Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)
Thursday, December 19, 2013
နောက်ဆုံးကဗျာ
သွားပြီအချစ်ရေ...
အမုန်းတွေလည်းမရှိတော့
အချစ်တွေလည်းမသယ်သွားတော့
သံယောဇဉ်တွေလည်းဖြတ်ခဲ့ပါပြီ....။
တစ်ခါတစ်ခါ ဘ၀ဆိုတာ
ချိုသလားခါးသလားတွေးခဲ့တာတွေလည်း
အကျိုးမရှိတာ ကိုယ်သိခဲ့ပြီ။
သွားတော့ပါမယ်အချစ်ရယ်
မီးတောက်တွေက ကိုယ့်ကို ၀ါးမျို
ပြာတွေအဖြစ် ကိုယ် ပျံ့ကြဲလိုက်တော့မယ်။
မျက်ရည်စိုနဲ့ ငိုကြွေးခြင်းလား၊
အသစ်တစ်ဖန် ရယ်မောနိုင်ခြင်းလား..
မသိနိုင်တော့တာကို
မှန်းမကြည့်
ကိုယ်သွားပါတော့မယ်။
ကျေးငှက်ငယ်ရဲ့တေးဆိုသံလား
သစ်ရွက်တွေများ ယိမ်းကနေသလား...
ကိုယ့်ရှေ့မှာတော့
အလျှံညီးညီး မီး
တဟဲဟဲနဲ့အော်မြည်
ယိမ်းကနေလိုက်တာများလေ....။
ဒါဟာ နောက်ဆုံးဘ၀တော့ ဟုတ်ဟန်မတူ
ကိုယ်ဘ၀ကူးရဦးမယ်။
နောက်ဘ၀နောက်ခန္ဒာမှာ
မင်းကို ကိုယ်မသိ
ကိုယ့်ကိုမင်းမသိ
တကွေ့ကွေ့မှာ တွေ့ကြပါဦးမလား...။
ကိုယ့်ကို လွမ်းပြီးမကျန်ရစ်နဲ့
သံယောဇဉ်တွေနဲ့မချည်နှောင်နဲ့
အဓိပါယ်ရှိတဲ့ဘဝ
သေခြင်းတရားအတွက် ပြင်ဆင်ပါဦး။
ဒါဟာ ကိုယ့်အတွက် နောက်ဆုံးကဗျာ
မင်းအတွက်တော့ တသသ
လွမ်းရဦးမယ့်ကဗျာ...။
မဟာပါဝါ စွမ်းအားရှင်ဆိုပဲ
မြန်မာပြည်မှာလည်း ဂင်းနစ်စံချိန်တင်မည့်သူတွေ ရှိနေပါပြီ။ ဆရာငြိမ်းချမ်းအောင်ရဲ့ ပြကွက်တွေပါ။
ဗိုက်ပေါ်သခွါးသီးတင်ပြီး ဓားနှင့်ခုတ်တဲ့ ပြကွက် လည်ပင်းပေါ် သခွါးသီးတင်ပြီး ဓားနှင့်ခုတ်တဲ့ပြကွက်
ခေါင်းပေါ် သခွါးသီးတင်ပြီး ဓားနှင့်ခုတ်တဲ့ ပြကွက် ကောက်နေသောလှန်သွားကို လည်ပင်းနှင့်ထောက်ပြီး ဖြောင့်တဲ့ ပြကွက်လည်ပင်းမှာ သံဆူတုတ်ထောက်ပြီး ငှက်ပျောတုန်းကို ဖောက်တဲ့ပြကွက်
ဗိုက်ပေါ်မှာ အုတ်ခဲတင်ပြီး သံတုတ်နှင့် ရိုက်ချိုးတဲ့ပြကွက် နံဂျက်ကူ အလှပြကွက်ပေါင်းများစွာနှင့်အတူ…… မစိုးရိမ်တိုက်သစ်၊ ပထမ မဟာနာယက ဆရာတော်ဘဒ္ဒန္တကေသရာဘိဝံသ မထေရ်၏ ခွင့်ပြုချက်အရ ဓမ္မသဟာယကျောင်းရှေ့မှာ အစွမ်းပြခြင်းဖြစ်ပါတယ်။
ဦးဝိရသူ
ဆွီဒင်မှ ကိုယ်ပျောက် ဟိုတယ်၏ အန်စာတုံး ကြေးမုံခန်း
ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေနိုင်ငံများ တည်ရှိသည့် စကင်ဒီနေဗီးယား ဒေသမှ ပုံစံများရေးဆွဲ၍ တည်ဆောက် ထားသည့် ဆွီဒင်ဟိုတယ်၏
တစ်စိတ်တစ်ပိုင်းတွင် အန်စာတုံးပုံ ကြေးမုံ (Mirror cube) အခန်းများကို ဖွဲ့စည်း ထားရှိသဖြင့် တည်းခိုရသူများ အတွက် ထူးကဲမှုများ ရှိနေပေသည်။ ဆွီဒင်နိုင်ငံ၏ မြောက်ပိုင်း လူလီယာ (Lulea) မြို့၏ အပြင်ဘက် ၅ဝ ကီလိုမီတာ အကွာ ဟာရက်စ် (Harads) ၌ အဆိုပါ အဆောက် အအုံကို စတင်တည် ဆောက်ထားသည်။ အဆိုပါ နေရာတွင် သစ်ပင်ဟိုတယ်၊ ငှက်သိုက်အိမ်၊ ပန်းကန်ပြားပျံနှင့် ဆင်တူသည့် UFO အိမ်နှင့် သိပံ္ပရုပ်ရှင် ဇာတ်ကားများတွင် တွေ့မြင်ရလေ့ ရှိသော (The Cabin) အခန်းများကို ဖွဲ့စည်း ပေးထားသည်။ သစ်ပင် ဟိုတယ်တွင် တစ်ဦးချင်း တည်းခိုနိုင်သည့် သစ်ပင် အိမ်ခန်း ငါးဆောင် ဖွဲ့စည်း ပေးထားသည်။
