးမင်းထင်ကျော် စိတ်ပျက်စွာ ခေါင်း ယမ်းလိုက်သည်။ ထို့နောက်..

ဦးမင်းထင်ကျော်။ ။ ကဲ ကဲ.. တော်ကြပါတော့ကွာ။ မင်းတို့ကလည်း ဒီလူနဲ့ဒီလူလေး ရှိတာကို မတည့်နိုင်ကြဘူး။ စကားများနေရမယ့် အချိန်မဟုတ်ဘူးလေ

ထက်မြက်။ ။ ကျွန်တော် တောင်းပန်ပါတယ်ဆရာ... အဲ့ကောင်ကို အားမလို အားမရ ဖြစ်လွန်းလို့ပါ

ရဲရင့်သည် ဦးမင်းထင်ကျော်နောက်သို့ ပြေးကပ်လိုက်ပြီး

ရဲရင့်။ ။ ဆရာ.. Grace အိမ်ပြန်ချင်တယ်။ မနေချင်တော့ဘူး။ အရမ်းကြောက်တာပဲ

ဦးမင်းထင်ကျော်။ ။ ဘာကြောက်စရာ ရှိလို့တုန်းကွာ။ ဘာမှမဖြစ်ဘူး ဆရာတို့ရှိတယ်။ နော်.. တကယ်လို့ မင်းပြောသလို ဖြစ်တယ်ပဲထား..။ မင်းရဲ့ကြောက်စိတ် တစ်ခုတည်းနဲ့ ဒီရွာကလူတွေ အားလုံးရဲ့အသက်ကို မင်းလဲမှာလား

ဦးမင်းထင်ကျော်၏ စကားကြောင့် ရဲရင့်တစ်ချက်မျှ တွေဝေသွားသည်။

ဦးမင်းထင်ကျော်။ ။ ရဲရင့်.. မင်းသေချာပြန်စဉ်းစား။ နောက်ဆုံး မင်းပြန်ချင်တယ်ဆိုလည်း ဆရာတို့မတားပါဘူး

ဟုဆိုကာ တခြား လူနာများဘက်သို့ ပြန်ထွက်သွားလေသည်။ ထက်မြက်သည်လည်း ဦးမင်းထင်ကျော်နောက်သို့ ခပ်သုတ်သုတ် လိုက်သွားသောကြောင့် ရဲရင့်တစ်ယောက်တည်း နေရာ၌ ကြောင်၍ ရပ်ကျန်ရစ်ခဲ့လေသည်။ ထိုကဲ့သို့ ခပ်ပေါ့ပေါ့တွေးကာ ရဲရင့်ကို တစ်ယောက်တည်း ထားသွားခြင်းသည် နောင်ဘယ်တော့မှ တွေ့ရတော့မည် မဟုတ်ဟု.. ဦးမင်းထင်ကျော်တို့ အဘယ်သို့ တွေးခဲ့မိပါ လိမ့်မည်နည်း။

9ရဲရင့်တစ်ယောက် ကြောက်ကြောက်လန့်လန့်ဖြင့် ချောင်တွင် ထိုင်ငိုနေတော့သည်။ ငိုရင်း ကြောက်ရွံ့မိန်းမောစွာဖြင့် ဘာမှ တွေးတောမနေနိုင်တော့ဘဲ စားပွဲပေါ်တွင် တွေ့သည့် ရေခွက်ကို ယူသောက်လိုက်သည်။ ရေသောက်ပြီး ခဏအကြာမှာပင် သူ့တစ်ကိုယ်လုံး အစက်အပြောက်များ ထလာသည်ကို ထိတ်လန့်စွာ တွေ့လိုက်ရ သည်။ သူ အစွမ်းကုန် အော်ဟစ်သော်လည်း ပါးစပ်မှ အသံမထွက်။ ဖြစ်ပျက်ပုံမှာ လျှပ်တပြက်အလား မြန်ဆန်လွန်းလှသည်။
ထိုအစက်အပြောက်များမှ အနာများ အမည်းကွက်ကြီးများ ဖြစ်လာပြီး ထိုအမည်း ကွက်များမှ သွေးများ စို့ထွက်လာသည်။ လည်ချောင်းမှသည် ဗိုက်.. ထို့နောက် လက်၊ ခြေထောက်နှင့် မျက်နှာတို့တွင်ပါ ပွားလာကြပြီး မျက်စိနှင့် နှာခေါင်း စသဖြင့် ရှိသမျှ အပေါက်တို့မှ သွေးများဒရဟော ကျဆင်းလာကာ ရဲရင့်သည် မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး ချက်ချင်း အသက်ရှူ ရပ်သွားလေတော့သည်။ ထို့နောက် မည် သည့်အရပ်က ရောက်လာမှန်းမသိသော ခါချဉ်အကြီးစားကဲ့သို့ နီကျင်ကျင် အကောင်ငယ်ပေါင်း မြောက်မြားစွာတို့က ရဲရင့်၏အလောင်းကို ကိုက်ချီဆွဲခေါ် သွားတော့သည်။ ယင်းအကောင်ငယ် မြောက်မြားစွာနှင့်အတူ ပျောက်ဆုံးသွား သည်မှာကား ရဲရင့်၏ ရုပ်အလောင်းပင်ဖြစ်သည်။ ထိုအဖြစ်အပျက်အလုံးစုံကို မည်သူမျှ မမြင်လိုက်ကြ။

ဦးမင်းထင်ကျော်တို့လည်း ကျန်သည့်လူနာများ ကြည့်ပေးပြီးနောက် ဆေးပစ္စည်း များ လိုက်လံသိမ်းဆည်းနေစဉ် ထက်မြက်က..

ထက်မြက်။ ။ ရဲရင့်ကို မတွေ့တော့ဘူးနော် ဆရာ။ ဒီကောင် သူရဲဘောကြောင်ပြီး သူကြီးအိမ် ပြန်ပြေးသွားလောက်ပြီ ထင်တယ်

ဦးမင်းထင်ကျော်။ ။ အင်းကွ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တစ်နေရာရာမှာများ သွားစိတ်ကောက်နေလားမသိဘူး

ထိုသို့ စကားပြောနေရင်း သူတို့အနောက်ဖက်မှ ခြေသံများ ကြားလိုက်ရသဖြင့် အနီးရှိ မီးတုတ်များကို ကောက်ကိုင်လိုက်ကြသည်။ တစ်ခုခုဆိုလျှင် အရေးအကြောင်း ကာကွယ်နိုင်ရန်ဖြစ်သည်။ သို့သော် အတော်နီးနီးရောက်လာမှ ဒေါက်တာကေသွယ်တို့မှန်း သိပြီး သက်ပြင်းပြိုင်တူ ချလိုက်ကြသည်။ သူတို့ကိုယ်သူတို့လည်း ဘယ်အရာကို စိုးထိတ်လန့်ဖြန့် နေကြမှန်းမသိပေ။ သို့သော်လည်း ဆုံးအောင် သက်ပြင်းမချရသေးမီမှာပင်...

ကေသွယ်။ ။ ဆရာ.. ဆရာရေ... လုပ်ပါဦး ကယ်ကြပါဦး

ဦးမင်းထင်ကျော်။ ။ ကေသွယ်.. ကေသွယ် ဘာဖြစ်လာတာလဲ.. ဉာဏ်လင်း.. မင်းတို့ဘာဖြစ်လာကြတာလဲ.. ရွှေအိုရောင်ကိုရော မတွေ့ပါလား။ ဘာဖြစ်လာကြတာလဲ ပြောစမ်းကွာ..

ဒေါက်တာကေသွယ်သည် ဦးမင်းထင်ကျော်ကိုဖက်ကာ မပြောမဆို ငိုချလိုက်လေသည်။ ဉာဏ်လင်းအောင်က တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေသည်။

ဥာဏ်လင်းအောင်။ ။ ဆရာ ... ရွှေ... ရွှေအိုရောင်.. မရှိတော့ဘူး.. ဆုံးပြီ

ဦးမင်းထင်ကျော်။ ။ ဘာ.. ဘယ်လိုဘယ်လို.. ဘာဖြစ်တယ်.. ငါ့ကို သေချာပြောစမ်း

ဉာဏ်လင်းအောင်။ ။ ကျွန်တော်တို့ ဟိုရွာသားတွေ နောက်လိုက်ပြီး ရွာမြောက်ပိုင်းကို ဆေးလိုက်ကု ပေးကြတယ်။ ပြီးတော့ ပြန်ခါနီးမှာ ရွှေအိုရောင်က အပေါ့သွားချင်တယ်ဆိုလို့ ဒေါ်အေးကြွယ်က အိမ်သာလိုက်ပို့တယ်။ ခဏကြာတော့ ဒေါ်အေးကြွယ် တစ်ယောက်ပဲ အိမ်ပေါ်ပြေးတက်လာပြီး ကျွန်တော်တို့ကို ဟိုဆရာမလေး မရှိတော့ဘူးလို့ အမောတကော လာပြောတယ်။ ကျွန်တော်က ဘာဖြစ်တာလဲလို့ မေးတော့.. ရွှေအိုရောင်တစ်ယောက် အပေါ့သွားတာကြာလို့ အိမ်သာရှေ့ လိုက်သွားပြီးခေါ်တာ အထဲက ထူးသံမကြားရဘူးတဲ့။ အဲ့ဒါနဲ့ သူ အိမ်သာတံခါးကို တွန်းဖွင့်ကြည့်လိုက်တော့ အထဲမှာ ဘယ်သူမှ မရှိတော့ဘူးတဲ့။ အဲ့ဒီလိုကြားတော့ ကျွန်တော်တို့လည်း ကမန်းကတန်း သွားကြည့်ပြီး အနီးအနားပ တ်ပတ်လည်ကို လိုက်ရှာကြတာပေါ့။ တစ်နေရာ အရောက်မှာ တစ်ခုခုကိုဆွဲသွားသလို စွပ်ကြောင်းကြီး ဖြစ်နေတာကို တွေ့ရတယ်။ အဲဒါနဲ့ စွပ်ကြောင်းအတိုင်း လိုက်ကြည့်ကြတော့.. လမ်းအဆုံးက ချုံထဲမှာ ရွှေအိုရောင့်ကို တွေ့တယ်။ သူ.. အသက်မရှိတော့ဘူး ဆရာ။ ပိုပြီးထူးဆန်းတာက ရောဂါကူးစက်နေတဲ့ လူတွေမှာ တွေ့ရသလိုမျိုး အမည်းကွက်ကြီးတွေ သူ့ကိုယ်ပေါ်မှာ ရှိနေတာပဲ။ အဲဒါတွေကြောင့် ကျွန်တော်တို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ဆရာတို့ဆီ တန်းပြေးလာတာ။ လုပ်ပါဦးဆရာရယ်.. ဘာတွေဖြစ်ကုန်ပြီလဲမသိဘူး.. ကျွန်တော် တော်တော် လန့်နေပြီ

