အချစ်...
မချစ်နိုင်မှန်းသိနေလျက်နဲ့
ငါလွမ်းဆွေးစွာ
တမ်းတနေဆဲ....
သူအချစ်ကို မရနိုင်ပေမယ့်
ပြောင်းလဲလို့မရပါလား ...
နှစ်ကိုယ်တူချစ်တဲ့
အချစ်စစ်ကို
ငါမရနိုင်တာအသေချာပါပဲ....
ဒါပေမယ့်
တစ်ဖက်သက်နဲ့
တိတ်တခိုးအချစ်တွေက
သူအနားမှာ
ရှင်သန်နေလို့ကောင်းနေဆဲ...
သူသိအောင်
ပြောပြချင်ပေမယ့်
သူမမြင်နိုင်တဲ့
ငါရင်တွင်းခံစားမှုကြောင့်
သူစိတ်ပင်ပန်းမှာ
ငါအလိုမရှိပါ..
ခံစားမှုတစ်ပွေ့တစ်ပိုက်နဲ့
ဗလောင်ဆူနေခဲ့တဲ့
တိတ်တခိုးအချစ်တွေနဲ့
နင့်ကိုချစ်နေဆဲပါ....
* ကန့်သတ်ထားတဲ့ စည်းတွေနဲ့
စောင့်ထိန်းရမယ့် အသိတွေကြားမှာ
ချစ်စကားတစ်ခွန်းက
ပျောက်ကွယ်စပြုရတော့မှာလား
* သူငယ်ချင်းနှစ်ယောက်ကြားမှာ
သံယောဇဉ်
* မုန်းသူနှစ်ယောက်ကြားမှာ
မာန တရား
* ချစ်သူတွေကြားမှာ
ရင်ခုန်သံဇဉ်တွေဆိုရင်
* တို့နှစ်ယောက်ကြားမှာ
ဘာရှိနိုင်မလဲ ...?

* အချစ်ဆိုတာ
တစ်ခါတစ်ခါမှာ ခွန်အားတွေပေးနိုင်ပြီး
တစ်ခါတစ်ခါကျတော့လည်း
ကိုယ့်ဆီက အရာအားလုံးကို
နုတ်ယူသွားသလိုပဲ ....
* တစ်ခါတစ်ခါ
မျှော်လင့်ချက်တွေ
ဖြစ်ပေါ်စေခဲ့သလို
တစ်ခါတစ်ခါကျတော့
မျှော်လင့်ချက်မဲ့
လမ်းပျောက်ခဲ့၇ပြန်တယ်...
* တစ်ခါတစ်ခါ
ပျော်ရွှင်ဖူးပါရဲ့
တစ်ခါတစ်ခါကျတော့
တိတ်ဆိတ်စွာ အထီးကျန်ခဲ့တယ်...
* အချစ် အချစ်...
နောက်ဆုံး ဇတ်သိမ်းတစ်ခုက
လူတိုင်းကို
ပျော်၇ွှင်စေတာလား ၊
ကြေကွဲစေမယ့်အရာများလား ...
* ဇတ်သိမ်းပိုင်း
မရေရာတာကိုသိလျှက်နဲ့
အချစ်ပင်လယ်ထဲမှာ
ငါဘယ်လောက်ထိ
ဘယ်အချိန်ထိ ကူးခေတ်နေအုံးမှာလဲ...
* တစ်ခါတစ်ခါကျတော့
မျှော်လင့်မိပါတယ်
ငါရဲ့မေခလာနတ်သမီးလေးကိုပေါ့....
ငါရဲ့လမ်းပျောက်မှုတွေမှာ
လမ်းတစ်လမ်းလောက်တော့
ကူရှာပေးဖို့အတွက် .........

သူဆီက
အပြုံးတစ်ပွင့် ကြွေကျလာတဲ့အခါ
ကြည်နူး ညင်သာစွာနဲ့
ငါကောက်ယူပါစေ....
သူဆီက
အနမ်းတစ်ပွင့် ကြွေကျလာတဲ့အခါ
ရင်ခုန်လှိုက်ဖိုစွာနဲ့
ငါ ခံယူနေပါစေ...
သူဆီက
ကြွေမျက်ရည်စတွေ
ငါ့ရှေ့ ကျလာတဲ့ အခါ
ငါ့ရဲ့နားလည်မှု တံဆိပ်လေးပါတ်ထားတဲ့
ေ၇သန့်လေးနဲ့ ဖြူစင်အောင်
ဆေးကြောပေးပါစေ.....