အဆိုပါ အိမ်ခန်းများကို မြေပြင် အောက်ခြေမှ လေးမီတာနှင့် ခြောက်မီတာ အမြင့်တွင် တည်ဆောက်ထား ကာ ဆင်ခြေလျှောမှ တစ်ဆင့် အပေါ်သို့ အလွယ်တကူ တက်ရောက်နိုင်သည်။ တံတား သို့မဟုတ် ပြန်၍ ဆွဲသွင်းနိုင်သည့် လှေကားထစ်များမှလည်း တက်သွားနိုင်သည်။ ထို့ပြင် ငှက်သိုက်အိမ်ကို တည်းခိုရန် ရွေးချယ်နိုင်ပြီး ၎င်းသည် ဧရာမ ငှက်ကြီးတစ်ကောင်၏ အသိုက်နှင့် သဏ္ဌာန် တူနေပေသည်။ UIFO အိမ်သည် ထောက်လှမ်း မရနိုင်သည့် ပျံသန်းနေသော အရာဝတ္ထု ပန်းကန်ပြားပျံနှင့် တူနေပေရာ သိပံ္ပ ဇာတ်ကားများတွင် တွေ့မြင် ကြရသည့် အတိုင်းပင် ဖြစ်သည်။ ကေဘင် အခန်းမှာ နေရာ ကျယ်ဝန်းပြီး သစ်ပင်၏ ပင်စည်တွင် သပ်လျှို၍ ရိုက်သွင်း တည်ဆောက်ထားသည်။ အပေါ်လွင်ဆုံး အခန်းမှာ အန်စာတုံး ကြေးမုံဖြစ်သည်။ ၎င်းကို Tham & Videgard ဗိသုကာများ၏ ဒီဇိုင်း လက်ရာများဖြင့် သရုပ်ဖော် ပေးထားခြင်း ဖြစ်သည်။
ဤအခန်းသည် တကယ်ပင် ပုန်းအောင်းစရာ နေရာဖြစ်သည့် (၄ x ၄ x၄) မီတာ အတိုင်းအတာနှင့် ပြွန်လုံး ကုဗတုံးကို မှန်များဖြင့် တန်ဆာဆင် ထားသဖြင့် ပတ်ဝန်းကျင်ကို ရောင်ပြန် နေစေသည်။ လူတီထွင် အံ့သြဖွယ် ကောင်း၍ အောင်မြင်မှုများဖြင့် ရရှိနေသော်လည်း ပြဿနာများ ကိုလည်း တင်ဆက် ပေးနေ ပေသည်။ တချို့သော ထောင့်များသည် မမြင်နိုင်၊ မတွေ့နိုင်၍ ငှက်များ ပျံသန်း ဝင်ရောက် မလာနိုင်အောင် ဒီဇိုင်နာများက ဖန်တီးပေးထားခြင်း ဖြစ်သည်။ အခန်းနံရံများကို အနီအောက်ရောင်ခြည်ပါ ဖလင်ကော်ပြား များဖြင့် ကာရံထား၍ လူသားများကမူ မြင်တွေ့ နိုင်ပေသည်။ အခန်း၏ အပြင်ဘက်တွင်လည်း ထူးခြားမှု တစ်ရပ် ရှိနေသည်။ ခုတင်ကြီး တစ်ခု၊ ရေချိုးခန်း တစ်ဆောင်၊ သက်သောင့်သက်သာ နားနေရာ အခန်း၊ ခေါင်မိုးသို့ အတက် လှေကားထစ်နှင့် အိမ်ခန်း ခြောက်ခန်းမှ ရှုခင်းကို ရှုစား ကြည့်နိုင်ပေသည်။ နံရံများ၏ အနောက်ဘက်၌ ၁၉၃ဝ-၁၉၅ဝ ပြည့်နှစ် ဝန်းကျင်လောက်မှ ဆက်တင် ဒီဇိုင်းအစစ်နှင့် BRITTA'S PENSIONAT စားသောက်ဆိုင်တွင် ညစာ စားသောက်နိုင်ပြီး သစ်ပင်ဟိုတယ်တွင် အရက်ဘား၊ ရေနွေးငွေ့ ရေချိုးခန်းနှင့် အပန်းဖြေစရာ နေရာ ရှိနေပေသည်။ ။
ဦးတိုး (တက္ကသီလ)
အမျိုးသမီးတွေ မငြင်းရက်နိုင်လောက်တဲ့ အမျိုးသား၆မျိုး
အမျိုးသမီးတွေကို ဘယ်လိုစွဲဆောင်နိုင်အောင်လုပ်ရမယ်၊ ဘယ်လိုလွှမ်းမိုးနိုင်အောင် လုပ်ရမယ်ဆိုတာက အမျိုးသားတွေရဲ့ အိမ်မက်တစ်ခုလိုပါပဲ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိတာပါ။ ဒီတော့ ဘယ်လိုနည်းလမ်းတွေက အမျိုးသမီးတစ်ယောက်ရဲ့  အသည်းနှလုံးကို ပိုင်ဆိုင်နိုင်မလဲဆိုတာ ကြည့်ကြရအောင်။
၁) ပင်ကိုယ်အစွမ်းအစတွေကို လျှိုမထားပါနဲ့ ။
