Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Wednesday, September 11, 2013

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှ သိသင့်သော မိသားစုဥပဒေများ

မိန်းကလေး(၈)မျိုး
Posted by an@w on 2:16 AM in မိန်းကလေး(၈)မျိုး
“မနုကျယ် ဓမ္မသတ်“ မိန်းကလေး(၈)မျိုး ဖော်ပြထားပါသည်။
(၁) အမိစောင့်သော မိန်းကလေး
(၂) အဘစောင့်သော မိန်းကလေး
(၃) အမိအဘစောင့်သော မိန်းကလေး
(၄) မောင်စောင့်သော မိန်းကလေး
(၅) အမစောင့်သော မိန်းကလေး
(၆) အမျိုးစောင့်သော မိန်းကလေး
(၇) အနွယ်စောင့်သော မိန်းကလေး
(၈) သီတင်းသုံးဖော်စောင့်သော မိန်းကလေး တို့ဖြစ်သည်။


ဖြားယောင်းသွေးဆောင်ခြင်း
Posted by an@w on 2:13 AM in ဖြားယောင်းသွေးဆောင်ခြင်း
ဖြားယောင်းသွေးဆောင်ခြင်း
ယောက်ျားတဦးက မိန်းမတဦးအား ထိမ်းမြားမည်ဟု အယုံသွင်းလျက် ကာမကိုရယူပြီး နောက်ထိမ်းမြားရန် ငြင်းဆန်ခြင်းသည် ” ပဋိညာဉ်အက်ဥပဒေအရ” ကတိပျက်ကွက်ခြင်း မမြောက်နိုင်သော်လည်း ”ပြစ်မှုဆိုင်ရာဥပဒေအရ” လိမ်လည်ခြင်းမြောက်နိုင်ပါသည်။
”ပြစ်မှုဆိုင်ရာ ဥပဒေ” ပုဒ်မ ၄၁၇ အရ တနှစ်ထိထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ နှစ်ရပ်လုံးဖြစ်စေ ကျရောက်နိုင်ကြောင်း နှမချင်းမစာနာ ကြောရုံသာ ကြံလိုသည့် ယောက်ျား များသိနားလည်ထားသင့်ပါသည်။


(၃) သွေးသားတော်စပ်မှု
Posted by an@w on 1:58 AM in သွေးသားတော်စပ်မှု
မြန်မာဓလေ့ထုံးတမ်းဥပဒေ အရတရားဝင် အတည်ဖြစ်သည့် ထိမ်းမြားမှု မြောက်စေရန် မှာ
ထိမ်းမြားသူနှစ်ဦးသည် လူ့အသိုင်းအ၀ိုင်းက လက်မခံနိုင်သော သွေးသားတော်စပ်မှုကိုရှောင်ရပါမည်။

တည်ဆဲ မြန်မာဓလေ့ ထုံးတမ်းများ
Posted by an@w on 12:57 AM in တည်ဆဲ မြန်မာဓလေ့ ထုံးတမ်းများ
(၃)တည်ဆဲ မြန်မာဓလေ့ ထုံးတမ်းများ
ဓမ္မသတ်ကို စီရင်ထုံးကလွှမ်းမိုးပြီး ၊စီရင်ထုံးကို တည်ဆဲ ဓလေ့ထုံးတမ်းကလွှမ်းမိုးပါသည်။တည်ဆဲဓလေ့ထုံးတမ်းကို ဆန့်ကျင်လာပါက တည်ဆဲ ဓလေ့ထုံးတမ်းကို စီရင်ထုံးဖွဲ့ရပါသည်။

ဘာသာတူ လူမျိုးခြားများနှင့် ထိမ်းမြားခြင်း
Posted by an@w on 2:09 AM in ဘာသာတူ လူမျိုးခြားများနှင့် ထိမ်းမြားခြင်း
မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများသည် ဘာသာခြားနှင့်ထိမ်းမြားမှသာ နစ်နာခံခဲ့ရသည် မဟုတ်ပါ၊ ဘာသာတူလူမျိုးခြားနှင့် ထိမ်းမြားပါကလည်းနစ်နာခံခဲ့ရပါသည်။မြန်မာနှင့် တရုတ်တို့သည် အများအားဖြင့် ဗုဒ္ဓဘာသာများဖြစ်ပါသည်။သို့သော်လူမျိုးကခြားပါသည်။ဘာသာတူသဖြင့် ဘာသာကိုအကြောင်းပြပြီး ပြသနာမပွားနိုင်ရာ လူမျိုးကိုအကြောင်းပြပြီးပြသနာများစွာရှိပါသည်။
မြန်မာနိုင်ငံတွင်နေထိုင်သည့် ဗုဒ္ဓဘာသာဖြစ်လျှင် မည်သည့်လူမျိုးဖြစ်စေ ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းနှစ်ရပ်လုံးနှင့်စပ်လျဉ်းက အခြေခံအားဖြင့် ”မြန်မာဓလေ့ထုံးတမ်း ဥပဒေ”နှင့် သက်ဆိုင်ပါသည်။ မသက်ဆိုင်လိုသူများသည် အောက်ပါ(၃)ချက်ကိုထင်ရှားအောင်ပြသရန် လိုပါသည်။
(၁) သူနှင့်ဆိုင်သော ဓလေ့ထုံးတမ်းသည် မြန်မာနိုင်ငံတွင် တရားဥပဒေကဲ့သို့ အတည်ဖြစ်နေသည်။
(၂)ထိုဓလေ့ထုံးတမ်းသည် မြန်မာဓလေ့ထုံးတမ်းနှင့် ဆန့်ကျင်သည်။
(၃) ထိုဓလေ့ထုံးတမ်းသည် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများအား ထိခိုက်နစ်နာမှုမရှိစေရ -တို့ဖြစ်သည်။


