Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Sunday, December 15, 2013

ကမ္ဘာ့ မြို့ တော်များ

ဗီယင်နာ (သြစတြီးယား)

ဗီယင်နာ (သြစတြီးယား)
ဗီယင်နာမြို့မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် ကမ္ဘာပေါ်တွင် နေထိုင်ဖွယ် အကောင်းဆုံး  မြို့တော်များ စာရင်းတွင် ထိပ်တန်းနေရာ၌ ရှိနေသည်။ လူနေမှု
အခြေအနေများမှာ  အကောင်းဆုံး အနေအထားတွင်ရှိပြီး  စီးပွားရေး တိုးတက်ကောင်းမွန်မှုကြောင့် နေထိုင်ရန်နှင့် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးမြို့ တစ်မြို့ဖြစ်သည်။ ထို့အပြင် အလွန်တရာ လုံခြုံစိတ်ချ ရမှုရှိပြီး ခရီးသွားများ နှစ်ခြိုက်စွာ လာရောက်လည်ပတ်သော မြို့လည်းဖြစ်သည်။   မှုခင်းဖြစ်ပွားမှုနှုန်း အလွန်နည်းပါးပြီး လှပသောမြို့တစ်မြို့လည်း ဖြစ်ကာ ခရီးသွားများ၏ မကျေနပ်၍ တိုင်တန်းမှု အလွန်တရာမှ ရှားပါးသောမြို့ဖြစ်သည်


ဇူးရစ် (ဆွစ်ဇာလန်)

ကမ္ဘာပေါ်တွင်  ကြားနေမှုအရှိဆုံး  ဆွစ်ဇာလန်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ အဆိုပါမြို့ကို  လုံခြုံစိတ်ချရမှု အရှိဆုံးနှင့် နေထိုင်ရန် အကောင်းဆုံး မြို့တစ်မြို့အဖြစ်
မဲပေးရွေးချယ်ခြင်း ခံရသည်။ မှုခင်းဖြစ်ပွားမှုနှုန်း အလွန်နည်းပါးပြီး ခရီးသွားများအတွက် လုံခြုံစိတ်ချရသော  အထောက်အပံ့ အကာအကွယ်များ ရှိသည်။
ကမ္ဘာပေါ်တွင် အများအပြားဆုံး ကမ္ဘာလှည့် ခရီးသွားများ  လာရောက် လည်ပတ်ရာ နေရာတစ်ခု ဖြစ်၍ အလွန်လုံခြုံပြီး သန့်ရှင်းသော အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုလည်း ရှိသည်။

စင်ကာပူ


စင်ကာပူမြို့သည် ခေတ်မီသောမြို့တစ်မြို့ ဖြစ်ပြီး မှုခင်းဖြစ်ပွားမှုနှုန်း အလွန်နည်းပါးသည်။ ကမ္ဘာပေါ်၌ အသန့်ရှင်းဆုံးမြို့တစ်မြို့ဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှုနှုန်းလည်း
အလွန် နည်းပါးသည်။ လူမျိုးပေါင်းစုံ စုပေါင်း နေထိုင်ကြသော်လည်း ငြိမ်းချမ်း၍ တစ်ဦးနှင့်တစ်ဦး  လိုက်လျော ညီထွေစွာ နေထိုင်ကြသည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်ရာ မြို့တစ်မြို့လည်း ဖြစ်သည်။

ဒူဘရော့နစ် (ခရိုအေးရှား)

ခရိုအေးရှား နိုင်ငံသည် အရှေ့ဥရောပ ဒေသတွင် အန္တရာယ်ရှိသော မြို့တစ်မြို့အဖြစ် ထင်မြင် ယူဆခဲ့ကြသော်လည်း အလွန်လုံခြုံစိတ်ချမှုရှိသော နိုင်ငံတစ်ခုဖြစ်ပြီး
၎င်း၏ပင်လယ် ကမ်းခြေနှင့် အပန်းဖြေ စခန်းများကြောင့် ဥရောပ၏ များပြားလှသော ကမ္ဘာလှည့် ခရီးသွားများ  လာရောက် အပန်းဖြေရာနေရာတစ်ခု ဖြစ်နေသည်။ 
ဒူဘရော့နစ်မြို့သည် အလွန်လုံခြုံ စိတ်ချရသော မြို့ဖြစ်ပြီး ဥရောပတစ်ဝန်းမှ ရွက်လှေများဖြင့် လာရောက် လည်ပတ်ကြသော ပင်လယ်ကမ်းခြေနှင့် ပင်လယ်ဆိပ်ကမ်းမြို့ တစ်မြို့လည်း ဖြစ်သည်။ အဆိုပါမြို့၏ လုံခြုံမှုစံနှုန်းများမှာ ကမ္ဘာပေါ်၌ အကောင်းဆုံးထဲတွင်ပါဝင်သည်။


တိုကျို (ဂျပန်)

