Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Thursday, July 25, 2013

Valentine's Day ချစ်သူ





သြော်.....ချစ်သူ။။။။။
ဘ၀တစ်ကွေ့မှာဆုံတွေ့ခဲ့ကြတဲ့။။။။။
ကိုယ်တို့နှစ်ဦးဟာ။။။။။။။။
အခုတော့မတူညီတဲ့အကွာအဝေးလေးမှာ
အလွမ်းသီချင်းလေးတွေနဲ့။။။။။။
ဖြေသိမ့်နေခဲ့ကြတယ်....ချစ်သူ။။။။။
မိုင်းပေါင်းကုဋေကဋာဝေးကွာပါစေ။။။
ကိုယ်တို့နှစ်ဦးရဲ့အချစ်စစ်ဟာ။။။။
ဘယ်သောအခါမှပျောက်ကွယ်မသွားဘူးချစ်သူ။။။
you ကတို့ကိုချစ်တဲ့အချစ်။။။။
တို့က you ကိုချစ်တဲ့အချစ်။။။
ဘယ်အခါမမုန်းတဲ့။။။။
တို့နှစ်ဦးရဲ့ဖြူစင်တဲ့အချစ်တွေ။။။။။
Valentine's Day အတွက်။။။။
အမှတ်တရဖြစ်ချင်တယ်။။။။။
ချစ်သူ။။။။။။။။။။။။။။။။။



အင်္ဂလိပ် FLASH သီချင်းများ

အင်္ဂလိပ် FLASH သီချင်းများ

မေးဖလှယ်ကြရအောင်

" အောက်မှ Command တွင် EMail လိပ်စာများ ဖလှယ်နိုင်ပါသည်.."

သို့မဟုတ်...ဤ နေရာတွင် လည်းဖလှယ်နိုင်ပါသည်..။

 

(ကာရံငယ်)အားလုံးပဲ ကျန်းမာချမ်းသာကြပါစေနော်..။၊

Wednesday, July 24, 2013

အချစ်တစ်ခုနှင့် တိုက်မိခြင်း---


ပျာလောင်ခတ်နေတဲ့ ဘ၀ထဲကို
အချစ်က တံခါးခေါက်လာခဲ့တယ်
ဗီဇာမပါဘဲ ၀င်လာတယ်ဆိုပြီး
 ဘယ်သူ့ကို တိုင်လို့ ရမလဲ
ငါ့ရင်ဘတ်ထဲက အသဲနှလုံးဟာ
ကျောက်တုံးမဟုတ်လို့ပါ
အကြိမ်များစွာ မတွန်းတိုက်ပါနဲ့
ကောင်မလေးရယ်
ကိုယ်က ချစ်တတ်ပါတယ်။

စာအုပ်ပုံတွေကြားကနေ
ခေါင်းမော့ ကြည့်မိတော့
ရွှန်းရွှန်းလဲ့လဲ့ ပြုံးနေတ
ဲ့ မင်းကလေးကို မြင်ရတယ်
ခုတော့ မင်းကလေးဟာ
ငါ့ရဲ့ မီးအိမ်လေးပေါ့

ငါ ဒီစာတွေကို မကြည့်ချင်တော့ဘူး
ကလေးငယ်တစ်ယောက် လမင်းကြီးကို
ငေးကြည့်ရင်းတွေးမိတွေးရာ တွေးနေတတ်သလိုမျိုး
ငါလည်း ချစ်ရသူရဲ့
မျက်ဝန်းလေးကိုပဲ ငေးနေချင်တော့တယ်

မှတ်တိုင်မရှိတဲ့ အချစ်တွေနဲ့
ဂိတ်ဆုံးတဲ့ အထိ ချစ်နေချင်တယ်
ရင်ထဲကလာတဲ့ စကားတွေက
လက်ထဲကို စီးဆင်းနေတာပါ
ဖုန်းသံ မကြားရတဲ့ ရက်တွေမှာဆို
ဘဝဟာ ဥသြတွန်သံလေးကို
တမ်းတနေတတ်တဲ့ နွေနေပူထဲက
ညောင်ညိုပင်လို ခြောက်ခြောက်သွေ့ သွေ့ နဲ့ ပေါ့

ကိုယ် သဘောကောင်းတယ်ဆိုတာ
လျှို့ဝှက်ချက်တွေရှိတယ်လို့မထင်လိုက်ပါနဲ့ ။

သိပ်ချစ်သွားလို့ ပါ။

မင်းကတော့ အဝေးလေ


ငါ့အိမ်မက်.......
မင်းရဲ့ အထိတွေ့လေးတွေကို
အိပ်မက်မိတယ်
မင်းကတော့ အဝေးမှာပဲလေ....

မင်းအပြုံးတွေကို အိပ်မက်မိတယ်
မင်းပြုံးပြခဲ့တဲ့ နေ့က စလို့ပေါ့
မင်းကတော့ အဝေးမှာပဲလေ....

