Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Sunday, July 21, 2013

သံယောဇဉ်



အလျားအနံ မရှိပေမယ့်
အသွားအပြန်နဲ့ စီးဆင်းတတ်တယ်
ကြိုးနဲ့ နှောင်ခြင်းမရှိပေမယ့်
နှောင်ကြိုးတွေ တသီကြီးနဲ့ ရစ်တွဲနေတတ်တယ်
သံသယဖြစ်စရာမလိုပါဘူး…..
မေတ္တာတရား ရဲ့ နက်ရှိုင်းတဲ့
သဘောတရားတွေရဲ့နောက်..မှာ
သံယောဇဉ်တွေ
တကောက်ကောက်လိုက်နေကြတာပေါ့….
..........................................

Saturday, July 13, 2013

ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား?


ဝမ်အမ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးတစ်ခု ပြောပြချင်ပါတယ်။


တစ်နေ့မှာ အားလပ်ရက်ရတဲ့ အိန်ဂျယ်တစ်ပါး လူ့ပြည်ကိုအလည်ရောက်လာခဲ့တယ်။
လူ့ပြည်ကိုရောက်ပြီး ပျင်းတာနဲ့ အိန်ဂျယ်ဟာ ကောင်မလေးတစ်ယောက်ကို
"မင်းရဲ့လိုအင်ဆန္ဒတွေအားလုံး ငါဖြည့်ပေးနိုင်တယ်။ အာဏာ... ငွေကြေး...
ရုပ်ရည်... အချစ်.. ဘာတွေလိုချင်သလဲ" လို့ မေးလိုက်တယ်။ အိန်ဂျယ်အမေးကို
ကောင်မလေး အသေချာစဉ်းစားလိုက်တယ်။ ကောင်မလေးတောင်းဆိုသမျှကို
သူအစွမ်းကုန်ဖြည့်ပေးပြီး သူ့ကို လေးစားကြည်ညိုလာအောင် ဘုန်းတန်ခိုးတွေ
ပြလိုက်မယ်လို့ အိန်ဂျယ်စိတ်ကူးနေခဲ့တယ်။

"ညတိုင်း ကျွန်မအိပ်ရာမဝင်ခင် အရှင့်ဆီက ဝမ်အမ်ဆိုတဲ့စကားတစ်ခွန်းကို
ကြားချင်ပါတယ်"

ကောင်မလေးရဲ့ ရိုးရှင်းတဲ့စကားကိုကြားတော့ အိန်ဂျယ်အံ့သြသွားတယ်။
သူထင်ထားတာက ရုပ်ရည်၊ ငွေကြေး စတာတွေကို ကောင်မလေးတောင်းလိုက်မယ်လို့
ထင်ခဲ့တယ်။

"ကောင်းပြီ.. ဒါ အလွယ်ကူဆုံးပဲ" ဆိုပြီး အိန်ဂျယ်က ဘာမှမစဉ်းစားဘဲ
ကောင်မလေးကို လွယ်လွယ်ကူကူ ဂတိပေးလိုက်တယ်။ ကောင်မလေးက
မျှော်လင့်ချက်အပြည့်နဲ့ ညတိုင်း အိန်ဂျယ်ဆီက "ဝမ်အမ်"
ဆိုတဲ့စကားတစ်ခွန်းကို စောင့်နေခဲ့တယ်။ အိန်ဂျယ်က
ကောင်းကင်ပေါ်ပြန်ရောက်သွားလည်း ကောင်မလေးကို "ဝမ်အမ်"
ဆိုတဲ့စကားတစ်ခွန်းနဲ့ အသဲပုံလေးပါဆွဲပြီး ဂွတ်နိုက်kiss:-*လေးကို
အင်တာနက်ကတစ်ဆင့် အမြဲပေးခဲ့တယ်။ အိန်ဂျယ်ဆီက နှစ်သိမ့်စကားတွေနဲ့
ညတိုင်း ကောင်မလေးကျေကျေနပ်နပ် အိပ်ရာဝင်ခဲ့တယ်။ သူ့အိပ်မက်ထဲမှာတောင်
ကြည်နူးခြင်းရနံ့တွေနဲ့ သင်းပျံ့မွှေးကြိုင်လို့နေတယ်။