  •  

ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်သော တိုကျိုမြို့သည် အစိုးရ ရုံးစိုက်ရာနှင့် တော်ဝင်မိသားစု နေထိုင်ရာ ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားများ အများဆုံး လာရောက်
လည်ပတ်ရာ မြို့လည်းဖြစ်သည်။ တိုကျိုမြို့ကို ကမ္ဘာပေါ်တွင် လုံခြုံမှု အရှိဆုံးနှင့်  အသန့်ရှင်းဆုံး မြို့တစ်မြို့အဖြစ် သတ်မှတ်ထားခြင်း ခံထားရသည်။
နိုင်ငံတကာမှ လာရောက်နေထိုင်၍ အလုပ်လုပ်ကိုင်သူ အများအပြားရှိသည်။
တိုကျိုမြို့ရှိ တက္ကစီယာဉ်မောင်းများမှာ ကမ္ဘာပေါ်တွင် ဖော်ရွေပျူငှာမှု အရှိဆုံးဟု လူသိ များသည်။

Tuesday, December 10, 2013

ငါတို့တွေအသက်တွေကြီးလာကြတယ်

ငယ်ငယ်တုန်းက ကိုယ်နဲ့မဆိုင်ခဲ့တဲ့ မိန်းမကိုင်အိတ်တွေ
ခုချိန်မှာ ရွေးဝယ်လာကြရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ငယ်ငယ်က ကိုယ်သိဖို့မလိုခဲ့တဲ့ အိမ်တွင်းရေးတွေကို
ကိုယ်တိုင် ၀င်စဉ်းစားလာရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ဆီ၊ဆန်၊ဆပ်ပြာမှုန့်ကအစ မေမေပိုက်ဆံပေးမှ ပြေးဝယ်ပေးကြရတာတွေ
ခု ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်အသိစိတ်နဲ့ ၀ယ်လာကြရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ကျောင်းက သူငယ်ချင်းက ဘယ်သို့ဘယ်ညာ အိမ်မှပြန်ပြောခဲ့တာတွေ
ခုချိန် အပြင်ကနေ ဘာတွေဖြစ်လာလာ သိုဝှက်တာတွေရှိလာတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ကလေးစီးဖိနပ် ၂၅ ကနေ
လူကြီးစီးဖိနပ် ၂၅ ကိုပြောင်းလာရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။


လိုင်းကားပေါ်မှာဖေဖေ့လက်ကိုတွဲရာကနေ
ကိုယ်ကိုယ်တိုင် အပေါ်တန်းကို မြဲအောင် ကိုင်လာရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

မေမေ့ဆီက မုန့်ဖိုးလက်ဖြန့်ရာကနေ
လကုန်ရက်ကို မျှော်မှန်းလာရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ဈေးတစ်ခုရောက်လို့ ကစားစရာတွေရှိရာကို မက်မောစွာကြည့်ရာကနေ
ဒီကစားစရာတွေနဲ့ ငယ်ငယ်ကဆော့ခဲ့တာလို့ သတိရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

သူငယ်ချင်းတွေရဲ့မွေးနေ့ပွဲကို ဂါဝန်တကားကားနဲ့ သွားခဲ့ရာကနေ
သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲကို အကျီလုံချည်ဝမ်းဆက်နဲ့ သွားရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

မေမေတို့ နာရေးတစ်ခုခုကို သွားကြတဲ့အခါ အိမ်မှာနေခဲ့ရာကနေ
ရင်းနှီးသူတွေရဲ့ နောက်ဆုံးခရီးကို ကိုယ်တိုင်သွားပို့ရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ဒီလိုနဲ့ပဲ ဒီလိုနဲ့ပဲ
၁၀ စုနှစ်တွေ တစ်ခုပြီးတစ်ခုကို ငါတို့ကျော်ဖြတ်လာရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

Friday, December 6, 2013

အမြီး ခြောက်တန်း ဂြိုဟ်သိမ်ဂြိုဟ်မွှား တွေ့ရ၍ သိပ္ပံပညာရှင်များ အံ့အားသင့်

ဦးတိုး (သက္ကသီလ)
အလှည့်ကျ ပြောင်းလဲ ဖြစ်ပေါ်နေသည့် အမြီး အမြောက်အမြား ရှိနေသော ဂြိုဟ်သိမ် ဂြိုဟ်မွှား တစ်ခုကို
နာဆာ (NASA) ၏ ဟာဗယ်လ် အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်၍ အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ် အကြား၌ တွေ့ရှိရကြောင်း နက္ခတ္တ ပညာရှင်များက ပြောကြား ခဲ့သည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှား အများစု ကဲ့သို့ အလင်းစက်ကလေး တစ်ခုအဖြစ် တွေ့ရမည့် အစား ဤတစ်ခုတွင် ကြယ်တံခွန် ကဲ့သို့ ဒါဇင်ဝက်ခန့် ရှိသည့် မြေဖုန်မှုန့် အမြီးများသည် စက်ဘီးခွေ တစ်ခုပေါ်မှ စမုတ်တိုင်များ သဏ္ဌာန် ဗဟိုမှ ရောင်ခြည်များလို ဖြာထွက်၍ နေကြောင်း ကြယ်တံခွန် ဂျာနယ် (ASTRO PHYSICAL JOURNAL) တွင် သိပ္ပံ ပညာရှင်များက ရေးသားတင်ပြ ထားကြသည်။

''ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုကို မြင်နေရတယ် ဆိုတာ မယုံကြည် နိုင်စရာ ပါပဲ'' ဟု လော့စ် အိန်ဂျလိစ် ကာလီဖိုးနီးယား တက္ကသိုလ် ကမ္ဘာမြေနှင့် သိပ္ပံဌာန (University of California Los Angeles Deparment of Earth and Space Sciences) မှ ဦးဆောင် စူးစမ်းခဲ့သော ပါမောက္ခ ဒေးဗစ်ဂျူးဝစ် (David Jewitt) က ပြောကြား ခဲ့သည်။
''အဲဒါကို တွေ့လိုက်ရတဲ့ အခါ ကျွန်တော်တို့ မှင်တက် မိသွားခဲ့ကြပြီး အံ့သြဖွယ် ကောင်းစွာ သူရဲ့ အမြီး တည်ဆောက်မှုဟာ ထူးထူးခြားခြား မြေဖုန်မှုန့်တွေကို မှုတ်ထုတ်ရင် ၁၃ ရက် တစ်ကြိမ် ပြောင်းလဲလို့ နေပါတယ်''။ အဆိုပါ အရာဝတ္ထုကို ''P/ 2013 P5'' ဟု နာမည် ပေးထားကြသည်။ အနည်းဆုံး ငါးလခန့် တစ်ကြိမ် ၎င်း ဂြိုဟ်သိမ်မှ ဖုန်မှုန့်များကို မှုတ်ထုတ် နေကြသည်ဟု နက္ခတ္တ ပညာရှင်များက ယုံကြည်ခဲ့သည်။
ဂြိုဟ်သိမ်သည် အလွန် လျင်မြန်စွာ လည်ပတ်နေရင်း အစိတ်စိတ် အမြွှာမြွှာဖြစ် သွားဟန် တူပေသည်။ တစ်စုံ တစ်ရာနှင့် ဝင် ဆောင့်မိလိုက်၍ အမြီးများ ဖြစ်ပေါ်နေကြောင်း မယူဆ ခဲ့ကြပေ။ အကြောင်း အရင်းမှာ တစ်ချိန် တစ်ခါတည်း ဖွာဆန်ကြဲသွားခြင်း မဟုတ်သောကြောင့် ဖြစ်ပေသည်။ ဟာဝေယီမှ အဝေးကြည့် မှန်ပြောင်း တစ်ခုဖြင့် ပထမဆုံး လှမ်းမြင်ခဲ့ရပြီး နောက် စက်တင်ဘာ ၁ဝ ရက် က နာဆာ၏ ဟာဗယ်လ် အာကာသ အဝေးကြည့် မှန်ပြောင်းဖြင့် အသေးစိတ်ကို တွေ့ရှိကြရခြင်း ဖြစ်သည်။
အဆိုပါ အရာဝတ္ထုသည် လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၂ဝဝ ခန့်က ဂြိုဟ်သိမ် တစ်ခုကို ဝင်တိုက်မိပြီး ဖြစ်ပေါ် လာခဲ့ဟန် တူသည်။ ''ဖုန်မှုန့်များကို ဖြန့်ထုတ်နေသည့် ပုံစံဟာ မလုပ်တစ်ချက် လုပ်တစ်ချက်ဖြင့် ပေါက်ကွဲ ထွက်သွားပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမှာ ဖြစ်ကြောင်း၊ ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုကို အဲဒီလို တွေ့ရပြီဆိုရင် နက္ခတ္တ ပညာမှ နောက်ထပ် အတွဲလိုက် ထပ်မံ တွေ့ရှိနိုင်ကြောင်း၊ ဒါဟာ ပထမဆုံး ထူးခြားတဲ့ အရာဝတ္ထု ဖြစ်ပြီး နောက်ထပ် ဧကန် ထပ်မံတွေ့ရမှာ ဖြစ်ကြောင်း'' ဟု ပါမောက္ခ ဒေးဗစ်ဂျူးဝစ် က ရှင်းလင်း ပြောကြား ခဲ့သည်။ ။

