Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Sunday, July 21, 2013

အချစ်


အချစ်တခုက လူကိုရူးစေတယ်
နှလုံးသားထဲ မရောက်စေနဲ့
မေ့ဖို့ခတ်နေလိမ့်မယ်
အရမ်းချစ်နေရင်
မေ့ဖို့မကြိုးစားပါနဲ့
အချိန်တိုင်းလွမ်းနေလိုက်ပါ
ညတိုင်းသူ့အကြောင်းတွေးနေလိုက်ပါ
အလွမ်းတွေကို ကျေနပ်နေလိမ့်မယ်

လွမ်းနေတဲ့ ညတွေမှာ
တယောက်ထဲ
တားဆီးမဲ့တဲ့ မျက်ရည်တွေနဲ့
အချစ်တခုကို
ပိုင်ဆိုင်ထားခွင့်ရလို့
ကျေနပ်နေတဲ့ စိတ်က
ငါ့အလွမ်းတွေကို
ထာဝရရှင်သန်စေလိမ့်မယ်
အမြဲရှင်သန်နေမဲ့
အလွမ်းတွေ အတွက်
ကျေနပ်ခြင်းများစွာနဲ့ .....ငါ....
..................

ကျေးဇူးပါ....မေမေ


လောကပင်လယ်တောမှာ
ဒုက္ခမုန်တိုင်း ထန်တိုင်း
ပြိုယိုင်လဲချင်ခဲ့ စိတ်ဓာတ်တို့
အရောင်ပျယ်စေခဲ့တာမို့
အရာရာအတွက်
ကျေးဇူးပါ....မေမေ။
လူ့ဘ၀က ရေပွက်ပမာဆိုပေမယ့်
ထွေရာလေးပါးနဲ့ ရောနစ်တဲ့ လု့လောက
တွယ်တာစရာကပေါများလိုက်ပါဘိနှယ်
အတုအယောင်တွေကြား
တုနိုင်းမဲ့ အဖြူရောင်သက်သက်

ပေးဆပ်ခြင်းမေတ္ကာ... အတွက်လည်း
ကျေဇူးပါ......မေမေ။
အယောင်ဆောင်
အငွေ့အသက်တွေကြား ရှင်သန်ရတာ
မောပန်းနွမ်းနှယ်နေပြီမို့
အေးမြတဲ့...အမေ့ရင်ခွင်ကြား
ပြန်လည်တိုးဝှေ့လို့ နေပါရစေတော့လား
မြစ်ရေလို အစုန်သာရှိပြီး
အဆန်မရှိတဲ့ ဂရုဏာ အတွက်
ထာဝရ .......
ကျေးဇူးပါတင်လျှက်ပါ......မေမေ။

ချစ်ခြင်းပုံပြင်(၆)

ဒီ ချစ်ခြင်းပုံပြင်လေးကတော့တကယ့်အဖြစ်လေးပါ..

သူမကျောင်းလှေကားတွေအတိုင်း အပြေးလေးတက်နေခဲ့ပါသည်.အသက်အရွယ်အရ ဇရာရဲ့ဖိစီးမှုက ယခင်လို မသွက်လက်နိုင်တော့ပါ.
အရာရာပြောင်းလဲခဲ့ပါပြီ.ကျောင်းအဆောက်အဦးတွေသည် ယခင်လို အားမာန်အပြည့်နဲ့ ရှိနေခြင်းထက်
သစ်လွင်သော နုပျိုသော အသွင်သစ် အမြင်သစ်ဖြစ်နေခဲ့လေပြီ... နှစ်(၄၀)ကျော်ကြာခဲ့ပြီပဲ..ခေတ်တွေစနစ်တွေပြောင်းခဲ့ပြီးလေပြီ..အရာရာသည်အသစ်ဖြစ်နေလေပြီ...