ဘာသာခြားနှင့်ထိမ်းမြားခြင်း
Posted by an@w on 2:07 AM in ဘာသာခြားနှင့်ထိမ်းမြားခြင်း
ဗုဒ္ဓဘာသာ-များအတွက်ထိမ်းမြားခြင်းသည် ဘာသာရေး ကင်းလွတ်သည့် လူမှုရေးကိစ္စသာဖြစ်ပါသည်။ဗုဒ္ဓဘာသာနှင့် ထိမ်းမြားလိုသည့် ဘာသာခြားသည်သူ၏ ကိုးကွယ်ရင်းဘာသာကိုစွန့်ပယ်ပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန်မလိုပါ။ထိမ်းမြားပြီးနောက် အခြားဘာသာသို့ ကူးပြောင်းလည်းထိမ်းမြားခြင်း မပျက်ပြယ်ပါ၊ လွန်စွာလွတ်လပ်၍ လွယ်ကူလှပါသည်။
ခရစ်ယာန်၊ မဟာမေဒင်နှင့် ဟိန္ဒူ စသည့်ဘာသာများမှာ ဗုဒ္ဓဘာသာများ ကဲ့သို့ လူမှုရေး စည်းကမ်းသက်သက်မဟုတ်ပါ။ ဘာသာရေးအတားအဆီးများရှိပါ သည်။
မဟာမေဒင်များသည် မဟာမေဒင်ဘာသာဝင်အချင်းချင်း တရားဝင်ထိမ်းမြားနိုင်ပါသည်။ဘာသာခြားနှင့်တရားဝင်ထိမ်းမြားခွင့် လုံးဝမရှိပါ။ဘာသာခြားသည် မဟာမေဒင်နှင့် ထိမ်းမြားလိုလျှင် မဟာမေဒင်ဘာသာကို ပထမကူးပြောင်းရပါသည်။ပြီးမှ တရားဝင်ထိမ်းမြားလက်ထက်ခွင့်ရပါသည်။နှစ်ဦးနှစ်ဖက် မဟာမေဒင်ဖြစ်သဖြင့် တရားဝင်ထိမ်းမြားပြီးလည်း တဦးက မဟာမေဒင်ဘာသာကိုစွန့်ပယ်၍ အခြားဘာသာသို့ ကူးပြောင်းလျှင် ယင်း ထိမ်းမြားခြင်းသည် အလိုအလျောက်ပျက်ပြယ်ပါသည်။
ဟိန္ဒူများအဖို့မူ မဟာမေဒင်များထက်ပင် ထိမ်းမြားခြင်းတွင် ကျပ်တည်းပါသည်။ဘာသာခြားနှင့်မဆိုထားဘိ၊ ဟိန္ဒူလူမျိုး အချင်းချင်းပင် ဇာတ်မတူက တရားဝင် ထိမ်းမြား၍မရပါ။ ထို့ကြောင့်ဘာသာခြား လူမျိုးခြားတဦးသည် ဟိန္ဒူနှင့် မည်သည့်နည်းနှင့်မျှ တရားဝင်ထိမ်းမြားခွင့်မရပါ။
ခရစ်ယာန်များသည် မဟာမေဒင်နှင့် ဟိန္ဒူတို့လောက်မကျပ်တည်းပါ သို့သော် ဥပဒေအရ မလွဲမသွေပြုလုပ်ရသည့် သတ်မှတ်ချက်များရှိပါသည်။ ပုံစံမှာထိမ်းများခြင်းကို ခရစ်ယာန် တရားဟောဆရာရှေ့တွင် ဖြစ်စေ၊ ထိမ်းမြားမှုဆိုင်ရာ မှတ်ပုံတင် အရာရှိရှေ့တွင်ဖြစ်စေ သက်သေများနှင့် လက်မှတ်ရေးထိုး၍ ဆောင်ရွက်ရပါသည်။