Thursday, December 5, 2013

သင့်အတွေးအခေါ်ထက်မြက်အောင် ဘယ်လိုလုပ်မလဲ Learning English From Great Ideas

လူတွေမှားလေ့ရှိတဲ့ မိုက်မဲတဲ့ ထင်မြင်ယူဆမှုအမှားတော်ပုံအမျိုးမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် သင်ဟာ သူတကာထက် ထက်မြက်တဲ့ ညဏ်ကြီးရှင်တစ်ယောက်
ဖြစ်စရာမလိုပါဘူး။ ယခုပြောပြမဲ့ ရိုးစင်းတဲ့နည်းလမ်းအချို့က သင့်ကို အမှားအားလုံးကနေကင်းစင်အောင်လုပ်မပေးနိုင်ပေမဲ့ ဆင်ခြင်မဲ့တဲ့ အယူအဆအမှားမျိုးတွေ
ကနေတော့ ကင်းဝေးအောင်လုပ်ပေးပါလိမ့်မယ်။
ပြဿနာဟာ ကြည့်ရူလေ့လာလိုက်မှ ပြေလည်သွားမှာဆိုရင် သင်ကိုယ်တိုင်ဘဲ သွားရောက်ကြည့်ရူလေ့လာလိုက်ပါ။ အရစ်စ်တိုတယ် ဟာ တကယ်လို့များ သူ့ဇနီးရဲ့
ခံတွင်းကိုဟ ခိုင်းပြီးလေ့လာခဲ့မယ်ဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သွားအရေအတွက်နည်းတယ်လို့ယူဆမိတဲ့ အမှားမျိုးကို လုပ်မိခဲ့မှာမဟုတ်ပါဘူး။
ဒါပေမဲ့သူက ဒီအချက်လက်ကို သူသိပြီးသားလို့ ထင်နေလို့ အဲလိုမလေ့လာခဲ့မိဘူး။ တကယ်မသိဘဲ ကိုယ့်ကိုယ်ကို သိတယ်ထင်နေတာခြင်းဟာ ကျွန်ုပ်တို့ အားလုံး
ဖြစ်တတ်တဲ့ဆိုးဆိုးဝါးဝါးအမှားတစ်ခုဖြစ်ပါတယ်။
သို့သော်လည်း အလွယ်တကူလက်တွေ့စမ်းသပ်ကြည့်လို့ သွားရောက်လေ့လာလို့ မရနိုင်တဲ့ ကိစ္စ၊ ပြဿနာများစွာရှိနေပါတယ်။ အမှန်တကယ်တော့ အငြင်းအခုံအဖြစ်
ရဆုံး ပြဿနာတွေဟာ နှစ်ဘက်စလုံးမှာ သက်သေအထောက်ထားကောင်းကောင်း မရှိကြတာများပါတယ်။ အဲလိုအခြေနေမျိုးမှာ သင်ဟာ သင့်ရဲ့ဘက်လိုက်မှုအစွဲတွေ
ကို ဆင်ခြင်မိအောင်ကြိုးစားသင့်ပါတယ်။ တကယ်လို့များ သင်နဲ့ ဆန့်ကျင်ဘက်အမြင်တစ်ခုက သင့်ကို ဒေါသဖြစ်စေမယ်ဆိုရင် ဒါဟာ သင့်ရဲ့ရပ်တည်ယူဆချက်မှာ
လည်း ခိုင်လုံတဲ့သက်သေကောင်းမရှိဘူးလို့ သင့်ရဲ့မသိစိတ်က သတိပြုမိနေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ တစ်ယောက်ယောက်က သင့်ကို နှစ်အပေါင်းနှစ်ဟာ
ငါးဖြစ်တယ်လို့ ဆိုလာခဲ့ရင် တကယ်လို့သင်ဟာ ပညာတတ်တစ်ယောက်ဖြစ်ရင် သူ့ရဲ့အဆိုပြုချက်က သင့်ကို ဒေါသဖြစ်စေမှာ မဟုတ်ဘူးလေ။ ဒါကြောင့်မို့ ဆန့်ကျင်
ဘက်အမြင်၊ အယူဆတစ်ခုက သင့်ကို ဒေါသဖြစ်စေတယ်ဆိုရင်၊ သတိထားပါ။ သင့်ရဲ့ ကိုယ်ပိုင် အယူအဆဟာလည်း သက်သေ
အထောက်ထားတွေထက် ကျော်လွန် နေဖို့အလားလာရှိပါတယ်။
တရားသေဆန်တဲ့ တွေးမြင်ဆုံးဖြတ်မှုတွေကနေကင်းဝေးစေတဲ့ နည်းလမ်းကောင်းတစ်ခုကတော့ သင်နဲ့ ဆန့်ကျင်ကွဲပြားနေသူတွေရဲ့အတွေးအမြင်၊ အယူဆတွေကိုသတိပြုလေ့လာခြင်းဖြစ်ပါတယ်။ သင်နဲ့ သဘောထားမကိုက်ညီတဲ့လူတွေနဲ့ပြောကြည့်ပါ။ သင် မထောက်ခံတဲ့ ပါတီက သတင်းစာကို ဖတ်ကြည့်ပါ။ အဲဒီ လူတွေနဲ့ သတင်းစာထဲက အယူအဆတွေကို သင်ဟာ အဓိပ္ပါယ်မဲ့တယ်၊ ရူးကြောင်ကြောင်နိုင်တယ်၊ ဆိုးဝါးတယ်လို့ထင်မယ်ဆိုရင် သင့်အတွေးအမြင်တွေဟာလည်း သူတို့အတွက် ဒီအတိုင်းဖြစ်နေမယ်ဆိုတာ သိထားပါ။ ဒီနည်းလမ်းက သင့်ရဲ့တွေးခေါ်ယူဆမှု ကို ညီမျှမှန်ကန်အောင် ထိန်းကျောင်းပေး ပါလိမ့်မယ်။နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ သင့်နဲ့ဆန့်ကျင်ဘက် အတွေးအမြင်၊ယုံကြည်မှု ရှိမဲ့ လူတစ်ယောက်ကို စိတ်ကူးနဲ့ ဖန်တီးကြည့်ပြီးငြင်းခုံကြည့်ပါ။
မဟတ္တမ ဂန္ဒီကြီးဟာ စက်ပစ္စည်းတွေ၊ ရထားတွေ၊ စက်တပ် သဘောင်္တွေ ပေါ်လာတာကို မနှစ်မြို့ဘူးတဲ့။ သူက စက်မှုတော်လှန်ရေးတစ်ခုလုံးကိုတောင် ဖြစ်နိုင်ရင်
မဖြစ်ပေါ်လာအောင်တားလိုက်ချင်သတဲ့။ ဒီခေတ် မှာ လူတိုင်းက ခေတ်မှီနည်းပညာတွေရဲ့ အကျိုးကျေးဇူးကို လက်ခံနေကြပြီ ဖြစ်လို့ ဂန္ဒီကြီးလို အမြင်ရှိတဲ့သူကို
သင့်အနေနဲ့တွေ့ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမဲ့ အများလက်ခံထားတဲ့ အမြင်ဟာ တကယ်ဘဲမှန်ရဲ့လားလို့ သင်စမ်းသပ်တွေးခေါ်ကြည့်ချင်တယ်ဆိုရင်တော့ ဂန္ဒီကြီး
ချေပပြောဆိုလာမဲ့ အဆိုပြုမှုတွေကို စိတ်ကူးကြည့်ပြီး ပြန်လည်ငြင်းခုံကြည့်ပါ။ အဲဒီလို စိတ်ကူးနဲ့ ငြင်းခုံကြည့်ခြင်းဟာ ကျွန်ုပ်ရဲ့အတွေးအမြင်တွေကို တခါတရံ
ပြောင်းလဲသွားစေပါတယ်။ ပြီးတော့ တရားသေတွေးခေါ်ပြီး မျက်စိမှိတ်ငြင်းခုံမဲ့ အဖြစ်မျိုးကိုလည်း လျော့နည်းသွားစေပါတယ်။