10ဦးမင်းထင်ကျော်။ ။ ဘုရားရေ.. ထူးဆန်းလိုက်တာကွာ ဒါ.. သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး။ တစ်ခုခုပဲ။ ကဲ.. လာ.. လာ.. ရွာသူကြီးအိမ်ကို အကြောင်းသွားကြားမယ်

ပြောပြောဆိုဆိုဖြင့် ဒေါက်တာကေသွယ်ကို ချော့မော့ ဖျောင်းဖျကာ ရွာသူကြီးအိမ်သို့ ချက်ချင်းသွားကြသည်။ ရွာသူကြီးအိမ်သို့ ရောက်သောအခါ လူတစ်ယောက်မျှ မရှိပေ။ အိမ်အနံှ့ လိုက်ရှာသော်လည်း မတွေ့။

ဦးမင်းထင်ကျော်။ ။ တောက်.. အရေးအကြောင်းဆို တစ်ယောက်မှမရှိဘူး။ ရွာသူကြီး ဘယ်ရောက်နေလဲ။ ဒီအိမ်က လူတွေရော..။ ဟာ.. ရဲရင့်ကိုလည်း ဒီမှာ မတွေ့ပါလား။ ဒီကောင်ပျောက်နေတာ သေချာပြီ။ ဒုက္ခပဲ။ ခုချက်ချင်း လိုက်ရှာကြမှ ဖြစ်မယ်ဟေ့

ဉာဏ်လင်းအောင်။ ။ မိုးတော်တော် ချုပ်နေပြီဆရာ... လိုက်ရှာလို့ ဖြစ်ပါ့မလား

ဦးမင်းထင်ကျော်။ ။ မိုးအလင်းထိ စောင့်နေရင် ငါတို့တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူး။ ဒီကိစ္စတွေဟာ လုံးဝသွေးရိုးသားရိုး မဟုတ်ဘူး။ ဆရာ ဒါတွေပြောတာ မင်းတို့ကို ခြောက်နေတာ မဟုတ်ဘူး။ ဆရာကိုယ်တိုင်လည်း အယုံအကြည်မရှိပေမယ့် ခုအခြေအနေက ဒါတွေ ငြင်းခုံနေရမယ့်အချိန်မဟုတ်တော့ဘူး။ အရမ်းအရေးကြီးနေပြီ။ ကဲ.. ကေသွယ်က ဒီမှာပဲနေခဲ့။ နားလိုက်တော့။ ဘာမှမကြောက်နဲ့။ ဆရာတို့ ခုချက်ချင်း ပြန်လာခဲ့မယ်။ ကျန်တဲ့လူတွေ ငါနဲ့လိုက်ခဲ့

ထို့နောက် ဦးမင်းထင်ကျော် ဦးဆောင်သည့် လူ ၅ ယောက်အုပ်စုသည် မီးတုတ်များကိုင်ဆောင်၍ ရဲရင့်ကို အော်ခေါ်လိုက်ရှာ ကြတော့သည်။ သို့သော် နေရာအတော် စုံနေပြီဖြစ်သည့်တိုင် လုံးဝရှာမတွေ့ချေ။ လူနာများထားရှိရာ ယာယီတဲလေးများတွင်လည်း မရှိ။ အနီးဝန်းကျင်မှာလည်း ရဲရင့် အရိပ်အယောင်မျှ မတွေ့ရဘဲရှိလေသည်။ ထိုစဉ် လူနာဆောင်တွင် ထူးဆန်းသည့် အဖြစ်အပျက် တစ်ခုနှင့် ကြုံတွေ့ကြရသည်။ သူတို့မပြန်ခင်က ထားရစ်ခဲ့ကြသော လူနာများမှာ တစ်ယောက်မျှ အသက်မရှိတော့ချေ။ တချို့မှာ ပျောက်ဆုံးကုန်ပြီး တချို့မှာ အနာမှပြည်ပုပ်များ၊ သွေးများ ယိုစီးကျကာ ရုပ်ပျက်ဆင်းပျက်ပင် ဖြစ်နေကြသည်။ အနံ့အသက် များမှာလည်း ဆိုးရွားလွန်းလှသဖြင့် တဲများအပြင်သို့ ချက်ချင်း ပြန်ထွက်လာခဲ့ကြရသည်။ ရဲရင့်ကိုလည်းမတွေ့၊ လူနာများလည်းသေ၊ ရွာသူကြီးကိုလည်း ရှာမရတော့သည့်အဆုံး အားလုံး လက်လျှော့လိုက်ကြပြီး သူကြီးအိမ်သို့သာ ပြန်လာခဲ့ကြတော့သည်။ ဦးမင်းထင်ကျော်မှအပ ကျန်သူများမှာ တုန်လှုပ်သွေးပျက်နေကြလေပြီ။

ကေသွယ်။ ။ တွေ့ခဲ့ကြလားဟင်..

ထက်မြက်။ ။ မတွေ့ပါဘူးဗျာ။ ဟိုမှာလည်း လူနာတွေ တစ်ယောက်မှအသက်မရှိတော့ဘူး။ အခြေအနေက တော်တော်ဆိုးနေပြီ။ ရဲရင့်ကိုလည်း ဘယ်လိုမှရှာမရဘူး။ နေရာလည်းစုံနေပြီရှာတာ။ ဒီကြားထဲ ကျန်တဲ့ရွာသားတွေလည်း ဘယ်ရောက်ကုန်ကြလဲမသိဘူး။

ဦးမင်းထင်ကျော်။ ။ ထူးဆန်းလိုက်တာ လူတွေ ဘယ်ပျောက်သွားတာလဲ။ ရဲရင့် တောထဲဝင်သွားဖို့လည်း မဖြစ်နိုင်ဘူး။ ဒီကောင် ဒီလောက် သတ္တိမကောင်းဘူး။ အိမ်ပြန်ပြေးမယ်ဆိုရင်လည်း ဒီအချိန်ကြီး မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တယ်ထား.. သူ့အ၀တ်အိတ်တော့ အနည်းဆုံး ယူသွားရမှာပေါ့။ ဘုရားဘုရား.. ရွှေအိုရောင့်လို အဖြစ်ဆိုးမျိုးနဲ့တော့ ရဲရင့်တစ်ယောက် မတွေ့ကြုံပါစေနဲ့။ စဉ်းစားစရာပဲကွ... ခုဟာက ရွာသူကြီးကိုယ်တိုင် ပျောက်နေတာ။ ဒီရွာမှာ လူရောကျန်သေးရဲ့လား မသိဘူး။ တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီဟေ့

ကေသွယ်။ ။ ကျွန်မ.. ကျွန်မအိမ်ပြန်ချင်ပြီဆရာ.. ဒီရွာမှာမနေရဲတော့ဘူး အရမ်းကြောက်ဖို့ ကောင်းတာပဲ

11ထိုစဉ် ရွာသူကြီး၊ ရွာသူကြီးကတော်နှင့် ရွာသူရွာသားတစ်စုတို့ ထင်မှတ်မထားဘဲ မျက်စိပျက်မျက်နှာပျက်ဖြင့် အိမ်သို့ပြန်ရောက် လာကြသည်။

ဦးမင်းထင်ကျော်။ ။ ဟာ.. သူကြီး.. ခင်ဗျားတို့ကလည်းဗျာ အရေးအကြောင်းဆို ဘယ်ရောက်နေကြတာလဲ။ ဒီမှာ ကျုပ်တပည့် တစ်ယောက် ဆုံးသွားပြီ၊ တစ်ယောက်ကလည်း ပျောက်နေတယ်

ရွာသူကြီး။ ။ အောင်မလေးဗျာ.. ကျုပ်တို့တစ်ရွာလုံး ကပ်ကြီးဆိုက် ပြီး ပြုတ်ပြုတ်ပြုန်းတော့မယ်။ ဆရာက ဆရာ့တပည့်အကြောင်း လာပြောနေသေးတယ်။ ကျုပ်တို့တောင် ဒီမှာမသေအောင် မနည်း ထွက်ပြေးခဲ့ရတာ။ ရွာမှာ ကျုပ်တို့ဘဲ ကျန်တော့တယ်။ အကုန် ရောဂါပိုးကူးစက်ပြီး သေကုန်ကြပြီ။ ကျုပ်တို့ အကုန် လိုက်စစ် ပြီးပြီ။ ပျောက်တဲ့လူကပျောက်၊ ပုပ်ပွပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်တဲ့ လူကဖြစ်နဲ့။ ဆရာတို့လည်း ကုနိုင်တော့မယ် မဟုတ်ဘူး။ ကျုပ်တို့ အထုပ်အပိုးတွေနဲ့ ပစ္စည်းပစ္စယတွေ လာသိမ်းဆည်းတာ။ မနက် လင်းတာနဲ့ ဒီရွာကနေ မြန်မြန်ထွက်သွားကြမှကို ဖြစ်တော့မယ်။ ဆရာတို့လည်း ပြန်ချင်ပြန်ကြတော့။ ဒါမှမဟုတ် ကျုပ်တို့နဲ့ မနက်ဖြန်ကျ တစ်ခါတည်းလိုက်ခဲ့။ ဟုတ်ပြီလား..