သူမမှာအသစ်တွေ ကြားက အဟောင်းရဲ့ အငွေ့အသက်တွေကို ပြန်လည်ဖွေရှာရင်း...
လွန်လေပြီးသော အတိတ်ကာလကို ပြန်ပြောင်းအောင်းမေ့နေမိသည်.
သူနဲ့အတူ သူမ ဒီကျောင်းတော်ကြီးမှာ အတူတူ စာသင်ခဲ့ဖူးသည်.မတူညီတဲ့ ခံယူချက်တွေအတွက် အပြင်းအထန်ငြင်းခုန်ခဲ့ဖူးသည်
တက်ကြွတဲ့ လူငယ်တွေပီသစွာ မတူညီတဲ့ ခံယူချက်တွေသဘောထားတွေအတွက် ကွဲလွဲခဲ့ဖူးသည်.
သူနဲ့သူမ အကြား လူတန်းစားမတူညီမှုဆိုတဲ့ စကားလုံးက စည်းခြားစေခဲ့သည်.
ကျောင်းတော်ထဲမှာ သူနဲ့ သူမ အတူပျော်ခဲ့ဖူးသည်.ငိုခဲ့ဖူးသည်.သဘောထားကွဲလွဲခဲ့သည်.
ဘယ်လိုပဲ အမြင်တွေကွဲကွဲ အလွှာတွေခြားခြား ခံယူချက်တွေဆန့်ကျင်ငြားလဲ သူ့ကိုသူမအလွန်ချစ်ခဲ့သည်.
သူကလဲသူမကိုနားလည်ခဲ့သည်.သည်းခံခွင့်လွတ်ခဲ့သည်ပဲလေ..မတူညီမှုတွေကြားမှာ အတူတူ မခွဲအတူ ရှိပါမည်ဆိုတဲ့
သူတို့နှစ်ဦးရဲ့ ဆန္ဒတစုံကို ထိုင်ဝမ်နဲ့ ပြည်မကြီး နှစ်ခြမ်းကွဲခြင်းက ဖျက်ခြွေခဲ့သည်ပဲလေ...

သူမ မိသားစုနဲ့အတူ ထိုင်ဝမ်ကိုပါသွားခဲ့သည့်ထိုနေ့ရက်ထဲက သူနဲ့ ကွဲကွာခဲ့သည်.ခုအချိန် ..နှစ်(၄၀)ကျော် ကြာတဲ့တနေ့
သူနဲ့ဆုံခဲ့ရာ ဒီနေရာကို သူမပြန်ခြေချခဲ့လေပြီ..တသက်တာမှာပြန်မရောက်နိုင်တော့ဘူး ထင်ထားခဲ့သော သူမရဲ့ အမှတ်တရနေရာ
လေးကို ပြန်ရောက်ခွင့် ရခဲ့လေပြီ.သူမဖြတ်သန်းခဲ့သော နှစ်(၄၀)အတွင်း အကိုတွေအမတွေက မွေးသော သားတွေမြေးတွေ ကို စောင့်ရှောက်ရင်း တကိုယ်တည်း အပျိုကြီးဖြစ်နေခဲ့သည်.သူမကို အထီးကျန်တဲ့ ခပ်ကြောင်ကြောင်လို့အမျိုးတွေကထင်ခဲ့ကြသည်.
သူမအထီးကျန်မဆန်ခဲ့ပါ.သူမရင်ထဲမှာ သူတယောက်က အမြဲရှင်သန်နေခဲ့သည်.အမြဲအဖော်ပြုပေးနေခဲ့သည်.

