Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Saturday, July 13, 2013

ဗဟုသုတလေးပါ



၁) ပျမ်းမျှအားဖြင့်ဆိုရင် အစာစားဖို့အတွက် တစ်နေ့မှာ ၈၂ မိနစ်ကြာတဲ့ အချိန်ကိုသင်အသုံးပြုနေရပါတယ်...

၂) အိန္ဒိယနိုင်ငံသားတွေရှိခိုးကိုးကွယ်တဲ့ နတ်ဘုရားအရေအတွက်ဟာ သန်း ၃၀၀ ကျော်ရှိပါတယ်...

၃) သိပ္ပံပညာရှင်တွေက ကြက်ဥထက် ကြက်က အရင်ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်... ဘာကြောင့်လဲဆိုတော့ ကြက်ဥအကာကိုဖြစ်ပေါ်စေတဲ့ အသားဓာတ်ကို ကြက်မတွေကသာ ထုတ်လုပ်နိုင်စွမ်းရှိလို့ပါပဲ...

၎) လူသားတွေအတွက် ပျော်ရွှင်မှုကို ဆက်နွယ်ဖန်တီးပေးနိုင်မှု အများဆုံးအရာကတော့ ခွင့်လွှတ်ခြင်းဖြစ်ပါတယ်...

၅) စာကျက်နေတဲ့အခါ သီချင်းနားထောင်ခြင်းဟာ အာရုံစူးစိုက်မှုပိုကောင်းစေပြီး သင်လေ့လာကျက်မှတ်နေတဲ့အရာကို ပြန်မှတ်မိဖို့ ပိုလွယ်ကူစေပါတယ်...


၆) batman ဆိုတဲ့ စကားလုံးဟာ တစ်စုံတစ်ယောက်ရဲ့ အထိန်းတော် (အစေခံ) ကို ရည်ညွှန်းပါတယ်... ဒါကြောင့် Alfred Pennyworth ကို Batman ရဲ့ batman လို့ ဆိုရမှာဖြစ်ပါတယ်...

၇) သင့်ရဲ့ ဘဝအပေါ်ရှုမြင်ပုံနဲ့ သင်လုပ်ဆောင်ဖို့ရွေးချယ်ထားတဲ့အရာတွေဟာ သင့်ပျော်ရွှင်မှုအပေါ် ၄၀ ရာခိုင်နှုန်း အကျိုးသက်ရောက်ပါတယ်... ဒီအရာတွေထဲမှာ ခင်မင်ရင်းနှီးမှုနဲ့ အလုပ်တို့လည်းပါဝင်ပါတယ်...

၈) ရုပ်မြင်သံကြားကိုကြည့်ရှုနေတဲ့အခါမှာ သင့်ဦးနှောက်လှိုင်းနှုန်းတွေပြောင်းလဲသွားပါတယ်... ရုပ်မြင်သံကြားအလွန်အကျွံကြည့်ရှုခြင်းဟာ နေ့ခင်းအိပ်မက်ဂယောက်ဂယက်တွေမက်စေပြီး အာရုံစူးစိုက်နိုင်စွမ်းကို ကျဆင်းစေပါတယ်...

၉) လူတစ်ယောက်ရဲ့ သဘာဝအတိုင်းအိပ်စက်ပုံကတော့ ပထမဆုံး ၄ နာရီလောက်ကိုအိပ်စက်ပါတယ်... နောက် ၂ နာရီလောက် နိုးနေပြီး နောက်ထပ် ၄ နာရီထပ်အိပ်စက်ကြပါတယ်...

၁၀) စိတ်ပညာဆိုင်ရာလေ့လာချက်တွေအရ ခဏပန်းအချစ်ဆိုတာ အလွန်ဆုံး ၄ လပဲ ခံပါသတဲ့... ဒီထက်ကျော်ပြီဆိုရင်တော့ သင်တကယ်ချစ်မိသွားပါပြီ...

၁၁) ချစ်သူရည်းစားဘဝမှာ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုပြီးလိမ်ဖြစ်ကြပါတယ်...

၁၂) ၄၀ ရာခိုင်နှုန်းနီးပါးသော အမျိုးသားတွေဟာ အမျိုးသမီးတစ်ယောက်ကို ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါမှာ ကိုယ့်ကိုယ်ယုံကြည်မှုသိပ်မရှိကြပါဘူး...

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...