(၇) စပ်ယှက်မှု
Posted by an@w on 8:07 AM in စပ်ယှက်မှု
ယောက်ျားလေးနှင့် မိန်းကလေး တို့အလိုတူမှားမိကြလျှင် သူတို့ကို ထိမ်းမြားပေးရန် ယောက်ျားလေး၏မိဘတွင် ငြင်းပိုင်ခွင့်မရှိပါ။ မိန်းကလေးအိမ် လာနေသည့်ယောက်ျားလေးနှင့် မိန်းကလေးသည် မိန်းကလေး၏ မိဘသိလျက် အလိုတူမှားနေလျှင် ယင်းမိန်းကလေးနှင့် ယောက်ျားလေးကို မိန်းကလေးရှင်မိဘများက ထိမ်းမြားပေးရပါမည်။



(၆) ဆန္ဒသဘောထား
Posted by an@w on 2:06 AM in ဆန္ဒသဘောထား
မြန်မာဓလေ့ထုံးတမ်းဥပဒေ အရတရားဝင် အတည်ဖြစ်သည့် ထိမ်းမြားမှု မြောက်စေရန် မှာ
ထိမ်းမြားမည့်ယောက်ျားလေးနှင့် မိန်းကလေးတို့၏ဆန္ဒတူညီမှု ရှိရပါမည်။ သူတို့၏ဆန္ဒသည် ပဋိညာဉ် အက်ဥပဒေ ပုဒ်မ-၁၄ နှင့် အညီ လွတ်လပ်စွာ ပေးအပ်ခြင်း ဖြစ်ရပါမည်။နောင်ကာလတွင် ထိမ်းမြားရန်အတွက် ကတိထားခြင်း မဖြစ်ရပါ။ ထို့ပြင် မိန်းကလေးသည် တခုလပ်၊မုဆိုးမ မဟုတ်ဘဲအသက် (၂၀) မပြည့်သေးသည့် အပျိုစင်ဖြစ်လျှင် သူ၏ ဆန္ဒအပြင် မိဘအုပ်ထိန်းသူ၏ သဘောတူခွင့်ပြုချက်လည်းပါရှိရပါမည်။ မိန်းကလေး၏ ဆန္ဒမပါရှိလျှင် ပြစ်မှုဆိုင်ရာအက်ဥပဒေပုဒ်မ ၃၆၆-အရ များယောင်းမှုကျုးလွန်ရာ ရောက်နိုင်ပါသည်။
from http://www.kyawt-khine.blogspot.com/

Monday, September 9, 2013

English Idioms

1.Apple-pie order = သယ်ယပ်စွာ ၊ နေသားတကျ။
The housewife keeps the kitchen in apple-pie order.

အိမ်ရှင်မသည် မီးဖိုချောင်ကို သပ်ရပ်စွာ ထားသိုသည်။

2.Bring to mind = သတိရစေသည်
That Story brings to mind a similar experience.

ထိုဖြစ်ရပ်က အလားတူ အတွေ့အကြုံကို စိတ်ထဲတွင် ပြန်သတိရစေသည်။


3. Call a spade a spade = ဘွင်းဘွင်းပြောသည်။ အရှိကို အရှိအတိုင်းဖော်ပြသည်။

Call a spade a spade if you want to be honest.

ရိုးဖြောင့်မှုလိုပါလျှင် အရှိကို အရှိအတိုင်းပြောဆိုပါ။


4.Die away = အသံပျောက်သွားသည်

The noise died away.

ဆူညံသံများ ပျောက်သွားသည်။


5. Earn one's salt= ထိုက်တန်သော လခရသည်

I earned my salt regularly.

ကျွန်တော် ထိုက်တန်သော လစာကို ပုံမှန်ရနေသည်။


6.Fool around = အချိန်ဖြုန်းသည်

Don't fool around . You have to finish it up in one hour.

အချိန်ဖြုန်းမနေပါနှင့်. သင်အလုပ်ကို တစ်နာရီနှင့် အပြီးလုပ်ရဦးမည်။


7. Lead on = ကျီစယ်သည်.

Don't take it seriously; he is just leading you on.

အလေးအနက်သဘောမထားပါနှင့်၊ သူက ခင်ဗျားကို ကျီစားတာပါ.


8. On the fritz = ဖရိုဖရဲဖြစ်သည်

The book are on the fritz after the student are gone.

ကျောင်းသားတွေပြန်ပြီးနောက် စာအုပ်များ ဖရိုဖရဲ ဖြစ်ကျန်ခဲ့သည်.


9. Next of kin = အနီးစပ်ဆုံး ဆွေမျိုး

He died without leaving any next of kin.