နောက်တစ်ခုက ကိုယ့်ကိုယ်ကို ချီးပ ပင့်မြှောက်တတ်တဲ့ တွေးခေါ်ပုံကိုလည်း သတိထားရပါ့မယ်။ သင်ဟာ ကမ္ဘာရဲ့ ဘယ်အရပ်မှာနေသည်ဖြစ်စေ၊ သင်ရဲ့ကိုယ်
ပိုင် မိခင်နိုင်ငံဟာ အခြားနိုင်ငံတွေထက် သာတယ်လို့ စဉ်းစားတတ်ကြပါတယ်။မှန်မှန်ကန်ကန် ချင့်ချိန်နိုင်တဲ့ သူအတွက်ကတော့ နိုင်ငံတိုင်းမှာ သက်ဆိုင်ရာ
ကောင်းကွက်၊ ဆိုးကွက်တွေ ဒွန်တွဲရှိနေတာဖြစ်လို့ ဒီလိုအကောင်းဆုံးလို့ ယတိပြတ်ပြောဖို့ မဖြစ်နိုင်ဘူးဆိုတာ ၀န်ခံပါလိမ့်မယ်။
ဒီလို ကိုယ့်ကိုယ်ကို အကောင်းမြင်တတ်တဲ့ စိတ် ခံစားမှုတင်မက ပါဘူး အခြားစိတ်လှုပ်ရှားခံစားမှုတွေကလည်း အတွေးအမြင်မှောက်မှားခြင်းရဲ့ ရင်းမြစ်တွေဖြစ်ပါ
တယ်။ အဲဒီထဲမှာ အဆိုးဆုံးဖြစ်နိုင်စရာရှိတာကတော့ "အကြောက်တရား'' ဖြစ်ပါတယ်။ အကြောက်တရားကလည်း အမျိုးမျိုးရှိပါတယ် ၊ သေခြင်းတရားကိုကြောက်တာ
သေချာမသိရလို့ကြောက်တာ၊ ပြီးတော့ ကြောက်ရွံ့မှုတွေကို သိုဝှက်ထားရာကနေ ဘာကိုကြောက်မှန်းမသိကြောက်နေတတ်တာ စသည်ဖြင့်များလှပါတယ်။
အကြောက်တရားဟာ မျက်ကန်းယုံကြည်စွဲလမ်းခြင်းရဲ့ရင်းမြစ်ဖြစ်ပြီး "ရက်စက်ခြင်း" "လူမဆန်ခြင်း" ရဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
ကြီးမားတဲ့ အကြောက်တရားတစ်ခု လွှမ်းမိုးခံထားရပြီဆိုရင် ဘယ်လူသား ဘယ်နိုင်ငံမှ အကြောင်းအကျိုးညီးညွတ်အောင် စဉ်းစားတွေးခေါ်တတ်မယ်၊ ကြင်ကြင်နာနာ
ပြုမှုမယ်လို့ ယုံစားလို့ မရနိုင်ပါဘူး။
ဒါကြောင့်မို့ သင့်ရဲ့အကြောက်တရားတွေကို သင့်ကိုယ်သင် ၀န်ခံပြီး အဲဒီအကြောက်တရားတွေကို ဆန့်ကျင်တွန်းလှန်မှု မလုပ်နိုင်သေးသမျှကာလပတ်လုံး
အရေးကြီးတဲ့ ကိစ္စ၊ ပြဿနာတွေမှာ သင်ဟာ မှန်မှန်ကန်ကန်တွေးခေါ်ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။ အကြောက်တရားကို အောင်နိုင်ခြင်းဟာ ညဏ်ပညာရဲ့အစပျိုးမှုဖြစ်ပါတယ်။
(Bertrand Russell ၏ How to Sharpen Your Judgement  ကိုဆီလျော်အောင်ပြန်ဆို၏။)