ဝါသနာအရ ဂီတာတီးတာ၊ ဟင်းချက်တတ်တာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ပေးရတာတွေကို ခုံမင်နှစ်သက်တဲ့ ယောက်ျားလေးတွေက မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ မိန်းကလေးအရှေ့ မှာကိုယ့်ရဲ့ ပင်ကိုယ်ပါရမီအစွမ်းအစတွေကို ထုတ်ဖော်ပြဖို့ ဝန်မလေးပါနဲ့။ ဂီတာတီးသီချင်းဆိုပြတာ၊ ကိုယ်ကျွမ်းကျင်ရာဟင်းလျာတွေကို ချက်ကျွေးတာ ဒါမှမဟုတ်လဲ ကိုယ် တတ်ကျွမ်းတာ တစ်ခုခုလုပ်ပေးတာက ရှက်စရာမဟုတ်ပါဘူး။ မိန်းကလေးတွေက အရည်အချင်းအစွမ်း အစရှိတဲ့ ယောက်ျားလေးတွေကို ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။
၂) ဆင်ခြင်ချိန်ဆ ဥာဏ်ရှိပါ။
မိန်းကလေးတွေတင် မကပါဘူး။ အမျိုးသမီးတိုင်းက လက်ဆောင်ပေးခံရခြင်းနဲ့  ဂရုပြုအာရုံစိုက်ခံရတာကို ကြိုက်ကြတာချည်းပါပဲ။ ဒီလိုဂရုတစိုက်နဲ့  ယုယမှုတွေပေးနေရင်
သူတို့ က ကျေနပ်နေတတ်ကြပါတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေပေးနေတာထက်  အမှတ်တရဖြစ်စေမယ့် လက်ဆောင်ပစ္စည်းမျိုးတွေပေးပါ။ သူတို့ မကြိုက်နှစ်သက်တဲ့ ဘောလုံးပွဲတွေ အကြောင်းပြောမယ့်အစား “ကိုယ် ဒီနေ့ တနေကုန် မင်းကိုသတိရနေတာ” အစရှိတဲ့ သူတို့ကိုအလေးအနက်ထားတဲ့ စကားလုံးတွေက သူတို့ ကိုသာယာပျော်ရွင်စေနိုင်ပါတယ်။
၃) ဟာသဥာဏ်ရှိပါ။
ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်လေးနဲ့  ဂိုက်ပေးကြမ်းတဲ့ ကောင်လေးတွေကို နှိုင်းယှဉ်ကြည့်ရင် ဟာသဥာဏ်ရွှင်တဲ့ ခပ်ပေါပေါနေတတ်တဲ့ ယောက်ျားလေးတွေကို မိန်းကလေးတွေကပိုပြီး သဘောကျကြပါတယ်။ မိန်းကလေးတစ်ယောက် စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲနေချိန်တွေမှာ ပျော်ရွင်ရယ်မောနိုင်အောင် ဟာသတွေပြောပေး၊ လုပ်ပေးနိုင်ရင် သူတို့ က ကိုယ့်ကိုအပေါ်ကိုပိုပြီး အားကိုးချင်စိတ်တွေရှိလာမှာပါ။
၎) သဘာဝကျကျ ပြုံးပါ။
အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေကိုက အဓိကမကျပါဘူး။ ဆွဲဆောင်မှုကောင်းတဲ့ သဘာဝကျကျနဲ့  ဟန်ဆောင်မှုကင်းမဲ့တဲ့ အပြုံးမျိုးကိုမိန်းကလေးတွေ က နှစ်သက်ကြပါတယ်။ ပြုံးပြခြင်းက ပျော်ပျော်ရွင်ရွင် နေတတ်ခြင်းကို ကိုယ်စားပြုနိုင်ပါတယ်။ သွားတွေကိုလည်း သန့် သန့် ရှင်းရှင်းထားဖို့ မမေ့ပါနဲ့ ။ ဒါမှ မိန်းကလေးတွေက ကိုယ့်ကိုကိုယ့်ကိုယ်ကိုအမြဲဂရုတစိုက်နေတတ်သူတစ်ယောက်အနေနဲ့ သတ်မှတ်မှာပါ။
၅) ရိုမန့် တစ်ဆန်ပါ။
ပန်းစည်းဝယ်ပြီး လက်ဆောင်ပေးတာ၊ ဖယောင်းတိုင်မီးညှိပြီး ဖယောင်းတိုင်မီးအလင်းရောင်ကြားမှာ ကြည်ကြည်နူးနူးနဲ့  ညစာစားသောက်ဖို့ အစီအစဉ်တွေလုပ်ပေးပါ။ ဒီလိုရိုမန့် တစ်ဆန်ပြီး သူမကို ကလေးတစ်ယောက်လို အစစအရာရာကို ဂရုတစိုက်ပေးတတ်ခြင်းကလည်း မိန်းကလေးတွေကိုစွဲမက်စေနိုင်တဲ့ အချက်တစ်ချက်ပါပဲ။
၆) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ အမျိုးသားတွေကိုပဲ အမျိုးသမီးတွေက မျက်စိကျနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှုရှိတဲ့သူတွေက သူတို့ ရဲ့ ချစ်သူရည်းစားတွေကို လုံခြုံမှုကိုပိုပေးစွမ်းနိုင်ပါတယ်။
Ref: mensxp
ကာရံငယ် (ရဲတေဇကျော်)
ချစ်စရာ သတ္တ၀ါ လေးများ၏ ဓာတ်ပုံများ
ချစ်ဖို့ကောင်းတယ်နော် သူငယ်ချင်းတို့.......