သူသည် အနီးစပ်ဆုံးဆွေမျိုးမကျန်ခဲ့ဘဲ သေဆုံးသွားသည်.


10. Queer fish = စိတ်မနှံ့သူ

Your brother is a queer fish.

မင်းအကို က စိတ်မမှန်တဲ့လူပဲ.


11. In a jiffy = တစ်ပြိုင်တည်း

The cried our in a jiffy.

သူတို့ တစ်ပြိုင်တည်း ဟစ်အော်သည်။


12. Needful =ငွေ

He wants to go to the cinema but he has not the needful.

သူ ရုပ်ရှင်သို့သွားချင်သည်. သို့သော် သူ့မှာ ငွေမရှိပါ.


13. Mean well= အကောင်းပြောခြင်းဖြစ်သည်.

Don't be angry: he means well.

စိတ်မဆိုးပါနှင့် သူ က အကောင်းပြောတာပါ.


14. Well off = ချမ်းသာသည်. တောင့်တသည် အပူအပင်မရှိနေသည်. .

The owner of this store is well off.

ဤကုန်တိုက်ပိုင်ရှင်မှာ ငွေကြေးတောင့်တင်းသည်။


15. Stay up = မအိပ်ပဲ နေသည်

The children want to stay up late.

ကလေးများသည် ညဥ့်နက်သည့်တိုင် မအိပ်ဘဲ နေချင်ကြသည်.

ငွေရှိတိုင်းမဖြစ်နိုင်သောအရာများ

 

လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့
ထင်နေကြသူတွေအတွက်…
အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။

1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို
ဝယ်လို့မရဘူး။
5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို
ဝယ်လို့မရဘူး။
6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို

ဝယ်လို့မရဘူး။
8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို
ဝယ်လို့မရဘူး။
9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)
ကို ဝယ်လို့မရဘူး။
10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန် (Time) ကို ဝယ်လို့မရဘူး။
11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကို
ဝယ်လို့မရဘူး။
13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကို
ဝယ်လို့မရဘူး။
14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို

ဝယ်လို့မရဘူး။
15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။
17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး
သိက္ခာဆည်လို့မရဘူး။
18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊ လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်
ပြန်ကာလို့မရဘူး။
19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို
သုံးချင်သူ။

(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

တို့သာဖြစ်သည်။
ဖတ်မိ မှတ်မိသမျှ

Friday, September 6, 2013

တရုတ်လူမျိုးတို့၏ ကံကောင်းစေသော အကြံပေးချက်များ

တရုတ်လူမျိုးတို့၏ ကံကောင်းစေသော အကြံပေးချက်ကို အောက်တွင်
ဖော်ပြထားသည်။

သင်ယုံချင်မှ ယုံပါလိမ့်မည်။ သို့ သော် ယင်းတို့ သည် တကယ်
ကံကောင်းစေသော အကြံပေးချက်များ ဖြစ်သည်။ အားလုံးကို ဖတ်ကြည့်သွားပါက
မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။

၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက် ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်း
လိုက်ပါ။

၂။ သင်နှင့် လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို့၏
စကားပြောကျွမ်းကျင်မှုသည် တခြားအရာများ ကဲ့သို့ပင် အရေးပါလာ ပါလိမ့်
မည်။

၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။

၎။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ် အလေးအနက် ပြောပါ။

၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏ မျက်လုံးကို
ကြည့်ပြီးမှ ပြောပါ။

၆။ အနည်းဆုံး ခြောက်လ စေ့စပ်ထားပြီးမှ လက်ထပ်ပါ။

၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။

၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက် အိပ်မက်များကို ဘယ်သောအခါမှ ပြက်
ရယ်မပြုပါနှင့်။ မျှော်လင့်ချက် အိပ်မက်များ မရှိသူသည် အများကြီး မအောင်

မြင်နိုင်။

၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။
သင်စိတ်ထိခိုက်နာကျင် ( အ
သည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘ၀မှာ ပိုပြီးပြည့်စုံစွာ နေနိုင်ရန်
တစ်ခု
တည်းသောနည်းလမ်းဖြစ်သည်။

၁၀။ သဘောထား ကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း
မပြုပါနှင့်။

၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။

၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။

၁၃။ သင်မဖြေချင်သည့် မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ
ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။

၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ နက်ရှိုင်းသောစွန့်
စားမှု ပါဝင်နေသည်ကို သတိရပါ။

၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။

၁၆။ အနည်းငယ် သဘောထား ကွဲလွဲမှုကြောင့် ကြီးမားသော ခင်မင်ရင်းနှီးမှုကို မ
ထိခိုက်ပါစေနှင့်။

၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။

၁၈။ တယ်လီဖုန်း ကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို
သင့်
အသံထဲမှာ ကြားရပါလိမ့်မယ်။

၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။

ဖတ်မိသမျှ၊မှတ်မိသမျှ

Tuesday, September 3, 2013

ကျွန်တော်အတွေ့အကြုံ (နာနာဘာဝ)


ကျွန်တော်အတွေ့အကြုံ ကျွန်တာ့အသိုင်းအ၀ိုင်းပတ်ဝန်းကျင်က
ဖြစ်ရပ်မှန် ကြုံတွေ့တာများကို အဓိကထားတင်ပြသွားပါမယ်။
သူငယ်ချင်းတို့ရော တစ္စေ သရဲ ကိုတကယ်ယုံပါသလား။

တစ္စေ သရဲ မှင်စာ သဘက် စုန်း ဒါတွေက တကယ်လက်တွေ့ မှာရှိတယ်ဗျ။ ဒါတွေကို ကိုယ်တွေ့ကြုံတာလေးတွေနဲ့ ပြောပြပါမယ်။ ခုသိပ္ပံခေတ်ကြီးမှာ
လည်းမယုံကြည်တဲ့သူတွေရှိတယ်။ တခြားဘာသာ ခြားတွေမှာလည်း လူသေ လူဖြစ်၊ လူသေ
ဟိုသူခေါ်၊ လူသေ ဟိုသူ့ဆီသွား စသည့်ဖြင့် သူ့ဘာသာအလိုက်
ယုံကြည်မှုတွေရှိကြတယ်။ အဓိက တခြားဘာသာတွေက မယုံကြတာများတယ်။
တခြားဘာသာတွေကိုယ်တိုင်ကြုံလာပြန်တော့ လည်း ယုံရခက် မယုံရခက်။ ကြုံတာတွေကိုလည်း ဖုံးကွယ်ချင်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေယူဆတာက
လူသေရင် နာနာဘာဝ ငရဲ တိရိစ္ဆာန် ဒါတွေမဖြစ်ဘူး
မရောက်ဘူးလို့ယုံကြည်ကြတာကိုး။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေထဲမှာတောင် မယုံကြည်တာတွေရှိတယ်။ ကိုယ်တွေ့ကြုံမှ
ယုံမယ်ဆိုသူတွေပေါ့။ တစ္စေ သရဲ မှင်စာ သဘက် စုန်း စသည်တွေမှာလည်း သူ့ကံနဲ့သူ
ရှိတယ်လို့ဆိုတယ်။ ဒါကြောင့် တချို့ တစ္စေ သရဲ တွေက
လေထဲမှာပျံနိုင်ပါတယ်တဲ့။ ဒါကြောင့် သူငယ်ချင်းတို့လဲ ငါတို့
အပေါ်ထပ်မှာနေတာပဲ ဆိုပြီးနမော်နမဲ့မနေနဲ့နော်။ ပြူတင်းပေါက်ဘေးကနေ
ဖြတ်သွားတာတို့ ရပ်နေတာတို့ ရှိချင်ရှိနေမှာနော်။ ပြောသာပြောနေတာ
ခုကျွန်တော်ဒီပိုစ့်ကိုရေးနေတာ 3 နာရီကျော်နေပြီ။ တစ်ယောက်တည်း
အောက်ထပ်မှာ။ တစ္စေ သရဲတွေ ပျံနိုင်တယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင်
ကိုယ်တွေ့ကြုံတာလေးပြောပြမယ်။

အခန်း(၁)

