Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Thursday, May 16, 2013

မရွာပဲနဲ့ မညိုပါနဲ့မိုး


မရွာပဲနဲ့ မညိုပါနဲ့မိုး

ဘယ်အငြိုးများနဲ့ 

ကျီစားသလဲ

မသည်းရင်နေ

ဖွဲ့စွေ့စွေ့တောင် ကျေနပ်တယ်

ခုတော့ဖြင့်

ရွာမည်ဟန်ပြ

ရွာမချခဲ့

မာနနဲ့ မာန်တွေတိုးတော့

မျော်သူရင်မော ပြောချင်မိရဲ့

ငဲ့ကွက်တတ်လျင် 

နောင်ရွာမည်ဆိုမှ

ရွာပါမိုး......။

ရဲတေဇကျော်

Monday, May 13, 2013

လိမ်ညာသူကိုအကဲခတ်နည်း





ချစ်သူများ အကြားမှာဖြစ်စေ၊ စီးပွားရေး ဆက်ဆံမှုမှာ ဖြစ်စေ၊ နိုင်ငံရေး စည်းရုံးရာမှာဖြစ်စေ အမှန်တရားနှင့် လိမ်ညာခြင်းကို ခွဲခြားတတ်ဖို့ အလွန်အရေးကြီးပါသည်။ တကယ်တော့ လူတစ်ယောက် လိမ်ညာစကား ပြောနေသည်ကို သိနိုင်ရန် အလွန် ခက်ခဲလှပါသည်။ အချို့မှာ အမှန်ပြောနေသလိုပင် လွယ်လွယ်ကူကူ လိမ်ညာ စကား ပြောဆိုတတ် လေ့ရှိသည်။ မည်သို့ဖြစ်စေကာမူ သင်သည် ထိုလူတစ်ဦးက သင့်အား လိမ်ညာပြောနေသည် ဟုတ်မဟုတ်ကို သိမြင် နားလည် တတ်ဖို့လိုပါမည်။ သို့မဟုတ်ပါက သင်သည် သူတပါး၏ လိမ်ညာ လှည့်ဖျားခြင်းကို အလွယ်တကူ ခံရပါလိမ့်မည်။ သို့ရာတွင် လူတစ်ယောက်က သင့်အားလိမ်ညာနေခြင်းကို သင်မည်သို့ သိနိုင်မည်နည်း။ လူတစ်ယောက်က လိမ်ညာစကား ပြောနေသည်ကို သိနိုင် ကြည့်မြင်နိုင်သော နည်းလမ်းများ ရှိပါသည်။ ထိုနည်းလမ်းမှာ လူတစ်ယောက်၏ ဟန်ပန် အမူအယာကို သေသေချာချာ ကြည့်တတ်ရန်ပင် ဖြစ်ပါသည်။ လိမ်ညာစကားပြောသူ တို့၏ ယေပူယျ အမူအယာများမှာ စိုးရိမ်ကြောက်လန့်သည့် အမူအယာ၊ မျက်နှာလွဲတတ်သည့် အမူအယာ၊ မျက်တောင် အလွန်ခတ်သည့် အမူအယာ၊ လက်ကနာမငြိမ်သည့် အမူအယာတို့ ဖြစ်ကြသည်။
လူတစ်ယောက်၏ အမူအယာကို ကြည့်မြင်တတ်ဖို့မှာ လူတစ်ယောက် လိမ်ညာနေသည်ကို သိနိုင်ရန် အလွန်အရေးပါသည့် အချက်ဖြစ်သည်ဟု စိတ်ပညာရှင် ပါရဂူကြီးတစ်ဦးက အောက်ပါအတိုင်း ရှင်းပြခဲ့ဖူးသည်။
  • လူတစ်ယောက်သည် မျက်လုံးခြင်းဆိုင် ကြည့်ရန် ရှောင်ဖယ် တတ်ခြင်း၊ မျက်လုံးမှာ တနေရာ ထဲတွင် မကြည့်နေဘဲ ပတ်ဝန်းကျင်ကို ဝေ့ပတ် ကြည့်နေခြင်းနှင့် မျက်တောင် မကြာခဏ ခတ်နေခြင်း စသည်တို့သည် စကား ပြောရသည့် အခါမှာ သက်တောင့် သက်သာ မရှိသည့် စိတ်ပညာ ဆိုင်ရာ အခြေအနေ ဖြစ်ပြီး ထိုအခြေအနေ မျိုးမှာ လူတစ်ယောက်သည် လိမ်ညာနေခြင်း၊ ဟန်ဆောင် နေခြင်း တို့ကြောင့် ဖြစ်တတ်သည်။
  • လူတစ်ယောက်သည် စကား ပြောစဉ် စိတ်ရှုတ်သည့်ဟန် ဖြစ်ခြင်းသည်လည်း လူတစ်ယောက်မှာ သူလိမ်ညာနေစဉ် ထိုလိမ်ညာခြင်း အပေါ်တွင် ဘယ်လို ဆင်ခြေ ပေးရမည်ကို တစ်ချိန်တည်း စဉ်းစား တတ်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြင့် သူ့၏ စကား အသွား အလာ အပေါ်မှာ အာရုံစိုက်မှုကို ပြတ်တောင်း စေပြီး၊ အနည်းငယ် ရောထွေး ရှုတ်ထွေးသွား စေတတ်သည်။
  • လိမ်ညာ ပြောသူတို့မှာ အများအားဖြင့် စကားကို အလွန်မြန်အောင် ပြောလေ့ ရှိတတ်ပြီး၊ သို့မဟုတ်ပါက တိုတို တောင်းတောင်း ပြတ်တောက် ပြတ်တောက် ပြောတတ်ပြီး၊ အခြေအနေ တရပ်ရပ်ကို တစ်ဖက်လူ အမြန်ဆုံး လက်ခံလာအောင်၊ သို့မဟုတ် ထိုအကြောင်းအရာ၏ ထွက်ပေါက်မှ အမြန် ထွက်နိုင်အောင် လုပ်တတ်ကြသည်။