Ye Tay Za Kyaw**(YTZK)
Wednesday, December 18, 2013
အင်တာဗျူးတစ်ခုအတွက် အသင်ဖြစ်အောင် လုပ်ဆောင်ခြင်း မဖြစ်မနေလုပ်ဆောင်သင့် သောကြိုတင်ပြင်ဆင် မှု ( ၅ )ချက်
(၁) သင်ကိုယ်တိုင်သင့် ကို သင် ရောင်းကုန်းပစ္စည်းတစ်ခုကဲ့ သို့ ရောင်အားမြင်တင် ကြေငြာလိုက်ပါ ။
သင်သည် သင်နှင့် အင်တာဗျူးမည့် အဖွဲ့ အစည်း တစ်ခုအကြောင်းကို လေ့လားစူစမ်းသင့် တယ်လို့ယူ ဆနေခြင်းက ပြောစရာမလို အောင်ရှင်းနေပါတယ်။ သင့်၏ကိုယ်ရေးအချက်အလက်တွေကိုလည်း ရှာဖွေစုဆောင်ထားလိုက်ဖို့ မမေ့ပါနဲ့ ။
ကိုယ့် အကြောင်းကို ရှာဖွေရမည်ဆိုတော့လည်း ကြောင်စီးစီး ဖြစ်နေပါလိမ်မည် ။ဒါကို လုပ်ဆောင် လိုက်ပါ (သို့မဟုတ်) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့်အကြောင်းနှင့်ပါတ်သတ်ပြီးပြောသောအခါ မကျွမ်းကျင် ကြပါဘူး ။ ကျွန်ုပ်တို အများစုက ရင်ခုန်းဖို့ ကောင်းလောက်သော အင်တာဗျူးတစ်ခုအတွင်းကျွန်ုပ်တို့  အလွန်တော်ကြောင်း ကိုယ့်ကိုတိုင် ပြောဆို နေခြင်းသည် “ ငကြွား” ဟုမယဉ်ကျေးသော အသုံးနူန်း တစ်ခုကို ကျွန်ုပ်တို့ အများစုက သင်ပေးထားသလို မျိုးသိနေကြပါတယ် ။
ဒါပေမဲ့ သင်၏ပြီးပြည့် စုံမှုများနှင့် သင်၏အကြောင်းကို ပြောကြားသောနေရာတွင် ဆ၇ာကြီးဖြစ်ဖို့  အချိန်ယူလုပ်ဆောင်မည်ဆိုလျှင်သင်သည်ကိုယ်ကိုယ်ကိုယုံကြည်မှုရှိကြောင်းနှင့်သင်သည် ဘာ ကြောင့်ဤရာထူးနှင့်သင့်တော်သင်ဆိုတာကိုပြသနိုင်ပါလိမ်မည်။ထိုအ၇ာတွေကဘဲသင်ကို များစွာ သော   အင်တာဗျူးဖြေမည့် သူများကြားတွင် အောင်မြင်မှုကိုရစေရန် ကြီးမားသောတွန်အား တစ်ခုဖြစ်ပါ စေလိမ်မည် ။
သင်ကို အကူအညီဖြစ်စေမည့် နည်းဗျူဟာနှစ်ခုရှိပါတယ်-
ပထမတစ်ခုကတော့သင့်သူငယ်ချင်းတစ်ယောက်နှင့်အစမ်းလေ့ကျင့်ပါ။အင်တာဗျူးများလုပ်နိုင်သမျှ များများ လုပ်ကြည့်လိုက်ပါ ။ သင်ကို ကောင်းမွန်သော်အဖြေများရပါလိမ်မည်။
 (ဥပမာ-ကဲ…………..မင်းအကြောင်းနဲ့ပါတ်သတ်ပြီးငါကိုပြောပါအုန်း၊မင်းကဒီရာထူးမှာဘာတွေများ လုပ်ဆောင်ပေးမှာတုန်း ) ။
ဒုတိယအချက်ကတော့- ကိန်းဂဏန်းတွေနဲ့ ပြောဖို့ မမေ့ ပါနှင့်။ရာခိုင်းနူန်း၊ တိုးတက်မှုကိန်းဂဏန်းနှင့် အချိုးအစားတွေ ကို သင်လုပ်ဆောင်ခဲ့ သောအောင်မြင်မှုများ နှင့် သင်တာဝန်ယူမှုအပိုင်းများပြောပြ ရာတွင်ထည့်သုံးပြောဆို ပါ ။အမှန်တစ်ကယ်လည်းဘဲဤအရာတွေကသင်သည်ကြွားဝါနေသောခံစား မှုမျိုးမဖြစ်စေဘဲ သင်သည်ဘာကြောင့်အံ့ သြဖို့ ကောင်းလောက်အအောင် လုပ်ဆောင်နိုင်တယ်ဆို တာကို ချိုမြိန်စွာပြောပြနိုင်ပြီး သင်ကိုလည်း မန်နေဂျာ တစ်ယောက်အဖြစ် အလုပ်ခန့် စေဖို့ ဖြစ်လာ  မှာပါ ။ပစ္စည်းရောင်းအားတွေတက်ပါတယ် လို့ မပြောရပါဘူး ၊ ငါက ပစ္စည်းရောင်အား ၇၅ % ရောက်အောင်တွန်းတွန်းတိုက်တိုက်ကြိုစားနေပါတယ်လို့ ပြောရပါမည်း ။ ဤအရာတွေကိုလည်း သင်သေသေချာချာ သတိထား ပြောဆိုပါ ။