ကျွန်တော် ၉ တန်းကျောင်းသားလောက်ကပေါ့။ ကျွန်တော်တို့ မိသားစုက နွေကျောင်းပိတ်ဆို
ပဲခူးတိုင်း သက္ကလစံပြကျွေးရွာက အဖွားတွေဆီ နှစ်တိုင်းသွားလည်ပါတယ်။ မေမေ
ဘက်ကပေါ့။
ကားက carina van အဖွားခြံဘေးက အဒေါ်ဆိုင်ရှေ့မှာထားတာ။ ကျွန်တော်ရယ် ကျွန်တော့ညီ ကျန်တဲ့ မောင်နှမတွေ စကားပြောပြီးပြန်သွားကြတော့
ကျွန်တော်တို့ညီအကိုက ကားပေါ်မှာပဲ အိပ်တော့မယ်ဆိုပြီး
နောက်ခန်းကထိုင်ခုံတွေဖြန့်လိုက်ပြီး အိပ်လိုက်ကြတယ်။ သန်းခေါင်ကျော်ကျော် ခွေးတွေအူတာနဲ့ လန့်နိုးလာ တော့ ကားနောက်ကမှန်မှာအဖြူရောင်ကြီးကပ်နေတယ်
ပထမ အခိုးရိုက်တယ်ထင်လို့ ဘေးမှန်တွေကြည့်တော့ အကြည်အတိုင်းပဲ။ အပြင်မှာလည်းခွေးတွေကအူ။ ညီလေးကိုကြည့်တော့ သူလည်းနိုးနေပြီ။ ခဏနေတော့
အဲဒီဖြူဖြူကြီးက လေပေါ်ပျံနေပြီး ကားနောက်မှန်မှာ လာပြန်ကပ်နေတယ်။ သေးသေးဆို
လိပ်ပြာလို့ ထင်စရာပဲ ဒါပေမယ့် ကားမှန်တခုလုံး ကို လွှမ်းသွားတယ်။ Van
ကားတွေထဲမှာ Carina ကနောက်ခန်းအကျယ်ဆုံးနဲ့ နောက်ကားမှန်လဲတော်တော်ကြီးတယ်။
ဘယ်လိုမှ လိပ်ပြာမဖြစ်နိုင်ပါဘူး။ ပြီးရော ဆိုင်ရဲ့ ခေါင်မိုးမှာ
အပြားလိုက်ကြီးကပ်လိုက် ကားမှန်မှာ ကပ်လိုက်လုပ်နေတယ်။ ခွေးတွေကအူနဲ့
ချွေးတွေပါပျံလာတယ်။ နောက်တော့ အဲဒါကိုကြည့်မနေတော့ဘူး ဂုဏ်တော်ရွတ်ပြီး
အသာပြန်အိပ်နေလိုက်တယ်။
နောက်မိုးလင်းပြီး အဒေါ်ကိုမေးတော့ ဆိုင်အပြင်မှာ သရဲ ရှိတယ်တဲ့။ ဒါဆိုကျိမ်းသေပါပြီ လိပ်ပြာမဟုတ်တာ။
တော်သေးတာပေါ့ တစ္စေက အရိပ်လိုလိုပြသွားလို့။ အကောင်လိုက်ကြီးဆို ညီကို ၂
ယောက်ဘယ်ပြေးကြမလဲ။ ကျွန်တော်က တစ္စေ သရဲကိုယုံတယ်ဗျ။ ဒါပေမယ့် သရဲ
ကားတွေကိုကြည့်လေ့မရှိဘူး။ လန့်တာလဲပါတယ်။

