Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Sunday, December 22, 2013

ရမလား

Saturday, December 21, 2013

မှော်ဆရာရဲ့ သတို့သမီး



အရောင်မဆိုးတဲ့ ရိုးသားမှုတစ်ချို့ကို
မှောင်မိုက်တဲ့ နွေရာသီတွေအထိ
ရွက်လွှင့်ခိုင်းခဲ့တယ်
......
အိပ်မက်တွေသာ

စကားပြောတတ်မယ်ဆိုရင်


မနက်ဖြန်တွေကို တံခါးပိတ်လိုက်ချင်တယ် ......
တိမ်တိုက်တွေ မငိုကြွေးတတ်ပေမယ့်

မိုးစက်တွေကို တေးဆိုတတ်စေဖို့
သူတို့.....သင်ကြားပေးခဲ့ကြတယ်
.....

ခေါင်းစဉ်မရှိတဲ့ ရင်ခုန်သံတွေကို
ပန်းပင်လေးတစ်ပင်လို ပေါင်းသင်းနေတယ်
....

ဘာပဲဖြစ်ဖြစ်..... သတို့သမီးရေ ......
ကြယ်စင်တွေ ခရီးမထွက်ခင် အချိန်ထိ
အတူတူ ရှိနေခွင့်ပြုပါ......


လမင်းသစ်...........

သစ္စာ ရှိတဲ့လူ





စားသောက်ဆိုင်စားပွဲဝိုင်းတခုမှာ ယောက်ျားတယောက်နဲ့မိန်းကလေး တယောက် ထိုင်နေကြတယ်။
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။

"ကျွန်မ ရှင့်ကိုကြိုက်တယ်"
"ငါမှာမိန်းမရှိတယ်လေ"

ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်
"ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ်။

ရှင် ကျွန်မကိုကြိုက်လား"

ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကိုသေ ချာကြည့်လိုက်တယ်။
မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။
အသားအရေဖြူစွတ်တယ်။ ဖျတ်လတ်သန်စွမ်းတယ်။ အရောင်တောက်ပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစုံ
ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတယောက်ပါပဲ။
ဒါပေမဲ့

"တကယ်လို့ ရှင်လည်းကျွန်မက သဘောကျတယ်ဆိုရင် ကျွန်မရှင်နဲ့ချစ်သူဖြစ်ချင်တယ်"

စိတ်မရှည်တဲ့အဆုံးမှာကောင်မလေးက ဒီစကားကို ထပ်ပြောလိုက်တယ်။
"ငါ့မိန်းမကိုငါချစ်တယ်" ယောကျာ်းက ပြတ်ပြတ်သားသားဖြေလိုက်တယ်။

"ရှင် သူ့ ကိုချစ်တယ်? သူ့ ကိုဘယ်လိုချစ်တာလဲ? အခုလက်ရှိ သူ့အသက်အရွယ်က အိုနေပြီ အရင်လိုကြည့်မကောင်းတော့ဘူးမလား? အဲဒါကြောင့်ကုမ္ပဏီက ပါတီပွဲကို ရှင်တခါမှ မခေါ်လာရဲတာမလား ••••"

ကောင်မလေးက ဆက်ပြောသွားချင်တယ်။ ဒါပေမဲ့ ယောကျာ်းရဲ့ အေးစက်စက်အကြည့် တွေကြောင့် စကားကိုရပ်တန့် လိုက်တယ်။ နှစ်ယောက်စလုံး အနည်းငယ် နှုတ်ဆိတ်သွားကြတယ်။

"မင်း ငါ့ကို ဘာတွေသဘောကျတာလဲ" ယောကျာ်းကမေးလိုက်တယ်။
"ရင့်ကျက်တယ်။ တည်ငြိမ်တယ်။ အပြုအမူတွေက ယောကျာ်းပီသတယ်။ ဂရုစိုက်တတ်တယ်။ အများကြီးရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတွေ့ ခဲ့ဖူးတဲ့ ယောကျာ်းတွေ့နဲ့ မတူဘူး။ ရှင်ကထူးခြားတယ် "

