Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Sunday, August 11, 2013

သရဲလား၊ ၀ိဥာဉ်လား...သူဘယ်သူလဲ ???


ဒီနေ့ သတင်းတွေကို ရှာဖွေရင်းက စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဗွီဒီယိုဖိုင်လေးတစ်ခုကို တွေ့ခဲ့ရပါတယ်…၊
အဲဒီ ဗီဒီယိုဖိုင်လေးက တရုတ်နိုင်ငံ လမ်းဆုံ တစ်နေရာမှာ CCTV ကနေ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်…၊

စက်ဘီးနင်းလာတဲ့ လူတစ်ယောက်ဟာ တစ်ဖက်ကအရှိန်နဲ့မောင်းလာတဲ့ကားနဲ့ တိုက်မိဖို့ အလွန်နီးစပ်နေချိန်မှာ လူတစ်ယောက်ဟာ အလင်းတန်းတစ်ခုနဲ့အတူ ရောက်ရှိလာခဲ့ပြီး စက်ဘီးသမားကို ကားတိုက်မခံရဖို့ ကယ်ထုတ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်…။

အဲဒီလူဟာ သေချာတာကတော့ ဘယ်လိုနည်းနဲ့မှ သာမန်လူ မဖြစ်နိုင်ပါဘူး..၊
သရဲ၊ နာနာဘာဝ၊ မကျွတ်မလွတ်တဲ့ဘုံဘ၀က လူတစ်ယောက်များလား…? စိတ်ကောင်း စေတနာကောင်းပြီး သူများကို ကယ်တင်ဖို့ အသင့်ရှိတဲ့ လူတစ်ယောက်များ ဖြစ်လေမလား..? ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါ…။ အောက်က ပုံလေးတွေနဲ့ ဗွီဒီယိုကိုသာ ကြည့်ပြီးတော့ ဝေဖန် သုံးသပ်ပေးကြပါတော့..။

ဖြစ်ပွားခဲ့တာကတော့ ဒီလမ်းဆုံမှာပါ..၊ ကားတွေ သွားလာနေကြပါတယ်..


ကားနဲ့ စက်ဘီးနဲ့ ယခုလို တိုက်မိခါနီးအချိန်ဖြစ်ပါတယ်..။


အလွန်လျင်မြန်တဲ့ အလင်းတန်းတစ်ခု ၀င်ရောက်လာခဲ့ပါပြီ…။




သေချာကြည့်လိုက်မှ လူတစ်ယောက်ဖြစ်နေပါတယ်..။


စက်ဘီးနဲ့လူရော အလင်းတန်းနဲ့လူပါ အဲဒီနေရာကပျောက်ပြီး အနောက်မှာ ချက်ချင်းပြန်ပေါ်လာခဲ့ပါတယ်..



ကားရပ်သွားခဲ့ပြီး ကားသမားက စက်ဘီးသမားကို တိုက်မိပြီအထင်နဲ့ ကားအောက်မှာ လိုက်ရှာနေတာပါ


အဲဒီလူထူးဆန်းကတော့ ခပ်သုတ်သုတ်နဲ့ မြန်မြန်ပဲ အမှောင်ထဲကို လှမ်းလျှောက်ပျောက်ကွယ်သွားခဲ့ပါတယ်။

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...