အခန်း(၂)
ခုအတွေ့ကြုံလေးကလဲ အဲဒီမှာပဲကြုံတာပါ။ အဲဒီအချိန်က ကျွန်တော် ၁၀
တန်းအောင်ပြီးချိန် ကျွန်တော့ ညီမ၀မ်းကွဲ ကလေးမွေးတော့ လက်ဆောင်သွားပေးရင်း
ဆေးရုံမှာကြုံတွေ့ခဲ့တာပါ။ အဲဒီနေ့ညက ညီမနဲ့ ယောက်ဖနဲ့ စကားပြောရင်း
ဆေးရုံမှာ အိပ်မယ်ပေါ့။ အဲဒီဆေးရုံက သရဲ အလွန်ပေါဆိုပဲ။ ကြုံတာက ကျွန်တော်
နဲ့ ယောက်ဖ။ သူက ရေသွားချိုးတာ အပြင်မှာလူများနေတော့ ဘယ်သူမှမချိုးတဲ့
ရေချိုးခန်းမှာ သွားချိုးတယ်။ အဲဒါက ရင်ခွဲရုံဘေးက.. အထဲမှာ ရေချိုးနေလို့
ထိုင်စောင့်နေတယ်တဲ့။ အဲဒါနဲ့ တော်တော်နဲ့ ပြန်မလာလို့ လိုက်သွားတော့
ထိုင်စောင့်နေတုန်း။ ဟုတ်တယ် အထဲမှာ ရေသံကြားနေရတယ်။ တံခါးစေ့ထားတယ်။
အဲဒါနဲ့ ယောက်ဖ ငါတို့ဝင်ကြည့်မယ် ဆိုပြီး ကြည့်တော့ ရေချိုးခန်းက
ရေလဲစိုမနေဘူး ဘယ်သူမှလဲမရှိဘူး။ ဒါ သရဲခြောက်တာပေါ့။ ဘေးက ရင်ခွဲရုံက လဲ ဇ
ရှိတယ်။ တံခါးပိတ်လို့မရဘူး ပိတ်တာနဲ့ အထဲကနေ အသကုန်တံခါးကိုထုနေရောတဲ့။
ဒီတခါက ကျွန်တော်တစ်ယောက်တည်း။ အဲဒီညက မန်ယူနဲ့ ပေါ်တို ချန်ပီယံလိလ်။
အချိန်က ၂ နာရီ ၄၅ သန်းခေါင်ချိန်ကြီး။ ကျွန်တော်က မန်ယူဆို အသေအလဲ
ကြည့်တဲ့ကောင်ဆိုတော့ ဒီပွဲကလဲ ပွဲကောင်းလေ။ ဘယ်အလွတ်ခံလို့ဖြစ်မလဲ။
၂ နာရီခွဲတော့ ဆေးရုံထဲက ထွက်လာတယ်။ ဘယ်သူမှမရှိဘူး။ ဘောပွဲပြတာက ရွာထဲမှာ။
ဆေးရုံကထွက်ရင် တံတားကြီးရှိတယ်။ ဘေးက ရေတွေ။ မော်တော်တွေပါရပ်လို့
ရအောင်လုပ်ထားတယ်။ တံတားကလဲ သရဲခြောက်တယ်လို့ ပြောကြတယ်။ သိတော့သိတယ်
မန်ယူကိုစိတ်ရောက်နေတော့ အဲဒါတွေမေ့နေတယ်။ အဲဒါနဲ့လျှောက်သွားတော့
်တံတားအလယ်မှာ ခွေး ၁၂ ကောင်လောက်ရှိမယ် အိပ်နေတယ်။
ရွေးစရာလမ်းလဲမရှိဘူး။ စိတ်က ခွေးကိုက်ရင်တော့ဒုက္ခပဲပေါ့။ အိပ်နေတော့
ရှောင်သွားရင်တော့ရမယ်ဆိုပြီး ဆက်သွားတယ်။ ခွေးတွေနားလဲ ရောက်ရော
ပြုန်းစားကြီး ထလာတယ်.. ကျွန်တော့ကို ၀ိုင်းကြည့်ပြီး အူပါလေရော..
ကျွန်တော်လဲ ဆက်မသွားရဲတော့ဘူး။ ရပ်နေပြီး ဘုရားဂုဏ်တော် ရွတ်နေလိုက်တယ်။ ၅
မိနစ်လောက်ကြာတယ် ကြည့်ပြီးအူတာ။ ဒီကောင်တွေ အူတော့ ၇ွာထဲကခွေးတွေပါ
အူပါလေေ၇ာ။ တကောင်ကောင်နောက်က ပါလာတယ်ထင်တယ်။ အဲဒီအချိန်ကို စာဖတ်သူတို့
ကြုံရင်ဘယ်လိုနေမလဲတော့ မသိဘူး ကျွန်တော်တော့ ဒူးတောင်တုန်တယ်။ အူလဲပြီးရော
ပြန်အိပ်နေတယ်။ အဲဒါတော့ ထူးဆန်းတယ်ဗျာ။ ကျွန်တော်လဲ ဘယ်ရမလဲ
သုတ်တော့တာပေါ့။ ဘောပွဲပြီးတော့ မိုးလင်းတဲ့ထိစောင့်ပြီး
အဖိုးတွေဆီပြန်သွားတယ်။ ဆေးရုံတောင် မသွားတော့ဘူး။
နာနာဘာဝလောက ကဆန်းကြယ်တယ်ဗျ။ ကိုယ်မမြင်ရတာတွေ အများကြီးလေ။ မယုံလို့မရဘူး။ တကယ်ကြုံရင်
မယုံဘူးဆိုသူတွေတောင် ကြောက်ဒူးတုန်သွားနိုင်တယ်။ ပိုစ့်လဲရှည်သွားပြီမို့
နောက်မှ အပိုင်းလေးတွေနဲ့ ထပ်တင်သွားပါမယ်။ ဒါက အကောင်လိုက် မပါသေးပါဘူး။
အကောင်လိုက် ကြုံတာတွေက နောက်မှ....
ကျေးဇူးတင်ပါတယ်ဗျာ။

ကိုလပ်ကီး ဆီကပါ...

Monday, September 2, 2013

သူငယ်ချင်းမင်း ဘ၀အတွက်စကားလေးတစ်ခွန်း လက်ဆောင်ပါ



သူငယ်ချင်းတွေနဲ့အတူရှိနေချိန်ဟာ အိပ်မက်တစ်ခုဆိုရင်

ငါဘယ်တော့မှ နိုးထဖို့မကြိုးစားတော့ဘူး .....

သူငယ်ချင်း

မင်းအားငယ်နေလား

အားတင်းထားပါ..