  • လိမ်ညာသူ တစ်ဦး၏ ဟန်ပန် အမူအယာကို သေသေချာချာ ကြည့်လျှင် သူသည် ကိုယ့်ကိုယ်ကို ကာကွယ် နေသည့်ဟန် အမူအယာမျိုး ဖြစ်နေသည်။ သူတို့မှာ ကိုယ့်ကိုယ်ကို ခုခံသည့် လှုပ်ရှားမှုမျိုး ဖြစ်သည့် နောက်သို့ ခြေလှမ်း ဆုတ်ခြင်း၊ လက်နှစ်ဖက် ယှက်ထားခြင်း၊ လက်ခေါက် လက်ဆစ်များကို ကျစ်လစ်ထားခြင်းများ လုပ်တတ်ကြသည်။
  • တစ်ခါ လိမ်ညာသူသည် စကားပြောနေသည့် အကြောင်းအရာကို နားမလည်ဟန်၊ သဘော မပေါက်ဟန် လုပ်ပြီး ဟန်ဆောင် တတ်သည်။ သူသည် ထိုသို့ နားမလည် သဘော မပေါက်သည့် ဟန်ဆောင်ခြင်းဖြင့် သဘောရိုး ရှိသူ၏ အမြင်ကိုလေ့လာပြီး၊ ထိုသဘောရိုး ရှိသူ၏ အမြင်နှင့် ထပ်တူ လက်ခံသူ ဖြစ်သကဲ့သို့ ဖော်ပြလေ့ရှိသည်။
  • တစ်ခါတစ်ရံတွင် လိမ်ညာသည့်သူမှာ ရှေ့နောက် မညီသည့် အမူအယာမျိုး ရှိကြသည်။ ဥပမာ ဟုတ်ပါတယ်ဟု ပါးစပ်က ပြောပြီး ခေါင်းခါခြင်း ကဲ့သို့ ရှေ့နောက်မညီသည့် အမူအယာ မျိုးများသည် မသိစိတ်နှင့် သက်ဆိုင်သည့် လှုပ်ရှားမှု တစ်ခုဖြစ်သည်။
  • အလွန်အမင်း ရယ်သွမ်း သွေးခြင်းနှင့် ဖက်လှဲတကင်း ရင်းနှီး ခင်မင်မှု ပြခြင်းသည်လည်း လိမ်ညာခြင်း၏ အရေးပါသည့် သင်္ကေတများ ဖြစ်ကြသည်။ လိမ်ညာသူ မှန်သမျှသည် သူတို့မှာ မိတ်ဆွေ ကောင်းများ ဖြစ်ကြသည်ကို ပြသရန် အရေးကြီးသည်။ သို့မှာသာ တစ်ဖက်သူမှ အလွယ်တစ်ကူ ယုံကြည်လာအောင် စွဲဆောင်နိုင်ပေလိမ့်မည်။
  • အများအားဖြင့် လိမ်ညာမည့် သူသည် လိမ်ညာ စကားပြောရန် အတွက် ကြိုတင်ပြင်ဆင်မှု မလုပ်ထားတတ်ပါ။ သူတို့ လိမ်ညာပြောမည့် စကားများကို ကြိုတင် စီစဉ်ထားခြင်း မရှိတတ် သောကြောင့် သူတို့အား အသေးစိတ် မေးခွန်း တစ်ခု ထုတ်လိုက်ပါက အဖြေကို ကျကျနန ပြန်မပေးနိုင်တော့ဘဲ သူ့၏ စကားများမှာ ရှေ့နောက် ချော်ထွက်ပြီး၊ သူ့အား အနည်းငယ် တွေဝေ သွားစေ တတ်ပါသည်။
  • တဖက်တွင်လည်း လိမ်ညာ စကားပြောသူမှာ မလိုအပ်သည့် ရှင်းလင်းချက်များ အများအပြား ထုတ်ရှင်း တတ်ပြီး၊ ထိုလိမ်ညာသည့် အကြောင်း အရာ၏ အသေးစိတ်ကို မလိုအပ်ဘဲ အမြောက် အများ ထည့်သွင်း ပြောလေ့ ရှိကြသည်။
ထို့ကြောင့် လူတစ်ဦး တစ်ယောက်က သင့်အား လိမ်ညာစကား ပြောနေသည်ဟုတ် မဟုတ်ကို သိလိုပါလျှင် အကောင်းဆုံးမှာ ထိုသူပြောသည့် စကားများကို သေသေချာချာ အာရုံစိုက်၍ နားထောင်ပြီး သူ့၏ အမူအယာကို အသေးစိတ် အကဲခတ်ကြည့်ခြင်းဖြစ်သည်။ ထို့အခါ လိမ်ညာ ပြောသူ၏ အရှေ့အနောက် မညီညွတ်သည့် အကြောင်းများကို အလွယ်တစ်ကူ သိမြင်နားလည် နိုင်ပါလိမ့်မည်။ ဤတွင် လိမ်ညာသူမှ သူ့၏ စကားနှင့် ဟန်ပန် အမူအယာကို နားထောင်သူသည် အသေးစိတ် လေ့လာ အကဲခတ် ကြည့်ရှုနေပြီး လေးလေး နက်နက် စူးစိုက် နားထောင်နေသည်ကို သိလျှင် သူ့မှာ အနေအထိုင် ခက်လာပြီး စကားစကို ဖြတ်၍ အခြားစကား ပြောင်းပြောခြင်း သို့မဟုတ် စကားဖြတ်၍သာ ထွက်သွားခြင်း လုပ်ပါတော့မည်။
((ရဲတေဇကျော်) (ကာရံငယ်)***)