Wednesday, December 4, 2013

` စိတ်ကူးယဉ်´(စာမဲ့ကာတွန်း...။)

ကျွန်တော့်ရဲ့ စာမဲ့ ကာတွန်းလေးပါ..။ အားပေးကြသောသူငယ်ချင်းများအား ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ...။ (ကာရံငယ်)ရဲတေဇကျော်
                                                                 ` စိတ်ကူးယဉ်´

`အသက်ကိုလက်ဆောင်ပေးတဲ့ သူ´

http://www.bubblews.com/assets/images/news/101195745_1380124551.jpg`လွင့်လို့ပဲ ကြွေကြွေ မြေမှာပဲရောက်ရောက် ဖွဖွလေးကောက်လို့၊ ပန်းခြောက်လေးလိုပဲမြတ်နိုးတယ်´
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပေးနေကြကဗျာလေးတွေပေါ့။ ကောင်မလေးထိုကဗျာလေးတွေ ပြီးတော့ကောင်လေးကသူအတွက်ဆွဲပေးထားတဲ့ ပုံတူပန်းချီကားလေးတွေကိုပြန်ကြည့် ပြန်ဖတ်ရင်း မျက်ရည်များဟာ ဖတ်နေတဲ့ စာရွက်ပေါ်ကို တစ်စက်ပြီးတစ်စက်စီးကျနေတာပေါ့။ အခုဆိုကောင်လေးသေသွားတာ 1နှစ်ပြည့်ပြီလေ။ အရင်တုန်းကအကြောင်းလေးတွေကောင်မလေးပြန်စဉ်းစားနေမိတယ်။ စတွေ့တဲ့အချိန်ထိပေါ့။ ကောင်လေးနဲ့စတွေ့တုန်းကဆိုရင် ကောင်လေးက မရဲတရဲနဲ့သူမကိုစာလိုက်ပေးတာတွေ၊ပြီးတော့သူကို ပျော်ရွှင်အောင်အမြဲထားချင်တယ်ဆိုတဲ့စကားလေးတွေရယ်ကိုပေါ့။ ပြန်စဉ်းစားရင်း ကောင်မလေးဝမ်းနည်းနေတယ်လေ။ လက်များကလည်းတုန်ယင်နေပြီး တစ်ခုခုကိုအော်ခေါ်ချင်စိတ်တွေပေါက်နေတယ်လေ။ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပေးနေကြကဗျာလေးတွေပေါ့။ ကောင်မလေးထိုကဗျာလေးတွေ ပြီးတော့ကောင်လေးကသူအတွက်ဆွဲပေးထားတဲ့ ပုံတူပန်းချီကားလေးတွေကိုပြန်ကြည့် ပြန်ဖတ်ရင်း မျက်ရည်များဟာ ဖတ်နေတဲ့ စာရွက်ပေါ်ကို တစ်စက်ပြီးတစ်စက်စီးကျနေတာပေါ့။ အခုဆိုကောင်လေးသေသွားတာ 1နှစ်ပြည့်ပြီလေ။ အရင်တုန်းကအကြောင်းလေးတွေကောင်မလေးပြန်စဉ်းစားနေမိတယ်။ စတွေ့တဲ့အချိန်ထိပေါ့။ ကောင်လေးနဲ့စတွေ့တုန်းကဆိုရင် ကောင်လေးက မရဲတရဲနဲ့သူမကိုစာလိုက်ပေးတာတွေ၊ပြီးတော့သူကို ပျော်ရွှင်အောင်အမြဲထားချင်တယ်ဆိုတဲ့စကားလေးတွေရယ်ကိုပေါ့။ ပြန်စဉ်းစားရင်း ကောင်မလေးဝမ်းနည်းနေတယ်လေ။ လက်များကလည်းတုန်ယင်နေပြီး တစ်ခုခုကိုအော်ခေါ်ချင်စိတ်တွေပေါက်နေတယ်လေ။ လွန်ခဲ့တဲနှစ်ကပေါ့……..၊ ``မ´.. ဒီမှာအမအတွက် လက်ဆောင်´ `ဟယ်..