ဒီလိုနဲ့ တစ်ခါတလေ အင်တာနက်လိုင်း ပြတ်တောက်သွားရင်
အိန်ဂျယ်ကဖုန်းဆက်ပြီး ကောင်မလေးကို ဝမ်အမ်လို့ပြောတတ်တယ်။
ဖုန်းတစ်ဖက်ကနေ ကောင်မလေးနဖူးလေးကိုနမ်းပြီး အိပ်မက်လှလှမက်ပါစေလို့
ဆုတောင်းပေးတတ်တယ်။

ဒါပေမယ့် ဘယ်အချိန်ကစပြီး အိန်ဂျယ်အလုပ်စရှုပ်ခဲ့မှန်း မသိဘူး!
အလုပ်တွေများလွန်းလို့ ကောင်မလေးကို ဝမ်အမ်လို့ နှုတ်ဆက်ရမှာကို
အိန်ဂျယ်တဖြေးဖြေး မေ့သွားခဲ့တယ်။ ကောင်မလေးက ညတိုင်း
အိန်ဂျယ်ရဲ့"ဝမ်အမ်"ဆိုတဲ့ စကားတစ်ခွန်းကိုပဲ စောင့်မျှော်နေခဲ့တယ်။
စောင့်ခဲ့ပေမယ့် ညတိုင်းစိတ်ပျက်အားငယ်စွာနဲ့ အိပ်ရာဝင်ခဲ့ရတယ်။
အိန်ဂျယ်ရဲ့နှစ်သိမ့်သံတွေ မကြားရတော့ ကောင်မလေးလည်း အိပ်မက်တွေ
ကယောင်ချောက်ချားမက်လို့။ အိပ်မက်ထဲမှာ အဝေးတစ်နေရာကနေ အလုပ်များနေတဲ့
အိန်ဂျယ်ကိုပဲ သူငေးကြည့်နေခဲ့မိတယ်။ အလုပ်မများတော့တဲ့တစ်ရက်
ဝမ်အမ်ပြောဖို့ သူသတိရကောင်း ရလာလိမ့်မယ်လို့ ထင်ပြီး
ကောင်မလေးစောင့်နေခဲ့တယ်။ အိန်ဂျယ်အတိုးချပြီး ပြောလာမယ့် ဝမ်အမ်တွေကို
ကောင်မလေး မျှော်နေခဲ့မိတယ်။

ဒါပေမယ့် နောက်ဆုံးမှာ ကောင်မလေးကိုပါ အိန်ဂျယ်မေ့သွားခဲ့တယ်။
လုံးဝမေ့သွားပြီး ဝမ်အမ်အကြွေးတသီကြီးနဲ့ အဝေးကိုပျံသန်းသွားခဲ့တယ်။

နှစ်အတန်ကြာတဲ့အခါ ကောင်းကင်ပိတ်ရက်ရတဲ့ အိန်ဂျယ်တချို့
လူ့ပြည်ကိုအလည်လာပြန်တယ်။ ကောင်မလေးကိုတွေ့တော့ သူ့ရဲ့လိုအင်ဆန္ဒတွေ
ဖြည့်ဆည်းပေးမယ်လို့ဆိုပြန်တယ်။ အာဏာ၊ အချစ်၊ ငွေကြေး... စတာတွေ
ဘာအလိုရှိသလဲလို့ မေးတော့ ကောင်မလေးက ဘာမှပြန်မဖြေခဲ့တော့ဘူး။
ရိုးရှင်းလွယ်ကူတဲ့သူ့ဆန္ဒကို တန်ခိုးကြီးတဲ့အိန်ဂျယ်လည်း
ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း သူသိနေခဲ့တယ်။

ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား?
ချက်တင်(chatting) ပြောဖူးပါသလား?

တကယ်လို့ပြောဖူးရင် ဖုန်းမချခင် ဒါမှမဟုတ် စက်မပိတ်ခင်
ဝမ်အမ်(ဂွတ်နိုက်)လို့ ပြောတတ်တဲ့အကျင့် ရှိသလား?