Saturday, May 4, 2013

သချာင်္ဂဏန်းလေးတွေရဲ့လျို့ဝှက်ချက်






(ဒီနည်းကိုကျွန်တော် ၀ပ်ဆိုဒ်တော်တော် များများတင်ခဲ့ဖူးပါတယ် )သချာင်္ကိုစိတ်ဝင်စားတဲ့ သူတွေအတွက် အပျင်းပြေ စာလုံးလေးစီကြည့်ရအောင်
ပထမမြှောက်ပြီး ပေါင်းလို့ရတဲ့ အဖြေတွေက 9 ကနေပြီး 1အထိအစီအစဉ်လိုက်သွားကြတာပေါ့။ 
ခေါင်းတော့စားတယ်..။ သိသွားရင်တော့လွယ်ပါတယ်။
သူ့အစဉ်လိုက်တိုင်းလုပ်သွားရုံပါ။
1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 = 987654321 ကဲရသွားပြီဗျာ...။
နောက်တစ်ခုက 1 တွေပဲ အစဉ်လိုက်သွားပါ့မယ်။
1 ဆယ်လုံးရအောင် မြှောက်ပြီးပေါင်းကြစို့။
စီနီယာ 1 ကစေနပြီးပဲ မြှောက်ပါ။

1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9 +10= 1111111111 ဟော ရသွား ပြီဗျာ 10 လုံး။
ကဲနောက်တစ်ခုနော်.. ဒါကတော့ 8 တွေအစဉ်လိုက်ရအောင်လုပ်တာပါ။
စလိုက်စို့။


9 x 9 + 7 = 88
98 x 9 + 6 = 888
987 x 9 + 5 = 8888
9876 x 9 + 4 = 88888
98765 x 9 + 3 = 888888
987654 x 9 + 2 = 8888888
9876543 x 9 + 1 = 88888888
98765432 x 9 + 0 = 888888888  8ဆယ်လုံးရသွားပါပြီ။

Brilliant, isn't it?