ယောက်ျားက ဆေးလိပ်မီးညှိရင်းမေးလိုက်တယ်။
"လွန်ခဲ့တဲ့ (၃)နှစ်တုန်းက ငါဘယ်လိုပုံစံလဲဆိုတာ မင်းသိလား? "

"ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ကျွန်မဂရုမစိုက်ဘူး။ ရှင် ထောင်ကျဖူးလည်း အရေးမကြီးဘူး။"

"လွန်ခဲ့တဲ့ (၃)နှစ်က ငါလည်း မင်းတွေ့ခဲ့ဖူးတဲ့ယောက်ျားတွေလိုပါပဲ"
ကောင်မလေးကို ဂရုမစိုက်ပဲ ယောကျာ်းကဆက်ပြောတယ်။
"သာမန် တက္ကသိုလ်ဘွဲ့ ရ။ အလုပ်လုပ်တာ အဆင်မပြေဘူး။ တနေကုန် အရက်တွေသောက် ဒေါသတွေခဏခဏထွက်။
ကိုယ့်ချစ်သူကိုလည်း ဂရုစိုက်ချင်မှစိုက်တယ် "

"ဒါဆို ဘယ်လိုပြောင်းလဲသွားတာလဲ" ကောင်မလေးစိတ်ဝင်စားသွားတယ်
ဘယ်အရာက ဒီယောကျာ်းကိုပြောင်းလဲသွားစေတာလဲဆိုတာ သူသိချင်လာတယ်။

"သူကြောင့်လား?"
"အင်း"

"သူက အမြဲတမ်းကိစ္စတိုင်းကို အတွင်းကျကျ သိထားတဲ့အတိုင်းပဲ။ ငါ့ကိုအများကြီးသင်ပြပေးခဲ့တယ်။ အရှုံးအမြတ်ကိုသိပ်အလေးမထားဖို့။ မျက်စိရှေ့ က ပြသာနာကိုအရမ်းအလေးမထားဖို့ ။

လူတွေကိုကောင်းကောင်းဆက်ဆံတတ်ဖို့ ငါကိုသင်ပေးတယ်။
အဲဒီအချိန်တုန်းက ငါကသူရှေ့မှာဆို ဘာမှ နားမလည် မသိတတ်သေးတဲ့ကလေးတယောက်လိုပဲ။ပြောရရင် အဲဒီအချိန်တုန်းကမင်းငါကိုမြင်သလိုမျိုးနဲ့ သိပ်မကွာဘူးလို့ ပြောရမယ်။

အဲတုန်းကတော်တော် ထူးဆန်းတာက စိတ်ဆတ် ခေါင်းမာတတ်တဲ့ငါက သူပြောတာပဲနားထောင်တယ်။
သူပြောတဲ့အတိုင်း အဖြစ်မှန်ကိုလက်ခံနိုင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် အသုံးမကျတာသိတော့ အလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့တယ်။ အဲဒီ့နှစ် နှစ်ကုန်မှာ အလုပ်က နည်းနည်း အဆင်ပြေလာခဲ့တယ်။

ငါတို့လည်း လက်ထပ်လိုက်ကြတယ်"
ဆေးလိပ်ပြာချွေရင်း ယောကျာ်းကဆက်ပြောတယ်။

"အဲဒီအချိန်တုန်းက တော်တော် ဒုက္ခရောက်ခဲ့တာ။ နှစ်ယောက်ကို ကုတင်တစ်လုံးတည်းနဲ့အိပ်ခဲ့ရတယ်။
အိမ်ကပစ္စည်းဆိုတာ နည်းလိုက်တာမှ သနားဖို့ တောင်ကောင်းတယ်။ ပြီးတော့မင်္ဂလာဆောင်ပြီး တစ်နှစ်ကြာမှငါ သူ့ကို ပထမဆုံးစိန်လက်စွပ် (၁)ကွင်းဝယ်ပေးနိုင်တာ။ နှစ်ဝက်ကျော်လောက် ပိုက်ဆံစုလိုက်ရတယ်။ဒါတောင် သူမသိအောင်ခိုးစုရတာ။ သူသိရင် ပေးဝယ်မှာ မဟုတ်ဘူး။ အဲ့တုန်းကလည်း ဆေးလိပ် အရက်ကြောင့်ကျန်းမာရေးက ဆိုးလာသေးတယ်။ ဆောင်းတွင်းဖက်ကြီးမှာလည်း ညမအိပ်ပဲ ငါ့အတွက် သူစွပ်ပြုတ် လုပ်ပေးတယ်။ အဲဒီ့အရသာမျိုးကို သူပဲလုပ်တတ်မယ် ထင်တယ်"