ဦးမင်းထင်ကျော်။ ။ နေပါဦး သူကြီးရဲ့။ ဒီရောဂါကပ်ကြီးက သောက်ရေကန်က ဖြစ်တာဆို။ သောက်ရေကန်ကို ကျွန်တော်တို့ မနက်ကျရင် သွားစစ်မှကိုဖြစ်မယ်။ ကျွန်တော့်အထင် ရွာသားတွေသေကုန်တာလည်း သွေးရိုးသားရိုးမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်အားထားရတဲ့ တပည့်နှစ်ယောက်လည်း ဆုံးပါးသွားတာ ကျွန်တော် ဘယ်နည်းနဲ့မှ ဒီအတိုင်း မပြန်နိုင်ဘူး။ အဖြေရှာကို ရှာရမယ်။ သိကိုသိရမှဖြစ်မယ်။ ဒါနဲ့ နေပါဦး.. ဒီရောဂါစဖြစ်တာ ဘယ်လောက်ရှိပြီလဲ

ရွာသူကြီး။ ။ နှစ်ပတ်လောက်တော့ရှိပြီ

ဦးမင်းထင်ကျော်။ ။ အဲ့ဒီနှစ်ပတ်မတိုင်ခင်က ရွာမှာ ဘာတွေဖြစ်ခဲ့သေးလဲ

ရွာသူကြီး မျက်နှာကွက်ခနဲ ပျက်သွားသည်။ သူ၏ တစ်ဖက်တည်းသော မျက်လုံးမှာလည်း ဂဏာမငြိမ်ချေ။

ရွာသူကြီး။ ။ ဘာမှမဖြစ်ပါဘူး။ သူ့ဟာသူ သောက်ရေမသန့်လို့ ရောဂါကပ်ကြီး ဆိုက်တာ။ မနက်ဖြန်ကျ ကျုပ်တို့ ဒီရွာကပြောင်းမယ်

ဦးမင်းထင်ကျော် ရွာသူကြီးကို မသင်္ကာသလို ကြည့်လိုက်သည်။ သို့ရာတွင် နောက်ထပ် စကားမဟတော့။

ရွာသူကြီး။ ။ ကဲ.. မကြာခင် အရုဏ်ပျို့တော့မှာ။ ဆရာတို့လည်း တစ်ရေးမှ မအိပ်ရသေးဘူးမှတ်လား။ အားရှိအောင် တစ်ရေး နှစ်ရေးတော့ မှိန်းလိုက်ကြဦးလေ။ မိုးလင်းကျ ခရီးဆက်ရဦးမှာ

ဥာဏ်လင်းအောင်။ ။ ဟုတ်တယ်ဆရာ။ ကျွန်တော်တို့ အရမ်းကို ပင်ပန်းချိနဲ့နေပြီ။ ကျွန်တော်တော့ အိပ်ပြီ

ပြောပြောဆိုဆိုဖြင့် မကြာခင်မှာပင် ဉာဏ်လင်းအောင်နှင့် ထက်မြက်တို့ ခွေခွေလေးတွေ အိပ်ပျော်သွားကြသည်။ ကျန်လူများ အားလုံးလည်း ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်၍ အိပ်ရာကိုယ်စီဝင်ကာ အိပ်စက်အနားယူကြသည်။ ဦးမင်းထင်ကျော်သည် အိပ်ရာထက်၌
လဲလျောင်းနေသော်လည်း ကောင်းစွာအိပ်မပျော်။ ဤဆင်တောင်စုရွာ၏ ထူးဆန်းလှသည့် ရောဂါကပ်အကြောင်းနှင့် အခြား အခြားသော မယုံကြည်နိုင်စရာ ပဟေဠိဆန်ဆန် အဖြစ်အပျက်များကို ဆက်စပ်တွေးကြည့်နေမိသည်။ မိမိသည် ဤအဖွဲ့တွင် အသက်အကြီးဆုံး။ တာဝန်အရှိဆုံး။ မိမိ တာဝန်ယူစောင့်ရှောက်လာခဲ့ရသည့် နောက်လိုက်တပည့်များသည် ယခုကဲ့သို့ ကြမ္မာဆိုးနှင့် ကြုံရသည်ကို မိမိအနေနှင့် တာဝန်မကင်းသလို စိတ်မကောင်းမဆုံးလည်း ဖြစ်နေမိသည်။ ထိုအဖြေကို ရအောင်ရှာမည်ဟု တေးထားလိုက်ရင်း တခဏ မှေးခနဲဖြစ်သွားမိသည်။

ထိုအချိန်မှာပင် စကားပြောသံ ခပ်သဲ့သဲ့ကြားလိုက်သဖြင့် ဖျက်ခနဲနိုးသွားပြီး အခန်းတံခါးနားကပ်ကာ ခပ်မဆိတ် နားစွင့် ကြည့်နေမိသည်။ သူကြီးလင်မယား လေသံဖြင့် စကားပြောနေသည်ကို ကြားရသည်။

သူကြီးကတော်။ ။ တော် စ,ထားတဲ့ပြဿနာလေ ဟင်..။ ခုတော့ ကိုယ်ကျိုးနည်းကုန်ပြီမဟုတ်လား

ရွာသူကြီး။ ။ ဟ.. ငါလည်း အဲဒီကောင်မ ဒီလောက်ပြန်လုပ်မယ်မှန်း မသိလို့ပေါ့ကွ။ အစက ငါလည်းမဖြစ်နိုင်ဘူးပဲထင်တာ။ ဒါပေမယ့် ခုအခြေအနေက မယုံလို့မရတော့ဘူး။ မဟုတ်ရင် အားလုံးဒုက္ခရောက်ကုန်မယ်။

သူကြီးကတော်။ ။ ဘာပဲဖြစ်ဖြစ်တော်.. အခုဖြစ်လာပြီပဲ။ ဒီတော့ ရှင်ဘာဆက်လုပ်မလဲ

ရွာသူကြီး။ ။ ငါလည်း မစဉ်းစားတတ်တော့ဘူးကွာ။ မနက်ဖြန်ကျ ဒီကထွက်သွားကြမှာပဲ။ ဟူး... ကဲ..ကဲ.. တော်ပြီ.. အိပ်ကြစို့ ငါအရမ်း ပင်ပန်းနေပြီ

12ခဏအကြာ စကားသံများ တိတ်ဆိတ်သွားသည်။ ၄င်းတို့သည် အားလုံးအိပ်ကုန်ကြပြီအထင်နှင့် တစ်စုံတစ်ခုကို ကြိတ်တိုင်ပင် နေကြခြင်း ဖြစ်သည်။ သို့ရာတွင် သူတို့ပြောသော စကားများ အားလုံးကို ဦးမင်းထင်ကျော် ကောင်းစွာ ကြားလိုက်လေသည်။ ချက်ချင်းပင် ငေါက်ခနဲ ထထိုင်ကာ တစ်စုံတစ်ခုကို အတည်ပြု လက်ခံဖို့ အကြံတစ်ခု ရလေသည်။ ထိုအရာကို သူလုပ်ကို လုပ်မှ ဖြစ်ပေလိမ့်မည်။ အိပ်ရာထဲမှ အသာထလာခဲ့ပြီး အိမ်ရှေ့ သို့ ခြေဖျားထောက် ထွက်လာခဲ့သည်။ ထို့နောက် မီးတုတ်၊ မီးခြစ်၊ အနီးတွင်တွေ့သော ပုဆိန်တစ်လက်၊ အခြားလိုအပ်မည် ထင်သော ပစ္စည်းအနည်းငယ်ကိုယူ၍ ခြံထဲသို့ဆင်းလာခဲ့သည်။ အအိပ်ဆတ်သော ဉာဏ်လင်းအောင်မှာ အိပ်ရာမှ ချက်ချင်းနိုး လာခဲ့ပြီး ဆရာထွက်သွားမှန်း သိသည်နှင့် နောက်မှ အသာပြေး လိုက်ကာ  လေသံ ခပ်အုပ်အုပ်ဖြင့်...

ဉာဏ်လင်းအောင်။ ။ ဆရာ..ဆရာ.. ဘယ်သွားမလို့လဲ ဒီအချိန်ကြီးကို..