(၂)မိမိ ကိုယ်ကို မြင်အောင်ကြည့် လိုက်ပါ ။
ကျွန်ုပ်တို့အားလုံး အင်တာဗျူးတစ်ခုတွင် အောင်မြင်အောင်ဘာတွေကို လုပ်ဆောင်ရမည် ဆိုတာကိုသိသလို ဖြစ်လိမ့်မည် ။ ဒါပေမဲ့ အတိအကျက ဘာကိုဆိုလိုတာလည်း ။ ကောင်းပြီး -သင့်ကို သင် အတော်ဆုံး လို့  ထင်နေချင်းသည် သင့်ကိုအကောင်းဆုံးတွေခံစားလာရအောင်ကူညီးပေမည် ဖြစ်သောကြောင့်ကျွန်ုပ်၏ပထမအကြံပြုချက်သည်နည်းနည်းတော့ ကိုယ်ကြိုက်မတာကိုအလိုလိုက်ပြီး လုပ်ဆောင်လိုက်ပါ ။သင်သည် လက်သည်အလှညပ်ခြင်း ၊မျက်နှာပေါင်းတင်ခြင်း နှင့် မှတ်ဆိတ်ရိတ်ခြင်း စသောအရာများ (သို့ မဟုတ်) အသစ်အင်တာဗျူးဝတ်စုံ တစ်စုံဝယ်လိုက်ပြီး ၊ဤအရာတွေအားလုံးလုပ်ဆောင်လိုက်မည်ဆိုလျှင် ၊ သင်ကို သင် ကြည့်ကောင်းနေလိမ့် မည်ဟုခံစားနေရခြင်းသည်သင်၏ယုံကြည်မှုအားတွန်အားပေးရာရောက်ပါလိမ်မည်။သင်၏အလုပ်  အသစ်သည် သင်ပိုင်ဆိုင်ဖို့လက်တစ်ကမ်းကို ရောက်နေပါပြီး ၊ ထို့ကြောင့်သင်၏ ကိုယ်ရေးအချက်အလက်များ ကို ကျကျနန ပိုင်နိုင်စွာပြောဆိုပါတော့ ။
အင်တာဗျူးမလုပ်ခင် သင်သည် ကြယ်ငါပွင့်အဆင့်ရှိသောဇိမ်ခံပစ္စည်းများကို မတက်နိုင်လျှင်-အသစ်အဆန်းတွေလုပ်ပြဖို့ တော့ မကြောက်ပါနဲ့ ။ဝတ်စုံအသစ်တစ်ခုအစား ဥပမာ-အရမ်းတက်ကြွ ဖို့ ကောင်းသော လည်စည်း သို့မဟုတ် သင်၏အဟောင်းများထဲမှာ အသစ်ဆုံးသော လည်းဆွဲကိုဝတ်ဆင်လိုက်ပါ ။
(၃) သင်၏ကိုယ်ရေးအချက်အလက်များကိုသေချာစွာထုပ်ပိုယူဆောင်ပါ
သင်ကသင်၏ ကိုယ်ရေးအချက် အလက်များကိုအင်တာဗျူးသို့ ယူဆောင်လာရမည်ဆိုတာကို သိကောင်းသိပါလိမ့်မည် ။ဒါပေမဲ့ သေသေချာချာထည့်ပြီးယူဆောင်လာဖို့ မမေ့ပါနှင့် ။ တွေးကြည့်ပါ ဒါအကြောင်းနဲ့ပါတ်သတ်ပြီးတော့ ။သင်၏်ကြီးမြတ်သော ကျွမ်းကျင်မှုနှင့်ပြီးပြည့်စုံမှုတို့အား  ပြသနေခြင်း ဖြစ်ပါသည် ။
သင်က သင်၏ ကိုယ်ရေးအချက်အလက်များကို ဘာကြောင့်အထိမ်းအမှတ်ပစ္စည်းထည့်သော သစ်သာဘူးထဲ ကိုထည့်ပြီး မထားချင်းဘူလား ။ သင်သည်သင်၏ကိုယ်ရေးအချက်အလက်များအား ရိုရိုသေသေထုပ်ပိုးသိမ်းထားသည်ကို သင်အားအင်တာဗျူးမည့် သူတို့ အားပြသပါ ။