ဝမ်အမ်း WAN AN

"WAN AN" ဆိုတဲ့စကားလုံးကို ဖြန့်လိုက်ရင် ထိပ်စီးစာလုံးတွေက
စာလုံးတစ်လုံးစီကို ကိုယ်စားပြုနေတာတွေ့ရလိမ့်မယ်။

WAN AN = Wo Ai Ni, Ai Ni (ဝေါ်အိုက်နီ, အိုက်နီ) နင့်ကိုငါချစ်တယ်၊ ချစ်တယ်
တဲ့။

ဝမ်အမ်လျှို့ဝှက်ချက်ကိုသိသွားပြီးရင် ကိုယ်ချစ်တဲ့သူနဲ့
စကားပြောပြီးတိုင်း "ဝမ်အမ်" (ဂွတ်နိုက်)လို့ နှုတ်ဆက်ဖို့
မမေ့ပါနဲ့နော်..
ကာရံငယ်**YTZK**

အတူတူမအိပ်သင့်တဲ့အရာ (၅)မျိုး


မိတ်ဆွေများအတွက် ဗဟုသုတရစေဖို့ အတူတူမအိပ်သင့်တဲ့ အရာ၅မျိုးအကြောင်းကိုမျှဝေလိုက်ပါတယ်...ရှောင်ကြဉ်နိုင်ကြမယ်လို့မျှော်လင့်လျှက်
၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်...နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့....ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

၂ အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်....အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ
ထားသင့်ပါတယ်.ံ......ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င်
တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်.....

၎.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..


ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်...မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး
ဝက်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်....အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ...

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့
နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့... ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့လို့ပါ....

ဗဟုသုတလေးပါ



၁) ပျမ်းမျှအားဖြင့်ဆိုရင် အစာစားဖို့အတွက် တစ်နေ့မှာ ၈၂ မိနစ်ကြာတဲ့ အချိန်ကိုသင်အသုံးပြုနေရပါတယ်...

၂) အိန္ဒိယနိုင်ငံသားတွေရှိခိုးကိုးကွယ်တဲ့ နတ်ဘုရားအရေအတွက်ဟာ သန်း ၃၀၀ ကျော်ရှိပါတယ်...

၃) သိပ္ပံပညာရှင်တွေက ကြက်ဥထက် ကြက်က အရင်ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်... ဘာကြောင့်လဲဆိုတော့ ကြက်ဥအကာကိုဖြစ်ပေါ်စေတဲ့ အသားဓာတ်ကို ကြက်မတွေကသာ ထုတ်လုပ်နိုင်စွမ်းရှိလို့ပါပဲ...

၎) လူသားတွေအတွက် ပျော်ရွှင်မှုကို ဆက်နွယ်ဖန်တီးပေးနိုင်မှု အများဆုံးအရာကတော့ ခွင့်လွှတ်ခြင်းဖြစ်ပါတယ်...

၅) စာကျက်နေတဲ့အခါ သီချင်းနားထောင်ခြင်းဟာ အာရုံစူးစိုက်မှုပိုကောင်းစေပြီး သင်လေ့လာကျက်မှတ်နေတဲ့အရာကို ပြန်မှတ်မိဖို့ ပိုလွယ်ကူစေပါတယ်...


၆) batman ဆိုတဲ့ စကားလုံးဟာ တစ်စုံတစ်ယောက်ရဲ့ အထိန်းတော် (အစေခံ) ကို ရည်ညွှန်းပါတယ်... ဒါကြောင့် Alfred Pennyworth ကို Batman ရဲ့ batman လို့ ဆိုရမှာဖြစ်ပါတယ်...

၇) သင့်ရဲ့ ဘဝအပေါ်ရှုမြင်ပုံနဲ့ သင်လုပ်ဆောင်ဖို့ရွေးချယ်ထားတဲ့အရာတွေဟာ သင့်ပျော်ရွှင်မှုအပေါ် ၄၀ ရာခိုင်နှုန်း အကျိုးသက်ရောက်ပါတယ်... ဒီအရာတွေထဲမှာ ခင်မင်ရင်းနှီးမှုနဲ့ အလုပ်တို့လည်းပါဝင်ပါတယ်...