သူနဲ့အတူ ပျော်ခဲ့ဖူးသော ကျောင်းတော်အနှံ့ လျှောက်ကြည့်နေရင်း သူ့အကြောင်းစဉ်းစားနေမိသည်.သူ့ကိုသတိရနေမိသည်
နှစ်(၄၀)ကြာခဲ့ပြီပဲ...
ဒီ အချိန် သူမှ အသက်ရှင်ရက် ရှိနေသေးရဲ့လား
အသက်ရှင်နေခဲ့ရင်ကော ကျန်းကျန်းမာမာရှိရဲ့လား..ဇရာတွေထောင်းတဲ့ အရွယ်ရောက်နေပြီလေ..
သူနဲ့ကွဲကွာနေခဲ့သော အချိန်အတွင်းမှာ အိမ်ထောင်ရက်သားကျလို့ မြေးတွေတောင်ရရောပေါ့လေ..
သူသာပျော်ပျော်ရွင်ရွင်နဲ့ ဘ၀ကိုဖြတ်သန်းနိုင်မယ်ဆိုရင် ကိုယ်ကျေနပ်ပါတယ်...ဒီလိုအတွေးမျိုးဆုံနဲ့ လျှောက်လာရင်း
သူ့ကိုအဖြေပေးခဲ့ရာနေရာ..ကျောင်း ဥယျာဉ်နားရောက်ခဲ့လေပြီ..
အို..လှလိုက်တာ.. သူမအလွန်ကြိုက်သော ပန်းတွေ ..တခင်းပြီးတခင်း ကြည့်နေရင်း ကြည်နူးမိသည်.
ပျော်ရွင်မိသည်. ဒီကျောင်းရဲ့ ဥယျာဉ်မှူးကို သိချင်လာသည်..ဟုတ်တယ် ..သူမ က ပန်းမကြိုက်တတ်သော မိန်းကလေးတယောက်..ခု ဒီပန်းမျိုးကလွဲရင်ပေါ့..သူမကြိုက်သော တမျိုးတည်းသောပန်း..မွှေးရနံ့ ကိုအားပါးတရ
ရှုရှိုက်ရင်း ဖြတ်သွားသော ကျောင်းသူမလေးကိုမေးမိတယ်

”သမီးလေး..ကျောင်းဥယျာဉ်မှူးကို သိလား.အဖွားသူနဲ့ တွေ့ချင်လို့ .သူဘယ်နားမှာရှိတတ်လဲ”

”ကျောင်းဥယျာဉ်ရဲ့ ဟိုဖက်ခြမ်းမှာရှိတတ်တယ် အဖွား..အဖွားတို့အရွယ် အဖိုးတယောက်ပဲ.အဲ့အဖိုးက လူတမျိုး အဖွားရဲ့
အသက်ကြီးပြီမို့ မလုပ်ဖို့ ကျောင်းအုပ်ကြီးကပြောလဲ ..လခ မပေးရင်နေပါ.ဒီ ကျောင်းမှာ ဥယျာဉ်မှူးအဖြစ်နဲ့ သူ အလုပ်လုပ်နိုင်သရွေ့ လုပ်ခွင့်ပေးပါ ဆိုပြီး ဆက်လုပ်နေတာပဲ.ကျောင်းထဲက တခြားနေရာတွေထက် ဒီ နေရာလေးကို ပဲ
ပိုပြီးဂရုစိုက်တတ်တယ် နောက် ဒီနေရာမှာ ဒီ ပန်းတမျိုးပဲစိုက်တယ် တခြားပန်းစိုက်ဖို့ ဘယ်သူကပြောပြောလက်မခံဘူးလေ..
အဖွားတွေ့ချင်ရင် ဟိုဖက်ခြမ်းသွားလိုက်ပါ”

ကျောင်းသူမလေး အဖြေ အပြီးသူမစိတ်ထဲ မျှော်လင့်ချက် တခုလင်းလက်သွားခဲ့သည်.
သူများဖြစ်နေမလား ..
လျှင်မြန်ခြင်းများစွာနဲ့ အတူ ပန်းခြံလေးရဲ့ တခြားတဖက်ခြမ်းကို သူမရောက်ရှိခဲ့ပြီ..ပန်းပင်တွေကြား အဖိုးအိုတဦးရေလောင်းနေသည်ကို သူမမြင်ရလေပြီ..အနီးနားပြေးသွားမိသည်.ဟုတ်တယ် သူမှ သူပါပဲ
သူမှသူပါ ..သို့သော် အရင်လို ဖျတ်လတ်တက်ကြွသော ဟန်ပန်များမရှိတော့ချေ
သူမ သူရှေ့ တွင် ခြေစုံရပ်ရင်း သူ့ကို မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့်ငေးကြည့်နေမိသည်.
ပြောစရာစကားအစ၇ှာမရပါ. သူ သူမကိုမော့ကြည့်သည်.
ပထမ မမှတ်မိ..နောက် အံ့သြမှုတွေနဲ့မျက်ဝန်းတစုံ..
နောက်.. ပါးစပ်ကလဲ ”မင်းပြန်လာပြီနော်..မင်းပြန်လာတဲ့အခါ မင်းကို လက်ဆောင်ပေးရအောင် မင်းကြိုက်တဲ့ပန်းတွေကို စိုက်ရင်း မင်းကိုစောင့်နေခဲ့တာ..ငါ့အိမ်မက်တွေတကယ် ဖြစ်လာခဲ့ပြီ” ဒီ တခွန်းကိုသာ အထပ်ထပ်ပြောရင်း သူမကိုဖက်ပြီး သူရှိုက်ကြီးတငင်ငိုလေပြီ..
သူသည်လဲ သူမပြန်အလာကို နှစ်(၄၀)ကျော် ကြာစောင့်နေခဲ့သည်.သူမမျက်ဝန်းမှာလဲ မျက်ရည်တွေနဲ့ပါ.