ဦးမင်းထင်ကျော်။ ။ ဉာဏ်လင်း မင်းမအိပ်သေးဘူးလား။ ဆရာ လုပ်စရာလေး တစ်ခုရှိလို့ အပြင်ခဏ သွားလိုက်ဦးမယ်။ ဆရာသွားတာ ဘယ်သူမှမသိစေနဲ့

ထက်မြက်။ ။ ဟာ.. ဘယ်သွားမလို့လဲ ဆရာ။ မသွားပါနဲ့လားဆရာရယ်.. မနက်လင်းမှ သွားပါလား။ ဒီရွာက ဘာမှန်းမသိ ညာမှန်းမသိ အန္တရာယ်က များပါဘိနဲ့

ဦးမင်းထင်ကျော်။ ။ ရတယ် ရတယ်.. ဆရာမသွားလို့ မဖြစ်ဘူး။ ဒီနားလေးတင်ပဲ သိပ်မကြာပါဘူး

ဉာဏ်လင်းအောင်။ ။ ဒါဆိုလည်း ကျွန်တော်ပါ လိုက်ခဲ့မယ်လေ။ ဆရာတစ်ယောက်တည်း စိတ်မချဘူး

ဦးမင်းထင်ကျော်။ ။ နိုး နိုး.. မင်းလိုက်လို့ မဖြစ်ဘူး။ ဆရာတစ်ယောက်တည်း သွားမှရမှာ။ မင်းနေရစ်ခဲ့။ ဆရာမကြာဘူး။ သွားကြည့်စရာလေးရှိတာ ကြည့်ပြီးရင် ပြန်လာခဲ့မယ်။ သွား.. ပြန်အိပ်ချေ.. ဒါမှမဟုတ်လည်း ပစ္စည်းတွေ သိမ်းစရာရှိတာ သိမ်းထားတော့။ သူများတွေ လုံးဝမနိုးစေနဲ့နော်..။

ဉာဏ်လင်းအောင်။ ။ ဟုတ်ကဲ့ဆရာ။ ဒါဆိုလည်း ဆရာ သတိဝီရိယနဲ့တော့ သွားနော်။ မြန်မြန်လည်း ပြန်လာခဲ့ဦး

ဦးမင်းထင်ကျော်။ ။ အေးအေး.. ဆရာသိတယ်။ သွားပြီ..

ထိုသို့ပြောပြီး ဦးမင်းထင်ကျော် တစ်ဦးတည်း ထွက်လာခဲ့သည်။ သူ့ခြေလှမ်းများက ရောဂါပိုး ကူးစက်ခံရသည်ဆိုသော ရေကန်ကြီး ဆီသို့ ဦးတည်လျက်...။ ညဥ့်ပိုင်းက ရဲရင့်ကို လိုက်ရှာကြရင်းနှင့် ဟိုးခပ်လှမ်းလှမ်းမှ လရောင်ဖြင့် လဲ့နေသည့် ရေကြပ်ခွပ်များကို မြင်ခဲ့ရသည် မဟုတ်လား။ ထိုနေရာကို ဦးမင်းထင်ကျော် သေသေ ချာချာ မှတ်ထားသည်။ ရေကန်ကြီးသည် ထင်ထားသည်ထက် ပိုမို ကျယ်ပြန့်ပြီး ရေ၏ အရောင်အဆင်းမှာ ပကတိ နက်မှောင်နေသည်ဟု ထင်ရသည်။ ရေကန်ပတ်လည်တွင် နေပြောက်မထိုးနိုင် လောက်သည့် ထူထဲကြီးမားလှသော နှစ်ရှည်ပင်ကြီးများစွာ ပေါက်ရောက်လျက်ရှိသည်။ တောအုပ်ကြီးတစ်ခုနှင့်ပင် တူနေသေးတော့ သည်။ ကြာရိုး ကြာစွယ်များမှာ ရေလယ်တွင် ညွတ်ခွေ သေဆုံးနေကြ၏။
13ဦးမင်းထင်ကျော် ပတ်ဝန်းကျင်ကို သေချာ လိုက်အကဲခတ်နေသည်။ မည်သည့် ထူးခြားသောအရိပ်အယောင်မျှမတွေ့။ ထိုစဉ်မှာပင် သူ၏ မျက်လုံးများက သစ်ပင်တစ်ပင် ခြေရင်းတွင် အရောင်တလက်လက် ထနေသော အရာတစ်ခုကို မြင်တွေ့သွားလေသည်။ ကောက်ယူ ကြည့်သောအခါ မိန်းမ၀တ် ရွှေနားကွင်းတစ်ဖက်။ ထိုအနီးတဝိုက်တွင် သေချာထပ်မံ လိုက်ကြည့်ရာ.. ညှိုးနွမ်း ခြောက်သွေ့လုပြီဖြစ်သော သစ်ရွက်ပုံတစ်ပုံပေါ်၌ သွေးစက်များကို တွေ့ရသည်။ ကြီးကြီး မားမား တစ်စုံတစ်ရာကို လောင်ကျွမ်းထားသော ပြာပုံကြီးတစ်ခုကိုလည်း တွေ့ရသည်။ ထိုအနီးတွင်ပင် ထိုင်ချလိုက်ကာ ဤအဖြစ်အပျက်များ သည် သွေးရိုးသားရိုး မဟုတ်နိုင်ဘဲ လူသတ်မှုပေလောဟု တွေဝေ စဉ်းစားနေခိုက် ရုတ်တရက် မိန်းမောသလိုဖြစ်သွား၏။ စိတ်များ လေးလံ ထိုင်းမှိုင်းလာကာ အနံ့တစ်ခုခုကြောင့် အိပ်မွေ့ချခံရသူလို ဖြစ်သွားမိသည်။ ထိုစဉ်မှာပင် သူ၏အမြင်အာရုံထဲဝယ် ရေကန်ထဲမှ အမျိုးသမီးတစ်ဦး တက်လာပြီး သူ့ဆီလျှောက်လာသည်ကို ၀ိုးတိုးဝါးတား မြင်ရသည်။ တဖြည်းဖြည်း ပုံရိပ်ပီပြင်လာသောအခါ ထို အမျိုးသမီး၏ ကိုယ်ခန္ဓာ အနှံ့အပြားတွင် မြင်မကောင်းသော ဒဏ်ရာဒဏ်ချက်ကြီးများ အပြည့်အနှက်။ မီးလောင် အမာရွတ်များအပြင် ရိုက်နှက်ခံထားရသလို အရှိုးရာဗရပွဖြင့်...။ သူ့ကိုစိုက်ကြည့်နေသည့် မျက်လုံးတစ်စုံတွင် မုန်းတီးခြင်း စက်ဆုပ်ခြင်းနှင့် နာကျည်း ဒေါသ မီးလျှံများကို အတိုင်းသား မြင်တွေ့နေရ၏။ အိပ်မက်ပင်လော၊ တကယ်ပင်လောဟု ဦးမင်းထင်ကျော် တွေးတောအံ့သြ မဆုံးမီပင် ထိုအမျိုးသမီးသည် ဗြုန်းခနဲ အနီးသို့ရောက်လာပြီး သူ့လည်ပင်းကို ဆွဲညှစ်လေသည်။ သူဆွဲဖယ်သော်လည်းမရ။ အေးစက်ရှုံ့တွနေသော လက်တစ်စုံက အလွန် အားပါလှသည်။ အသက်ရှူရသည်မှာ တဖြည်းဖြည်းမွန်းကြပ်လာပြီး မျက်လုံးများ ပြာဝေလာတော့သည်။ ထိုစဉ်မှာပင် လူသံများ ကြားလိုက်ရပြီး သူ့ရှေ့မှ အမျိုးသမီးသည် မကျေနပ်သလို သူ့အားတစ်ချက် စိုက်ကြည့် ပြီးနောက် ရေထဲသို့ ခုန်ဆင်း ပျောက်ကွယ်သွားလေ၏။
ဉာဏ်လင်းအောင်။ ။ ဆရာ... ဆရာ.. ဆရာဘာဖြစ်နေတာလဲ

ဦးမင်းထင်ကျော်။ ။ အဟွတ် အဟွတ်.. အော့... ဟို ကောင်မလေး... ကောင်မလေး

ဥာဏ်လင်းအောင်။ ။ ဘယ်ကကောင်မလေးလဲဆရာ။ ကျွန်တော် ဆရာ့ကိုပဲတွေ့တာ။ ဆရာ့လက်နှစ်ဖက် ကိုယ့်လည်ပင်း ကိုယ်ညှစ်နေတာတွေ့လို့။ တော်သေးတာပေါ့ ဆရာရယ်.. ကျွန်တော် ဆရာ့ကို စိုးရိမ်ပြီး ဒီကောင်လေး အကူအညီနဲ့ နောက်က လိုက်လာမိပေလို့ပေါ့

ဦးမင်းထင်ကျော်က အဖြစ်အပျက် အလုံးစုံကိုပြောပြလိုက်ရာ

ဥာဏ်လင်းအောင်။ ။ ဆရာပြောသလိုဆို တော်တော် ထူးဆန်းတာပဲ။ ဒီလိုအဖြစ်မျိုးတွေ တကယ်ရှိနေတာပါလား

14ဦးမင်းထင်ကျော်။ ။ အေးကွာ ငါလည်း စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတာ ခု ဒီအသက်အရွယ်ရောက်မှ ကိုယ်တွေ့ကြုံရဖူး တာပဲ။ ငါ့နှယ်.. သေပြီတောင် မှတ်တာကွာ။ သန်လိုက်တဲ့ တစ္ဆေမ။ ဒါနဲ့.. ဒီကိစ္စ နှုတ်လုံပါစေနော်။ ကေသွယ်တို့ကို ပေးမသိစေချင်ဘူး။ သူတို့သိရင် ပိုကြောက်သွားကြမယ်။ အထူးသဖြင့် ရွာသူကြီး.. ငါ သူ့ကိုသိပ်ပြီး မသင်္ကာဘူးကွ။ ဟိုကလေးလည်း ဆရာတို့ကို ကူညီပါကွာ..။ ဒီကိစ္စ မပေါက်ကြားပါစေနဲ့။ နောက်ပြီး မင်းကိုမေးစရာရှိတယ်။ ဒီရွာအကြောင်း မင်းသိသလောက် ဆရာ့ကိုပြောပြစမ်းပါ

ဉာဏ်လင်းအောင်ကို လမ်းပြလိုက်ပို့ခဲ့ပေးသော ရွာသား ကောင်လေးမှာ ကြောက်ရွံ့လှသဖြင့် တစ်ကိုယ်လုံးအလွန် တုန်ယင်နေပြီး ဟန်မဆောင်နိုင်လောက်အောင်ပင် မျက်စိ မျက်နှာ ပျက်နေသည်။ ဦးမင်းထင်ကျော် မေးသည်ကိုပင် ပြန်မဖြေနိုင်။ သူစိုက်ကြည့်နေသည်မှာ ရေကန်နံဘေးရှိ ချုံကြီးတစ်ခု၏ အနောက်ဘက် တစ်နေရာကိုဖြစ်သည်။ ဦးမင်းထင်ကျော်တို့လည်း သူကြည့်ရာသို့ ကြည့်လိုက်ကြသည်။ လူရိပ်လိုလို တိရစ္ဆာန် တစ်ကောင်လိုလို တစ်စုံတစ်ခု ရွာဘက်သို့ ဖြတ်ပြေးသွားသည်ကို ဖျက်ခနဲ တွေ့လိုက်ကြရသည်။ တောကောင် တစ်ကောင်လည်း ဖြစ်နိုင်ပါသည်။

ဉာဏ်လင်းအောင်။ ။ ဟေ့ကောင်လေး.. ဘာဖြစ်နေတာလဲကွ

ရွာသားကောင်လေး။ ။ ဟို.. မ.. မ.. သဲ.. မသဲစုလားမသိဘူး

ဦးမင်းထင်ကျော်တို့လည်း ကြောင်သွားကြပြီး..