သော့ချိတ်လေးပဲ ကြောင်ရုပ် ကလေးကချစ်စရာလေး´ `အမကြိုက်လားဟင် ´ကောင်မလေးကခေါင်းတစ်ချက် ညိမ့်ပြတာပေါ့´ ကောင်လေးကအရမ်းပျော်သွားတာပေါ့။ ကောင်လေးကကောင်မလေးအတွက် မရိုးနိုင်တဲံ လက်ဆောင်လေးတွေ ပေးနေကျ။ ပြီးတော့လက်ဆောင်ပေးတိုင်းကောင်လေးက ကောင်မလေးကို စာလေးတစ်ကြောင်းရေးပေးနေကြလေ အဲ့ဒီ့စာလေးက `မေတ္တာစစ်နဲ့ချစ်သူတို့သည် ချစ်သူပေးသောလက်ဆောင်ကိုမကြည့် လက်ဆောင်ပေးသူရဲ့ အချစ်ကိုသာကြည့်၏´တဲ့။ အဓိပါယ်ရှိတဲ့။ စာကြောင်းလေးတစ်ကြောင်းပေါ့။ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးတွေဟာ ပုံပြင်ဆန်ဆန်၊ဒဏ္ဍာရီဇာတ်လမ်းလေးတွေလို ဖြစ်နေတယ်။ဒီလိုနဲ့တစ်နေမှာပေါ့ ကောင်လေးကကောင်မလေးကို လက်ဆောင်တစ်ခုပေးဖို့အလာ ကောင်မလေးကားလမ်းဖြတ်ကူးတာကိုမြင်လိုက်တော့ ကောင်မလေးနားကို တိတ်တိတ်လေးသွားမယ်ဆိုတဲ့အတွေးနဲ့ ကောင်မလေးရှိရာကိုဦးတည်နေချိန်မှာပဲ မထင်မှတ်ပဲတစ်ဖက်မှ ကျော်တက်လာတဲ့ကားကကောင်မလေးဆီကို အရှိန်ပြင်းပြင်းနဲ့ ဦးတည်နေတယ်။ ကောင်မလေးကအရမ်းလန့်သွားပြီး ကျက်သေသေသေသွားတာပေါ့ ။ ဒါကိုကောင်လေးကလှမ်းမြင်တော့ အသည်းအသန်ပြေးသွားပြီးအနောက်ကနေ ကောင်မလေးကိုစောင့်တွန်းလိုက်ချိန်မှာပဲ ကောင်မလေးကတစ်ဖက်ရှိ ပလတ်ဖောင်းပေါ် လဲကျပြီးဒဏ်ရာရသွားပေမယ့် ကောင်လေးကတော့ ကားလမ်းပေါ်တွင်ပဲ လောကကြီးကိုကျောခိုင်း သွားပြီလေ။ ကားလမ်းပေါ်မှာကောင်းလေးရဲ့သွေး တွေကပြန့်ကျဲနေခဲ့တယ်၊။ကောင်မလေးက လဲနေတဲ့နေရာကချက်ချင်းထပြီး ကောင်လေးဆီကိုပြေးသွားပြီး ငိုတာပေါ့ ။တိုက်မိတဲ့ကားပိုင်ရှင်ကလည်းသူ့အမှားပါလို့ http://3219a2.medialib.glogster.com/media/9e/9ea6e902b9ac49c80134ef40e1a654c65061c93a11be0f12ab51d49e9138d472/girl-and-guy.jpgလွန်ခဲ့တဲနှစ်ကပေါ့……..၊ ``မ´.. ဒီမှာအမအတွက် လက်ဆောင်´ `ဟယ်..သော့ချိတ်လေးပဲ ကြောင်ရုပ် ကလေးကချစ်စရာလေး´ `အမကြိုက်လားဟင် ´ကောင်မလေးကခေါင်းတစ်ချက် ညိမ့်ပြတာပေါ့´ ကောင်လေးကအရမ်းပျော်သွားတာပေါ့။ ကောင်လေးကကောင်မလေးအတွက် မရိုးနိုင်တဲံ လက်ဆောင်လေးတွေ ပေးနေကျ။ ပြီးတော့လက်ဆောင်ပေးတိုင်းကောင်လေးက ကောင်မလေးကို စာလေးတစ်ကြောင်းရေးပေးနေကြလေ အဲ့ဒီ့စာလေးက `မေတ္တာစစ်နဲ့ချစ်သူတို့သည် ချစ်သူပေးသောလက်ဆောင်ကိုမကြည့် လက်ဆောင်ပေးသူရဲ့ အချစ်ကိုသာကြည့်၏´တဲ့။ အဓိပါယ်ရှိတဲ့။ စာကြောင်းလေးတစ်ကြောင်းပေါ့။ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးတွေဟာ ပုံပြင်ဆန်ဆန်၊ဒဏ္ဍာရီဇာတ်လမ်းလေးတွေလို ဖြစ်နေတယ်။ဒီလိုနဲ့တစ်နေမှာပေါ့ ကောင်လေးကကောင်မလေးကို လက်ဆောင်တစ်ခုပေးဖို့အလာ ကောင်မလေးကားလမ်းဖြတ်ကူးတာကိုမြင်လိုက်တော့ ကောင်မလေးနားကို တိတ်တိတ်လေးသွားမယ်ဆိုတဲ့အတွေးနဲ့ ကောင်မလေးရှိရာကိုဦးတည်နေချိန်မှာပဲ မထင်မှတ်ပဲတစ်ဖက်မှ ကျော်တက်လာတဲ့ကားကကောင်မလေးဆီကို အရှိန်ပြင်းပြင်းနဲ့ ဦးတည်နေတယ်။ ကောင်မလေးကအရမ်းလန့်သွားပြီး ကျက်သေသေသေသွားတာပေါ့ ။ ဒါကိုကောင်လေးကလှမ်းမြင်တော့ အသည်းအသန်ပြေးသွားပြီးအနောက်ကနေ ကောင်မလေးကိုစောင့်တွန်းလိုက်ချိန်မှာပဲ ကောင်မလေးကတစ်ဖက်ရှိ ပလတ်ဖောင်းပေါ် လဲကျပြီးဒဏ်ရာရသွားပေမယ့် ကောင်လေးကတော့ ကားလမ်းပေါ်တွင်ပဲ လောကကြီးကိုကျောခိုင်း သွားပြီလေ။ ကားလမ်းပေါ်မှာကောင်းလေးရဲ့သွေး တွေကပြန့်ကျဲနေခဲ့တယ်၊။ကောင်မလေးက လဲနေတဲ့နေရာကချက်ချင်းထပြီး ကောင်လေးဆီကိုပြေးသွားပြီး ငိုတာပေါ့ ။တိုက်မိတဲ့ကားပိုင်ရှင်ကလည်းသူ့အမှားပါလို့ ၀င်ခံပြီးပေမယ့် ကောင်းလေးကသေသွားပြီလေ။ ကောင်မလေးကကောင်လေးရဲ့ ညာဘက်လက်ကိုကြည့်မိလိုက်တော့ စာရွက်လေးတစ်ရွက်နဲ့အတူ နှင်းဆီပန်းလေးတစ်ပွင့်ကို ကျစ်ကျစ်ပါအောင်ဆုတ်ထားတယ်လေ။ဒီတော့.. ကောင်မလေးကကောင်လေးရဲ့သွေးတွေပေနေတဲ့ လက်ထဲကနေ နှင်းဆီပန်းနဲ့အတူစာရွက်လေးကို ဖြန့်ကြည့်လိုက်တော့ သူမရဲ့ပုံတူပန်းချီကားလေး တစ်ခုဖြစ်နေတယ်။ပြီးတော့ပန်းချီ ကားလေးရဲ့အနောက်မှာ ကဗျာလေးတစ်ပုဒ်ရေးထားတာကိုတွေ့တော့ကောင်မလေးက ချက်ချင်းကောက်ဖတ်လိုက်တယ် ကဗျာလေးက-…… `လွင့်လို့ပဲကြွေကြွေ၊……… မြေမှပဲရောက်ရောက်…. ဖွဖွလေးကောက်လို့ ၊……….. ပန်းပွင့်ကလေးလိုပဲမြတ်နိုးပါတယ်´တဲ့။လေ။ အခုတော့ကောင်လေးက ကောင်မလေးကိုပျော်အောင်ထားချင်တဲ့ ဆန္ဒတွေ မပြည့်ဝခဲ့တော့ဘူးပေါ့။ ကောင်မလေးကပြန်စဉ်းစားနေတာတွေကိုရပ်ပြီး မျက်ရည်တွေသုတ်ကာ ကောင်လေးရဲ့တစ်နှစ်ပြည့် အတွက်ဘုရားမှာသွားဆုတောင်းပေးဖို့ပန်းစည်းလေးကိုကိုင်ကာ ထွက်သွားပါတော့သည်။ (ကောင်လေးဟာ ကောင်မလေးကို သူ့ရဲ့အသက်ကှိုလက်ဆောင်ပေးသွားခဲ့တယ်လေ။ ဒါဟာကောင်မလေးအတွက်တော့ နောက်ဆုံးလက်ဆောင်ပါ။)

အကြီးဆုံး တီကောင်ကြီးများ (ထူးဆန်းထွေလာ)

Worms on the planet, there are about 4000 species. But special attention attracts only one species – Megascolides australis. This is the largest soil invertebrates in the world. Champions of this species can reach a length – 3.4 meters! At this length, the diameter of its body is about 2-3 cm :D
giant earthworm
giant earthworm
giant earthworm

giant earthworm
giant earthworm
giant earthworm
giant earthworm
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...