သူမရင်ထဲမှာလဲ သူအတွက် စကားတခွန်းကို ထပ်တလဲလဲ ပြောနေမိတယ် .”ဒီတခါတော့ ငါတို့ ဘယ်တော့မှ မခွဲတော့ဘူး .ငါတို့ သေသည့်တိုင် အတူတူ တယောက်ကိုတယောက် ဖေးမကြင်နာရင်း ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို အတူတူဖြတ်သန်းကြမယ်”

<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3


တရုတ်ပြည်နဲ့ ထိုင်ဝမ်နဲ့ နှစ်ခြမ်းမကွဲခင်တခေတ်တခါက တရုတ်ပြည်က အဖိုးနဲ့အဖွားရဲ့ တကယ့်အချစ်စစ် အချစ်မှန်
ဖြစ်ရပ်ကလေးပါ. နှစ်(၄၀)ကျော်ကြာ ကံအကြောင်းမလှလို့ ကွဲကွာခဲ့လဲ တစ်ယောက်ကိုတယောက် သစ္စမပြယ် မေတ္တာမဖယ်ပဲ
ချစ်လျှက်ပါပဲ..
အချိန်/နေရာ ဝေးကွာခြင်းသည် မှတ်ကျောက်တင် မခံနိုင်သော အချစ်များစွာကို အဆုံးသတ်ပေးပြီး စစ်မှန်သည့် အချစ်တို့ကိုမူ ခိုင်မာရင့်ကျက် လေးနက်စေလေသည် ဆိုတဲ့ စကားလေးကို သူတို့နှစ်ဦးကသက်သေပြလိုက်တာပါပဲ
ကဲ..ဒါဆို အခြေအနေအရ ခွဲခွာနေကြရတဲ့ သူငယ်ချင်း စုံတွဲတွေရေ..
ဒီ တရုတ်အဖိုးနဲ့ အဖွားလို ချစ်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း
ဝင်းသု

သံယောဇဉ်



အလျားအနံ မရှိပေမယ့်
အသွားအပြန်နဲ့ စီးဆင်းတတ်တယ်
ကြိုးနဲ့ နှောင်ခြင်းမရှိပေမယ့်
နှောင်ကြိုးတွေ တသီကြီးနဲ့ ရစ်တွဲနေတတ်တယ်
သံသယဖြစ်စရာမလိုပါဘူး…..
မေတ္တာတရား ရဲ့ နက်ရှိုင်းတဲ့
သဘောတရားတွေရဲ့နောက်..မှာ
သံယောဇဉ်တွေ
တကောက်ကောက်လိုက်နေကြတာပေါ့….
..........................................

Saturday, July 13, 2013

ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား?


ဝမ်အမ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးတစ်ခု ပြောပြချင်ပါတယ်။


တစ်နေ့မှာ အားလပ်ရက်ရတဲ့ အိန်ဂျယ်တစ်ပါး လူ့ပြည်ကိုအလည်ရောက်လာခဲ့တယ်။
လူ့ပြည်ကိုရောက်ပြီး ပျင်းတာနဲ့ အိန်ဂျယ်ဟာ ကောင်မလေးတစ်ယောက်ကို
"မင်းရဲ့လိုအင်ဆန္ဒတွေအားလုံး ငါဖြည့်ပေးနိုင်တယ်။ အာဏာ... ငွေကြေး...
ရုပ်ရည်... အချစ်.. ဘာတွေလိုချင်သလဲ" လို့ မေးလိုက်တယ်။ အိန်ဂျယ်အမေးကို
ကောင်မလေး အသေချာစဉ်းစားလိုက်တယ်။ ကောင်မလေးတောင်းဆိုသမျှကို
သူအစွမ်းကုန်ဖြည့်ပေးပြီး သူ့ကို လေးစားကြည်ညိုလာအောင် ဘုန်းတန်ခိုးတွေ
ပြလိုက်မယ်လို့ အိန်ဂျယ်စိတ်ကူးနေခဲ့တယ်။