ဦးမင်းထင်ကျော်။ ။ မသဲစုဆိုတာ ဘယ်သူလဲကွ

ရွာသားကောင်လေး။ ။ ကျွန်တော်.. ကျွန်တော်မပြောရဲဘူး ကြောက်တယ်..

ကောင်လေးမှာ ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်ရင်း အတော်ကြောက်ရွံ့နေရှာသည်။

ဦးမင်းထင်ကျော်။ ။ မကြောက်ပါနဲ့ကောင်လေးရဲ့။ ဆရာတို့ကို အားလုံးပြောပြ။ နော်.. ဒါမှ ဒီရွာမှာဘာတွေဖြစ်နေတယ်ဆိုတာ ဆရာတို့သိပြီး အားလုံးကို ကယ်တင်နိုင်မှာပေါ့ကွယ့်။ မင်းကို ဆရာတို့ ကာကွယ်ပေးမယ်။ ဟုတ်ပြီလား.. လာ ဒီမှာထိုင်.. မင်း သိသလောက်ကို ဖြည်းဖြည်းချင်း အကုန်ပြောပြ..

ကောင်လေးက ခေတ္တမျှငြိမ်သက်နေပြီးမှ အဖြစ်အပျက်ကို  ရှင်းပြလေသည်။

ရွာသားကောင်လေး။ ။ ဒီလိုပါဆရာ.. အရင်တုန်းက ကျွန်တော်တို့ရွာကို အဖွားကြီးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ရောက်လာကြဖူးတယ်။ ဘယ်ကနေ ပြောင်းလာမှန်းလဲမသိဘူး။ ဒီရွာကိုရောက်လာပြီး ရွာစွန်နားမှာ တဲထိုးနေကြတယ်ဆရာ။ နောက်ပြီး ကောင်မလေးက တောထဲက ဆေးမြစ်ဆေးဥတွေရှာပြီး ရွာထဲမှာ လှည့်ရောင်းတယ်။ ဟိုးဘက်ကရွာတွေကို သွားချင်လည်း သွားတတ်တယ်။ အဖွားကြီးကတော့ ဘာမှမလုပ်ဘူး။ တစ်နေ့တစ်နေ့ ဆေးတွေပဲ ထိုင်ဖော်နေတယ်။ ရွာသူရွာသားတွေနဲ့လည်း အခေါ်အပြော မလုပ်ကြဘူး။ ဒါပေမယ့် သူတို့ရောက်လာပြီး နောက်ပိုင်း ရွာထဲကလူတွေ နေမကောင်း ဖြစ်ကြတဲ့သူတွေ များများလာတယ်။ အဲဒါနဲ့ ရွာကလူတွေက သူတို့မြေးအဖွားကို စုန်းလို့သတ်မှတ်ပြီး ရွာစွန်ကနေ မောင်းထုတ်ကြတယ်။ ဆိုတော့.. သူတို့မြေးအဖွားလည်း ဒီရေကန်နားမှာ လာနေကြတယ်။ ဖြစ်ချင်တော့ သူကြီးရဲ့ တစ်ဦးတည်းသောသားက တစ်ရက်မှာ သူငယ်ချင်းတွေနဲ့ ဒီရေကန်နား လာကစားရင်း ပိုးထိလို့ သေသွားတယ်။ အဲဒီမှာပဲ သူကြီးက ဒေါသတွေမိုးမွှန်ပြီး အဲဒီ မြေးအဖွားအိမ်ကို ဓါးကြိမ်းသွားကြိမ်းတယ်။ သူတို့ပြုစားလို့ သူ့သားသေရတယ်ပေါ့။ ဒီနေရာကနေ ခုချက်ချင်း မထွက်သွားရင် မြေးအဖွား နှစ်ယောက်လုံးကို သတ်ပစ်မယ်ပေါ့။ သူကြီးက.. သူကြီးက တကယ်တော့ လူယုတ်မာကြီးဗျ။ သူ့ကိုတစ်ရွာလုံးက ကြောက်ရတယ်။ သူ့ကိုအာခံရင် သစ္စာဖောက်ရင် လုံးဝခွင့်မလွှတ်ဘူး။ သူ့တပည့်တွေ အားကိုးပြီး လူမသိ သူမသိ အစဖျောက် ပစ်တတ်တယ်။ သူ့မကောင်းမှုတွေကို ကျွန်တော်တို့သိပေမယ့် မတတ်သာလို့ ငြိမ်နေရတယ်။

15မြေးအဖွားနှစ်ယောက်ကို အဲ့ဒီလို ခြိမ်းခြောက်တဲ့အပြင် ကောင်မလေး တောထဲဆေးရွက် သွားခူးနေတုန်း သူကြီးက ကောင်မလေးကို စောင့် ဖမ်းပြီး တောထဲဆွဲခေါ်သွားတယ်။ ပြီးတော့ မတရားကျင့်ဖို့ ကြံတယ်။ ကောင်မလေးက အတင်းရုန်းကန်ပြီး သူ့ကိုကုပ်ဖဲ့ ဆွဲကိုက်တာပေါ့။ အဖွားဖြစ်တဲ့သူက ဒါတွေကိုကြိုရိပ်မိနေလို့ နောက်ကနေ လိုက်လာခဲ့ တယ်။ သူဖော်စပ်ထားတဲ့ ဆေးမှုန့်တချို့နဲ့ သူကြီးမျက်နှာကို ပက်ပစ် လိုက်တယ်။ အဲ့ဒါကြောင့် သူကြီး မျက်လုံးတစ်ဖက် ကန်းသွားတာပဲ။ ကောင်မလေး သူကြီးလွတ်က လွတ်သွားပေမယ့် အဲ့ဒီညမှာပဲ သူကြီး နဲ့ သူ့တပည့်တွေက မြေးအဖွားနှစ်ယောက်လုံးကို လာရိုက်နှက်တော့ တယ်။ အရမ်း ရက်စက်တာပဲဗျာ။ ကျွန်တော်တောင် အဲ့ဒီနေ့တုန်းက နွားကျောင်းနောက်ကျလို့ အပြန်ဒီရေကန်ကြီးနားက ဖြတ်သွားရင်း အားလုံးကို မြင်လိုက်ရတာ။ ပြီးတော့ သူတို့ မြေးအဖွားအိမ်ကို မီးနဲ့ တိုက်တယ်။ ကောင်မလေးက မီးလောင်ဒဏ်ရာ ကွက်ကြီးတွေနဲ့ လွတ်သွားပေမယ့် အဖွားကြီးကတော့ မပြေးနိုင်တော့လို့ အိမ်ထဲမှာပဲ မီးအလောင်ခံရပြီး သေသွားတယ်။ ဒါပေမယ့် မီးထဲကလွတ်လာတဲ့ ကောင်မလေးလည်း သူကြီးကအရှင်မထားတော့ဘူး။ အရှင်ထားရင် သူနောက်ကြောင်းမအေး ဖြစ်ရမယ်လေ။ အဲ့ဒါနဲ့ ကောင်မလေးကို ကြိုးတုပ်ပြီး ဟောဒီ့ရေကန်ကြီးထဲ အရှင်လတ်လတ် ပစ်ချပြီး သတ် လိုက်တယ်။ အဲ့ကောင်မလေးနာမည်က မသဲစုတဲ့..။ တစ်ရွာလုံးကို ကျတော့ သူကြီးက လိမ်ထားတာပေါ့။ သူတို့ဟာသူတို့ ဆေးကျိုရာ ကနေ တဲမီးစွဲပြီး နှစ်ယောက်လုံး မီးထဲပါသွားတယ်လို့ အသိပေးထားတယ်။ သူကြီးပြောစကားတွေကို ရွာကလူတွေ သိပ်မယုံကြပေမယ့်လည်း အစကတည်းက ဒီမြေးအဖွားနဲ့ သိပ်အဆက်အဆံမရှိခဲ့ကြလို့ ဘယ်သူမှလည်း အရေးတယူလုပ်ပြီး စပ်စုမနေတော့ဘူး။ ဒီအတိုင်းပဲ ပစ်ထားလိုက်ကြတယ်။ အဲ့ဒီကစပြီး အခုလိုအဖြစ်ဆိုးတွေ ဆက်တိုက်ကိုဖြစ်ခဲ့တော့တာပဲ ဆရာ..။ သူတို့များ မကျွတ်မလွတ်ဖြစ်ပြီး တစ်ရွာလုံးကို အငြိုးကြီးကြီးနဲ့ လိုက်သတ်နေတာလားမသိဘူးနော်။ အခုတောင် ရွာကပျက်နေပြီလေ..