ယောကျာ်းက အရင်ကအကြောင်းတွေကို ပြောရင်းအချိန်ကိုသတိမထားမိလိုက်ဘူး။ အတိတ်ကအကြောင်းတွေကိုမနားတမ်းပြောနေမိတယ်။

မိန်းကလေးကလည်း စကားဖြတ်ချင်ပုံမရဘူး။ ပြောသမျှကို ငြိမ်နားထောင်နေတယ်။
ယောက်ျားက နာရီကို သတိထားမိတဲ့အချိန်မှာ ည(၁၀)နာရီထိုးနေပြီ။

"ဟား•• တောင်းပန်ပါတယ်ဗျာ။ ဒီလောက်မိုးချုပ်သွားတာ သတိမထားမိလိုက်ဘူး"
ယောကျာ်းက အားနာနာနဲ့ ပြုံးလိုက်တယ်။

"အခုမင်းနားလည်နိုင်ပြီလား?။ သူ့ အပေါ်သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ငါလုပ်ဖို့ မဖြစ်နိုင်ဘူး။ လုပ်မှာလည်းမဟုတ်ပါဘူး"

"သိပါပြီ။ ဒီလိုလူတယောက်ကိအရှုံးပေးလိုက်ရတာ ကျွန်မကျေနပ်ပါတယ်"
မိန်းကလေးက လက်လျှော့လိုက်တဲ့ပုံစံနဲ့ ခေါင်းခါရင်း ပြောလိုက်တယ်။
"ကျွန်မလည်း သူလို အရွယ်ရောက်ရင် သူ့ထက်ပိုသာမှာပါ"

"အင်းပေါ့ အဲဒါဆို ဒီထက်ကောင်းတဲ့ ယောကျာ်းမျိုးရှာတွေ့ မှာပေါ့။ မဟုတ်ဘူးလား? အရမ်းမိုးချုပ်နေပြီ။ ငါလိုက်ပို့ပေးမယ်။" မိန်းကလေးကိုလိုက်ပို့ ပေးဖို့ သူထလိုက်တယ်။
"ရပါတယ် ကျွန်မဖာသာပြန်လိုက်ပါမယ်" ကောင်မလေးက လက်ဟန်ပြပြီးတော့
" ပြန်သွားတော့လေ သူစိတ်ပူနေလိမ့်မယ်" လို့ ဆက်ပြောလိုက်တယ်။
ယောကျာ်းက တချက်ပြုံးပြီး လှည့်ထွက်လာခဲ့တယ်။

"သူကလှလား?"
"အင်းအရမ်းလှတယ်"
ညအမှောင်ထဲမှာ ယောကျာ်းရဲ့ အရိပ်အယောင်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။
မိန်းကလေးတယောက်တည်း စားပွဲဝိုင်းမှာ ကျန်ရစ်ခဲ့တယ်။

ယောကျာ်းအိမ်ပြန်ရောက်တော့ တံခါးဖွင့်ပြီး အိပ်ခန်းဆီကို တန်းသွားလိုက်တယ်။ မီးဖွင့်လိုက်တယ်။
ကုတင်နားကို လျှောက်သွားပြီး ထိုင်လိုက်တယ်။

