၁။ ပြုတ်မှနူးသည်မဟုတ်ပါ။
လှုပ်မှမြူးသည်မဟုတ်ပါ။
(မပြုတ်ပဲနှင့် ရေစိမ်လိုက်နှင် နူးချင်ပါသည်။)
(မလှုပ်ပဲနှင့် ရေချိန်ကိုက်လျှင်မြူးရွှင်ပါသည်။)
၂။ မြူရွက်ကိုလည်းမထောင်းနဲ့
လူပြတ်ကိုလည်းမပေါင်းနှင့်
(မြူရွက်ကိုထောင်သော် သုတ်စားသော်ဖွယ်ပေ၏)
(လူပြတ်ကိုပေါင်းသော် ငြိစွန်းကာ အချုပ်ကားပေါ်သယ်လေ၏။)
၃။ ကြောင်အိမ်ဟသော် ကြွက်လာလိမ့်မယ်
နှောင်ချိန်ချသော် လက်ပါလိမ့်မည်။
(ကြွက်မလာအောင် ကြောင်မွေးရမည်။)
(လက်မပါအောင်ရှောင်ပြေးရမည်။)
၎။ ထမင်းအကျန်ကိုလည်းအနားမချနှင့်
မင်းကျန်စစ်ကိုလည်းအားမကျနှင့်
(ထမင်းအကျန်ကိုအနားချသော် ရင်ထုကာအန်ရာမှပြေရာ၏။)
(မင်းကျန်စစ်ကိုအားကျသော် မယားများပုံကြောင့် လင်လုကာရန်စရှည်ပါမည်။)
၅။ ဗောက်ထတိုင်းဗရဟွာမကုတ်နှင့်
ပျောက်ရှတိုင်းလည်း ယတြာ မလုပ်နှင့်
(ဗောက်ထတိုင်းဗရဟွာကုတ်သော် နေ၀င်တာနှင့် ယားယံတော့မည်) `
(ပျောက်ရှတိုင်းယတြာ လုပ်လွန်းသော် ဗေဒင်ဆရာနှင့် ညားပြန်တော့မည်။)
(ဟီးလျှောက်ကြောတာနော် တကယ်မမှတ်ကြနဲ့)Ye Tay Za Kyaw




Myanmar Kyat Converter
0 comments:
Post a Comment