ကောင်လေးမှာ ရှည်လျားစွာ ဂဃနဏ ရှင်းပြပြီးမောပန်းကာ သူ့ကိုယ်သူလည်း မလုံမလဲ ဖြစ်နေဟန်ရှိသည်။ ဦးမင်းထင်ကျော်က ရေကန်ထဲမှ သူ့ကို လည်ပင်းထညှစ်သော မိန်းကလေးကို သတိရသွားသည်။ အားလုံးကို ဆက်စပ်မိပြီး သဘောပေါက်သွားသည်။

ဦးမင်းထင်ကျော်။ ။ ဒီရွာမှာ ဘုန်းကြီးကျောင်းတွေ ဘာတွေ မရှိဘူးလားကွ

ရွာသားကောင်လေး။ ။ ဘယ်ရှိမလဲဗျာ ဒီလောက် ရွာသေးသေးလေးကို။ ဟိုးဘက် နှစ်ရွာကျော်လောက်မှာတော့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိတယ် ဆရာ။ တော်တော်ဝေးတယ်။ ဘာဖြစ်လို့လဲဟင်..

ဦးမင်းထင်ကျော်။ ။ မကျွတ်မလွတ်သေးတာ တကယ်မှန်ရင် ဘုန်းကြီးတွေ ဘာတွေပင့်ပြီး ပရိတ်ရွတ်တရားနာတာတို့ အမျှဝေပေးတာတို့ လုပ်ရမယ်လေ

ရွာသားကောင်လေး။ ။ ကျွန်တော်တို့ အဲ့ဒါတွေ တစ်ခါမှ မစဉ်းစားဖူးဘူး။ လုပ်ဖို့လည်း စိတ်မကူးကြပါဘူး။ ကိုယ်နဲ့မဆိုင်သလိုပဲ ဒီလိုပဲနေခဲ့ကြတာ။ နောက်ပြီး သူကြီးကိုလည်း ဘယ်သူမှ ပြန်မလှန်ရဲကြဘူး

ဦးမင်းထင်ကျော်။ ။ အင်း.. အဲ့ဒါတွေကြောင့် အခုတော့ ဒုက္ခများကြပြီ မဟုတ်လား

15ထိုစဉ်မှာပင် ရုတ်တရက် ရွာထဲဘက်မှ ကြောက်ခမန်းလိလိ အော်ဟစ်သံများ ကြားရတော့သည်။ အမျိုးသမီးသံ စူးစူး ဝါးဝါးနှင့် အခြားရုန်းရင်းဆန်ခတ် လူသံများပါ ကြားနေရ သည်။ ဦးမင်းထင်ကျော်တို့ ချက်ချင်းပင် ရွာထဲသို့ ပြန်ပြေး ကြရသည်။ ရွာစွန်နားမှပင်လျှင် ညအမှောင်ယံ နောက်ခံတွင် ရဲရဲထနေသော မီးတောက်မီးလျှံကြီးများကို မြင်နေရသည်။ ရွာလယ်သို့ သူတို့ရာက်သွားသောအခါ လုံးဝထင်မှတ်မထား သော မြင်ကွင်းဆိုးကို မြင်လိုက်သဖြင့် သုံးဦးသား ကြက်သေ သေကုန်ကြ၏။  သူကြီးအိမ်တစ်အိမ်လုံး မီးစွဲနေပြီဖြစ်သည်။ အနီးအနားမှ စပါးကျီများ၊ ချုံများနှင့် သစ်ခြောက်ပင်တချို့ ပင် စွဲလောင်နေပြီဖြစ်သည်။ အိမ်အတွင်းမှ လူများမှာ ခြံဝိုင်း အပြင်ဘက် အတော်လှမ်းလှမ်းသို့ ရောက်နေကြပြီး မီးကို ဝိုင်းပြီးငြိမ်းသက်ရန် ကြိုးစားနေကြသော်လည်း လူအုပ်နှင့် လောင်သည့်မီးအားမှာ မတန်တဆ ခြားနားလွန်းနေသည်။ ထိုစဉ် ရွာသူကြီးကို မီးလျှံများအနီးတွင် တွေ့လိုက်ရသည်။ သူရူး တစ်ယောက်နှယ် အော်ကြီးဟစ်ကျယ် အသံပြုလျက် တစ်စုံတစ်ဦးကို စကားလှမ်းပြောနေသကဲ့သို့ရှိသည်။ လက်ထဲတွင်လည်း ရေနံဆီပုံကြီးနှင့် မီးတုတ်တစ်ချောင်း ကိုင်လျက်။ သို့ရာတွင် အမျက်မာန်တဝင်းဝင်းဖြင့် ကြွေးကြော်မြည်ဟဲနေသော မီးတောက်ကြီးများကြောင့် ကောင်းစွာမကြားရပေ။

ဦးမင်းထင်ကျော်။ ။ ထက်မြက်.. ဟေ့.. ဘာဖြစ်ကြတာလဲ..

ထက်မြက်။ ။ ဆရာ.. ဟာ.. ဆရာရေ.. လုပ်ကြပါဦး.. ဒေါက်တာကေသွယ် အိမ်ထဲမှာ.. ကျွန်တော်တို့အားလုံး လွတ်လာပြီး သူတစ်ယောက်တည်း ကျန်နေခဲ့တယ်ဆရာ.. ဉာဏ်လင်း.. ဒေါက်တာကေသွယ့်ကို ကယ်ပါဦး.. လုပ်ကြပါဦးဗျာ..

ဉာဏ်လင်းအောင်။ ။ ဟင်.. ဟုတ်လား..။ ဘယ်ကနေ ဘယ်လိုစဖြစ်ကြတာလဲ.. ဒုက္ခပဲ

ထက်မြက်။ ။ သူ.. သူ.. သူကြီးက..

ထက်မြက်၏အဖြေမှာ တစ်ဝက်တစ်ပျက်နှင့်ပင် ဆွံ့အသွားရတော့သည်။ အဘယ်ကြောင့်ဆိုသော် ဦးမင်းထင်ကျော်သည် အပေါ်အင်္ကျီကို ချွတ်လိုက်ကာ ရေနှင့်စိမ်ပြီးနောက် မီးဟုန်းဟုန်းထနေသော ခြံဝိုင်းတွင်းသို့ တဟုန်ထိုး ပြေးဝင်သွားခြင်းကြောင့် ဖြစ်သည်။ အားလုံးမှာ ဦးမင်းထင်ကျော်ကို ထိတ်လန့်တကြား အော်ခေါ်လျက်ရှိပြီး ပြန်ထွက်လာရန်သာ အမျိုးမျိုး အသံပေး၍ တောင်းပန်နေကြသည်။ ဉာဏ်လင်းအောင်မှာ ဆရာ့ကို အနောက်မှလိုက်ဆွဲရန် ကြိုးစားသေးသော်လည်း အားလုံးက ဝိုင်းတားကြသဖြင့် အရာမရောက်ခဲ့။ သို့သော် ဦးမင်းထင်ကျော်သည် ဒေါက်တာကေသွယ့်ကို မီးထဲ၌ မရမက အော်ခေါ်လိုက်ရှာသည်။ ဒေါက်တာကေသွယ် အိပ်နေခဲ့သောနေရာသို့ တန်းပြေးသွားသော်လည်း မတွေ့။ အခြားနေရာများတွင်လည်း မတွေ့ပေ။ ဒေါက်တာကေသွယ် မီးထဲပါသွားပြီလားဟူသော စိုးရိမ်စိတ်သည် ဦးမင်းထင်ကျော်ကို အသိစိတ် ပျောက်ကွယ်စေ၏။ သူ၏ တပည့်ရင်းနှစ်ဦးကို ရင်နင့်စွာ ကြေကွဲဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ယခုတဖန် သူ အားထားရသော ဆရာဝန်ကောင်းတစ်ဦးကို ထပ်မံ အဆုံးရှုံးမခံနိုင်တော့။ ထို့ထက် သူတို့ ဆေးကျောင်းအတူ တက်စဉ်ကတည်းက ဂျူနီယာ ညီမငယ်လေးတစ်ဦးလို ကြာရှည်ခင်မင် ရင်းနှီးခဲ့ရသော ကေသွယ့်ကို သူ ဘယ်နည်းနှင့်မျှ မီးထဲတွင် ပေးမသေရက်ချေ။ မရရအောင် ကယ်မည်ဟု စိတ်ပိုင်းဖြတ်ကာ ထိုဇောဖြင့်ပင် အရှိန်ရနေပြီဖြစ်သော မီးစုန်းများအောက်တွင် ကေသွယ့်ကို အိမ်တွင်းအနှံ့ လိုက်ရှာနေတော့သည်။ မည်သို့မျှရှာမရဟု သတိဝင်လာချိန်သည် ဦးမင်းထင်ကျော်အဖို့ နောက်ကျသွားပေပြီ။ အိမ်ကြီးမှာ ကြီးမားလှသည့် အလျောက် သစ်သား တိုင်လုံးကြီးများနှင့် ထုပ်တန်းအသီးသီးမှာလည်း အလွန်လေးလံကာ အိကျပြိုဆင်းလာခဲ့ပေပြီ။ ဦးမင်းထင်ကျော်သည် အရှင်လတ်လတ် မီးသဂြိုလ်ခံလိုက် ရလေတော့သည်။