"မိန်းမရေ ဒါ(၄)ယောက်မြောက်ရှိပြီ။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင်လုပ်ပေးခဲ့တာလဲ?
အခု ငါ့ကို ကြိုက်နေတဲ့သူတွေ အများကြီးရှိနေပြီ။ တော်ကြာငါစိတ်ပြောင်းသွားနိုင်တယ်နော်။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင် လုပ်ပေးပြီးတော့ တစ်ယောက်တည်း အရင်ထွက်သွားရတာလဲ?
ငါ တစ်ယောက်တည်း ကျန်နေခဲ့တာ အရမ်း အထီးကျန်နေပြီကွာ"


သူ မျက်ရည်တွေကို မျိုသိပ်ရင်းပြောနေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မျက်ရည်တွေ မထိန်းနိုင်ပဲစီးကျလာတယ်။
တစက်ပြီး တစက် ပါးပြင်ပေါ်က စီးကျလာပြီး လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ပုံဘောင်ပေါ် ကျသွားခဲ့တယ်။
အလင်းရောင်မပြည့် ဝတဲ့ မီးရောင်အောက်မှာ ဓာတ်ပုံထဲမှာဆုံးသွားတဲ့ အမျိုးသမီးရဲ့ကြင်နာမှုတွေ ပြန့်နှံ့နေခဲ့တယ်။

Translated by Ko AungYar Zar...

(webpageတခုက ဖတ်ခဲ့ရတဲ့တရုတ်ပုံပြင်လေးပါ။အတတ်နိုင်ဆုံး ဘာသာပြန်ဆိုပေးထားပါတယ်။ တကယ်အချစ်စစ်မှန်တဲ့ချစ်သူတွေလည်း တသက်လုံးပေါင်းဖက်သွားနိုင်ကြပါစေ)

Friday, December 20, 2013

သန်းချီတဲ့ဂဏန်းများ ခရစ်စမတ်ကျွန်းဆီရွေ့လျားဦးတည်

ခရစ်စမတ်ကျွန်းဆိုတာက အိန္ဒိယသမုဒ္ဒရာအတွင်းရှိ သြစတြရီးယားပိုင်ကျွန်းစု တစ်ခုဖြစ်ပါတယ်။.

ဒီသန်းချီလျက်ရှိတဲ့ အနီရောင် ဂဏန်းတွေဟာ ခရစ်စမတ်ကျွန်းရဲ့ လမ်းတွေပေါ် နဲ့ ကမ်းခြေတစ်ခုလုံးကို ဖုံးလွှမ်းကာ ပြည့်နက်နေတာကြောင့်  လူတွေ သွားလာခြင်းကို ရပ်ဆိုင်းကာနေရကြောင်း သိရပါတယ်။

ဒီလို ဂဏန်းတွေထွက်ပေါ်လာမူ ဟာ နိုဝင်ဘာလ အကုန်ပိုင်းခန့်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ ဖြစ်ပေါ်မူ တစ်ခုလို့ သိရပါတယ်။

သြစတြရီးယားအမျိုးသားဥယျောဉ်ဌာနရဲ့ ထုတ်ပြန်ချက်အရ အနီရောင်ဂဏန်းပေါင်း( ၄၅သန်း)ခန့်ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

ဒီအုပ်စုထဲမှာ ဂဏန်းမျိုးကွဲ (၁၄)မျိုးခန့်လည်းပါဝင်ကြောင်း ၊ အင်ဒိုးနီရှား ကမ်းရိုးတန်း မိုင်(၅၀၀)ခန့်ဝေးတဲ့ နေရာလိုမျိုးကျွန်းအသေးလေးတွေရှိတဲ့
နေရာက လာရောက်ခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်။

~Aung Heine~ (smart.com.mm)