And look at this symmetry:

1 x 1 = 1
11 x 11 = 121
111 x 111 = 12321
1111 x 1111 = 1234321
11111 x 11111 = 123454321
111111 x 111111 = 12345654321
1111111 x 1111111 = 1234567654321
11111111 x 11111111 = 123456787654321
111111111 x 111111111 = 12345678987654321
မလွယ်ဘူးလားဗျာ သချာင်္ဂဏန်းလေးတွေမှာ သူ့အစဉ်အတိုင်းလုပ်ကြည့်ရင် 
ပျော်စရာကောင်းတဲ့ စီနီယာ ၊ ဂျူနီယာနံပတ်လေးတွေ ထွက်လာပါလိမ့်မယ်ဗျာ...။***
YE TAY ZA KYAW(YTZK*)

Saturday, April 6, 2013

အချစ်...သို့ (ဆွေးနွေးခန်း)

အချစ်ဆိုတာဘာလည်း ဆွေးနွေးမယ်။...
ဘဝမှာ အချစ်ဟာဒီလောက် ကဗျာမဆန်ခဲ့ဘူး။ အဲ့ဒီအတွက် အမုန်းခံပြီး ပြောပြရမယ်။
အချစ်အတွက် အချိန်အကုန်မခံနဲ့ အချစ်ဟာ အရေးမကြီးတာတော့ မဟုတ်ဘူး ဒါပေမဲ့ စွန့်လွှတ်မှူ့တွေနဲ့မတန်လို့ပေါ့။
ကျွန်တော်ကိုယ်တိုင်က အင်မတန်ချစ်တတ်တဲ့သူပါ။ အချစ်အပေါ်အရမ်း ရူးသွတ်ဖူးပါတယ် အခုတော့ အမြင်မှန်ရသွားတယ် အချစ်ဟာ ဘာမှမဟုတ်ဘူး လိုအပ်မှူ့နဲ့ ပေးအပ်လာတဲ့အရာနဲ့ထပ်တူကြတဲ့အခါ အချစ်ဖြစ်မှန်းကိုပေါ့။အချစ်က အမှန်ပြောရရင် မရှိဘူးအတွေ့အထိပဲရှိတယ် ဒါတွေက နားလည်ဖို့တော့မလွယ်ဘူး အတွေ့အကြုံရှိမှ သိတာအချစ်နဲ့အတွေ့အထိက တထပ်တည်းကြရင်တော့ ကောင်းတာပေါ့။အဲ့ဒီလို အချစ်နဲ့အတွေ့အထိတထပ်တည်းကြတဲ့ အချိန်ကလေးတွေက ဘဝမှာအမှတ်တရတွေဖြစ်တယ်/တထပ်တည်းမကြတဲ့အခါ ရင်နာရတယ် ရင်မောရတယ် နားလည်မှူ့လွဲတယ်လို့ ယဉ်ကျေးစွာခေါ်မလားမသိဘူး အဲ့ဒီအချိန်မှာ ချစ်တဲ့သူက ခံစားရတယ်။အချစ်ဟာ မသေချာတဲ့အရာဖြစ်တယ် အချစ်မှာ မနက်ဖြန်ဆိုတာမရှိဘူး ။ ဒီနေ့တွေပဲရှိတယ် ။ဘယ်အရာမှ အမြဲမရှိဘူး။ အချစ်မှာ ဘယ်အချိန်မှာမှ အကောင်းဆုံးဖြစ်မယ်မဟုတ်ဘူး ချစ်သူနဲ့အတူရှိတဲ့ အချိန်က အကောင်းဆုံးပဲ။ နောက်မှပြန်လိုခြင်လို့လည်း မရဘူး ။ကျွန်တော်ဆွေးနွေးမယ်နော် လိုခြင်တာတွေကို ရနေရင် အချစ်ဆိုတာက သိပ်အရေးမပါတော့ သလောက်ပဲ။ အခုတလော တွေ့ရှိလာတာလေးပါ ။ ကျွန်တော် ကိုယ့်ဟာကိုယ် ပိုက်ဆံရှာတယ် လိုခြင်တာဝယ်တယ် ကလပ်သွားတယ် ပျော်သလိုပဲနေတယ်ခင်ဗျ။ သိပ်လိုအပ်လာရင် ရည်းစားနဲ့ချိန်းတွေ့တယ် ။ အချစ်ဆိုတာကလေ တကယ်တွေးကြည့်တော့ အခိုးအငွေ့သက်သက်ပါ။ အတွေ့အထိကိုလိုခြင်တဲ့လူနဲ့ တွေ့ထိတဲ့သူကြုံတဲ့အခါ အချစ်လို့ခေါ်တယ် ။ ကြင်နာတတ်တာကိုလိုခြင်တဲ့သူနဲ့ ကြင်နာတတ်တဲ့သူနဲ့ တွေ့တဲ့အခါ အချစ်လို့ခေါ်တယ် ။ ကျွန်တော် နားလည်သလောက်ကတော့ ဒါပါပဲ။း) ကျွန်တော်လေ့လာမိသလောက်ပေါ့နော့..........ရည်းစားခေါင်းခေါက်ရွေးလိုက်မယ်ဆိုရင် အကြမ်းဖြင်းအားဖြင့် ဒါလေးတွေသိဖို့လိုမယ်။
 ကြည့်ပျော်ရှုပျော်တွေကတော့...ပျော်ပျော်နေတတ်တယ်..အစအနောက်သန်တတ်တယ်...     .ဒါမျိုးနဲ့တွေ့ရင်  ရောသောဖောကောနဲ့ အသားဝင်ယူလိုက် ။ အဲ့ဒါက သူတို့ရဲ့ အားနည်းချက်ပဲ ။
 နဲနဲရုပ်ဲဆိုးတဲလူတွေကတော့...သူငယ်ချင်းလိုအတင်းပေါင်းတတ်တယ်...အနှိမ်ခံတတ်တယ်...စကားပြောကတော့ချိုနေတာပဲ...... အင်း ဒီလိုလူမျိုးကို တခါတခါ သနားချစ်လေးနဲ့ ချစ်မိသွားတတ်တယ်။