16ရွာသူကြီးမှာ အမှန်တကယ်ပင် သွက်သွက်ခါအောင် ရူးသွပ်သွားပြီဖြစ်သည်။ စင်စစ် သူ၏အမြင်အာရုံ ထဲတွင် သူ့ဇနီးသည်မှာ ရုတ်တရက် မသဲစုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး သူအိပ်နေစဉ် သူ့ကိုတက်ခွကာ လည်ပင်း ထညှစ်ခဲ့သည်။ သူသည် အစဉ်အားဖြင့် ကြောက်လန့်တတ်သူ မဟုတ်သော်လည်း သူ့မိုက်ပြစ် များ၊ သူ့မကောင်းမှုများကြောင့် သူ့ကြမ္မာဆိုး သူဖန် သွားခြင်းသာဖြစ်မည်ဟုဆိုက ဆိုနိုင်သည်။ အဘယ် ကြောင့်ဆိုသော် သူ၏ တစ်ဖက်တည်းသော မျက်လုံး တွင် တစ္ဆေခြောက်လှန့်နေသော  တောကြီးမျက်မည်း ထဲ၌ သူရောက်ရှိနေသည်ဟု မြင်နေခဲ့သည်။ ထိုစဉ် ရေကန်ထဲသို့ သူပစ်ချသတ်ခဲ့သော မသဲစုမှာ သူ့အား အတင်း ပြန်ကလဲ့စားချေ သတ်ဖြတ်ရန် ကြိုးစား၏။ မသဲစု၏အနောက်၌ အဖွားဖြစ်သူက ရပ်လျက် သူ့ကို မုန်းတီးစက်ဆုပ်လှသော အကြည့်ဖြင့် စိုက်ကြည့်ရင်း ဆေးမှုန့်၊ ဆေးမြစ်များဖြင့် အဆိပ်ခတ်သတ်ပစ်ရန် ကြိုးစားသည်။ တဖြည်းဖြည်း သူ့အနားသို့ ကပ်လာ ကြသဖြင့် ရွံရှာဖွယ် ကောင်းလှသော ၄င်းတို့၏ အညိုအမည်း စွဲနေသည့်မျက်နှာများ၊ လောက်တက်နေသည့် ပုပ်ပွပွရှုံ့တွတွ အနာကွက်ကြီးများ၊ မြင်မကောင်းသော မီးလောင် ဒဏ်ရာများ၊ အလုံးလိုက် ကျွတ်ထွက်နေပြီဖြစ်သော နီဆွေးဆွေး မျက်လုံးရွဲကြီးများကို သူကြီးမှာ အတိုင်းသား မြင်နေရလေသည်။ ထို့ အတွက် အလွန်အမင်း စိတ်ခြောက်ခြားကာ အသိစိတ် ကင်းလွတ်သွားပြီး မသဲစုတဖြစ်လဲ သူ၏ဇနီးသည်ကို ကိုယ်တိုင်ဓါးနှင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ နှုတ်မှလည်း အယုတ္တ အနတ္တများဖြင့် ဆဲရေးတိုင်းထွာ ကျိန်ဆဲကာ မသေသေအောင် သတ်မည်ဟု ကြုံးဝါးလိုက်၊ သူ့ကိုမခြောက်လှန့်ပါရန် တောင်းပန်လိုက်၊ ဤရွာမှ အပြီးထွက်သွားပါရန် အမိန့်ပေးလိုက်ဖြင့် သူ၏ဇနီးသည်ကို ဓါးဖြင့် ခုတ်ထစ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် အသိစိတ် ပြန်ကပ်လာမိသော တစ်ခဏ၌ တစ်ဖက်လပ် သူ့မျက်လုံးထဲတွင် သူသိပ်ချစ်ရသော ဇနီးသည်ကို ပြန်မြင်ယောင်မိသည့်အခါ သူကြီးမှာ ယူကျုံးမရ ပူဆွေးသောက ကြီးစွာဖြစ်ကာ မြင်မြင်သမျှ မသဲစုနှင့် အဖွားအိုသာ ဖြစ်နေခဲ့သည်။ ထို့အတွက် ဒုတိယအကြိမ် ၄င်းတို့ကို မသေသေအောင် မီးရှို့သတ်မည်ဟု ဆိုကာ ရေနံဆီလောင်းလျက် သူ့အိမ်ကိုသူ မီးမြှိုက်ခဲ့ခြင်းဖြစ်သည်။ သူ့အမြင်တွင်တော့ သေဆုံးသူ မြေးအဖွားတို့သာ ဖြစ်နေခဲ့တော့သည်။ နောက်ဆုံး သူကိုယ်တိုင် မီးစွဲလောင်ကာ မရှုမလှ ဇာတ်သိမ်းသွားခဲ့ရပေတော့သည်။

*******************
ဒေါက်တာကေသွယ်။ ။ တင်ပါ့.. တပည့်တော်မ ဒီခရီးစဉ်အတွက် အားလုံးစီစဉ်ပြီးပါပြီဘုရား။ ဟိုမှာလည်း အနီးဆုံးရွာကလူတွေကို ကြိုတင်အကြောင်းကြားထားပြီးသားပါ။ ဦးဇင်းလေးနဲ့လိုက်ပါဖို့အတွက်ကိုလည်း တပည့်တော်မရဲ့ ကျောင်းသားတချို့ကို  အကူအညီ တောင်းထားပြီးပါပြီ။ နောက်ပြီး အလှူစားရိတ်နဲ့ ဝေယျာဝစ္စ ကုန်ကျစားရိတ်ကိုလည်း တပည့်တော်မပဲ လှူဒါန်းပါရစေဘုရား

ရှင်တေဇ။ ။ အင်း.. သာဓုပါဗျာ သာဓု သာဓု။ ဒကာမကြီးကိုလည်း လိုက်စေချင်ပေမယ့် ဒကာမကြီးက အခု ဆေးရုံမှာ ဌာနအုပ်တစ်ယောက် ဖြစ်နေပြီ မဟုတ်လား။

ဒေါက်တာကေသွယ်။ ။ တင်ပါ့ဘုရား

ရှင်တေဇ။ ။ ဆေးရုံမှာ ဒကာမကြီး တစ်ပတ်လောက်မရှိရင် အားလုံး ကမောက်ကမ ဖြစ်ကုန်မှာပေါ့။ ဒါတွေ ဦးဇင်းနားလည်ပါတယ်။ ဦးဇင်းတို့လည်း ဒီဘဝတွေကို ဖြတ်သန်းခဲ့ဖူးတာပဲလေ။ ပြီးတော့ ဒကာမကြီး မလိုက်တာကပဲ ပိုကောင်းပါလိမ့်မယ်။ အဟောင်းတွေ အသစ်ဖြစ်ပြီး ဒကာမကြီး စိတ်ဒဏ်ရာတွေ ထပ်ရနေမှာစိုးလို့ပါ

ဒေါက်တာကေသွယ်။ ။ တင်ပါ့ဘုရား။ တပည့်တော်မလည်း အဲ့ဒီနေ့ကျရင် အိမ်မှာ ဘုန်းကြီးငါးပါးပင့်ဖိတ်ပြီး မနက်အရုဏ်ဆွမ်း ကပ်မှာပါ။ ဒီကနေပဲ အားလုံးအတွက် စိတ်မှန်းနဲ့ ရေစက်ချ အမျှအတန်းဝေပါ့မယ်ဘုရား။ ဦးဇင်းလေးသာ အစစအရာရာ ဂရုတစိုက်နဲ့ သွားပါဘုရား

ရှင်တေဇ။ ။ ကောင်းပါပြီ ဒကာမကြီး။ ဒကာလေးတွေလည်း ပါကြမှာပဲဟာ။ စိတ်မပူပါနဲ့

17ဒေါက်တာကေသွယ်သည် လမ်မတော်ရှိ ရှင်တေဇ သီတင်း သုံးသော ဘုန်းကြီးကျောင်းမှနေ၍ ဆေးရုံကြီးဆီသို့ ဗိုလ် ချုပ်အောင်ဆန်း လမ်းမကြီးအတိုင်း လမ်းလျှောက်ပြန်လာ ခဲ့သည်။ လမ်းတွင် တွေးငေးတုံ့နှေးစွာဖြင့် စဉ်းစားရင်း လျှောက်လာခဲ့သည်။ တစ်နှစ်တင်းတင်း စေ့လုပြီဖြစ်သော် လည်း အတိတ်မှ ပုံရိပ်ကွက်တို့သည် ရုပ်ရှင်ပိတ်ကား တစ် ခုနှယ် ထင်ထင်ရှားရှား ကွင်းကွင်းကွက်ကွက်။ ပျော်ရွှင် ဖွယ်ရာဟု ထင်မှတ်ထားခဲ့မိသော ခရီးစဉ်တစ်ခု၊ ပဟေဠိ ဆန်ဆန် ရောဂါဆန်းတစ်ရပ်..၊  သွေးပျက် ခြောက်ခြား ဖွယ် ကောင်းလှသည့် ဆင်တောင်စုရွာ..၊ ထိုရွာ၏ အနှောင့် ပရောကများ..၊ အမှောင်တိုက်များ..၊ ကြမ္မာဆိုးငင်ခဲ့သည့် အဖြစ်အပျက်များ..၊ လူသေအလောင်းများ..၊ တစ္ဆေည၏ မီးတောက်မီးလျှံများ...၊ နောက်ကျစွာ မိုးသည်းနေခဲ့သော အရုဏ်တက်တစ်ခု၏ ပုံရိပ်များ....။ ဒေါက်တာကေသွယ် သည် တစ်သက်မေ့မရတော့မည့် ရဲရင့်၊ ရွှေအိုရောင်နှင့် သူ ထာဝရလေးစား ချစ်ခင်ခဲ့ရသော ဒေါက်တာ ဦးမင်းထင်ကျော်တို့၏ မျက်နှာများကို အသီးသီး မြင်ယောင်လာမိသည်။