အင်္ကျီပေါ်မှာထင်ကျန်နေတဲ့နှုတ်ခမ်းနီရာတို့ သေသွားပြီ ။
မင်းရယ် ... ငါရယ် လက်ကျန်အသက်ရယ်
အားလုံး သေသွားခဲ့ကြပြီ။
မင်းမငိုခင် ငါက သေသွားရမှာ ။
ကမ္ဘာ့စွမ်းအင်သုံးစွဲမှုပြဿနာ၊ နျူးကလီးယား သတင်း ၊ ခေါင်းကိုက်ပျောက်ဆေး
ဒါတွေကို စီးကရက်ဖင်စီခံတွေလို ငါတောက်ချထားခဲ့လိုက်ပြီ
လေးနှစ်လောက်ဂါနေတဲ့ ယောက်ျားတစ်ယောက်ရဲ့တပ်မက်မှုတွေက
ပွန်း ဆိုက်တွေဝင်ပြီး ကိုရီးယား နဲ့ထိုင်းမလေးတွေပုံရဲ့ Like ခလုတ်အပေါ်မှာကလဲ့စားချေပစ်တယ်။
မင်း ရင်သားကြားထဲ ထိုးထည့်သွားတဲ့စောက်ရေးမပါတဲ့ ငွေကြေးနဲ့ ကိုကင်းတွေကိုထားပြီး ပြန်လာခဲ့လိုက်တော့။
အသိဥာဏ်ကို ညာညာပြီး ကစားကြည့်မိတယ်။
သက်တူရွယ်တူတွေနဲ့ ငါ့ကိုနှိုင်းယှဉ်ပြီး ငါ့ကို ပစ်ချမထားခဲ့ကြပါနဲ့။
နေ့စဉ်ကြုံတွေ့နေရတဲ့ လူတွေရဲ့ မျက်လုံးစိမ်း တွေကို ငါ ခါးတယ်။ ငါ့ကို သနားပါ။
နာကျင်တဲ့စိတ်ဟာ အစောဆုံး ပန်းဝင်လာတယ်။
အနုပညာလည်း မလိုအပ်ဖူး။ လူတွေလည်း မလိုအပ်ဖူး။ ဆိုက်ကို ထိနေတဲ့ အခေါ်အပြောတွေကိုလည်း မလိုအပ်ဖူး။
Ring Tone မြည်သံကို ဗုံးတစ်လုံး ပေါက်ကွဲခါနီးအချိန်လို အရသာခံကြည့်မိတဲ့စိတ္တဇ ။
လူတွေဟာဖောက်ပြန်နေကြတယ်။ နည်းပညာတွေ သုံးတော့ ဖောက်ပြန်မှုတွေဟာ ပိုချိုမြိန်လှပလာကြတယ်။
တဆစ်ဆစ်ကိုက်ခဲနေတဲ့ အပေါ်ယံလူမှုရေးအပြုံးတွေ ။
လူတွေကို ဒုက္ခအများကြီးပေးပြီးမှ သေသွားတဲ့လူတစ်ယောက်ဖြစ်ချင်တဲ့ အစွန်းရောက်စိတ်။
ခု ဆို တာလီဘန်တွေကို မမုန်းတော့ဘူး။ အသေခံဗုံးတွေ ပိုက်လွယ်ပြီး လူအုပ်ထဲပြေးဝင်ခဲ့ရတဲ့ လူတွေကို မမုန်းတော့ဘူး။
အပြစ်မဲ့သူတွေ ဆိုတဲ့ စကားလုံးကို သံသယ စိတ်နဲ့ဖတ်မိတတ်လာ။
ငါ့ကို နှိမ်ဆဲကြတော့မှာ ။ အခွင့်အရေးကို ချောင်းမြောင်းနေတဲ့ ကျည်ဆံတွေနဲ့ တရစပ် ပစ်ခတ်ကြတော့မှာ။
ရေများရာ မိုးရွာ IDEOLOGY နဲ့ ခင်ဗျားတို့ Society ဟာ မသမာကောင်။ မုဒိန်းကောင်။
ကျော့ကွင်းထဲ ချပေးထားတဲ့ မေတ္တာတရားနဲ့ ခင်ဗျားတို့ဟာ လူအုပ်နဲ့လုပ်ကြံသူတွေ။
ငါ့ ကိုယ် ငါ ကြောက်ရွံ့လာတယ်။ ငါဟာ အသေလေး အဖြစ် မွေးခဲ့ရင် သိပ်ကောင်းမှာ။
ငါ့တစ်ယောက်တည်းနေထိုင်မှုကို ဘယ်သူက မီးခိုးဗုံးပစ်ထည့်ပြီး အတင်းဝင် ထိုးစစ်ဆင်သလဲ။
လူတွေရဲ့ စိတ်ဝင်စားမှုကို မျှားယူတဲ့ ဇာတ်လမ်းတွဲတွေကို မုန်းတယ်။
အသက်ရှင်ဖို့သက်သက် စားသုံးနေရတဲ့ အစားအစာတွေဟာ ငါ့ လျှာကို rape လုပ်။
အမြင်သက်သက်နဲ့ မမှီမကမ်းလှမ်းဆွဲလိုက်မိတဲ့ အချစ်ဆိုတာလည်း
ဓါးတစ်ချောင်း အဖြစ် ငါ့လက်ချောင်းတွေကို ထိုးစိုက်ချပစ်လိုက်တော့တာပဲ။
ဒါကို ခင်ဗျားတို့က အသဲကွဲပြီး ရမ်းကားနေတဲ့ လူငယ်လို့နာမည်ပေးလိုက်ကြတယ်။
ကျေးဇူးတင်တယ်။

မှောင်မိုက်နေတဲ့ညတံတိုင်းတွေရဲ့အလယ်မှာ
မောင်တစ်ယောက်ကြယ်ကြွေတွေ
လိုက်ကောက်နေမိပြီ
လမင်းငယ်ရေ........