၈) ရုပ်မြင်သံကြားကိုကြည့်ရှုနေတဲ့အခါမှာ သင့်ဦးနှောက်လှိုင်းနှုန်းတွေပြောင်းလဲသွားပါတယ်... ရုပ်မြင်သံကြားအလွန်အကျွံကြည့်ရှုခြင်းဟာ နေ့ခင်းအိပ်မက်ဂယောက်ဂယက်တွေမက်စေပြီး အာရုံစူးစိုက်နိုင်စွမ်းကို ကျဆင်းစေပါတယ်...

၉) လူတစ်ယောက်ရဲ့ သဘာဝအတိုင်းအိပ်စက်ပုံကတော့ ပထမဆုံး ၄ နာရီလောက်ကိုအိပ်စက်ပါတယ်... နောက် ၂ နာရီလောက် နိုးနေပြီး နောက်ထပ် ၄ နာရီထပ်အိပ်စက်ကြပါတယ်...

၁၀) စိတ်ပညာဆိုင်ရာလေ့လာချက်တွေအရ ခဏပန်းအချစ်ဆိုတာ အလွန်ဆုံး ၄ လပဲ ခံပါသတဲ့... ဒီထက်ကျော်ပြီဆိုရင်တော့ သင်တကယ်ချစ်မိသွားပါပြီ...

၁၁) ချစ်သူရည်းစားဘဝမှာ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုပြီးလိမ်ဖြစ်ကြပါတယ်...

၁၂) ၄၀ ရာခိုင်နှုန်းနီးပါးသော အမျိုးသားတွေဟာ အမျိုးသမီးတစ်ယောက်ကို ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါမှာ ကိုယ့်ကိုယ်ယုံကြည်မှုသိပ်မရှိကြပါဘူး...

Sunday, June 9, 2013

"ငါရယ်..လမ်းလေးရယ်..ညနေခင်းလေးရယ်"



မထူးဆန်းပါဘူး....
ငါရယ်...
ဒီလမ်းလေးရယ်....
ညနေခင်းလေးရယ်ပေါ့....
ဒဏ်ရာတွေကုန်အောင်တဖွဲဖွဲရွာချလဲ 
မိုးတိမ်ပဲ ပြန်ပြန်ဖြစ်နေတဲ့ ငါ့ဘ၀လေ...
ခါးသီးလို့  ရပ်တန့် လိုက်ချင်လဲ
အသက်ရှူသံလို ဖက်တွယ်ထားမိတယ်....
မုန်တိုင်းမိုးတွေလို
ငါ့ကို ခဏတာစိုစွတ် ဖျားနာစေခဲ့သူရေ...
မင်း ဖြောင့်ဖြူး ညင်သာဖို့ 
ငါဟာ မြစ်ကျိုးအင်းတစ်ခုပါ...........
အသီးအနှံအပွင့် တို့ အတွက်
စာခြောက်ရုပ် အဖြစ်လေ..........။

ထားခဲ့ပါ........
ငါ့ကို တသက်လုံးရှုံးစေခဲ့တဲ့
မင်းအပြုံးလေး....နောက်တကြိမ်ဘဲ လိုပါတယ်....
တောင်ပံခတ်ဖို့  အားမရှိလဲ
လေဟုန်စီးလာခဲ့မယ်....
အတားအဆီးဆိုတာ
ရင်မဆိုင်ရဲသူတွေရဲ့ ဆင်ခြေတစ်ခုပါ....
ရပ်တန့် ခိုင်းတဲ့ သင်္ကေတကို နားလည်တဲ့ငါ့အတွက်
ဘယ်နတ်ဘုရားဆီ ပြစ်ဒဏ်ကျူးလွန်ခွင့် တောင်းရမလဲ..........။