ထိုညက သူကြီးလင်မယား၏ ရုန်းရင်းဆန်ခတ် သံများကြောင့် ဒေါက်တာကေသွယ် နိုးလာခဲ့သည်။ ရွှေအိုရောင်၏အ ဖြစ်ဆိုးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် နှစ်ခြိုက်စွာအိပ်မပျော်ဖြစ်နေရာမှ ထိုကြောက်မယ်ဖွယ်အသံများကြောင့် ထိတ်လန့်ကာ အနီးစပ်ဆုံး နောက်ဖေး တံခါးမှနေ၍ ခြံနောက်ဘက်သို့ ပြေးထွက်ခဲ့မိသည်။ မကြာမီမှာပင် သူကြီးနှင့် သူကြီးကတော်တို့ သူဆင်းလာခဲ့သော အိမ်နောက် တံခါးမှ ဆူညံလျက် ထွက်လာကြသည်ကိုတွေ့သဖြင့် အနောက်ဘက်တောအစပ်ရှိ ချုံကွယ်တစ်ခုတွင်း ပုန်းနေခဲ့သည်။ သူကြီးကတော်မှာ သွေးအလိမ်းလိမ်းဖြင့် ငိုယိုတောင်းပန်လျက် အော်ဟစ်အကူအညီတောင်းနေသည်။ သူကြီးမှာ လူစိတ် ပျောက်နေပြီထင်၏။ ဇနီးသည်ဖြစ်သူကို အရှင်လတ်လတ် ဓါးဖြင့် ခုတ်သတ်နေသည်။ မသေမချင်း အသံတိတ်မသွားမချင်း ရက်ရက်စက်စက် သတ်ဖြတ်နေသည်။ မြင်ကွင်းမှာ မိမိမျက်လုံးကိုပင် မိမိမယုံရဲလောက်အောင်ဖြစ်သည်။ အခြေအနေ အားလုံးမှာလည်း မြန်ဆန်လွန်းလှသည်။ ဇနီးသည်၏အလောင်းကို ခွကျော်သွားလျက် ရေနံဆီပုံးများ ယူထုတ်လာသော ရွာသူကြီးကို
နောက်ဆုံးအကြိမ်ဖြင့် ကြောက်ရွံ့တကြီးမြင်တွေ့လိုက်ရပြီးနောက် ဆူညံနေသော အသံဗလံများကြားတွင် ဒေါက်တာကေသွယ် သတိလစ် သွားခဲ့တော့သည်။

ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ထားသလိုနာကျင်နေပြီး တစ်ကိုယ်လုံး ချမ်းစိမ့်တုန်ယင်နေသည့် အသိကြောင့် ဒေါက်တာကေသွယ် သတိပြန်ရလာခဲ့သည်။ ပတ်ဝန်းကျင်သည် အလုံးစုံ တိတ်ဆိတ်ငြိမ်သက်နေပြီး မိုးက မချိအောင်သည်းနေခဲ့၏။ မိမိကိုယ်မိမိ ချုံထဲမှာပင် ရှိနေသေးသည်ဆိုသော အသိကြောင့် ဖျက်ခနဲ မတ်တပ်ထရပ်လိုက်ပြီး ညက အဖြစ်အပျက်များကို အကုန်ပြန် မှတ်မိသွားသည်။ ပြာပုံ အတိကျလုပြီဖြစ်သော အိမ်ကြီး၏ သစ်သားအပိုင်းအစများမှာ ဝန်းကျင်တွင် မည်းပြာထနေသည်။ ထိုနေရာမှ ထိတ်လန့် မှင်သက်စွာ တလှမ်းချင်းထွက်လာခဲ့မိသည်။ ရွာပျက်ခဲ့လေပြီ။ ထို့အတူ သူတို့၏မျှော်လင့်ချက်များ အသက် အိုးအိမ်များလည်း ပျက်စီးခဲ့ပြီ။ မိမိ ဘယ်အရပ်သို့ဦးတည်ပြီး အဘယ်သို့သွားနေသည်ကိုပင် မသိတော့။ အသိဉာဏ်ကင်းမဲ့သူလို ခံစားရပြီး မြင်မြင်သမျှသည် မိုးရေများဖြင့် ထုံကျင်ခါးသက်နေသည်။ ဝေဝါးခြောက်လှန့်လို့နေသည်။ ထိုအချိန်မှာပင် ငိုသံလိုလို ကြားလိုက်ရပြီး ခပ်လှမ်းလှမ်းမှ သူ့အမည်ကို အော်ခေါ်နေသံလည်း ကြားရသည်။ လှမ်းကြည့်လိုက်သောအခါ ဇရပ်တစ်ခုထဲတွင် မိုးခိုနေကြသော ထက်မြက်တို့ဖြစ်သည်။ သူတို့ သက်ရှိထင်ရှား ရှိနေသေးသည်ကို သိရသဖြင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာပြီး ထိုနေရာတွင်ပင် ထပ်မံခွေလဲ ကျသွားပြန်တော့သည်။

********************
18ယနေ့ညနေ ဆင်းရုံမှ ဒေါက်တာကေသွယ် အချိန် စော၍ ပြန်လာခဲ့သည်။ နေလို့ထိုင်လို့ မကောင်း ချင်သလိုဖြစ်သည်။ စိတ်ထဲတွင် အဆင်မပြေဘဲ တစ်နေ့လုံးလည်း အလုပ်ထဲတွင် အာရုံမကပ်နိုင်။ ပြင်ပလူနာဆောင်ဌာန၏ ဝရန်တာမှနေ၍ ခပ်ဝေး ဝေးဆီသို့ အဓိပ္ပါယ်မဲ့ ထွက်ထွက်ကြည့်နေမိသည် မှာလည်း အကြိမ်ကြိမ်ဖြစ်သည်။ ထို့ကြောင့်လည်း ဆေးရုံအုပ်ကို အကြောင်းကြား၍ စောစော ပြန် လာခဲ့သည်။ ကားကို ခပ်ဖြည်းဖြည်း မောင်းထွက် ခဲ့၍ မြို့စွန်ဘက်သို့ ဦးတည်လာခဲ့သည်။ ကားရှင်း သော လမ်းမကြီးပေါ်သို့ ရောက်တော့မှ သက်ပြင်း အခါခါချမိ၍ ကားကိုရပ်ကာ လမ်းဘေးအုတ်ခုံ တစ်နေရာတွင် ခေတ္တထိုင်နေမိသည်။ နောက်နှစ် ရက်ဆိုလျှင် ထိုရွာကလေးမှ သူတို့ လွတ်မြောက် ထွက်ခွါလာခဲ့သည်မှာ တစ်နှစ်တိတိ ပြည့်လေပြီ။ သွေးပျက်ဖွယ် အဖြစ်အပျက်များမှ ဝေးလာခဲ့သည် မှာလည်း တစ်နှစ်ပြည့်ခဲ့ပြီ။ ရဲရင့်၊ ရွှေအိုရောင်နှင့် ဦးမင်းထင်ကျော်တို့၏ အသုဘ နှစ်ပတ်လည်နေ့ လည်းဖြစ်သည်။ ထို့ပြင် ရှင်တေဇ (ဝါ) မောင်ထက်မြက် သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်ခဲ့သည်မှာလည်း တစ်ဝါပြည့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အဲ့သည့်နေ့တွင် ရှင်တေဇဦးစီးဦးဆောင်ပြုပြီး ထိုဒေသ၊ ထိုရွာလေးသို့ သွားရောက်အလှူပြုကာ သာဓု အနုမောဒနာခေါ်ကြမည်၊ မကျွတ်မလွတ်သေးသူ အားလုံးအတွက် အမျှအတန်း ပေးဝေကြမည်ဖြစ်သည်။ ထို့ထက်.. ထို့ထက်ပေါ့.... ရွာသာကြီး စိတ်ရောဂါကု ဆေးရုံတွင် တစ်နှစ်တိတိ တက်ရောက်ကုသခြင်း ခံနေရရှာသည့် ဉာဏ်လင်းအောင် ကိုလည်း ဒေါက်တာကေသွယ် သွားကြည့်ရှု ရဦးမည်ဖြစ်သည်။ ထို တစ်နှစ်တစ်နှစ်ပေါင်း များစွာတို့သည်လည်း ရှေ့ဆက်ပြီး မည်သည့်အချိန်တွင်မှ ကုန်ဆုံးသွားနိုင်တော့မည် မသိပါချေ။

အတွေးနယ်လွန်နေမိသည်မှာ မည်မျှကြာသွားသည်မသိ။ မိုးချိန်းသံကြားလိုက်မှပင် ဒေါက်တာကေသွယ် သတိပြန်ဝင်လာတော့သည်။ ဟိုးခပ်ဝေးဝေးဆီမှ တရိပ်ရိပ်တက်လာနေသော ဆည်းဆာရောင်တိမ်လိပ်များသည် တစစမည်းမှောင်လာပြီး မကြာမီ မိုးအဖြစ် ရွာသွန်းချပေတော့မည်။ ကားဆီသို့ ပြန်လျှောက်လာခဲ့သော ဒေါက်တာကေသွယ်၏ ခြေလှမ်းတိုင်းတွင် မျက်ရည်အစက်စက် ကပ်ပါလာခဲ့ပြီး နောင်တ,တရားများသည်လည်း ရင်နှင့်အမျှ..။ အခါလွန်မိုးတို့သည်သာ ခပ်စောစောရွာတတ်ခဲ့ပါလျှင် တခါတရံ ပရိဝေဒတည်း ဟူသောမီးလျှံများကို ရာနှုန်းပြည့် ကြိုတင်ငြိမ်းသက်နိုင်ကောင်း ငြိမ်းသက်နိုင်ကြပါလိမ့်မည်။ ။


Craton + Jily

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...