မင်းနဲ့အတူနေရတဲ့ ရက်တွေကို
အိပ်မက်မိတယ်
မင်းကချစ်တယ်လို့ ပြောခဲ့တဲ့နေက စလို့ပေါ့
မင်းကတော့ အဝေးမှာပဲလေ.......

မင်းရဲ့ ပါရမီ ဖြည့်ဘက်အဖြစ်
အိပ်မက်မိတယ်
နှစ်ကိုယ်တူ ဘဝလေး
တည်ဆောက်ချင်တယ်လို့ မင်းပြောတဲ့နေ့ကစလို့ပေါ့
မင်းကတော့အဝေးမှာပဲလေ.....

မင်းရဲ့ အထိတွေ့
မင်းရဲ့အပြုံး
မင်းနဲ့ အတူနေရတဲ့နေ့ရက်
မင်းရဲ့ပါရမီ ဖြည့်ဘက်အဖြစ်နဲ့
နှစ်ကိုယ်တူ ဘဝလေး တည်ဆောက်နေတဲ့
ဒို့နှစ်ယောက်
အဲဒီအိမ်မက်
ငါ ညတိုင်းမက်တယ်
မင်းကတော့ အဝေးမှာပဲ..........။

Monday, July 22, 2013

နင်ပြန်လာမယ့်အချိန်


အလွမ်းတွေ သိပ်မပေးပါနဲ့
ခံနိုင်ရည်မရှိသေးလို့ပါ

အရပ်ဝေးတွေ သိပ်မသွားပါနဲ့
မခွဲခွာနိုင်သေးလို့ပါ

မချစ်ဘူး မပြောပါနဲ့
အမုန်းဒဏ်မခံနိုင်သေးလို့ပါ

ကိန္နရီကိန္နရာမောင်နှံ တစ်ညခွဲနေရလို့
နှစ်ပေါင်းများစွာ ငိုဆွေးတမ်းတနေရတာ
ငါ့ကိုယ်တွေ့မှ ယုံရပြီချစ်သူ

အချိန်နာရီကြည့်လိုက်တော့
ညဥ့်နက်သန်းခေါင်ယံတောင် ကျော်သွားပြီ
ဒီလိုနဲ့ အိပ်မပျော်တဲ့ရက်တွေ များခဲ့ပါပီ
မင်းပြန်လာမဲ့ရက်ကို မျှော်လင့်ရင်းဆွေးနေ၇ပါတယ် ချစ်သူ

ချစ်သူ နင်ပြန်လာမဲ့ရက် ဖုန်းဆက်ပါ
ပြန်လာလို့ အတူတွေ့တဲ့အခါမှာ
နင့်ကိုလွမ်းတဲ့အကြောင်းတွေ
ငါပြောမယ် အချစ်ရယ်
နေ့တိုင်းငါ စောင့်ဆိုင်းလို့
နင်ပြန်လာမဲ့အချိန်ကို

စိတ်ကူးတိုင်းမှာ နင့်အပြုံးတွေ
အိပ်မက်တိုင်းမှာ နင့်အကြောင်းတွေ
အလွယ်တကူမေ့ဖျောက်ရန် မလွယ်ဘူးလေ
အချစ်ရေ နင်အမြန်ပြန်လာခဲ့ပါကွာ...

မနက်ခင်းတိုင်းမှာ နေမင်းလို
ညခင်းတိုင်းမှာ လမင်းလို
ကိုယ့်နှလုံးသားမှာ အချိန်တိုင်းလို
စောင့်စားလို့
နင်ပြန်လာမယ့်အချိန်ကို...
ရေတွက်ရင်း ရေတွက်ရင်း
စောင့်မျှော်နေမိ............။٩͡[๏̯͡๏]۶

Sunday, July 21, 2013

.... နင်ဟာငါ့ရဲ့ အချစ်ဦးပါ ....


ကောင်မလေးရေ..
မမျှော်လင့်ပဲ ချစ်ခဲ့မိတာ ငါပါ..
နင်ပြန်မချစ်ခဲ့လည်း ထာဝရ ပတ်သက်ချင်သူငါပါ…
နင်ကြွေအောင် မဖြေတတ်ခဲ့တဲ့ ငါပါ…
ကြုံလာသမျှ ရင်မခုန်ခဲ့သူ ငါပါ…
အရာရာကို အလေးမထားတတ်တဲ့ ငါပါ…
နင်နဲ့ကျမှ ဦးစားပေး အလေးထားတတ်သူ ငါပါ….
မဆုံနိုင်လည်း အဝေးဆုံးမှာ ဆွေးလို့ နေတာ ငါပါ…
မျှော်လင့်ခြင်းတွေ အဆုံးမသတ်နိုင်သူ ငါပါ…
ငါလေ နင့်ကို ချစ်ခွင့်ရချင်တယ် ကောင်မလေးရယ်…
ကောင်မလေးရေ…..
တစ်ကယ်ပဲ နင်ဟာ ငါ့ရဲ့ အချစ်ဦးပါ….. ။
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...