                                              မင်းစိတ်တိုင်းကျ ရေးဖို့ ပေးတဲ့
                                          ငါ့ ဘယ်ဘက်ရင်ခွင် စာရွက်လွတ်မှာ
                                             စကားလုံးရှားပါးတဲ့ မင်းလေ...
                                       " မုန်းတယ် " ကိုမှ အတင်းရေးတယ်...
                                 မပိုင်ဆိုင်ရမှန်း ကြိုသိခဲ့ရင် တင်ထားတဲ့လေးနဲ့ 
                                         ငါ့ကိုယ်ငါ ပြန်ပစ်မိခဲ့မယ်....သီတာ...
                                              ရေတ၀က်ရှိတဲ့ခွက်ကိုတောင်
                                  အပေါ်ပိုင်း အောက်ပိုင်း ခွဲကြည့်မိတဲ့ နင်နဲ့ ငါ
                                      ဘယ်ကမ္ဘာမှာမှ ဆုံမလဲ မသိဘူးနော်....

                                                   မထူးဆန်းပါဘူး....
                                                        ငါရယ်...
                                                     ဒီလမ်းလေးရယ်....
                                                  ညနေခင်းရယ်ပေါ့....
                                              တစ်ခုတော့တိုးလာတယ်...
                            ငါ့ကိုသေမိန့် ချတော့မယ့်....အလွမ်းဆိုတဲ့ကောင်ရယ်......။

"ပြန်ဆုံဖြစ်ကြရင်"

"နင်နောင်တမရပါစေနဲ့"

ပေးခဲ့ဘူးတဲ့အချစ်တွေ


မထိုက်လို့ လွဲခဲ့တဲ့ 

နင်အချစ်တွေအတွက် ..ငါနောင်တ မရဘူး


သုံးစွဲလိုက်ရတဲ့ ငါ့အချိန်တွေ


နင်အလွဲသုံးစား လုပ်ခဲ့တဲ့


ငါ့ မျှော်လင့်ခြင်းတွေ အတွက်လဲ ငါနောင်တ မရဘူး


ရယူမှုတွေ မပါပဲ ပေးဆပ်ခဲ့တဲ့ အကြိမ်တွေနဲ့


ငါ့ရဲ့ တန်ဖိုးထားမြတ်နိုးမှုကို နားမလည်ပဲ


အပေါ်ယံတွေနဲ့ ပျော်ရွှင်ခဲ့တာတွေ အတွက် ငါနောင်တမရဘူး


အချစ်တစ်ခုကို အတည်ပြုပြီး နင့်ကိုပဲ ရူးခဲ့တဲ့


နင် သံယောဇဉ်တွေ အတွက်လဲ ငါနောင်တ မရဘူး 


အချစ်တစ်ခုကို အတည်ပြုပြီး နင့်ကိုပဲ ရှုးခဲ့တာ


တွယ်တာသမျှကို ဥပေက္ခာပြုရင်း တစိမ်းဆန်ခဲ့တဲ့


နင့်သံယောဇဉ်တွေ အတွက်လဲ  ငါနောင်တမရဘူး


နင်စိတ်ပျက်အားငယ်တိုင်း


နင့်ဆီရောက်လာပြီး အားငယ်မှုတွေ ဖျောက်ဖျက်ပေးခဲ့တာတွေ


နင်ပျော်ရွှင်တဲ့ အခါတိုင်း


ငါ့ကို မေ့ထားခဲ့တာတွေ အတွက် ငါနောင်တမရဘူး


တခြားသူနဲ့ နင်ပျော်မြူးနေချိန်တိုင်း


ကျခဲ့ရတဲ့ ငါမျက်ရည်အတွက်


နင့်ဘေးမှာ ဘယ်သူမှ မရှိတဲ့အခါ ငါ့ရဲ့ ဂရုစိုက်မှုတွေကို


နင်အလိုရှိခဲ့တာတွေ အတွက်လဲ ငါနောင်တ မရဘူး


နောက်ဆုံး နာကျည်းမှုတွေများခဲ့လို့


နင့်ကို မေ့ရက်သွားခဲ့တဲ့ ငါ့နှလုံးသား တစ်ခုအတွက်လဲ


နင် နောင်တမရပါစေနဲ့

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...