ဆုံးရှုံးမှုဆိုတဲ့နတ်ဆိုးကို

မင်းမျိုးဖြုတ်ပစ်နိုင်ပါတယ် ။


သူငယ်ချင်း

အရမ်းဝမ်းနည်းနေလား

မင်းမျက်ရည်တွေသုတ်ပစ်လိုက်

သူတို့ကမင်းရဲ့စိတ်ဓာတ်ကို

ပျော့ညံ့ညံ့ ဖြစ်စေတယ်။



သူငယ်ချင်း

စိတ်ပျက်နေပြီလား

ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်းကြည့်

မင်းမြင်ရတဲ့ အရာကို

လှေကားထစ်လို နင်းတက်စမ်းပါ။


သူငယ်ချင်း

ရင်ဖွင့်ချင်လား

မျိုသိပ်မထားပါနဲ့

အဲဒါကိုအစကနေ စပြော

ငါတို့နားထောင်နေတယ်။


သူငယ်ချင်း

အသည်း ကွဲ နေလား

ဒါဆိုမင်းကံကောင်းပြီ

အဲဒီ့တစ်ယောက် က

မင်းအချစ်နဲ့ မတန်သေးဘူး။


သူငယ်ချင်း

အထီးကျန်နေလား

တစ်ယောက်တည်း မနေနဲ့

ငါတို့နဲ့ အတူ

ခံစားမှုဆိုတဲ့စနက်တံကိုမီးဝိုင်း ရှို့မယ်။


သူငယ်ချင်း

မင်းကို သူတို့ အထင်သေးနေလား

ဒေါသမဖြစ်နဲ့

မင်းရဲ့ မြှုပ်နေတဲ့အရည်အသွေးတွေ

သူတို့ မြင်နိုင်စွမ်းမရှိသေးလို့ပါ။


သူငယ်ချင်း

မင်း ... ပန်းတိုင်ရောက်ပြီလား

တက် ... မထောင်နဲ့ဦး

ငါနောက် လှေ ကြည့်လိုက်ဦးမယ်။


သူငယ်ချင်း

မင်းဘ၀အောင်မြင်ပြီလား

ဂုဏ်ယူပါတယ်

မင်းရဲ့နောက်မှာ(မင်းရဲ့ရှေ့မှာ)

မင်းသူငယ်ချင်းတွေလက်ခုပ်တီးနေကြတယ်။

ခင်မင်စွာဖြင့်

သူငယ်ချင်း ...
မင်းဘ၀မှာ တစ်ခါမှ မရဘူးတဲ့ အရာကို လိုချင်ရင် တယ်ဆိုရင်
မင်းတစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်မျိုးကို လုပ်ဖို့ လိုလိမ့်မယ်။

ဘ၀ရဲ့ ခေါ်ရာကို မလိုက်နဲ့
မင်းသွားချင်တဲ့ ဆီ ဘ၀ကို ခေါ်သွား။

ရှင်သန်နေထိုင်ဖို့ အတွက် မင်းဖွေးလာတာ
မွေးဖွားလာလို့ ရှင်သန်နေရတာ မဟုတ်ဘူး။

လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲ့
ဘာမှ လွမ်းဆွေး တမ်းတ နေဖို့ မလိုဘူးလေ။

ရှေ့ကို ဆက်ပြီးလျှောက်ပါ သူငယ်ချင်း
နေမ၀င်သရွေ့ ဘ၀ ကို ဘယ်တော့မှ အရှုံးမပေးနဲ့
သူငယ်ချင်းရေ။

မင်းအတွက် လိုအပ်လာတဲ့ အခါ လှမ်းခေါ်လိုက်ပါ ... အဖော်မွန်ကောင်းဆိုတာ ဘ၀မှာ မရှိမဖြစ်ပါ။
  ဖြိုးသူရ
 

Sunday, September 1, 2013

သူငယ်ချင်းများသို့ ......



အရမ်းဝေးကွာပြီး
တွေ့ဆုံနိုင်ဖို့
ခက်ခဲ့တဲ့ကြားကနေ
ငါတို့ ဆုံဖြစ်ကြတယ်။

တွေ့ရဆုံရ
ခဏလေးမှာ
တစ်ယောက်ကိုတစ်ယောက်
ခင်မင်မှု

နားလည်မှု
ယုံကြည်မှုတွေ
များစွာနဲ့
ဘဝကိုဖြတ်သန်းခဲ့တယ်။

လိုအပ်တာလေးတွေ
ကူညီမျှဝေရင်း
အဖြူရောင် သံယောဇဉ်လေးနဲ့
ငါတို့ရိုးသားစွာ ခင်မင်ခဲ့ကြတယ်။

ရခဲ လှတဲ့ လူ့ဘဝလေးမှာ
တစ်ယောက်အပေါ်တစ်ယောက်
ကူညီပေးနေကြမယ်ဆိုရင်
လောကကြီးဟာ အမြဲလှပနေမယ်လို့

ငါ ယုံကြည်ပါတယ်
သူငယ်ချင်း

မင်းရော ငါရော
ငါတို့တတ်နိုင်သလောက်
ကူညီရင်း တွဲလက်များအတူတူနဲ့
ထာဝရ ဆက်ခင်ကြရအောင်
သူငယ်ချင်းရေ ..........

အမှတ်မထင် ခင်မင်ခဲ့ရသော သူငယ်ချင်းအားလုံးသို့
အမှတ်တရ


ခင်မင်လျှက်

နေဇော်လင်း
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...