ဝေးကွာခြင်းနဲ့စွန့်ခွါခြင်းဆိုတဲ့
လမ်းချိုးနှစ်ခုဟာ...........
အတိမ်အနက်၊ အလင်းအမှောင်တူသယောင်ရှိပေမဲ့
အချစ်ငတ်ခဲ့သူရဲ့ရင်ဘက်မှာ
သံသရာပွင့်ဖတ်တွေခြွေတိုင်း
အလွမ်းဝတ်မှုန်တို့ဂုဏ်သတ္တိမဲ့ခဲ့ရပြီလေ
ဘယ်ရက်ပြန်လာမလဲရယ်လို့
လက်ရေချိုးနေခဲ့တာ
ရက်တွေတောင်မောင့်ကိုညှိုးနေခဲ့ပါပြီ
လမင်းငယ်ရေ.............
မောင်ဟာရမ္မက်နွံ၊ အချစ်နွံ ကျွံနေတဲ့
ဘီလူးကြီးကွဲ့
သွေးဆာနေတဲ့ရင်ဘက်ကနှလုံးသားအတွက်
ကိုယ့်အစွယ်ကိုယ်ရိုးရိုးသားသား
ပြန်မဖြတ်နိုင်တဲ့ကောင်ပါ
အနက်ရောင်ကတ္တီပါခင်းထားတဲ့မောင့်ရင်ထဲမှာ
လမင်းငယ်ဆိုတဲ့ပုံရိပ်တွေ
ခဏတာခိုဝင်ခဲ့ပေမဲ့
ဗီးနပ်စ်တို့ဖန်ဆင်းတဲ့မှော်ဝင်အိမ်မက်တွေထဲမှာ
မောင်တစ်ယောက်..........
ရှာပုံတော်ဖွင့်ခဲ့ရပေါင်းလဲများလှပါပြီကွယ်.....
လမင်းငယ်ရေ...........
အလွမ်းဆိုတာ
အချစ်ရဲ့ရသချိုချိုကို
ဆန္ဒတို့ကလက်ခတ်တစုံနဲ့တီးစဉ်
လျှံထွက်လာတဲ့သံစဉ်အိုပါကွာ
တစ်ခါကခဲ့ဖူးတဲ့
နွေရဲ့ရင်ခွင်ဟာ...........
ပူ.........လင်း...........ပြင်း............ခြောက်
လို့
ခုဆို..................သစ်ရွက်ခြောက်တွေတောင်
လှဲလျောင်းရာအရပ်ဖြစ်နေပြီ
မောင့်ကိုချည်ထုံးပြီးရုန်းဖြတ်သွားတဲ့
သံယောဇဉ်ကြိုးစတဖက်နဲ့
လမင်းငယ်ပြောဖူးတဲ့အိပ်ယာဝင်ပုံပြင်တွေလင်းလက်ဖို့
အဲဒီ........ပဲ့ကြွေနေတဲ့ကြယ်စတွေကို
မောင်............ပြန်သီကုံးရဦးမယ်..............လမင်းငယ်ရေ
လမင်းငယ်ရေ..........
ဘယ်ကောင်းကင်မှာပဲသာနေသာနေ
နွေရင်ခွင်ရဲ့အသက်ရှုသံကို
ကြားယောင်နေခဲ့ရင်
တရံခါလောက်တော့ထွန်းလင်းပြပေးပါ။