ပျော်ရွှင်ခဲ့ရဖူးသလို
မင်းရဲ့ message တစ်ကြောင်းကြောင့်လည်း
ငိုကြွေးခဲ့ရဖူးတယ် …………
မင်းရဲ့ အပြုံးဝင့် တစ်ချက်ကြောင့်
ကြည်နူးခဲ့ရဖူးသလို
မင်းရဲ့ အကြည့်စိမ်းတချို့ကြောင့်
နာကျင်ခဲ့ရဖူးတယ် …………
မင်းရဲ့ ဂရုစိုက်နွေးထွေးမှုကြောင့် နှစ်ခြိုက်စွာ အိပ်မောကျခဲ့ဖူးသလို
မင်းရဲ့ ဥပက္ခော ပြုမှုတွေကြောင့်
အိပ်မရတဲ့ညတွေ ရှိခဲ့ဖူးတယ် …………
ဘယ်လောက်ထိအောင် အနေဝေးပါစေ
မင်းရဲ့ နှလုံးသားထဲမှာ ငါရှိနေမှာပါဆိုတဲ့
မျှော်လင့်ချက်လေးတစ်ခုက
ငါ့ ရဲ့ လက်ရှိနေ့ရက်တွေကို
နေပျော်စေခဲ့ဖူးတယ် …………
ဒါပေမယ့်လည်း ……
မင်းအတွက် မလိုအပ်ဘူးထင်မှတော့
အပြီးအပိုင် ထွက်သာသွားပါတော့ …………
ငါဘယ်လိုပဲ လက်မလွှတ်ချင်ခဲ့လည်း
စိတ်ဝိညာဉ်သေဆုံးနေတဲ့
နှလုံးသားရုပ်ကြွင်းတစ်ခုနဲ့တော့
မင်းကို ငါ့ ဘဝထဲမှာ မရှင်သန်စေချင်တော့လို့ပါ ……




Myanmar Kyat Converter
0 comments:
Post a Comment