အခြားတစ်နည်း-အရွယ်ပမာဏကြီးသော ရုံးသုံးလက်ဆွဲအိပ်(သို့မဟုတ်) စာဆောင်ထည့်သော စက္ကူအိပ် ကိုလည်းသုံးနိုင်ပါတယ်။ လှပသေသပ်သောမှတ်တမ်းစားအုပ်-ကြီးကြီးမားမားရင်းနှီး မြုပ်နှံလိုက်ပါ။ (နက်မှောင်တောက်ပြောင်းပြီး အခြားသော အဖွဲ့အစည်းနာမည်မပါစေဘဲ ၊နာမည်ကြီးပစ္စည်းအမျိုးအစားဖြစ်ရပါမည်။) (မီတ္တူငါးဆောင်ထက်မနည်းပါစေနှင့်သင့်ကလူအများ နှင့်တွေပြီး ဆွေးနွေးရမည်ဖြစ်သောကြောင့်ဖြစ်သည်) ထောက်ခံချက်စာများ၊ သင်လုပ်ဘူးသော အလုပ်၏နမှုနာများ။ ပြီးနောက်စာရွက်အနည်း အငယ် နှင့် ဘောပင်တစ်ချောင်း    ( ထိုအရာများအား သင်မသွားခင် သေသေချာချာပါအောင် လုပ်ဆောင်ပါ )
(၄) မှန်ကန်သောအကြောင်းပြချက်တွေ ကိုစဉ်းစားထားပါ ။
ကျွန်ုပ်အကြံပြုချက်ကတော့သင် ခံတွင်းသန် ရှင့်းစေသောပူချိန်လို ခံတွင်းသန့် စေသောအရာတစ်ခုကို အင်တာဗျူးမစမှီ၁၀ မီးနှစ်အလိုမှာငုံးထားလိုက်ပါ။ပီကေကိုတော့ မစားပါနဲ့။ အင်တာဗျူး လုပ်နေသော အချိန်တွင် သင်ကအသံမြည်အောင်ခံတွင် နံ့ သန့် ရှင်းဖို့ တစ်ခု  ခုကို ၀ါး နေစရာမလိုတော့ပါဘူး ၊ ပြီးတော့ သင့်၏ခံတွင်းနံ့ ကလည်း သင့်၏အလုပ်ရှင်ဖြစ်လာမည် သင့် ဘော့စ် အား အနှောက်အယှက် မပေးနိုင်တော့ဟု သင့်ကို ကိုယ် ယုံကြည်မှုရသွားပါလိမ်မည် ။
(၅) စောနိုင်သမျှ…အမှန်တကယ်စောစော…
သိသိသာသာကြီးကိုဘဲ အင်တာဗျူးတစ်ခုအတွက် အချိန်မှီကလေး ရောက် သွားတယ်ဆို တာအတော်ကလေးကို အရေးကြီးပါတယ်။ဒါပေမဲ့စောနိုင်သမျှ စောစောသွားရောက် ခြင်းကလည်း ကြိုတင်ပြင်ဆင်မှုကြောင့် အောင်နိုင်မှုတစ်ခုဖြစ်စေမှာပါ ။
အမှန်တကယ် စောစောဆိုတာ ကျွန်ုပ်ဘာကိုဆိုလို တာလဲ။ ကောင်းပြီး၊ သင်ကအင်တာဗျူး တစ်ခုမတိုင်မီ ရုံးကို  ၁၀-၁၅ မီးနစ် ကြိုတင်ရောက်သင့်တယ်  ဆိုတာယေဘုယျအား ဖြင့် လက်ခံနိုင်သောစည်းမျဉ်းတစ်ခုပါ ။ဒါပေမဲ့ သင်က ရုံးနာမှာရှိတယ် ကော်ဖီဆိုင်ကို နာရီဝက် ကြိုတင် မရောက်နေသင့်ဘူးလို့ မဆိုလိုပါဘူး ။
ဒါအကြောင်းနဲ့ ပါတ်သက်ပြီးတော့တွေးကြည့်ပါ ။ သင်က ၁၀-၁၅မီးနှစ် စောစောရောက်ဖို့ ရန် လုံလောက်သော အချိန်ဟုထင်ကာ အချိန်ပေးမည်ဆိုလျှင် သင်သည်ဓါတ်လှေခါး မှီအောင်မြန်မြန် လုပ်ဆောင်ရပြီး ၊ အင်တာဗျူးသောနေရာသို့ အတော်ကလေးကို နူံးခွေပြီးရောက်သွားရပါလိမ်မည်။ သင်က အများသုံးသယ်ယူပိုဆောင်ရေးကို သုံးမည် သို့ မဟုတ် ကြပ်သပ်နေသောလူအုပ်ကြီးနှင့်  သွားရမည်ဆို လျှင် သင်သည်ချွေးအနည်းငယ်လည်း ထွက်နေပေလိမ်မည် ။ ထို့ အချိန်မှာတော့ သင်က ကြည့် ကောင်းသောပုံတော့မဖြစ် နေနိုင်တော့ပါ ။ ဥပမာ-သင်အင်တာဗျူးမည့်ပတ်ဝန်းကျင်ကို ရောက်ဖို့အစီအစဉ်ဆွဲပါ (သို့ မဟုတ်) အင်တာဗျူးမည့် နေရာနှင့် မီးနစ် ၃၀ - ၄၀ လောက်ကွာသောနေရာကိုရောက်နေပါစေ ။အပန်းဖြေပါ စာအုပ် တစ်အုပ်ဖတ်ပါ (သို့ မဟုတ်) သူငယ်ချင်းတစ်ယောက်ဆီကိုဖုန်းခေါ်ပါ ပြီးနောက် ရှေ့ဘာဆက်ဖြစ်မယ်ဆို