"ညတိုင်း ကျွန်မအိပ်ရာမဝင်ခင် အရှင့်ဆီက ဝမ်အမ်ဆိုတဲ့စကားတစ်ခွန်းကို
ကြားချင်ပါတယ်"

ကောင်မလေးရဲ့ ရိုးရှင်းတဲ့စကားကိုကြားတော့ အိန်ဂျယ်အံ့သြသွားတယ်။
သူထင်ထားတာက ရုပ်ရည်၊ ငွေကြေး စတာတွေကို ကောင်မလေးတောင်းလိုက်မယ်လို့
ထင်ခဲ့တယ်။

"ကောင်းပြီ.. ဒါ အလွယ်ကူဆုံးပဲ" ဆိုပြီး အိန်ဂျယ်က ဘာမှမစဉ်းစားဘဲ
ကောင်မလေးကို လွယ်လွယ်ကူကူ ဂတိပေးလိုက်တယ်။ ကောင်မလေးက
မျှော်လင့်ချက်အပြည့်နဲ့ ညတိုင်း အိန်ဂျယ်ဆီက "ဝမ်အမ်"
ဆိုတဲ့စကားတစ်ခွန်းကို စောင့်နေခဲ့တယ်။ အိန်ဂျယ်က
ကောင်းကင်ပေါ်ပြန်ရောက်သွားလည်း ကောင်မလေးကို "ဝမ်အမ်"
ဆိုတဲ့စကားတစ်ခွန်းနဲ့ အသဲပုံလေးပါဆွဲပြီး ဂွတ်နိုက်kiss:-*လေးကို
အင်တာနက်ကတစ်ဆင့် အမြဲပေးခဲ့တယ်။ အိန်ဂျယ်ဆီက နှစ်သိမ့်စကားတွေနဲ့
ညတိုင်း ကောင်မလေးကျေကျေနပ်နပ် အိပ်ရာဝင်ခဲ့တယ်။ သူ့အိပ်မက်ထဲမှာတောင်
ကြည်နူးခြင်းရနံ့တွေနဲ့ သင်းပျံ့မွှေးကြိုင်လို့နေတယ်။

ဒီလိုနဲ့ တစ်ခါတလေ အင်တာနက်လိုင်း ပြတ်တောက်သွားရင်
အိန်ဂျယ်ကဖုန်းဆက်ပြီး ကောင်မလေးကို ဝမ်အမ်လို့ပြောတတ်တယ်။
ဖုန်းတစ်ဖက်ကနေ ကောင်မလေးနဖူးလေးကိုနမ်းပြီး အိပ်မက်လှလှမက်ပါစေလို့
ဆုတောင်းပေးတတ်တယ်။

ဒါပေမယ့် ဘယ်အချိန်ကစပြီး အိန်ဂျယ်အလုပ်စရှုပ်ခဲ့မှန်း မသိဘူး!
အလုပ်တွေများလွန်းလို့ ကောင်မလေးကို ဝမ်အမ်လို့ နှုတ်ဆက်ရမှာကို
အိန်ဂျယ်တဖြေးဖြေး မေ့သွားခဲ့တယ်။ ကောင်မလေးက ညတိုင်း
အိန်ဂျယ်ရဲ့"ဝမ်အမ်"ဆိုတဲ့ စကားတစ်ခွန်းကိုပဲ စောင့်မျှော်နေခဲ့တယ်။
စောင့်ခဲ့ပေမယ့် ညတိုင်းစိတ်ပျက်အားငယ်စွာနဲ့ အိပ်ရာဝင်ခဲ့ရတယ်။
အိန်ဂျယ်ရဲ့နှစ်သိမ့်သံတွေ မကြားရတော့ ကောင်မလေးလည်း အိပ်မက်တွေ
ကယောင်ချောက်ချားမက်လို့။ အိပ်မက်ထဲမှာ အဝေးတစ်နေရာကနေ အလုပ်များနေတဲ့
အိန်ဂျယ်ကိုပဲ သူငေးကြည့်နေခဲ့မိတယ်။ အလုပ်မများတော့တဲ့တစ်ရက်
ဝမ်အမ်ပြောဖို့ သူသတိရကောင်း ရလာလိမ့်မယ်လို့ ထင်ပြီး
ကောင်မလေးစောင့်နေခဲ့တယ်။ အိန်ဂျယ်အတိုးချပြီး ပြောလာမယ့် ဝမ်အမ်တွေကို
ကောင်မလေး မျှော်နေခဲ့မိတယ်။