ပေကြောင်တွေကတော့စာကြမ်းပိုးများတယ်....နုံနုံအအပုံစံနဲ့ ပေါ့....စလို့ ကောင်းတယ်.....စာပေအကူအညီရတတ်တယ်...ကိုယ်က စာလုပ်ဖို့ အပျင်းထူရင် အဲ့ဒီလိုသူတွေကို ကပ်ထား။
 ချောလဲချော...စာလဲတော်....သဘောလဲကောင်း...အဲလိုလူတွေဆိုရင်တော့သိပ်ပြီးတော့လိမ်တတ်တယ်..လှည့်စားတတ်တယ်..
သတိထားပေါ့။ကြောက်ဖို့ ကောင်းတယ်....ကိုယ့်ကိုကိုယ်အထင်အရမ်းကြီးတယ်....နှိမ်ပြောလို့ မခံဘူး....
ဒီလိုလူမျိုးကိုကြိုက်မိပြီဆိုရင်တော့ သူ့နားကနေ ဘယ်မှမခွါပဲနဲ့သာ နေပေတော့။  
 ရုပ်လဲဆိုး....စာလဲမတော်.....နုံနုံအအကောင်တွေကတော့....ယုံကြည်ရတယ်....ကိုယ့်ကိုအမြဲဦးစားပေးတယ်....အနစ်နာခံတယ်...
ပွင့်လင်းတယ်.....
   အကြမ်းဖျင်းအရပြောရရင် အတွေ့အထိအရတွဲတဲ့သူကို ရည်းစားလို့ခေါ်ပြီး စိတ်ထဲကနှစ်လိုခံစားမိတဲ့သူကို ချစ်သူလို့ခေါ်တယ်
အင်း ချစ်သူနဲ့ရည်းစားနဲ့ ခဏခဏဆုံးဖြတ်ရခက်တတ်တယ်။ ဒါမျိုးက ရည်းစားများတဲ့သူတွေကိုယ်တိုင်တောင်မှ မှားတတ်သေးတယ် ။ ဒါပေမဲ့ အကြမ်းဖြင်းသုံးသပ်ပြလိုက်ပါတယ်။

                    လူတစ်ယောက်ကဘယ်လောက်ပဲ ရည်းစားထားခဲ့ပါစေ နောက်ဆုံးတော့သူတစ်ကယ်ချစ်တာ ချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ် ချစ်သူကိုတော့တစ်ဘဝလုံးအတွက် ပုံအပ်ပြီးလက်တွဲရမယ့်သူလို့ ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ ဘာသာပြန်ပါရစေရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့ တည်ဆောက်ထားတယ်.
သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....အနာဂတ်ရှိလာပြီ........ သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့........... သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............ ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........ ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့......... သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်.......... ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်.......... သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......
 ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့သူလို့ ဘာသာပြန်ချင်တယ် ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်  .အတားအဆီးမရှိဘူး ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ ပန်းခြံတွေ လျှောက်လည်ရုံလောက်နဲ့တင် အဆုံးသတ်သွားပါပြီ ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ် အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော် ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......ရည်းစားမှာအဆုံးသတ်မရှိဘူး... ...ကြိုက်သလောက်ထားကြတယ်.......
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...