ကမ္ဘာပေါ်မှ အထင်ရှားဆုံး လိုဏ်ဂူကြီးများ

ကျွန်ုပ်တို့ နေထိုင်သည့် ကမ္ဘာမြေသည် သဘာဝ ထူးခြား ဆန်းပြားမှုများနှင့် ပြည့်နှက်လျက် ရှိသည်။
လူသားများ တည်ဆောက်ခဲ့သော ထူးခြား အံ့သြဖွယ် အရာများမှာ သဘာဝက နှစ်ပေါင်း သန်းနှင့်ချီ၍ ဖန်တီးထားခဲ့သော အရာများနှင့် မယှဉ်နိုင်ပေ။ လိုဏ်ဂူများသည် ဘူမိဗေဒ လှုပ်ရှားမှုများ အရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး အတွင်း၌ စိတ်လှုပ်ရှားဖွယ် ကောင်းသော မြင်ကွင်းများ ရှိနေသည်။
ကမ္ဘာပေါ်ရှိ ထင်ရှားသော လိုဏ်ဂူများ အကြောင်းကို ရွေးချယ် တင်ပြလိုက်ပါသည်။
ပေါ့စတော့နာ လိုဏ်ဂူများ (စလိုဗေးနီးယား နိုင်ငံ)
ပေါ့စတော့နာ လိုဏ်ဂူများသည် ကီလိုမီတာ ၂ဝ ကျော်ရှည်လျားပြီး စလိုဗေးနီးယား နိုင်ငံတွင် တည်ရှိသည်။ ပစ်ဗ်ကာမြစ်ကြောင့် ဖြစ်ပေါ် ခဲ့ပြီး နှစ်ရာပေါင်း များစွာ ကမ္ဘာလှည့် ခရီးသွားများ သွားရောက်နေကျ နေရာတစ်ခုဖြစ်သည်။ တရားဝင် လမ်းညွှန်ခရီး သွားလာမှုကို ၁၈၁၉ ခုနှစ်မှစတင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်၌ ဂျာမန်တပ်ဖွဲ့များက အဆိုပါ လိုဏ်ဂူ အမြောက်အမြားကို လေယာဉ် လောင်စာဆီများ သိုလှောင်ရာ အဖြစ်အသုံးပြုခဲ့သည်။

သီယန်ဒေါင်း လိုဏ်ဂူ (ဗီယက်နမ် နိုင်ငံ)
သီယန်ဒေါင်း လိုဏ်ဂူသည် ဗီယက်နမ်နိုင်ငံ ဒေါင်ဟွိုင်းမြို့ အနီးရှိ ဖုန်နကီဗန်း အမျိုးသားဥယျာဉ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် နေရာများ စာရင်းတွင် ပါဝင်သည်။ ၃၁ ကီလိုမီတာ ရှည်လျားပြီး ၂ဝဝ၅ ခုနှစ်တွင် ဒေသခံ လူတစ်ဦးက တွေ့ရှိခဲ့သည်။
ကျောက်စက်ပန်းဆွဲ တည်ရှိမှုများမှာ ရင်သပ်ရှုမောဖွယ် ဖြစ်ပြီး သီယန်ဒေါင်းဟူသော အမည်မှာ နိဗ္ဗာန်ဘုံဟု အဓိပ္ပာယ်ရသည်။
ငွေရောင်လိုဏ်ဂူ (တရုတ်နိုင်ငံ)
တရုတ်နိုင်ငံ ဂွီလင်းပြည်နယ်ရှိ ငွေရောင်လိုဏ်ဂူမှာ ငွေရောင် တောက်ပနေသော ကျောက်စက်ပန်းဆွဲများ ဂူအတွင်း၌ ရှိနေသဖြင့် ထိုသို့ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သဘာဝရှုခင်း နေရာတစ်ခုဖြစ်ပြီး လိုဏ်ဂူသုံးလွှာမှာ တောင် ၁၂ လုံးအောက်၌ တည်ရှိနေသည်။ ရှုခင်း ကောင်းမွန်သော နေရာ ၁ဝ ခုကျော်ရှိပြီး ၎င်းတို့ထဲတွင် ရေတံခွန် ပါဝင်သောနှင်းတောင်တန်း၊ ဂီတကျောက်တုံး ဖန်သားပြင်နှင့် ကျောက် စိမ်းရေကန် စသည့် အမည်များမှာ ထင်ရှားသည်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...