ဒါပေမယ့် နောက်ဆုံးမှာ ကောင်မလေးကိုပါ အိန်ဂျယ်မေ့သွားခဲ့တယ်။
လုံးဝမေ့သွားပြီး ဝမ်အမ်အကြွေးတသီကြီးနဲ့ အဝေးကိုပျံသန်းသွားခဲ့တယ်။

နှစ်အတန်ကြာတဲ့အခါ ကောင်းကင်ပိတ်ရက်ရတဲ့ အိန်ဂျယ်တချို့
လူ့ပြည်ကိုအလည်လာပြန်တယ်။ ကောင်မလေးကိုတွေ့တော့ သူ့ရဲ့လိုအင်ဆန္ဒတွေ
ဖြည့်ဆည်းပေးမယ်လို့ဆိုပြန်တယ်။ အာဏာ၊ အချစ်၊ ငွေကြေး... စတာတွေ
ဘာအလိုရှိသလဲလို့ မေးတော့ ကောင်မလေးက ဘာမှပြန်မဖြေခဲ့တော့ဘူး။
ရိုးရှင်းလွယ်ကူတဲ့သူ့ဆန္ဒကို တန်ခိုးကြီးတဲ့အိန်ဂျယ်လည်း
ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း သူသိနေခဲ့တယ်။

ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား?
ချက်တင်(chatting) ပြောဖူးပါသလား?

တကယ်လို့ပြောဖူးရင် ဖုန်းမချခင် ဒါမှမဟုတ် စက်မပိတ်ခင်
ဝမ်အမ်(ဂွတ်နိုက်)လို့ ပြောတတ်တဲ့အကျင့် ရှိသလား?

ဝမ်အမ်း WAN AN

"WAN AN" ဆိုတဲ့စကားလုံးကို ဖြန့်လိုက်ရင် ထိပ်စီးစာလုံးတွေက
စာလုံးတစ်လုံးစီကို ကိုယ်စားပြုနေတာတွေ့ရလိမ့်မယ်။

WAN AN = Wo Ai Ni, Ai Ni (ဝေါ်အိုက်နီ, အိုက်နီ) နင့်ကိုငါချစ်တယ်၊ ချစ်တယ်
တဲ့။

ဝမ်အမ်လျှို့ဝှက်ချက်ကိုသိသွားပြီးရင် ကိုယ်ချစ်တဲ့သူနဲ့
စကားပြောပြီးတိုင်း "ဝမ်အမ်" (ဂွတ်နိုက်)လို့ နှုတ်ဆက်ဖို့
မမေ့ပါနဲ့နော်..
ကာရံငယ်**YTZK**

အတူတူမအိပ်သင့်တဲ့အရာ (၅)မျိုး


မိတ်ဆွေများအတွက် ဗဟုသုတရစေဖို့ အတူတူမအိပ်သင့်တဲ့ အရာ၅မျိုးအကြောင်းကိုမျှဝေလိုက်ပါတယ်...ရှောင်ကြဉ်နိုင်ကြမယ်လို့မျှော်လင့်လျှက်
၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်...နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့....ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

၂ အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်....အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ
ထားသင့်ပါတယ်.ံ......ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င်
တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်.....

၎.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..


ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်...မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး
ဝက်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်....အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ...

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့
နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့... ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့လို့ပါ....