တာကို  သင် ရဲ့စိတ်ပိုင်ဆိုင်ရာပြင်ဆင်သော အပိုင်ကိုခွင့်ပြုလိုက်ပါ။ အင်တာဗျူးသောနေတွင် သင်စိတ်ဖီစီးခြင်း ကိုခံစားရလိမ်မည် ။ နောက်ဆုံးအနေနှင့် သင်လုပ်ချင် သာအရာကို မြန်မြန်လုပ်ဆောင်လိုက်ပါ ။ ပြီးနောက်  သင် အင်တာဗျူးဖို့ ချိန်ဆိုထားသော နေရာသို့ ၁၀မီနစ်သွားမတိုင်းခင် သွားပါတော အင်တာဗျူးသော အချိန်တွင် သင်၏လုပ်ဆောင်ချက်များသည် များစွာသော မတူညီသည့် အချက်များ ပေါ်တွင်မှုတည်သွားပါလိမ့်မည် ။ သင်သည်ကြိုတင်ပြင်ဆင်မှုများ မလုပ်ဆောင်ခဲ့လျှင်ထိုများစွာ သောအချက်များထဲက မည်သည့် အချက်ကမှသင်၏လုပ်ဆောင့်ကို အကောင်းကြီး မဖြစ်စေတော့ပါဘူး။ ဤရိုးရှင်သော အချက်လေးများကို အသုံးချပြီး သင်၏ အလုပ်ရှင်ဖြစ်လာမည့် ဘော့စ်ကိုတက်ကြွ သစ်ဆန်သော သင်အကြောင်း နှင့်ပါတ်သက်ပြီးပြောပြလိုက်ပါ ။သင်သည်ထို အလုပ်ကိုသင်က ထိုဝှက်ဖဲ တစ်ချပ်ထုပ်သုံးပြီး ပွဲသိမ်းနိုင်လိမ့်မယ်လို့   ကျွန်ုပ်ယုံကြည်ထားလိုက်ပါမည် ။
ဘာသာပြန်ဆိုသူ - Guiding Star – for our nursing professional !!
အာဂျင်တီးနား နိုင်ငံမှ ကမ္ဘာ့အန္တရာယ် အကြီးမားဆုံးနှင့် အထူးခြားဆုံးသော တိရစ္ဆာန် ဥယျာဉ်ကြီး Lujan Zoo
အာဂျင်တီးနား နိုင်ငံမှာရှိတဲ့ Controversial Zoo ကို လာရောက် လည်ပတ်တဲ့သူတွေက ကမ္ဘာပေါ်က အန္တရာယ်အများဆုံး အသားစား တိရစ္ဆာန်တချို့နဲ့ အလွန်နီးကပ်စွာ
ထိတွေ့ ကြည့်ရှုခွင့် ရပါလိမ့်မယ်။ အဲ့ဒီ တိရစ္ဆာန်ရုံ ကတော့ အာဂျင်တီးနားနိုင်ငံ ဗြူနိုအေ့စ်မြို့မှာရှိပြီး Lujan Zoo လို့ခေါ်ပါတယ်။ အဲ့ဒီ တိရစ္ဆာန်ရုံထဲကို အလည်အပတ် သွားတဲ့သူတိုင်း   လမ်းမ လျှောက်ချင်ရင် ခြင်္သေ့စီးပြီးသွားလို့ ရပါတယ်။
ဝက်ဝံတွေကို ပွေ့ဖက်ကျီစယ် ကစားလို့ ရပါတယ်။ သစ်ကျုတ် (ကျားသစ်အမျိုးအစား) တွေကို အစာကျွေးလို့လည်း ရတယ်။ ပြီးတော့ အထဲကိုဝင်ချင်ရင် အပြင်ကနေ အမေရိကန်ဒေါ်လာ ၅ဝ ပေးပြီးတော့ လှောင်အိမ်ထဲအထိဝင်လို့လည်း ရပါတယ်။ ၎င်းတိရစ္ဆာန်တွေက ကိုယ့်ရဲ့ကျီစယ်မှု တစ်ခုခုကြောင့် ဒေါသထွက်ပြီး အစားခံ ရရင်တော့ တိရစ္ဆာန်ရုံရဲ့ တာဝန် မဟုတ်ကြောင်းကိုလည်း လှောင်အိမ်ထဲ မဝင်ခင်မှာ လက်မှတ်ထိုး ထားရပါသေးတယ်။ Lujan Zoo Bueons ရဲ့ အကွာအဝေးကတော့ အေ့စ်မြို့နဲ့  မိုင် ၅ဝ လောက် ဝေးပါတယ်။ ဝင်ကြေးကတော့ အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ပေးရပါတယ်။ လာလည်တဲ့ လူတွေက တိရစ္ဆာန်တွေကို ညင်သာစွာ ကိုင်တွယ်ကြပါတယ်။ တိရစ္ဆာန်တွေက သူတို့ကို ညင်သာစွာကိုင်တွယ် ကစားနေလျှင် ဘယ်လိုမှ အန္တရာယ်မပြုကြပေမဲ့ သူတို့ကို ကြမ်းတမ်းစွာ ပြုမူလာရင်တော့ တွန်းထုတ်တတ်ကြပါတယ်။ အဲ့ဒီ တိရစ္ဆာန်ရုံက   လူတွေကိုရော တိရစ္ဆာန်တွေကိုပါ ကာကွယ်ပေးမယ့် လုံခြုံတဲ့ စည်းကမ်း ဥပဒေတွေ များများစားစားရယ်လို့ မရှိပါဘူး။ ကမ္ဘာ့တိရစ္ဆာန်ရိုင်း ထိန်းသိမ်းရေး အဖွဲ့က အဲ့ဒီတိရစ္ဆာန်ရုံကို  ဝေဖန်ရှုတ်ချပြီး လူတွေကိုမသွားဖို့ တားမြစ်ထားပါတယ်။ ဒါပေမဲ့ လူတွေက နေ့စဉ် စိတ်ဝင်စားမှု များလာပြီး လည်ပတ်သူများနဲ့ ပြည့်နှက်နေခဲ့ ပါတယ်။ တိရစ္ဆာန်ရုံကို ရောက်တာ နဲ့ မိဘတွေက သူတို့ကလေးတွေ ကိုတောင် ခြင်္သေ့လှောင်အိမ်ထဲ ပေးဝင်တတ်ကြတယ်။  အသက်ကို ရန်ရှာနိုင်တဲ့ တိရစ္ဆာန်တွေကို ပွတ် သပ်ကိုင်တွယ်ခွင့်  ပေးထားကြ တယ်။ ကမ္ဘာ့တိရစ္ဆာန်ရိုင်း ထိန်း သိမ်းရေးအဖွဲ့က ''လူတွေအတွက် အန္တရာယ်များတဲ့၊ အသက်ကိုဒုက္ခ ပေးနိုင်တဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ မှုရှိခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး လူတွေရဲ့ အသက်ကို ကြီးမားတဲ့ အန္တရာယ်ထဲကို ကျရောက်စေနိုင်တယ်'' လို့  ဆိုပါတယ်။
ကြောင်အကြီးကြီးတွေ အကြောင်း ဗဟုသုတရှိတဲ့ သူတွေက အဲ့ဒီတိရစ္ဆာန်တွေဟာ တိရစ္ဆာန် ရိုင်းတွေဖြစ်ကြောင်း သိသာပါတယ်။ ဒါကြောင့် ကြိုပြီးခန့်မှန်းလို့ မရဘူးဆိုတာ  သဘောပေါက်မှာပါ။ တခြားသော တိရစ္ဆာန်တွေဟာလည်း သူတို့ရဲ့ အစာအတွက်    မလုံလောက်တဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လာရောက်လည်ပတ်တဲ့ သူတွေကို  အန္တရာယ်ပြုလာနိုင် တယ်ဆိုတာ သိသင့်ပါတယ်'' လို့ ဆိုပါတယ်။
ဘယ်လိုပဲ အန္တရာယ်ရှိပါတယ် လို့ ပြောနေကြပေမဲ့ လာရောက် လည်ပတ်နေကြတဲ့ မိသားစုတွေ ကတော့ တစ်နေ့ထက်တစ်နေ့ ပိုမို များလာပြီး တိရစ္ဆာန်များနဲ့ နီးကပ် ရင်းနှီးခွင့်ရတဲ့အတွက် အတော်လေးကို စိတ်ဝင်တစား ဖြစ်နေကြပါတယ်။
ကဲအားလုံးပဲ အာဂျင်တီးနားကို ရောက်ရင်ဖြင့် ရောက်နေတဲ့သူတွေ ပဲဖြစ်ဖြစ် Lujan Zoo ကို သွားလည်ဖြစ်အောင် သွားလည်လိုက် ကြပါနော်။ မကြောက်ကြပါနဲ့။ ဒါပေမဲ့ ဝင်ကြေးက ၅  ဒေါ်လာထဲပါ။ လှောင်အိမ်ထဲထိဝင်မယ်၊ တိရစ္ဆာန်တွေကို ကိုင်တွယ်မယ် ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၅ဝ ထပ်ပေး ရပါလိမ့်မယ် လို့  ပြောလိုက်ပါရစေ။    
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips
ကျွန်တော့်ကိုဆက်သွယ်ရန်
Name
Email *
Message *
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)
လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။
HTML Comment Box is loading comments...