ဗဟုသုတလေးပါ



၁) ပျမ်းမျှအားဖြင့်ဆိုရင် အစာစားဖို့အတွက် တစ်နေ့မှာ ၈၂ မိနစ်ကြာတဲ့ အချိန်ကိုသင်အသုံးပြုနေရပါတယ်...

၂) အိန္ဒိယနိုင်ငံသားတွေရှိခိုးကိုးကွယ်တဲ့ နတ်ဘုရားအရေအတွက်ဟာ သန်း ၃၀၀ ကျော်ရှိပါတယ်...

၃) သိပ္ပံပညာရှင်တွေက ကြက်ဥထက် ကြက်က အရင်ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်... ဘာကြောင့်လဲဆိုတော့ ကြက်ဥအကာကိုဖြစ်ပေါ်စေတဲ့ အသားဓာတ်ကို ကြက်မတွေကသာ ထုတ်လုပ်နိုင်စွမ်းရှိလို့ပါပဲ...

၎) လူသားတွေအတွက် ပျော်ရွှင်မှုကို ဆက်နွယ်ဖန်တီးပေးနိုင်မှု အများဆုံးအရာကတော့ ခွင့်လွှတ်ခြင်းဖြစ်ပါတယ်...

၅) စာကျက်နေတဲ့အခါ သီချင်းနားထောင်ခြင်းဟာ အာရုံစူးစိုက်မှုပိုကောင်းစေပြီး သင်လေ့လာကျက်မှတ်နေတဲ့အရာကို ပြန်မှတ်မိဖို့ ပိုလွယ်ကူစေပါတယ်...


၆) batman ဆိုတဲ့ စကားလုံးဟာ တစ်စုံတစ်ယောက်ရဲ့ အထိန်းတော် (အစေခံ) ကို ရည်ညွှန်းပါတယ်... ဒါကြောင့် Alfred Pennyworth ကို Batman ရဲ့ batman လို့ ဆိုရမှာဖြစ်ပါတယ်...

၇) သင့်ရဲ့ ဘဝအပေါ်ရှုမြင်ပုံနဲ့ သင်လုပ်ဆောင်ဖို့ရွေးချယ်ထားတဲ့အရာတွေဟာ သင့်ပျော်ရွှင်မှုအပေါ် ၄၀ ရာခိုင်နှုန်း အကျိုးသက်ရောက်ပါတယ်... ဒီအရာတွေထဲမှာ ခင်မင်ရင်းနှီးမှုနဲ့ အလုပ်တို့လည်းပါဝင်ပါတယ်...

၈) ရုပ်မြင်သံကြားကိုကြည့်ရှုနေတဲ့အခါမှာ သင့်ဦးနှောက်လှိုင်းနှုန်းတွေပြောင်းလဲသွားပါတယ်... ရုပ်မြင်သံကြားအလွန်အကျွံကြည့်ရှုခြင်းဟာ နေ့ခင်းအိပ်မက်ဂယောက်ဂယက်တွေမက်စေပြီး အာရုံစူးစိုက်နိုင်စွမ်းကို ကျဆင်းစေပါတယ်...

၉) လူတစ်ယောက်ရဲ့ သဘာဝအတိုင်းအိပ်စက်ပုံကတော့ ပထမဆုံး ၄ နာရီလောက်ကိုအိပ်စက်ပါတယ်... နောက် ၂ နာရီလောက် နိုးနေပြီး နောက်ထပ် ၄ နာရီထပ်အိပ်စက်ကြပါတယ်...

၁၀) စိတ်ပညာဆိုင်ရာလေ့လာချက်တွေအရ ခဏပန်းအချစ်ဆိုတာ အလွန်ဆုံး ၄ လပဲ ခံပါသတဲ့... ဒီထက်ကျော်ပြီဆိုရင်တော့ သင်တကယ်ချစ်မိသွားပါပြီ...

၁၁) ချစ်သူရည်းစားဘဝမှာ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုပြီးလိမ်ဖြစ်ကြပါတယ်...

၁၂) ၄၀ ရာခိုင်နှုန်းနီးပါးသော အမျိုးသားတွေဟာ အမျိုးသမီးတစ်ယောက်ကို ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါမှာ ကိုယ့်ကိုယ်ယုံကြည်မှုသိပ်မရှိကြပါဘူး...
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...